အထခေါ၊ ထိုအခါ၌။
။ပ။၊
[စာပိုဒ် (၁) ကိမတ္ထိယသုတ်ကြည့်။]
ဧကမန္တံ၊ ၌။
နိသိန္နံ၊ ထိုင်နေပြီးသော။
အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဧတံ၊ ဤစကားကို။
အဝေါစ၊ မိန့်တော်မူပြီ။
(ကိန္တိ၊ အဘယ်သို့။
အဝေါစ၊ မိန့်တော်မူသနည်းဟူမူ။)
အာနန္ဒ၊ အာနန္ဒာ။
ယေ တေ ဓမ္မာ၊ အကြင်ဒသဗလဉာဏ်, သဗ္ဗညုတဉာဏ်တရားတို့သည်။
တေသံ တေသံ၊ ထိုမည် ထိုမည် ကုန်သော။
အဓိဝုတ္တိပဒါနံ၊ နာမပညတ်တို့၏ တရာအကြောင်းဖြစ်သော ခန္ဓာအာယတနဓာတ်တရားတို့ကို။အဓိဝုတ္တိပဒ ။ ။ နိဿယခန်းဝယ် ဤပုဒ်ကို အနက်ပြန်ဆိုရာ၌ ရှည်လျားမည်စိုးသောကြောင့် ဋီကာဝိဂြိုလ်အနက်များကိုမထည့်တော့ဘဲ အဋ္ဌကထာအဖွင့်အတိုင်း အနက်နှစ်နည်းပြန်ဆိုထားပါသည်။ ထိုနှစ်နည်းတွင်-
(၁) ပထမနည်း၌ "အဓိဝုတ္တိပဒါနန္တိ အဓိဝစနပဒါနံ" စသည်ဖြင့် အဋ္ဌကထာဖွင့်၏၊ ထို့အဖွင့်အလို ဋီကာနှင့်အညီ ဝိဂြိုလ်ပြုလျှင် "ဝစနမတ္တမေဝ အဓိကာရံ ကတွာ ပဝတ္တံ အဓိဝုတ္တိ" ဟူ၍ အဗျယီဘောသမာသ်ဝိဂြိုလ်ပြုသင့်၏၊ ဝစနမတ္တမေဝ- ခေါဝေါ်ပြာဆိုစရာ စကားသံမျှကိုသာ၊ အဓိကာရံ- စွဲမှီရည်စူးမှုကို၊ ကတွာ- ပြု၍ ၊ ပဝတ္တံ- ဖြစ်သော နာမပညတ်သည်၊ အဓိဝုတ္တိ- အဓိဝုတ္တမည်၏၊ ဆိုလိုသည်မှာ-
လူမွဲလူဆင်းရဲကို ဓနက (ဓနရှင်) ဟုလည်းကောင်း, ကျက်သရေမရှိသော ကျွန်ကို သိရိဝဍ္ဎက (ကျက်သရေတိုးစေသု၊မောင်ကျက်သရေ) ဟု လည်းကောင်း နာမည်မှည့်ခေါ်ရာ၌ ကဲ့သို့ လူနှင့်နာမည်, အနက်နှင့်သဒ္ဒါ လိုက်လျောမှု မရှိသော်လည်း စကားသံကြားကောင်းရုံမျှကိုသာ ရည်စူးဦးစားပေး၍ မှည့်ခေါ်အပ်သော နာမည်ပညတ်ကို အဓိဝုတ္တိဟုခေါ်၏၊ အဓိဝစနဟုလည်းခေါ်၏။
