Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Dasakanipātapāḷi
Dasakanipātapāḷi

5. Vijjāsuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ဝါ၊ သစ္စာလေးပါးစသည်တို့၌ သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည်။ အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့သို့။ သမာပတ္တိယာ၊ ရောက်ခြင်းငှါ။ ဝါ၊ ရောက်ခြင်း၏။ ပုဗ္ဗင်္ဂမာ၊ ရှေ့သွားခေါင်းဆောင်ပေတည်း။ အဟိရိကံ၊ အဟိရိကသည်လည်းကောင်း။ ဝါ၊ အကုသိုလ်ဒုစ္စရိတ်ကို မရှက်တတ်သူ၏ ဖြစ်ကြောင်း အကုသိုလ်သည်လည်းကောင်း။ ဝါ၊ အကုသိုလ်ဒုစ္စရိတ်ကို မရှက်ခြင်းသဘောသည်လည်းကောင်း။ အနေတ္တပ္ပံ၊ အကုသိုလ်ဒုစ္စရိတ်ကြော့် မကြောက်လန့်သူ၏ ဖြစ်ကြောင်း အကိုသိုလ်သည်လည်းကောင်း။ ဝါ၊ အကုသိုလ်ဒုစ္စရိတ်ကြောင့် မကြောက်လန့်ခြင်းသဘောသည်လည်းကောင်း။ အနွဒေဝ (အနုဧဝ)၊ ထိုအဝိဇ္ဇာ၏ နောက်လိုက်သာတည်း။
ဘိက္ခဝေ၊ တို့။ အဝိဇ္ဇာဂတဿ၊ အဝိဇ္ဇာသည် ပူးကပ်အပ်သည်ဖြစ်၍။ အဝိဒ္ဒသုနော၊ သစ္စာလေးပါးစသည်တို့ကို မသိမြင်သော ပုဂ္ဂိုလ်၏။ ဝါ၊ မှာ။ မိစ္ဆာဒိဋ္ဌိ၊ မှားယွင်းသော အမြင်သည်။ ပဟောတိ၊ ဖြစ်၏။ (ဆက်စပ်လျက် ဖြစ်၏)။ မိစ္ဆာဒိဋ္ဌိကဿ၊ မှားယွင်းသော အမြင်ရှိသော ပုဂ္ဂိုလ်၏။ ဝါ၊ မှာ။ မိစ္ဆာသင်္ကပ္ပေါ၊ မှားယွင်းသော အကြံအစည်သည်။ ပဟောတိ၊ ၏။ [ဤသို့ စသည်ဖြင့် စာပိုဒ် (၁၀၃) မိစ္ဆတ္တသုတ်အတိုင်း အနက်ဆို။] ။ပ။၊
ဘိက္ခဝေ၊ တို့။ ဝိဇ္ဇာ၊ ဉာဏ်ပညာသည်။ ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့ကို။ ပတ္တိယာ၊ ရောက်ခြင်းငှါ။ ဝါ၊ ၏။ ပုဗ္ဗင်္ဂမာ၊ တည်း။ ဟိရောတ္တပံ၊ အကုသိုလ်ဒုစ္စရိတ် ရှက်ခြင်းကြောက်လန့်ခြင်းသဘောတရားသည်။ အနွဒေဝ၊ ထိုဝိဇ္ဇာဉာဏ်ပညာ၏ နောက်လိုက်သာတည်း။
ဘိက္ခဝေ၊ တို့။ ဝိဇ္ဇာဂတဿ၊ ဝိဇ္ဇာဉာဏ်ပညာသည် ကပ်ရောက်အပ်သည်ဖြစ်၍။ ဝိဒ္ဒသုနော၊ သစ္စာလေးပါးစသည်တို့ကို သိသော ပုဂ္ဂိုလ်၏။ ဝါ၊ မှာ။ သမ္မာဒိဋ္ဌိ၊ မှန်ကန်သော ဉာဏ်အမြင်သည်။ ပဟောတိ၊ ၏။ ။ပ။၊
ပဉ္စမံ၊ ။