ဘိက္ခဝေ၊ တို့။
ဝေါ၊ သင်တို့အား။
(အဟံ၊ ငါသည်)။
သံသပ္ပနီယပရိယာယံ၊ တုန်လှုပ်ချောက်ချား ရွေ့လျားခြင်း၏အကြောင်းဒေသနာတည်းဟူသော။
ဓမ္မပရိယာယံ၊ တရားဒေသနာတော်ကို။
ဒေသေဿာမိ၊ ဟောတော်မူအံ့။
တံ၊ ထိုတရားဒေသနာတော်ကို။
သာဓုကံ၊ စွာ။
သုဏာထ ။ပ။၊
ဘိက္ခဝေ၊ တို့။
သံသပ္ပနီယပရိယာယော၊ တည်းဟူသော။
ဓမ္မပရိယာယော၊ တရားဒေသနာတော်ဟူသည်။
ကတမော စ၊ အဘယ်နည်းဟူမူ။
ဘိက္ခဝေ၊ တို့။
သတ္တာ၊ သတ္တဝါတို့သည်။
ကမ္မဿကာ၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကုန်၏။
ကမ္မဒါယာဒါ၊ ကံ၏ အမွေကို ခံယူကြကုန်၏။
ကမ္မယောနီ၊ ကံဟူသော အကြောင်းရှိကုန်၏။
ကမ္မဗန္ဓူ၊ ကံဟူသော ဆွေမျိုးရှိကုန်၏။
ကမ္မပဋိသရဏာ၊ ကံဟူသော ထောက်တည်မှီခိုရာရှိကုန်၏။
ကလျာဏံ ဝါ၊ ကောင်းသည်မူလည်းဖြစ်သော။
ပါပကံ ဝါ၊ မကောင်းသည်မူလည်းဖြစ်သော။
ယံ ကမ္မံ၊ အကြင်ကံကို။
ကရောန္တိ၊ ပြုလုပ်ကြကုန်အံ့။
တဿ (ကမ္မဿ)၊ ထိုကောင်းကောင်းဆိုးဆိုး ကံအမျိုးမျိုး၏။
ဒါယာဒါ၊ အမွေဆက်ခံသူတို့သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
။ပ။၊
သော၊ ထိုသူသည်။
(သတ္တဝါအသက်ကို သတ်သော ထိုသူသည်)။
ကာယေန၊ ကာယဒွါရဖြင့်။
သံသပ္ပတိ၊ တုန်လှုပ်ချောက်ချားရွေ့ရှား၏။
ဝါစာယ၊ ဝစီဒွါရဖြင့်။
သံသပ္ပတိ၊ ၏။
မနသာ၊ မနောဒွါရဖြင့်။
သံသပ္ပတိ၊ ၏။
တဿ၊ ထိုသူ၏။
ကာယကမ္မံ၊ ကာယကံသည်။
ဝါ၊ ကာယဒွါရဖြင့် ပြုလုပ်အပ်သော စေတနာကံသုံးပါးသည်။
ဇိမှံ၊ ကောက်သော အကုသိုလ်သည်။
ဟောတိ၊ ၏။
ဝစိကမ္မံ၊ ဝစီကံသည်။
ဝါ၊ ဝစီဒွါရဖြင့် ပြုလပ်အပ်သော စေတနာကံလေးပါးသည်။
ဇိမှံ၊ ကောင်းသော အကုသိုလ်သည်။
ဟောတိ၊ ၏။
မနောကမ္မံ၊ မနောကံသည်။
ဝါ၊ မနောဒွါရဖြင့် ပြုလုပ်အပ်သော စေတနာကံသုံးပါးသည်။
ဇိမှံ၊ သည်။
ဟောတိ၊ ၏။
ဂတိ၊ (ထိုအကုသိုလ်ကာယကံ စသည်ဖြင့်) သွားရောက်ရမည့်ဘဝသည်။
ဇိမှာ၊ ကောက်သည်။