သို့သော် ဤဝိဂြိုလ်အတိုင်းသာဆိုလျှင် အနက်ဒြပ်နှင့် မလိုက်လျောသော ရုဠှီနာမည်ပညတ်များကိုသာ အဓိဝုတ္တိ( အဓိဝစန) ဟုခေါ်ဆိုရမည် ကဲ့သို့ ဖြစ်နေ၏၊ အမှန်အားဖြင့်ကာ ဂစ္ဆတီတိ ဂေါ (သွာတတ်သောကြောင့် နွား) ဟု ဝိဂြိုလ်ပြုထားသော်လည်း "ဂေါ" ဟု ပုဒ်ပြီးသောအခါ (ယထာ ကထဉ္စိ ဗျုပ္ပတ္တိ၊ ရုဠှိယာ အတ္ထနိစ္ဆယော- နှင့်အညီ) ဝိဂြိုလ်နက်ကို မငဲ့တော့ဘဲ ခြေကျိုး၍ မသွားနိုင်သော နွားများကိုလည်း ဂေါဟု ခေါ်နိုင်သကဲ့သို့ ထို့အတူ အနက်ဒြပ်နှင့်လိုက်လျောသော အနွတ္ထနာမည်ပညတ်များကိုလည်း အဓိဝုတ္တိ( အဓိဝစန) ဟု ခေါ်နိုင်ပါ၏။
တနည်း- ဝုစ္စတေတိ ဝုတ္တိ၊ ဥပရိ ဝုတ္တိ အဓိဝုတ္တိ- အနက်ဒြပ်၏ အထက်၌ ခေါ်ဝေါ်ပြောဆိုအပ်သော နာမည်ပညတ်ဟူ၍ တပ္ပုရိသ်သမာသ်ဝိဂြိုလ်ပြု၊ "ဥပါဒဘူတရူပါဒီနံ ဥပရိ ပညပိယမာနာ ဥပါဒါပညတ္တိ- ဥပါဒါရုပ်၊ ဘူတရုပ် စသည်တို့၏ အထက်၌ ခေါ်ဝေါ်ပညတ်အပ်သော နာမည်ပညတ်" ဟူ၍ ဋီကာဖွင့်၏၊ နာမပညတ်ဟူသည် ဥပါဒါရုပ်၊ ဘူတရုပ်များနှင့် ဝေဒနာ သညာစသည်တို့၏ အထက်၌ မှည့်ခေါ်အပ်သည်ချည်းဖြစ်၏၊ ဤဒုတိယဝိဂြိုလ်၌လည်း ယင်းသို့ မှည့်ခေါ်အပ်သော နာမည်ပညတ်များကိုပင် အဓိဝုတ္တိဟု ခေါ်၏။
အဓိဝုတ္တပဒ၌ ပဒသဒ္ဒွါသည် တည်ရာအကြောင်းဟူသော အနက်ကိုဟော၏၊ ဤနေရာ၌ တည်ရာအကြောင်းဟူသ်ည ခန္ဓာအာယတနဓာတ်တရားများဖြစ်၏၊ အဓိဝုတ္တီနံ ပဒါနိ အဓိဝုတ္တိပဒါနိ- နာမည်ပညတ်တို့၏ တည်ရာအကြောင်းဖြစ်သော ခန္ဓာအာယတနဓာတ်ရားများ၊ ဝါ- နာမည်ပညတ်တို့ကို ဖော်ပြတတ်သော ခန္ဓာအာယတနဓာတ်တရားများ။ ဆိုလို့သည်မှာ- မြတ်စွာဘုရားရှင်တို့သည် ခန္ဓာအာယတနဓာတ်တရားများကိုပင် ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာစသည်, စက္ခာယတန စက္ခုဓာတ်စသည်ဖြင့် နာမည်ပညတ်အမျိုးမျိုမှည့်ခေါ်၍ တရားဟောတော်မူကုန်၏၊ ထို့ကြောင့် ခန္ဓာအာယတနဓာတ်တို့သည် နာမည်ပညတ်တို့၏ တည်ရာအကြောင်းတရားဖြစ်သည်၊ ဝါ- နာမည်ပညတ်ကို ဖော်ပြတတ်သော တရားဖြစ်သည်ဟုဆိုလို၏။ ဤတိုင်အောင်ကား နိဿသခန်း ပဌမအနက်ပေးနည်းအတွက် ရှင်းလင်းချက်ဖြစ်၏။
