Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Dasakanipātapāḷi
Dasakanipātapāḷi

6. Paṭhamasaññāsuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဒသ၊ ဆယ်ပါးကုန်သော။ ဣမာ သညာ၊ ဤသညာတို့သည်။ ဘာဝိတာ၊ ဖြစ်ပွားစေအပ်ကုန်သည်။ ဗဟုလီကတာ၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ကုန်သည်။ (သမာနာ၊ ဖြစ်ကုန်လသော်။) မဟပ္ဖလာ၊ (လောကုတ္တရာသုခဟူသော) မြတ်သော အကျိုးရှိကုန်သည်။ မဟာနိသံသာ၊ (လောကုတ်တရာသုခဟူသော )မြတ်သော အာနိသင်ရှိကုန်သည်။ အမတောဂဓာ၊ သဥပါဒိသေသအမြိုက်နိဗ္ဗာန်ဟူသော ထောက်တည်ရာရှိကုန်သည်။ ဝါ၊ သဥပါဒိသေသ အမြိုက်နိဗ္ဗာန်၌ သက်ဝင်ကုန်သည်။ အမတပရိယောသာနာ၊ အနုပါဒိသေသအမြိုက်နိဗ္ဗာန်ဟူသော အပြီးသတ် တရားရှိကုန်သည်။ (အနုပါဒိသေသအမြိုက်နိဗ္ဗာန်ဟူသော နောက်ဆုံးအထွတ်အထိပ် ပန်းတိုင်ရှိကုန်သည်။) ဟောန္တိ၊ ဖြစ်ကုန်၏။
ဒသ၊ ဆယ်ပါးတို့ဟူသည်။ ကတမာ၊ အဘယ်တို့နည်းဟူမူ။
အသုဘသညာ၊ အသုဘသညာလည်းကောင်း။ ဝါ၊ (မိမိ၏ သက်ရှိခန္ဓာကိုယ်ကောင်၌) မတင့်တယ်ဟု ရှုမှတ်သော သညာလည်းကောင်း။ ဝါ၊ (ဥဒ္ဓုမာတကစသော) မတင့်တယ်သော အာရုံ၌ ဖြစ်သော သညာ လည်းကောင်း။ မရဏသညာ၊ သေခြင်းသဘောကို အာရုံပြုရှုမှတ်သော သညာလည်းကောင်း။ ဝါ၊ သေခြင်းသဘောကို အာရုံပြုရှုတတ်သော ဉာဏ်နှင့်ယှဉ်သော သညာလည်းကောင်း။ အာဟာရေ၊ အစာအာဟာရ၌။ ပဋိကူလသညာ၊ စက်ဆုပ်ဖွယ်ဟု ရှုမှတ်သော သညာလည်းကောင်း။ သဗ္ဗလောကေ၊ (ကာမ ရူပ အရူပဓာတ်သုံးပါးဟူသော) အားလုံးသော လောက၌။ အနဘိရတသညာ၊ မမွေ့လျော်ခြင်းသဘောအားဖြင့် ရှုမှတ်သော ဝိပဿနာသညာလည်းကောင်း။ အနိစ္စသညာ၊ (ခန္ဓာငါးပါးတို့၌) မမြဲဟု ရှုမှတ်သော ဝိပဿနာသညာလည်းကောင်း။ အနိစ္စေ၊ မမြဲသော ခန္ဓာငါးပါး၌။ ဒုက္ခသညာ၊ ဆင်းရဲဟု ရှုမှတ်သော သညာလည်းကောင်း။ ဒုက္ခေ၊ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌။ အနတ္တသညာ၊ ခိုင်မြဲသောအနှစ်သာရ အသက်ရှင် အတ္တကောင် မဟုတ်ဟု ရှုမှတ်သော သညာလည်းကောင်း။ ဝါ၊ ခိုင်မြဲသော အနှစ်သာရအသက်ရှင်် အတ္တကောင်း မရှိဟုရှုမှတ်သော သညာလည်းကောင်း။ ပဟာနသညာ၊ (တဒင်္ဂမဟာန်စသော) ကိလေသာ ပယ်သတ်ခြင်းသဘော၌ အာရုံပြု၍ ဖြစ်သော သညာလည်းကောင်း။ ဝိရာဂသညာ၊ (တဒင်္ဂဝိရာဂစသော) ကိလေသာကင်းကွာပျက်စီးခြင်းသဘော၌ အာရုံပြု၍ ဖြစ်သော သညာလည်းကောင်း။ ဝါ၊ ကိလေသာအားလုံးတို့ ပျက်စီးရာ နိဗ္ဗာန်၌ အာရုံပြု၍ဖြစ်သော သညာလည်းကောင်း။ နိရောဂသညာ၊ သင်္ခါရတို့၏ ချုပ်ငြိမ်းမှုကို အာရုံပြု၍ဖြစ်သော သညာလည်းကောင်း။ ဝါ၊ သင်္ခါရတို့ ချုပ်ရာနိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော သညာလည်းကောင်း။ (ဣတိ၊ ဤသည်တို့ ပေတည်း။) ။ပ။၊
ဆဋ္ဌံ၊ ။