ဥပပတ္တိ၊ ပဋိသန္ဓေဖြစ််တည်နေရမည့် ဘဝသည်။
ဇိမှာ၊ ကောက်သည်။
ဟော တိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။
ဇိမှဂတိကဿ၊ ကောက်သော ဂတိရှိသော သူ၏။
ဇိမှဥပပတ္တိကဿ၊ ကောက်သော ဘဝရှိသောသူ၏။
ဒွိန္နံ၊ နှစ်မျိုးကုန်သော။
ဂတီနံ၊ ဘဝတို့တွင်။
အညတရံ၊ တမျိုးမျိုးသော။
ဂတိံ၊ ဘဝကို။
အဟံ၊ ငါသည်။
ဝဒါမိ၊ ဟောတော်မူ၏။
ဧကန္တဒုက္ခာ၊ ဧကန်မုချ ဒုက္ခသာရှိကုန်သော။
ယေနိရယာ၊ အကြင်ငရဲဘဝတို့သည်။
(အတ္ထိ၊ ရှိကုန်၏။
တေ နိရယေဝါ၊ ထိုငရဲဘဝတို့ကိုသော်လည်းကောင်း)။
သံသပ္ပဇာတိကာ၊ တုန်လှုပ်ချောက်ချား ရွေ့လျားခြင်းသဘောရှိသော။
ယာ တိရစ္ဆာနယောနိ၊ အကြင်တိရစ္ဆာန်ဘဝသည်။
(အတ္ထိ၊ ရှိ၏။
တံ တိရစ္ဆာနယောနိံ ဝါ၊ ထိုတိရစ္ဆာန်ဘဝကို သော်လည်းကောင်း။
ဝဒါမိ၊ ဟောတော်မူ၏)။
ဘိက္ခဝေ၊ တို့။
သံသပ္ပဇာတိကာ၊ သော။
သာ တိရစ္ဆာနယောနိ၊ ထိုတိရစ္ဆာန်ဘဝဟူသည်။
ကတမာ စ၊ အဘယ်နည်းဟူမူ။
အဟိ၊ မြွေသည်လည်းကောင်း။
[ဣရဿဖြင့် ရှိသည့်အတိုင်း ဧကဝုစ်အနက်ပြန်ဆိုလိုက်သည်။
တနည်းအားဖြင့် ဤဒီဃဖြင့် "အဟီ" ဟုရှိစေ၍
"အဟီ၊ မြွေတို့သည် လည်းကောင်း" ဟု ဗဟုဝုစ်အနက်ဆိုလေ။]
ဝိစ္ဆိကာ၊ ကင်းမြီးကောက်တို့သည်လည်းကောင်း။
[တနည်း-
အဟိဝိစ္ဆိကာ၊ မြွေနှင့်ကင်းမြီးကောက်တို့သည်လည်းကောင်း။]
သတပဒီ၊ ကင်းခြေများတို့သည်လည်းကောင်း။
နကုလာ၊ မြွေပါတို့သည်လည်းကောင်း။
ဗိဠာရာ၊ ကြောင်တို့သည်လည်းကောင်း။
မူသိကာ၊ ကြွက်တို့သည်လည်းကောင်း။
ဥလူကာ၊ ခင်ပုပ်ငှက်(ဇီးကွက်) တို့သည်လည်းကောင်း။
ဝါ ပန၊ ထိုမှတပါး။
အညေ၊ အခြားကုန်သော။
ယေ ကေစိ၊ အားလုံးစုံကုန်သော။
တိရစ္ဆာနယောနိကာ၊ တိရစ္ဆာန်ဘဝ၌ဖြစ်ကြကုန်သော။
ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။
မနုဿေ၊ လူတို့ကို။
ဒိသွာ၊ မြင်ရ၍။
ဝါ၊ မြင်ရခြင်းကြောင့်။
သံသပ္ပန္တိ၊ တုန်လှုပ်ချောက်ချားရွေ့လျားကြကုန်၏။