(၂) အဋ္ဌကထာဒုတိယနည်းအဖွင့်အလို- (ဘူတံ အတ္ထံ) အဘိဘဝိတွာ ဝုတ္တိ (ပဝတ္ထိ) အဓိဝုတ္တိ- (အဖြစ်မှန်အနက်သဘောကို) လွှမ်းဖိကျော်လွန်၍ ဖြစ်သော မိစ္ဆာဒိဋ္ဌိ- ဟူ၍ ဝစနတ္ထပြု၊ ရုပ်ဝေဒနာစသော အစစ်အမှန် အနက်သဘောကို ကျော်လွန်၍ အမှန်အတိုင်းမယူဆဘဲ လွဲမှားစွာ ယူဆသောမိစ္ဆာဒိဋ္ဌိများဟူလို၊ ဤနည်း၌ ပဒသဒ္ဒါသည် ဝေါဟာရစကားဟူသော ဝစနအနက်ကိုဟော၏၊ အဓိဝုတ္တီနံ ပဒါနိ အဓိဝုတ္တိပဒါနိ- အဖြစ်အမှန်အနက်သဘောကို လွှမ်းဖိကျော်လွန်၍ဖြစ်သော မိစ္ဆာဒိဋ္ဌိတို့၏ ဝေါဟာရစကားများ၊ ဝါ- ထိုမိစ္ဆာဒိဋ္ဌိတို့ကို ဖော်ပြသော ဝေါဟာရစကားများ, ပုဒ်စကားလုံးများ။
ဋီကာ၌မူ ဤဒုတိယနည်း၌ အဋ္ဌကထာကို တိုက်ရိုက်မဖွင့်ပြတော့ဘဲ သီလက္ခန်ဗြဟ္မဇာဘသုတ်ဋီကာ (၁၄၁) အတိုင်း "အဓိကဝုတ္တိကာယ အဓိဝုတ္တိယောတိ ဒိဋ္ဌိယော ဝုစ္စန္တိ" စသည်ဖြင့် ဖွင့်ထား၏၊ ထို့အဖွင့်သည် အဋ္ဌကထာနှင့် ဝိဂြိုလ်အနက် (သဒ္ဒတ္ထ) မတူသော်လည်း အဓိပ္ပာယ်ကား အတူတူပင်ဖြစ်၏၊ ထို့ကြောင့် "တေနာဟ- အထဝါတိအာဒိ" ဟူ၍ အဋ္ထကထာ အဖွင့်နှင့် ဆက်သွယ်ပြထား၏။
ထိုဋီကာအဖွင့်လို "အဓိကံ ပဝတ္တန္တီ တိ အဓိဝုတ္တိယော- ဖြစ်သင့်သည်ထက် လွန်လွန်ကဲကဲဖြစ်တတ်သော မိစ္ဆာဒိဋ္ဌိများ" ဟု ဝစနတ္ထပြု၊ ဆိုလိုသည်မှာ သဿတ စသည်, ပကတိစသည်, ဒြဗျစသည်, ဇီဝစသည်, ကာယစသည်ထွေပြားအနက်များသည် တကယ်အစစ် အဖြစ်မှန်အနက်ပရမတ်သဘောများမဟုတ်ကြ၊ ထိုအဖြစ်မှန် ပရမတ်သဘောမဟုတ်သော သဿတစသော အနကတို့ကို ရုပ်ဝေဒနာစသော ပရမတ်ဖြစ်သော သဘာတဓမ္မတို့အပေါ်၌ တင်စား၍ လွန်လွန်ကဲကဲဖြစ်ကြ (ယူဆကြ) သော မိစ္ဆာဒိဋ္ဌိများ ဟု ဆိုလို၏၊ (သို့မဟုတ်) "အဓိကံ အတ္ထံ အဇ္ဈာရောပေတွာ ဝတ္တန္တိ ပဝတ္တန္တီတိ အဓိဝုတ္တိယော" ဟု သော်လည်း ဝစနတ္ထပြုသင့်၏။
(ယာ မိစ္ဆာဒိဋ္ဌိယော- အကြင်အယူမှားတို့သည်) အဓိကံ- ရုပ်ဝေဒနာစသည်ထက် ပိုမိုလွန်ကဲ့သော၊ အတ္ထံ- သဿတစသော, ပကတိစသော မဟုတ်မမှန်သော အနက်သဘောကို၊ အဇ္ဈာရောပေတွာ- ရုပ်ဝေဒနာစသော သဘာဝဓမ္မတို့၌ တင်စား၍။ ဝတ္တန္တိ ပဝတ္တန္တိ- ဖြစ်ကုန်၏၊ ဣတိ- ထို့ကြောင့်၊ (တာ မိစ္ဆာဒိဋ္ဌိယော- ထိုအယူမှားတို့သည်) အဓိဝုတ္တိယော- အဓိဝုတ္တိတို့ မည်၏။
