ဘိက္ခဝေ၊ တို့။
လောကသ္မိံ၊ သတ္တလောက၌။
ဒသ၊ ဆယ်မျိုးကုန်သော။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သည်။
ကန္တာ၊ နှစ်သက်အပ်ကုန်သည်။
မနာပါ၊ စိတ်နှလုံးသည် သက်ရောက်အပ်ကုန်သည်။
ဝါ၊ မြတ်နိုးအပ်ကုန်သည်။
ဒုလ္လဘာ၊ ခက်ခဲသဖြင့် ရအပ်ကုန်သည်။
ဝါ၊ ရနိုင်ခဲ့ကုန်သည်။
(ဟောန္တိ၊ ဖြစ်ကုန်၏။)
ကတမေ၊ အဘယ်မည်ကုန်သော။
ဒသ၊ ကုန်သော။
(ဣမေ ဓမ္မာ၊ တို့သည်။
ဣဋ္ဌာ၊ ကုန်သည်။
။ပ။ ဒုလ္လဘာ၊ ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်သနည်းဟူမူ။)
လောကသ္မိံ၊ ၌။
ဘောဂါ၊ ပစ္စည်းဥစ္စာတို့သည်။
ဣဋ္ဌာ၊ ကုန်သည်။
။ပ။ ဒုလ္လဘာ၊ ကုန်သည်။
(ဟောန္တိ၊ ဖြစ်ကုန်၏။)
လောကသ္မိံ၊ ၌။
ဝဏ္ဏော၊ ကိုယ်အဆင်းသည်။
ဣဋ္ဌော၊ အလိုရှိအပ်သည်။
ကန္တော၊ နှစ်သက်အပ်သည်။
မနာပေါ၊ အပ်သည်။
ဒုလ္လဘော၊ အပ်သည်။
ဝါ၊ ခဲသည်။
(ဟောတိ၊ ဖြစ်၏။)
လောကသ္မိံ၊ ၌။
အာရောဂျံ၊ အနာရောဂါမရှိသူ၏ အဖြစ်သည်။
ဝါ၊ ရောဂါကင်းကွာ ကျမ်းမာခြင်းသည်။
ဣဋ္ဌံ၊ အလိုရှိအပ်သည်။
။ပ။၊
ဒုလ္လဘံ၊ အပ်သည်။
ဝါ၊ သည်။
(ဟောတိ) လောကသ္မိံ၊ ၌။
သီလံ၊ သီလသည်။
။ပ။၊
ဗြဟ္မစရိယံ၊ (သိက္ခာသုံးရပ်ဟူသော) မြတ်သောအကျင့်သည်။
။ပ။၊
လောကသ္မိံ၊ ၌။
မိတ္တာ၊ မိတ်ဆွေတို့သည်။
ဣဋ္ဌာ၊ ကုန်သည်။
။ပ။၊
ဗဟုဿစ္စံ၊ များစွာကြားနာသင်မှတ်ထားအပ်သော ကျမ်းဂန်အတတ်ပညာရှိသူ၏ အဖြစ်သည်။
။ပ။၊
ပညာ၊ ပညာသည်။
။ပ။၊
ဓမ္မာ၊ လောကုတ္တရာ တရားကိုးပါးတို့သည်။
။ပ။၊
သဂ္ဂါ၊ နတ်ပြည် နတ်ဘဝတို့သည်။
။ပ။၊
ဘိက္ခဝေ၊ တို့။
လောကသ္မိံ၊ ၌။
ဣဋ္ဌာနံ၊ အလိုရှိအပ်ကုန်သော။
ကန္တာနံ၊ နှစ်သက်အပ်ကုန်သော။
မနာပါနံ၊ စိတ်နှလုံးသည် သက်ရောက်အပ်ကုန်သော။
ဝါ၊ မြတ်နိုးအပ်ကုန်သော။
ဝါ၊ စိတ်နှလုံးကို တိုးပွားစေတတ်ကုန်သော။
ဒုလ္လဘာနံ၊ ခက်ခဲသဖြင့် ရအပ်ကုန်သော။
ဝါ၊ ရနိုင်ခဲကုန်သော။
ဒသန္နံ၊ ဆယ်ပါးကုန်သော။
ဣမေသံ ဓမ္မာနံ၊ ဤတရားတို့၏။
ဒသ၊ ဆယ်မျိုးကုန်သော။
ပရိပန္ထာ၊ အနှောင့်အယှက် အဖျက်အဆီးဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
(ဟောန္တိ၊ ရှိကုန်၏။)
အာလသျံ၊ ပျင်းရိသူ၏ အဖြစ်သည်။
အနုဋ္ဌာနံ၊ ထကြွလုံ့လဝီရိယ မရှိခြင်းသည်။
ဘောဂါနံ၊ စီးပွား ဥစ္စာတို့၏။
ပရိပန္ထော၊ အနှောင့်အယှက် အဖျက်အဆီးတည်း။