တေပိ၊ ထိုအားလုံးသော တိရစ္ဆာန်သတ္တဝါတို့သည်လည်းကောင်း။
(သံသပ္ပဇာတိကာ၊ တုန်လှုပ်ချောက်ချားရွေ့လျားခြင်း သဘောရှိသော။
တိရစ္ဆာနယောနိ၊ တိရစ္ဆာန်ဘဝမည်၏)။
ဘိက္ခဝေ၊ တို့ု။
ဣတိ၊ ဤဟောတော်မူခဲ့သည့်အတိုင်း။
ဘူတာ၊ အစစ်အမှန်ပရမတ်သဘောအားဖြင့် ထင်ရှားရှိသော ကံကြောင့်။
ဝါ၊ ကံမှ။
ဘူတဿ၊ သတ္တဝါ၏။
ဥပပတ္တိ၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အယံ၊ ကံကို။
ကရောတိ၊ ပြုလုပ်၏။
တေန၊ ထိုကံကြောင့်။
(ဘူတော၊ သတ္တဝါသည်)။
ဥပပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။
ဥပပန္နံ၊ ဖြစ်ပေါ်လာသော။
ဇနံ၊ ထိုသတ္တဝါဘဝခန္ဓာကို။
ဖဿာ၊ အကျိုးဝိပါတ်ဖဿတို့သည်။
ဖုသန္တိ၊ တွေ့ထိကြကုန်၏။
ဘိက္ခဝေ၊ တို့။
ဧဝံ၊ ဤနည်းအားဖြင့်။
အဟံ၊ ငါသည်။
သတ္တာ၊ သတ္တဝါတို့သည်။
ကမ္မဒါယာဒါတိ၊ ကံ၏အမွေကို ခံယူကြကုန်၏ဟူ၍။
ဝဒါမိ၊ မိန့်ဆိုတော်မူ၏။
ဘိက္ခဝေ၊ တို့။
ပန၊ ထိုမှ တပါး။
ဣဓ၊ ၌။
ဧကစ္စော၊ သည်။
အဒိန္နာဒါယီ၊ သည်။
ဟောတိ၊
[ထို့နောက် "ယံ တံ ပရဿ ပရဝိတ္တူပကရဏံ" စသည်ဖြင့် ပေယျာလဖော်ဆိုလေ။]
။ပ။၊
သော၊ ထိုသူသည်။
(သူတပါး ပစ္စည်းဥစ္စာကို ခိုးယူလုယက်သော ထိုသူသည်)။
ကာယေန၊ ဖြင့်။
သံသပ္ပတိ၊ ၏။
။ပ။၊
သော၊ ထိုသူသည်။
(ကာမေသူမိစ္ဆာ စာရအမှုပြုသော ထိုသူသည်)။
သံသပ္ပတိ၊ ၏။
။ပ။၊
ဘိက္ခဝေ၊ တို့။
ဣဓ၊ ၌။
ဏကစ္စော၊ သည်။
ပါဏာတိပါတံ၊ ကို။
ပဟာယ၊ ၍။
။ပ။၊
သော၊ ထိုသူသည်။
(ပါဏာတိပါတမှ ရှောင်ကြဉ်သောထိုသူသည်)။
ကာယေန၊ ကာယဒွါရဖြင့်။
န သံသပ္ပတိ၊ မတုန်လှုပ်မချောက်ချား။
။ပ။၊
တဿ၊ ထိုသူ၏။
ကာယကမ္မံ၊ သည်။
ဝါ၊ သည်။
ဥဇု၊ ဖြောင့်မတ်သော ကုသိုလ်သည်။
ဟောတိ၊ ၏။
ဝစီကမ္မံ၊ သည်။
ဥဇု၊ ဖြောင့်မတ်သော ကုသိုလ်သည်။
မနောကမ္မံ၊ သည်။
ဥဇု၊ ဖြောင့်မတ်သော ကုသိုလ်သည်။
ဟောတိ၊ ၏။
ဂတိ၊ (ထိုကုသိုလ်ကာယကံ စသည်ဖြင့်) သွားရောက်ရမည့်ဘဝသည်။