ဗုဒ္ဓသာသရာပအယူရှိသော ကပိလ, ကဏာဒရသေ့တို့နှင့် ဂျိန်းဝါဒီ စသည်တို့သည် အစစ်အမှန် ပရမတ်မဟုတ်သော ထိုသဿတစသောအနက်တို့ကို အစစ်အမှန်ပရမတ်အနက်သဘောဟု ယူဆကြ၏၊ ယင်းသို့ ယူဆအပ်သော ထိုသဿတစသည်တို့သည် ရုပ်ဝေဒနာ စသော ပရမတ်အနက်သဘောတို့ထက် ပိုလွန်သော အနက်သဘောများဖြစ်၏၊ ထိုပိုလွန်သော သဿတစသော အနက်သဘောတို့ကို ရုပ်ဝေဒနာစသော သဘာဝဓမ္မတို့ အပေါ်၌ တင်စား၍ တကယ်မရှိပရမတ်ဟု ယူဆသော မိစ္ဆာဒိဋ္ဌိတို့ကို အဓိဝုတ္တိဟု ခေါ်၏၊ ထို့နောက် ယခင်ကအတိုင်း "အဓိဝုတ္တီနံ ပဒါနိ အဓိဝုတ္တိပဒါနိ" ဟုပင် သမာသ်တွဲစပ်ပါ။
ဤသို့ အားဖြင့် အဓိဝုတ္တိပုဒ်ကို ဋီကာအတိုင်း ဝိဂြိုလ်အမျိုးမျိုးပြုထားရသော်လည်း ပဒသဒ္ဒါနှင့် သမာသ်တွဲစပ်ရသော အဓိဝုတ္တိပဒအတွက်မှာမူ အဋ္ဌကထာအတိုင်းအဖွင့်နှစ်မျိုးမျှသာ ရှိပါ၏၊ ထိုနှစ်မျိုး၏ ထူးခြားချက်အကျဉ်းချုပ်မှာ- ပဌမအဖွင့်၌ နာပညတ်ကို အဓိဝုတ္တိဟုခေါ်၍ ထိုနာမပညတ်ကို ဖော်ပြသောခန္ဓာယတနဓာတ်တို့ကို အဓိဝုတ္တိပဒဟု ခေါ်၏၊ ဒုတိယအဖွင့်၌ကား မိစ္ဆာဒိဋ္ဌိတို့ကို အဓိဝုတ္တိခေါ်၍ ထိုမိစ္ဆာဒိဋ္ဌိတို့ကို ဖော်ပြသော ဒိဋ္ဌိဝေါဟာရစကားပုဒ်တို့ကို အဓိဝုတ္တိပဒဟုခေါ်၏၊ ပြခဲ့သည့်အတိုင်း ဋီကာဂြိုလ်အနက်များကိုပါ ထည့်စွက် အနက်ပြန်ဆိုလိုလျှင်-
(၁) အဓိဝုတ္တိပဒါနံ- ခေါ်ဝေါ်ပြောဆိုစရာ စကားအသံမျှကိုသာ စွဲမှီရည်စူး၍ ဖြစ်သော နာမည်ပညတ်တို့၏ တည်ရာအကြောင်းဖြစ်သော ခန္ဓာအာယတနဓာတ်တို့ကို၊ ဝါ- အနက်ဒြပ်၏အထက်၌ ခေါ်ဝေါ်ပြောဆိုအပ်သော နာမည်ပညတ်တို့၏ တည်ရာအကြောင်းဖြစ်သော ခန္ဓာအာယတန ဓာတ်တို့ကို။ (နာမည်ပညတ်တို့ကို ဖော်ပြတတ်သော ခန္ဓာအာယတနဓာတ်တို့ကို။)
