၇၇။ ဘိက္ခဝေ၊ တို့။ပ။
ဥတ္တရိမနုဿဓမ္မံ၊ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန်မြင့်မြတ်သော။
အလမရိယဉာဏဒဿနဝိသေသံ၊ အရိယာပုဂ္ဂိုလ်ဖြစ်အောင် စွမ်းဆောင်နိုင်သော လောကုတ္တရာဉာဏ်အမြင် တရားထူးကို။
သစ္ဆိကာတုံ၊ ငှာ။
အဘဗ္ဗော။ပ။
မုဋ္ဌဿစ္စံ၊ လွတ်ကင်းပျောက်ပျက်သော သတိရှိသူ၏ အဖြစ်ကိုလည်းကောင်း။
အသမ္ပဇညံ၊ ကောင်းစွာခွဲခြားမသိသူ၏ အဖြစ်ကိုလည်းကောင်း။
ဝါ၊ ကောင်းစွာခွဲခြားမသိခြင်းကိုလည်းကောင်း။
ဣန္ဒြိ ယေသု၊ စက္ခုစသော ဣန္ဒြေခြောက်ပါးတို့၌။
အဂုတ္တဒွါရတံ၊ (သတိတံခါးရွက်ဖြင့်) မပိတ်ဆီးမစောင့်ရှောက်အပ်သော ဒွါရပေါက်ရှိသူ၏ အဖြစ်ကိုလည်းကောင်း။
ဘောဇနေ၊ စားဖွယ်ဘောဇဉ်၌။
အမတ္တညုတံ၊ အတိုင်းအတာပမာဏကိုမသိသူ၏ အဖြစ်ကိုလည်းကောင်း။
ကုဟနံ၁။ ကုဟနန္တိ တိဝိဓံ ကုဟနဝတ္ထု (ဤသုတ်အဋ္ဌကထာ)။ ဘီဏိ ကုဟနဝတ္ထုနီတိ တီဏိ ဝိမှာပနကာရဏာနိ (မဟာနိဒ္ဒေသအဋ္ဌကထာ၊ ၂၉၂)။ ကုဟနမေဝ ပစ္စယုပ္ပါဒနဿ ဝတ္ထုတိ ကုဟနဝတ္ထု (ဝိသုဒ္ဓိမဂ်ဋီကာ၊ ပ-၅၂)။
**ကုဟနဝတ္ထုသုံးမျိုး**။ ။ကုဟန၊ အံ့သြစေခြင်း, အံ့သြဖွယ်ပြုလုပ်ခြင်းတည်း ဟူသော၊ ဝါ=အံ့ဩသွားစေတတ်သော လုပ်ဆောင်ချက် အပြုအမူတည်းဟူသော+ ဝတ္ထု=အကြောင်း (ဆွမ်းသင်္ကန်း စသည်ရရှိခြင်း၏ အကြောင်း)။ ထိုကုဟနဝတ္ထုသည် (၃)မျိုးရှိ၏၊ ထိုသုံးမျိုးမှာ
**(၁) သာမန္တေပ္ပန**၊ မိမိဝတ်ရုံထားသော သင်္ကန်းကို ရည်ညွှန်း၍ “ဒီလိုသင်္ကန်း ဝတ်ရုံထားသော ရဟန်းသည် တန်ခိုးကြီးပုဂ္ဂိုလ်ဖြစ်သည်၊ ဈာန်မဂ်ဖိုလ် ရရှိသော ပုဂ္ဂိုလ်ထူးဖြစ်သည်” စသည်ဖြင့် မိမိကိုယ်ကို ဈာန်မဂ်ဖိုလ်ရသူဟု ထင်ရလောက်အောင် စောင်း၍ရိပ်၍ ပြောခြင်း၊ သာမန္တ=ဈာန်မဂ်ဖိုလ်၏ အနီး၌၊ ဝါ=ဈာန်မဂ်ဖိုလ်နှင့် နီးနီးကပ်ကပ်+ဇပ္ပန=ပြောဆိုခြင်း။]
**(၂) ဣရိယာပထသန္နိဿိတ**၊ ဈာန်မဂ်ဖိုလ်တရားထူးရသူဟု ထင်မှတ်စေရန် ရည် သန်တောင့်တ၍ ဣရိယာပုထ်ကို ပြုပြင်ခြင်း၊ ထိုတရားထူးရရှိသောသူကဲ့သို့ သွားခြင်း ရပ်ခြင်း ထိုင်ခြင်းလူမြင်ကွင်း၌ ကမ္မဋ္ဌာန်းထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဤသုတ်ဋီကာ၌ "ဣရိယာပထပ္ပဝတ္တန”ဟု ရှိ၏။]
**(၃) ပစ္စယပဋိသေဝန**၊ ဆွမ်းသင်္ကန်း စသည်ကို လှူဒါန်းသောအခါ မလိုချင် ယောင် ဟန်ဆောင်ငြင်းပယ်သည်ကို အဟုတ်တကယ် ထင်မှတ်ကြသော ဒါယကာတို့သည် လွန်စွာအားရ ကြည်ညိုကြသဖြင့် နောက်ထပ်တဖန် အထူးတလည် တောင်းပန်လျှောက်ထား လှူဒါန်းကြကုန်လသော်ကား ထို ဒါယကာတို့ကို ငဲ့ညှာထောက်ရှု ချီးမြှောက်လိုမှုကြောင့်သာ အလှူခံရလေ ဟန်ဖြင့် အလွန်များပြား အကောင်းစားပစ္စည်းတို့ကိုသာ ခံယူသုံးစွဲ မှီဝဲခြင်း။ ၊ လူအပေါင်းကို အံ့ဩစေမှု အပြုအမူ သုံးမျိုးကိုလည်းကောင်း။ (ဆွမ်းသင်္ကန်းစသည် လှူဒါန်းစေနိုင်လောက်အောင် လူအပေါင်းကို အံ့သြသွားစေတတ်သော လုပ်ဆောင်ချက် အပြုအမူ သုံးမျိုးကိုလည်းကောင်း) လပနံ၊ လာဘ်လာဘရရှိအောင်ဒါယကာတို့ကို မြှောက်ပင့်ပြောခြင်း, နှိမ်ချပြောခြင်းကိုလည်းကောင်းတည်း။ပ။

တတိယံ။