ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
အာယသ္မာ သာရိပုတ္တော၊ အရှင်သာရိပုတြာသည်။
မဂဓေသု၊ မဂဓတိုင်း၌။
[ဧကဝုစ် အနက်ဆိုရသည်ကို သတိပြုပါ။]
နာလကဂါမကေ၊ နာလကရွာငယ်၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
အထခေါ၊ ထိုအခါ၌။
သာမဏ္ဍကာနိ၊ သာမဏ္ဍကာနိမည်သော။
ပရိဗ္ဗာဇကော၊ ပရဗိုဇ်သည်။
ယေန၊ အကြင်အရပ်၌။
အာယသ္မာ သာရိပုတ္တော၊ သည်။
(အတ္ထိ၊ ၏။)
တေန၊ ထိုအရပ်၌။
ဥပသင်္ကမိ၊ သွား၏။
။ပ။၊
[စာပိုဒ် (၇) သာရိပုတ္တသုတ်ကြည့်။]
ဧတံ၊ ကို။
အဝေါစ (ကိန္တိ အဝေါစ)၊ ။
အာဝုသော သာရိပုတ္တ၊ ငါ့ရှင်သာရိပုတြာ။
သုခံ၊ ချမ်းသာဟူသည်။
ဝါ၊ ချမ်းသာ၏ အကြောင်းဟူသည်။
ကိံ နုခေါ၊ အဘယ်ပါနည်း။
ဒုက္ခံ၊ ဆင်းရဲဟူသည်။
ဝါ၊ ဆင်းရဲခြင်း၏ အကြောင်းဟူသည်။
ကိံ နုခေါ၊ နည်း။
ဣတိ၊ သို့။
(အဝေါစ၊ မေးလျှောက်ပြီ။)
အာဝုသော၊ ငါ့ရှင်။
အဘိနိဗ္ဗတ္တိ၊ ဘဝခန္ဓာ, ဖန်ခါခါဖြစ်ရခြင်းသည်။
ဒုက္ခာ၊ ဆင်းရဲပေတည်း။
ဝါ၊ ဆင်းရဲ၏ အကြောင်းပေတည်း။
အန ဘိနိဗ္ဗတ္တိ၊ ဘဝခန္ဓာ, ဖန်ခါခါ မဖြစ်ခြင်းသည်။
သုခါ၊ ချမ်းသာပေတည်း။
ဝါ၊ တည်း။
အာဝုသော၊ ငါ့ရှင်။
အဘိနိဗ္ဗတ္တိယာ၊ ဘဝခန္ဓာ ဖန်ခါခါဖြစ်ခြင်းသည်။
သတိ၊ ရှိလသော်။
သီတံ၊ အအေးဒဏ်ခံရခြင်း ဆင်းရဲလည်းကောင်း။
ဥဏှံ၊ အပူဒဏ်ခံရခြင်းဆင်းရဲခြင်းလည်းကောင်း။
ဇိဃစ္ဆာ၊ စားလိုခြင်း (ဆာလောင်ခြင်း) ဆင်းရဲလည်းကောင်း။
ပိပါသာ၊ သောက်လိုခြင်း (ရေငတ်ခြင်း) ဆင်းရဲလည်းကောင်း။
ဥစ္စာရော၊ ကျင်ကြီးနှိပ်စက်ခံရခြင်း ဆင်းရဲလည်းကောင်း။
ပဿာဝေါ၊ ကျင်ငယ်နှိပ်စက်ခံရခြင်း ဆင်းရဲလည်းကောင်း။
အဂ္ဂိ သမ္ဖဿော၊ မီးထိပါးလောင်ကျွမ်းခံရခြင်း ဆင်းရဲလည်းကောင်း။
ဒဏ္ဍ သမ္ဖဿော၊ တုတ်ထိပါးရိုက်နှက်ခံရခြင်း ဆင်းရဲလည်းကောင်း။
သတ္ထ သမ္ဖဿော၊ တုတ်မှ အခြားသော လက်နက်ထိပါးနှိပ်စက်ခံရခြင်း ဆင်းရဲလည်းကောင်း။
ဉာတီပိ၊ ဆွေမျိုးတို့သည်လည်းကောင်း။
မိတ္တာပိ၊ မိတ်ဆွေတို့သည်လည်းကောင်း။
သင်္ဂမ္မ၊ စုဝေးရောက်လာကြကုန်၍။
သမာဂမ္မ၊ ပေါင်းဆုံလာကြကုန်၍။
ယံ ရောသေန္တိ၊ အကြင် ချုပ်ချယ်ထိပါး စော်ကားပြောဆိုကြကုန်၏။
(တံ ရောသနံ၊ ထိုချုပ်ချယ်ထိပါး စော်ကားခံရခြင်းဆင်းရဲလည်းကောင်း။)
ဣဒံ၊ ဤမည်သော။
ဒုက္ခံ၊ ဆင်းရဲသည်။
ပါဠိကင်္ခံ၊ အလိုရှိအပ်သည်။
ဝါ၊ ဧကန်တွေ့ကြုံခံစားရသည်။
ဟောတိ၊ ဖြစ်၏။
အာဝုသော၊ ငါ့ရှင်။
အဘိနိဗ္ဗတ္တိယာ၊ သည်။
သတိ၊ သော်။
ဣဒံ ဒုက္ခံ၊ ဤဆင်းရဲသည်။
ပါဋိကင်္ခံ၊ သည်။
ဝါ၊ သည်။
(ဟောတိ)၊
အာဝုသော၊ ငါ့ရှင်။
အနဘိနိဗ္ဗတ္တိယာ၊ ဘဝခန္ဓာ ဖန်ခါခါ မဖြစ်ခြင်းသည်။
သတိ၊ ဖြစ်လသော်။
န သီတံ၊ အအေးဒဏ် မခံရခြင်းလည်းကောင်း။
န ဥဏှံ၊ အပူဒဏ်မခံရခြင်းလည်းကောင်း။
န ဇိဃစ္ဆာ၊ မစားလိုခြင်း (မဆာလောင်ခြင်း) လည်းကောင်း။
န ပိပါသာ၊ မသောက်လို (ရေမငတ်) ခြင်းလည်းကောင်း။
န ဥစ္စာရော၊ ကျင်ကြီးနှိပ်စက် မခံရခြင်းလည်းကောင်း။
န ပဿာဝေါ၊ ကောင်း။
န အဂ္ဂိသမ္ဖဿော၊ မီးထိပါးလောက်ကျွမ်းမခံရခြင်းလည်းကောင်း။
န ဒဏ္ဍသမ္ဖဿော၊ တုတ်ထိပါးရိုက်နှပ် မခံရခြင်းလည်းကောင်း။
န သတ္ထသမ္ဖဿော၊ ကောင်း။
ဉာတီပိ၊ ကောင်း။
။ပ။၊
ယံ န ရော သေန္တိ၊ အကြင်ချုပ်ချယ်ထိပါးစော်ကား မပြောဆိုကြကုန်။
တံ န ရောသနံ၊ ထိုချုပ်ချယ်ထိပါးစော်ကား မခံရခြင်းလည်းကောင်း။
ဣဒံ၊ ဤမည်သော။
သုခံ၊ ချမ်းသာသည်။
ပါဋိကင်္ခံ၊ သည်။
ဟောတိ၊ ၏။
အာဝုသော၊ ငါ့ရှင်။
အနဘိနိဗ္ဗတ္တိယာ၊ ။
။ပ။၊
ပဉ္စမံ၊ ။