(၂) အဓိဝုတ္တိပဒါနံ- အစစ်အမှန်မရှိသော သဿတစသော အနက်ကို ဘဘာဝဓမ္မတို့အပေါ်၌ တင်စား၍ လွန်လွန်ကဲကဲဖြစ်တတ်သော (ယူဆ တတ်သော )မိစ္ဆာဒိဋ္ဌိတို့၏ ဝေါဟာရစကားတို့ကို၊ ဝါ - အစစ်အမှန်ပရမတ်တရာတို့ထက် ပိုမိုလွန်ကဲသော သဿတစသော မမှန်ကန်သော အနက်ကို သဘာဝဓမ္မတို့အပေါ်၌ တင်စား၍ ဖြစ်တတ် (ယူဆတတ်) သော မိစ္ဆာဒိဋ္ဌိတို့၏ ဝေါဟာရစကားတို့ကို (မိစ္ဆာဒိဋ္ဌိတို့ကို ဖော်ပြသော ဝေါဟာရစကားတိုု့ကို) ဟူ ၍အနက်ဆိုပါ။ ဤနေရာ၌ ပကတိ, ဒြဗျ, ဇီဝ, ကာယတို့ကို ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ဒု(၃၅၈- စသည်) နှင့် မဟာစည် ဆရာတော်၏ ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယ, စတုတ္ထတွဲ (၂၁၀- စသည်) ၌ ကြည့်ကြလေကုန်။ ဝါ၊ အဖြစ်မှန်အနက်သဘောကို လွှမ်းဖိကျော်လွန်၍ ဖြစ်သော မိစ္ဆာဒိဋ္ဌိတို့၏ ဝေါဟာရစကားတို့ကို။ (မိစ္ဆာဒိဋ္ဌိတို့ကို ဖော်ပြတတ်သော ဝေါဟာရစကားတို့ကို။) အဘိညာ၊ သိ၍။ သစ္ဆိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှာ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။

ယထာ ယထာ၊ အကြင်အကြင်အခြင်းအရာအားဖြင့်။
ပဋိပန္နော၊ ကျင့်သော ပုဂ္ဂိုလ်သည်။
သန္တံ ဝါ၊ အမှန်ထင်ရှားရှိသော တရားကိုလည်း။
အတ္တီတိ၊ ရှိ၏ ဟူ၍။
ဥဿတိ၊ သိလတ္တံ့။
အသန္တံ ဝါ၊ ထင်ရှားမရှိသော တရားကိုလည်း။
နတ္ထီတိ၊ မရှိဟူ၍ ။
ဥဿတိ၊ သိလတ္တံ့။
ဟီနံဝါ၊ ယုတ်ညံ့သော တရားကို လည်း။
ဟိနန္တိ၊ ယုတ်ညံ့သော တရားဟူ၍ ။
ဥဿတိ၊ တ္တံ့။
ပဏီတံ ဝါ၊ မြင့်မြတ်သော တရားကိုလည်း။
ပဏီတန္တိ၊ မြင့်မြတ်သော တရားဟူ၍ ။
ဥဿတိ၊ တ္တံ့။
သရတ္တရံ ဝါ၊ မိမိထက်သာလွန်သော တရားနှင့် တကွဖြစ်သောတရားကိုလည်း။
သဥတ္တရန္တိ၊ မိမိထက်သာလွန်သော တရားနှင့် တကွဖြစ်သော တရာဟူ၍။
ဥဿတိ၊ သိလတ္တံ့။
အနုတ္တရံ ဝါ၊ မိမိထက် သာလွန်သော တရားမရှိသော တရားကိုလည်း။
