ဘိက္ခဝေ၊ တို့။
ယော သော ဘိက္ခု၊ အကြင်ရဟန်းသည်။
သဗြဟ္မစာရီနံ၊ သီတင်းသုံးဖော်တို့ကို။
အက္ကောသကပရိဘာသကော၊ ဆဲရေး တတ်, ခြိမ်းခြောက်တတ်၏။
(အက္ကေသဝတ္ထုတို့ဖြင့် ဆဲရေးတတ်, ဘေးကိုပြ၍ ခြိမ်းခြောက်တတ်၏။)
အရိယူပါဝိဒီ၊ အရိယာပုဂ္ဂိုလ်တို့ကို အန္တိမဝတ္ထုဖြင့် စွပ်စွဲတတ်၏။
သော၊ ထိုရဟန်းသည်။
ယံ၊ အကြင်အကြောင်းအခွင့်အလမ်းကြောင့်။
ဒသန္နံ၊ ဆယ်မျိုးကုန်သော။
ဗျသနာနံ၊ ပျက်စီးခြင်းတို့တွင့်။
အညတရံ၊ တမျိုးမျိုးသော။
ဗျသနံ၊ ပျက်စီးခြင်းသို့။
နိဂစ္ဆေယျ၊ ရောက်ရာ၏။
ဧတံ ဌာနံ၊ ဤရောက်ခြင်းဟူသော အကြောင်းသည်။
ဧသော အဝကာသော၊ ဤရောက်ခြင်း ဟူသော အခွင့်အလမ်းသည်။
(အတ္ထိ၊ ရှိ၏။)
ကတမေသံ၊ အဘယ်မည်ကုန်သော။
ဒသန္နံ၊ ကုန်သော။
(ဗျသနာနံ၊ တို့တွင့်။
အညတရံ၊ သော။
ဗျသနံ၊ သို့။
နိဂစ္ဆေယျ၊ ရောက်ရာသနည်းဟူမူ။)
အနဓိဂတံ၊ မရအပ်သေးသော တရားထူးကို။
နဓိဂစ္ဆတိ၊ မရ။
အဓိဂတာ၊ ရအပ်ပြီးသော တရားထူးမှ။
ပရိဟာယတိ၊ ဆုတ်ယုတ်၏။
အဿ၊ ထိုရဟန်း၏။
သဒ္ဓမ္မာ၊ (သိက္ခာသုံးဖြာ သာသနာဟူသော) သူတော်ကောင်း အဆုံးအမတရားတို့သည်။
န ဝေါဒေါယန္တိ၊ မဖြူစင်မတောင်ပြောင်ကုန်။
သဒ္ဓမ္မေသု၊ သူတော်ကောင်း တရားတော်တို့၌။
အဓိမာနိကော ဝါ၊ (မရဘဲလျက်) ရအပ်ပြီးပြီဟု မှတ်ထင်ခြင်း ရှိသည်သော်လည်း။
ဝါ၊ အလွန်အကဲမှတ်ထင်ခြင်းရှိသည်သော်လည်း။
ဟောတိ၊ ၏။
အနဘိရတော ဝါ၊ မပျော်မွေ့ဘဲသော်လည်း။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
စရတိ၊ ကျင့်၏။
အညတရံ၊ တမျိုးမျိုးသော။
သံကိလိဋ္ဌံ၊ ညစ်နွမ်းဆိုးသွမ်းသော။
အာပတ္တိံ ဝါ၊ အာပတ်သို့သော်လည်း။
အာပဇ္ဇတိ၊ ရောက်၏။
ဂါဠှံ၊ ပြင်းထန်သော။
ရောဂါတင်္ကံ ဝါ၊ ခက်ခဲဆင်းရဲစွာ အသက်ရှင်ရကြောင်း ရောဂါသို့သော်လည်း။
ဖုသတိ၊ ရောက်ရ၏။
ဥမ္မာဒံ ဝါ၊ ရူးသွပ်ခြင်းသို့သော်လည်းကောင်း။
စိတ္တက္ခေပံ ဝါ၊ စိတ်ပျံ့လွင့်ခြင်းသို့သော်လည်းကောင်း။
ပါပုဏာတိ၊ ရောက်၏။
သမ္မူဠှော၊ တွေဝေလျက်။
ကာလံ၊ သေခြင်းကို။
ကရောတိ၊ ပြု၏။
ကာယဿ၊ ဥပါဒိန္နကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်စီးခြင်းဟူသော။
မရဏာ၊ သေခြင်းမှ။
ဝါ၊ သေသည်မှ။
ပရံ၊ နောက်၌။
ဝါ၊ နောက်ဖြစ်သော ဘတသစ်ခန္ဓာကိုယူခြင်း၌။
ဝါ၊ နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌။
အပါယံ၊ သုခ၏ ဖြစ်ပေါ်လာရာ ကုသိုလ်ကောင်းမှုမှ ကင်းသော။
ဒုဂ္ဂတိံ၊ ဒုက္ခ၏ ဖြစ်ရာတည်ရာ ဖြစ်သော။
ဝိနိပါတံ၊ မကောင်းမှုပြုသူတို့ မိမိအလိုဆန္ဒမပါဘဲ ကျရောက်ရာ ဖြစ်သော။
နိရယံ၊ သာယာဖွယ်သူခ အနည်းငယ်မျှ မရှိရာ ငရဲသို့။
ဥပပဇ္ဇတိ၊ ကပ်ရောက်ရ၏။
ဝါ၊ လားရောက်ရ၏။
။ပ။၊
အဋ္ဌမံ၊ ။