ဥဇု၊ ဖြောင့်မတ်သည်။
ဥပပတ္တိ၊ ပဋိသန္ဓေဖြစ်တည်နေရမည့် ဘဝသည်။
ဥဇု၊ သည်။
ဟောတိ၊ ၏။
။ပ။၊
ဧကန္တသုခါ၊ ဧကန်မုချ သုခသာရှိကုန်သော။
ယေ သဂ္ဂါ၊ အကြင်နတ်ဘဝတို့သည်။
(ရူပါနံ အစရှိသော သမ္ပတ္တိတို့ဖြင့် လွန်စွာ မြင့်မြတ်သော နတ်ဘဝတို့သည်။
ဝါ၊ မြတ်သော စိတ်ကြိုက်ရူပါရုံစသည်တို့နှင့် တကွဖြစ်သော နတ်ဘဝတို့သည်)။
အတ္ထိ၊ ရှိကုန်၏။
တေ သဂ္ဂေ ဝါ၊ ထိုနတ်ဘဝတို့ကို သော်လည်းကောင်း။
ပန၊ ထိုမှ တပါး။
အဍ္ဎာနိ၊ ဥစ္စာကြွယ်ဝ၍ အစိုးရကုန်သော။
ဟေဒ္ဓနာနိ၊ (မြေ၌ မြှုပ်ထား) များသော ဥစ္စာရှိကုန်သော။
မဟာဘောဂါနိ၊ (ရွှေခွက်, ငွေခွက်, အဝတ်ထည်စသား) များသော အသုံးအဆောင်ဘဏ္ဍာရှိကုန်သော။
ပဟူတဝိတ္တူပရဧတာနိ၊ (မြှုပ်နှံမထား) များသော ရွှေငွေရှိကုန်သော။
ပဟူတဝိတ္တူပကရဏာနိ၊ များစွာသော နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော အဆင်တန်ဆာရှိကုန်သော။
ပဟူတဓနဓညာနိ၊ များစွာသော နွားစသော ဥစ္စာနှင့် ခုနစ်မျိုးသော စပါးရှိကုန်သော။
ခတ္တိယမဟာသာလကုလာနိ ဝါ၊ များသော ဥစ္စာနှစ်ရှိသော မင်းမျိုးလည်းဖြစ်ကုန်သော။
ဗြာဟ္မဏမဟာသာလကုလာနိ ဝါ၊ များသော ဥစ္စာနှစ်ရှိသော ပုဏ္ဏားမျိုးလည်းဖြစ်သော။
ဂဟပတိမဟာသာလကုလာနိ ဝါ၊ များသော ဥစ္စာနှစ်ရှိသော အိမ်ရှင်သူဌေးမျိုးလည်းဖြစ်ကုန်သော။
ယာနိတာ နိ ဥစ္စာကုလာနိ၊ အကြင်မြင့်သော အမျိုးတို့သည်။
(အတ္ထိ၊ ရှိကုန်၏)။
တာနိ ဥစ္စာကုလာနိ ဝါ၊ ထိုမြင့်သော အမျိုးတို့ကိုသော်လည်းကောင်း။
ဝဒါမိ၊ ဟောတော်မူ၏။
ဘိက္ခဝေ၊ တို့။
ဣတိ၊ ဤဟောတော်မူအပ်ခဲ့သည့်အတိုင်း။
ဘူတာ၊ ကြောင့်။
ဝါ၊ မှ။
ဘူတဿ၊ ၏။
ဥပပတ္တိ၊ သည်။
ဟောတိ။ပ။၊
ဘိက္ခဝေ၊ တို့။
သံသပ္ပနီယပရိယာယော၊ တုန်လှုပ်ချောက်ချားခြင်း၏ အကြောင်းဒေသနာတော်ဖြစ်သော။
သော ဓမ္မပရိယာတော၊ ထိုတရားဒေသနာတော်ဟူသည်။
အယံ၊ ဤသည်ပင်တည်း။
ဣတိ (အဝေါစ)၊
ဆဋ္ဌံ၊ ။