[စာပိုဒ် (၁၃၄) သာဓုသုတ်လည်းကြည့်။]
ဘိက္ခဝေ၊ တို့။
အသာဓု၊ ဟူသည်။
ကတမဉ္စ၊ နည်းဟူမူ။
ပါဏာတိပါတော၊ သတ္တဝါ, အသက်ကိုသတ်မှု အကုသိုလ်စေတနာလည်းကောင်း။
အဒိန္နာဒါနံ၊ (ကိုယ်နှုတ်နှစ်ပါးတပါးပါးဖြင့်) ပိုင်ရှင်မပေးအပ်သော သူတပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်မှု အကုသိုလ်စေတနာလည်းကောင်း။
ကာမေသုမိစ္ဆာစာရော၊ မေထုန်ကာမအကျင့်တို့၌ ယုတ်မာစွာကျင့်မှု အကုသိုလ်စေတနာလည်းကောင်း။
မုသာ ဝါဒေါ၊ မဟုတ်မမှန်သော စကားကို ပြောဆိုမှု အကုသိုလ်စေတနာလည်းကောင်း။
ပိသုဏာ၊ ညီညွတ်နေသူတို့ကို စိတ်ဝမ်းကွဲပြားအောင်ပြုတတ်သော။
ဝါစာ၊ ကုန်းတိုက်စကားလည်းကောင်း။
ဝါ၊ ကုန်းတိုက်စကား၏ အကြောင်းအရင်းစေတနာလည်းကောင်း။
ဖရုသာ၊ ကြမ်းတမ်းသော။
ဝါ၊ မိမိနှင့် သူတပါးကို ကြမ်းတမ်းအောင် ပြုကြောင်းဖြစ်သော။
ဝါစာ၊ စကားလည်းကောင်း။
ဝါ၊ စကား၏ အကြောင်းရင်းစေတနာလည်းကောင်း။
သမ္ဖပ္ပလာပေါ၊ ပြိန်ဖျင်းသော စကားကို ပြောဆိုကြောင်း အကုသိုလ်စေတနာလည်းကောင်း။
အဘိဇ္ဈာ၊ အလွန်လိုလားတပ်မက်သော လောဘလည်းကောင်း။
ဝါ၊ သူတပါးပစ္စည်းဥစ္စာဘဏ္ဍာသို့ ရှေ့ရှုကြံစည်တတ်သောလောဘလည်းကောင်း။
ဗျာပါဒေါ၊ စီးပွားချမ်းသာကို ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်စေတတ်သော ဒေါသလည်းကောင်း။
ဝါ၊ စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ဒေါသလည်းကောင်း။
မိစ္ဆာဒိဋ္ဌိ၊ မှားယွင်းသော အမြင်အယူလည်းကောင်းတည်း။
။ပ။၊
ပါဏာတိပါတာ၊ .....စေတနာမှ။
ဝေရမဏီ၊ ရှောင်ကြဉ်ခြင်းလည်းကောင်း။
ဝေရမဏီ ။ ။ ဝေရံမဏတိ ပဇဟတိ နိဝါရေတီတိ ဝေရမဏီ။ ယာ- အကြင်ရှောင်ကြဉ်ခြင်းသည် (ရှောင်ကြဉ်ခြင်းတည်းဟူသော ကုသိုလ်တရားသည်) ဝေရံ - ရန်ကို၊ ဝါ- ရန်ဒေါသ၏ အကြောင်းဖြစ်သောကြောင့် ရန်ဟုခေါ်အပ်သော ပါဏာတိပါတစသော အကုသိုလ်တရားကို၊ မဏတိပဇဟတိ နိဝါရေတိ- ပယ်ရှားတားမြစ်တတ်၏၊ ဣတိ- ထို့ကြောင့်၊ သု- ထိုရှောင်ကြဉ်ခြင်းသဘောသည်၊ ဝေရမဏီ- ဝေရမဏီမည်၏၊ ဝေရမဏီ- ပါဏာတိပါတစသော အကိုသိုလ်ရန်ကို ပယ်ရှားတားမြစ်တတ်သော ရှောင်ကြဉ်ခြင်းသဘောတရား (ရှောင်ကြဉ်ခြင်းတည်းဟူသော မဟာကုသိုလ်ဝိရတိ, စေတနာ, စေတနာသမ္ပယုတ်ရား)၊ ဝေရသဒ္ဒူပပဒ မဏဓာတ် အပစ္စည်း ဣတ္ထိဇောတဤပစ္စည်း။ (တနည်း) ဝိရမတိ ဧတာယာတိ ဝေရမဏီ- ရှောင်ကြဉ်ကြောင်း ဖြစ်သော တရား (ယခင်တရားများ)၊ ဝိပုဗ္ဗရမုဓာတ် ယုပစ္စည်း ဤပစ္စည်း၊ ဝိ၌ ဣကို စပြု။
(ရှောင်ကြဉ်ခြင်းဟူသော မဟာကုသိုလ်ဝိရတိ, စေတနာ, စေတနာ သမ္ပယုတ်တရားလည်းကောင်း)။
ဝါ၊ ရှောင်ကြဉ်ကြောင်းတရားလည်းကောင်း။
(ရှောင်ကြဉ်ကြောင်း မဟာကုသိုလ်ဝိရတိ, စေတနာ, စေတနာသမ္ပယုတ်တရားလည်းကောင်း)။
။ပ။၊
အနဘိဇ္ဈာ၊ အဘိဇ္ဈာ၏ ဆန့်ကျင်ဘက်အလောဘလည်းကောင်း။
အဗျာပါဒေါ၊ ဒေါသ၏ ဆန့်ကျင်ဘက် အဒေါသလည်းကောင်း။
သမ္မာဒိဋ္ဌိ၊ မှန်ကန်သော ဉာဏ်အမြင်လည်းကောင်းတည်း။
။ပ။၊
[ပြီးခဲ့သော စာပိုဒ် (၁၃၄) သာဓုသုတ်မှ စ၍ စာပိုဒ် (၁၅၆၊ ၁၆၆) ဘဇိတဗ္ဗာဒိသုတ်တို့ကိုကြည့်၍ နောက်နောက်သုတ်များကို အနက်ပြန်ဆိုကြပါကုန်။]