အနုတ္တရန္တိ၊ မိမိထက်သာလွန်သော တရားမရှိသော တရားဟူ၍။
ဥဿတိ၊ သိလတ္တံ့။
တထာ တထာ၊ ထိုအခြင်းအရာအားဖြင့်။
(ထိုထိုသိနိုင်လောက်သော အခြင်းအရာအားဖြင့်။)
တေသံ တေသံ၊ ထိုထိပုဂ္ဂိုလ်တို့အား။
(ထိုထိုမိစ္ဆာအယူရှိသူ, မရှိသူတို့အား။)
ဓမ္မံ၊ တရားတို့ကို။
ဒေသေတုံ၊ ဟောခြင်းငှာ။
အဟံ၊ ငါသည်။
တတ္ထ၊ ထိုဒသဗလဉာဏ်, သဗ္ဗညုတဉာဏ်တော်တို့၌။
ဝိသာရဒေါ၊ ကြောက်ရွံ့ခြင်းကင်း ရဲတင်းရွှင်ပျ ဉာဏသောမနဿရှိသည်။
(ဟုတွာ၊ ဖြစ်၍။)
ပဋိဇာနာမိ၊ ဝန်ခံတော်မူ၏။
ဝါ ပန၊ ထိုမှတပါး။
ယထာ ယထာ၊ အကြင်အကြင်အခြင်းအရာအားဖြင့်။
တံ၊ ထိုတရားကို။
ဉာတေယျံ ဝါ၊ သိလည်းသိသင့်၏။
ဒဋ္ဌေယျံဝါ၊ မြင်လည်းမြင်သင့်၏။
သစ္ဆိကရေယျံ ဝါ၊ မျက်မှောက်ပြုလည်း မျက်မှောက်ပြုသင့်၏။
(ပဋိပန္နော၊ ကျင့်သော ပုဂ္ဂိုလ်သည်။)
တထာ တထာ၊ ထိုထိုအခြင်းအရာအားဖြင့်။
(ထိုထိုသိမြင်မျက်မှောက်ပြုသင့်သည် အဖြစ်ဟူသောအခြင်းအရာအားဖြင့်။)
ဥဿတိ ဝါ၊ သိလည်းသိလတ္တံ့။
ဒက္ခတိ ဝါ၊ မြင်လည်း မြင်လတ္တံ့။
သစ္ဆိကရိဿတိ ဝါ၊ မျက်မှောက်ပြုလည်း မျက်မှောက်ပြုလတ္တံ့။
ဣတိ ဧတံ ဌာနံ၊ (သိမြင်မျက်မှောက်ပြုခြင်းဟူသော) ဤအကြောင်းသည်။
ဝိဇ္ဇတိ၊ ရှိ၏။
အာနန္ဒ၊ န္ဒာ။
တတ္ထ တတ္ထ၊ ထိုထိုတရားတို့၌။
ယဒိဒံ ယထာဘူတဉာဏံ၊ အကြင်ယထာဘူဉာဏ်သည်။
ဝါ၊ အဖြစ်မှန်အတိုင်းသိသော သဗ္ဗညုတ ဉာဏ်တော်သည်။
(အတ္ထိ၊ ရှိ၏)။
ဉာဏာနံ၊ ဉာဏ်အားလုံးတို့တွင်။
ဧတံ၊ ဤယထာဘူတသဗ္ဗညုတဉာဏ်တော်သည်။
အနုတ္တရိသံ၊ အသာလွန်ဆုံးဉာဏ်တော်ပေတည်း။
အာနန္ဒ၊ န္ဒာ။
စ၊ အထူးတဖန် ထပ်မံပြောရလျှင်ကား။
ဧတသ်မာ ဉာဏာ၊ ဤယထာဘူတသဗ္ဗညုတဉာဏ်တော်မှ။
အညံ၊ အခြားသော။
ဥတ္တိရတရံ ဝါ၊ ထိုဉာဏ်ထက် သာလွန်ထူးချွန်သည်လည်းဖြစ်သော။
ပဏီတတရံ ဝါ၊ ထိုဉာဏ်ထက်သာလွန်မြင့်မြတ်သည်လည်း ဖြစ်သော။
ဉာဏံ၊ ဉာဏ်သည်။
နတ္ထိ၊ မရှိတော့။
ဣတိ၊ ဤသို့။
အဟံ၊ ငါသည်။
ဝဒါမိ၊ မိန့်ဆိုတော်မူ၏။
။ပ။၊
ဒုတိယံ၊ ။