အမဏ္ဍနာ၊ သနပ်ခါးနှစ်, နံ့သာပျစ်တို့ဖြင့် နိမ့်ရာ၌ မဖို့သိပ် မပြင်ဆင်ခြင်းသည်။
အဝိဘူသနာ၊ အရောင်တင်ဆေး နံ့သာမွှေးဖြင့် မလိမ်းကျံ မပြင်ဆင်ခြင်းသည်။
ဝဏ္ဏဿ၊ ကိုယ်အဆင်း၏။
ပရိပန္ထော၊ တည်း။
အသပ္ပါယကိရိယာ၊ ကျန်းမာရေးနှင့် မသင့်လျော်သော အပြုအမူသည်။
။ပ။၊
ပါပမိတ္တတာ၊ ယုတ်မာသော မိတ်ဆွေရှိသူ၏ အဖြစ်သည်။
သီလာနံ၊ သီလတို့၏။
။ပ။ ဣန္ဒြိယအသံဝရော၊ ဣန္ဒြေမစောင့်စည်းခြင်းသည်။
။ပ။ ဝိသံဝါဒနာ၊ လိမ်လည်လှည့်ဖြား မုသားပြောဆိုခြင်းသည်။
မိတ္တာနံ၊ မိတ်ဆွေတို့၏။
အသဇ္ဈာကကိရိယာ၊ ရွတ်အံသရဇ္ဈာယ်မှု မပြုခြင်းသည်။
ဗာဟုဿစ္စဿ၊ များစွာ ကြားနာသင်မှတ်ထားအပ်သော ကျမ်းဂန်အတတ် ပညာရှိသူ၏ အဖြစ်၏။
ပရိပန္ထော၊ တည်း။
အဿုဿူသာ၊ မကြားနာလိုခြင်းသည်။
အပရိပုစ္ဆာ၊ အနက်အဓိပ္ပာယ်ကို မမေးမြန်း မသင်ယူခြင်းသည်။
ပညာယ၊ ပညာ၏။
။ပ။ အနနုယောဂေါ၊ ကမ္မဋ္ဌာန်းတရား အားမထုတ်ခြင်းသည်။
အပစ္စဝေက္ခဏာ၊ မဆင်ခြင် မသုံးသပ် မရှုမှတ်ခြင်းသည်။
ဓမ္မာနံ၊ လောကုတ္တရာတရားကိုးပါးတို့၏။
။ပ။ မိစ္ဆာပဋိပတ္တိ၊ လွဲမှားစွာ ကျင့်ကြံအားထုတ်ခြင်းသည်။
သဂ္ဂါနံ၊ နတ်ပြည် နတ်ဘဝတို့၏။
ပရိပန္ထော၊ ။
ဘိက္ခဝေ၊ တို့။
လောကသ္မိံ၊ ၌။
။ပ။၊
ဒသ၊ ကုန်သော။
အာဟာရာ၊ အကြောင်းဖြစ်ကုန်သော။
ဓမ္မာ၊ တို့သည်။
(ဟောန္တိ၊ ရှိကုန်၏။)
ဥဋ္ဌာနံ၊ ထကြွလုံ့လဝီရိယသည်။
အနာလသျံ၊ မပျင်းရိသူ၏ အဖြစ်သည်။
ဘောဂါနံ၊ တို့၏။
အာဟာရော၊ အကြောင်းတည်း။
မဏ္ဍနာ၊ သနပ်ခါးနှစ် နံ့သာပျစ်တို့ဖြင့် နိမ့်ရာ၌ သိပ်ပြင်ဆင်ခြင်းသည်။
ဝိဘူသနာ၊ အရောင်တင်ဆေး နံ့သာမွှေးဖြင့် လိမ်းကျံပြင်ဆင်ခြင်းသည်။
။ပ။ သပ္ပါယကိရိယာ၊ ကျန်းမာရေးနှင့် သင့်လျော်သော ပြုလုပ်မှုသည်။
။ပ။ ကလျာဏမိတ္တတာ၊ ကောင်းသော မိတ်ဆွေရှိသူ၏ အဖြစ်သည်။
။ပ။ ဣန္ဒြိယသံဝရော၊ ဣန္ဒြေစောင့်စည်းခြင်းသည်။
။ပ။၊
အဝိသံဝါဒနာ၊ လိမ်လည်လှည့်ဖြား မပြောကြားခြင်းသည်။
။ပ။ သဇ္ဈာယကိရိယာ၊ ရွတ်အံသရဇ္ဈာယ်မှုပြုခြင်းသည်။
။ပ။ ဿုဿူသာ၊ ကြားနာလိုခြင်းသည်။
ပရိပုစ္ဆာ၊ အနက်အဓိပ္ပါယ်ကို မေးမြန်းသင်ယူခြင်းသည်။
။ပ။ အနုယောဂေါ၊ ကမ္မဋ္ဌာန်း တရားအားထုတ်ခြင်းသည်။
ပစ္စဝေက္ခဏာ၊ အဖန်ဖန်ဆင်ခြင်သုံးသပ်ရှုမှတ်ခြင်းသည်။
။ပ။ သမ္မာပဋိပတ္တိ၊ မှန်ကန်စွာ ကျင့်ကြံအားထုတ်ခြင်းသည်။
သဂ္ဂါနံ၊ ။
။ပ။၊
တတိယံ၊