Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
莊春江讀經站
繁体中文
CC
language.zh-tw
Dasakanipātapāḷi
Dasakanipātapāḷi

3. Mahāvaggo

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ မိဂရာဇာ၊ သားကောင်တို့၏ ဘုရင်းဖြစ်သော။ သီဟော၊ ကေသရခြင်္သေ့သည်။ ဝါ၊ လည်ဆံမွေးရှိသောခြင်္သေ့သည်။ သာယနှသမယံ၊ ညနေချမ်းအခါ၌။ အာသယာ၊ (ရွှေဂူစသော)နေရာဌာနမှ။ နိက္ခမတိ၊ ထွက်၏။
အာသယာ၊ မှ။ နိက္ခမိတွာ၊ ထွက်ခဲ့ပြီး၍။ ဝိဇမ္ဘတိ၊ ကွန့်မြူးစံပယ်၏။ ဝါ၊ ကိုယ်ဟန်ပြ၏။
ဝိဇမ္ဘိတွာ၊ ကွန့်မြူးစံပယ်ပြီး၍။ ဝါ၊ ကိုယ်ဟန်ပြပြီး၍။ သမန္တာ၊ ပတ်ပတ်လည်၌။ စတုဒ္ဒိသံ၊ အရပ်လေးမျက်နှာကို။ အနုဝိလောကေတိ၊ စောင့်ငဲ့လှည့်ကာကြည့်၏။ ။ပ။၊
တိက္ခတ္တုံ၊ သုံးကြိမ်။ သီဟနာဒံ၊ ခြင်္သေ့ဟောက်ခြင်းကို။ နဒတိ၊ ဟောက်၏။ ။ပ။၊ နဒိတွာ၊ ဟောက်ပြီး၍။ ဂေါစရာယ၊ အစာအာဟာရ အကျိုးငှာ။ ပက္ကမတိ၊ ထွက်ခွာသွား၏။
တံ၊ ထိုသို့ ဟောက်ပြီး၍ အစာရှာထွက်သွားခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းအကြောင့် နည်းဟူမူ။
အဟံ၊ ငါသည်။ ဝိသမဂတေ၊ (ချောက်ကမ်းပါးပြတ်စသော) မညီညာသော စားကျက်အရပ်တို့၌ ရောက်နေကြကုန်သော။ ခုဒ္ဒကေ၊ သေးငယ်ကုန်သော။ ပါဏေ၊ သတ္တဝါတို့ကို။ သင်္ဃာတံ၊ ညှင်းပန်းသတ်ဖြတ်ခြင်းသို့။ မာ အာပါဒေသိံ၊ မရောက်ပါစေသတည်း။ ဣတိ၊ ဤအကြောင်းကြောင့်ပေတည်း။ (ဤသို့ ငယ်သောသတ္တဝါတို့ကို ငဲ့ညှာထောက်ထားသနားခြင်းကြောင့် ပေတည်း။)
ဘိက္ခဝေ၊ တို့။ သီဟောတိ၊ ခြင်္သေ့ဟူသော။ ဧတံ၊ ဤနာမည်သည်။ အရဟတော၊ ကိလေသာတို့မှ ဝေးကွာတော်မူသော။ သမ္မာသမ္ဗုဒ္ဓဿ၊ အမှးမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိသိတော်မူသော။ တထာဂတဿ၊ မြတ်စွာဘုရား၏။ အဓိဝစနံ၊ နာမည်တည်း။
ဘိက္ခဝေ၊ တို့။ တထာဂတော၊ မြတ်စွာဘုရားသည်။ ပရိသာယ၊ ပရိသတ်အား။ ဓမ္မံ၊ တရားကို။ ယံ ဒေသေတိ၊ အကြင်ဟောတော်မူ၏။ ဣဒံ (အယံ)၊ ဤတရားဟောတော်မူခြင်းသည်။ အဿ၊ ထိုမြတ်စွာဘုရား၏။ သီဟနာဒသ္မိံ (သီဟနာဒေါ)၊ ခြင်္သေ့မင်းဟောက်ခြင်းမည်သည်။ ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ တထာဂတဿ၊ မြတ်စွာဘုရာ၏။ တထာဂတဗလာနိ၊ (အများမဆိုင် ကိုယ်ပိုင်သီးခြား) မြတ်စွာဘုရား၏ ဉာဏ်တော်စွမ်းအားတို့သည်။ ဝါ၊ ရှေးဘုရားရှင်များ, ဉာဏ်စွမ်းအားနှင့် မခြားတမူ, အလားတူစွာ, ဆိုက်ရောက်လာသော ဉာဏ်စွမ်းအားတော်တို့သည်။ ဣမာနိ ဒသ၊ ဤဆယ်ပါးတို့တည်း။ [တထာဂတဗလပုဒ်နှင့် စပ်၍ ရေးသင့်သမျှကို ဆက္ကနိပါတ်စာပိုဒ် )၆၄) သီဟနာဒသုတ်၌ ရေးခဲ့ပြီ။] ယေတိ ဗလေဟိ၊ ယင်းညဏ်စွန်းအားတော်တို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ တထာ ဂတော၊ မြတ်စွာဘုရားသည်။ အာသဘံ၊ မြင့်မြတ်သော သူ၏ ဥစ္စာဖြစ်သော။ ဝါ၊ ရှေးဘုရားရှင်တို့၏ ဥစ္စာဖြစ်သော။ ဌာနံ၊ သဗ္ဗညုတဉာဏ်တော်ဟူသောနေရာဌာနသို့။ ဝါ၊ ဌာနကို။ ပဋိဇာနတိ၊ ဆိုက်ရောက်တော်မူ၏။ ဝါ၊ ကိုယ်တော်၏ ထံ လက်ခံထားရှိတော်မူ၏။ ဝါ၊ ဝန်ခံတော်မူ၏။ (တနည်း) အာသဘံ၊ နိသဘခေါ်ငြား, ဥသဘနွားလား၏, လှုပ်ရှားမယိုင်, မြဲခိုင်မတ်မတ်, ရပ်တည်ခြင်းနှင့်တူသော။ ဌာနံ၊ ရန်သူမှတ်သမျှ, လှုပ်မရနိုင်၊ မြဲခိုင်မတ်မတ်,ရဲဝံ့စွာ ရပ်တည်ခြင်းတည်းဟူသော သဗ္ဗညုတဉာဏ်တော်သို့။ ဝါ၊ ဉာဏ်တော်ကို။ ပဋိဇာနာတိ၊ ၏။ ဝါ၊ ၏။ [ဤ၌ "အာသဘံ ဋ္ဌာနံ ပဋိဇာနာတိ" ဝါကျအဖွင့်ရှင်းလင်းချက်ကို စတုက္ကနိပါတ်စာပိုဒ် (၈) ဝေသာရဇ္ဇသုတ်၌ ရေးခဲ့ပြီ။] ပရိသာသု၊ ရှစ်ပါးသော ပရိသတ်တို့၌။ သီဟနာဒံ၊ မြတ်သောမိန့်မြွက်တော်မူခြင်းကို။သီဟနာဒံ နဒတိ ။ ။ "သီဟနာဒံ နဒတီတိ သေဋ္ဌနာဒံ နဒတိ၊ အဘီတနာဒံ နဒတိ၊ သီဟနာဒသဒိသံ ဝါ နာဒံ နဒတိ" ဟူ၍ အဋ္ဌကထာ၌ သီဟနာဒပုဒ်ကို နှစ်နည်းဖွင့်၏၊ ထို့တွင်-
(၁) သေဋ္ဌနာဒံဖြင့် သီဟသဒ္ဒါကိုအမြတ်ဟူသော သေဋ္ဌအနက်ဟောဟုသိစေ၏။ သီဟ- မြတ်သော၊ နာဒ- မိန့်မြွက်တော်မူခြင်း၊ ဝါ- မိန့်မြွက်အပ်သော စကားတော်၊ သီဟော စ သော နာဒေါ စာတိ သီဟနာဒေါ။ ထိုမြတ်သော စကားတော် (သီဟနာဒ, သေဋ္ဌနာဒ) ဟူသည် မကြောက်မရွံ့ ရဲဝံ့စွာမိန့်မြွက်အပ်သော စကားတော်ဖြစ်သည်ဟု သိစေလိုသောကြောင့် "အဘီတနာဒံ" ဟူ၍ဖွင့်သည်။
(၂) တနည်းအားဖြင့် သီဟဿ နာဒေါ သီဟနာဒေါ- ခြင်္သေ့၏ဟောက်ခြင်း၊ ဝါ- ခြင်္သေ့၏ ဟောက်သံ၊ သီဟနာဒေါ ဝိယာတိ သီဟနာဒေါ- ခြင်္သေ့ဟောက်ခြင်းကဲ့သို့ ရဲရဲတောင်မိန့်မြွက်တော်မူခြင်း၊ ဝါ- မရွံ့မကြောက် ခြင်္သေ့သကဲ့သို ရဲရဲတောက်မိန့်မြွက်အပ်သော တရား စကားတော်။
ဝါ၊ မကြောက်မရွံ့ရဲဝံ့စွာ မိန့်မြွက်အပ်သောစကားတော်ကို။ ဝါ၊ မရွံ့မကြောက် ခြင်္သေ့ဟောက်သို့ ရဲရဲတောင်ကြုံးဝါးမိန့်မြွက်အပ်သော စကားတော်ကို။ နဒတိ၊ မုန့်မြွက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သောတရား စက်ဝန်းကို။ (မြင့်မြတ်သန့်ရှင်းသော ပဋိဝေဓဉာဏ်, ဒေသနာဉာဏ်ဟူသော စက်ဝိုင်းစက်ဘီးကို။) ပဝတ္တေတိ၊ အဆက်မပြတ်ဖြစ်စေတော်မူ၏။ ဝါ၊ လည်စေတော်မူ၏။
ဒသ၊ ဆယ်ပါးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ တထာ ဂတော၊ မြတ်စွာဘုရားသည်။ ဌာနဉ္စ၊ ဖြစ်နိုင်သော အကြောင်းတရားကိုလည်း။ (ပုထုဇဉ်ပုဂ္ဂိုလ်သည် သင်္ခါရတရားတခုခုကို နိစ္စ, သုခ, အတ္တဟူ၍ ယူဆခြင်း၊ အမိအဖသတ်ခြင်းစသော ဖြစ်နိုင်သောအကြောင်းတရားကိုလည်း။) ဌာနတော၊ ဖြစ်နိုင်သောအကြောင်းတရားအနေအားဖြင့်လည်းကောင်း။ ဝါ၊ ဖြစ်နိုင်သောအကြောင်းတရားဟူ၍လည်းကောင်း။ အဋ္ဌာနဉ္စ၊ မဖြစ်နိုင်သောအကြောင်းတရားကိုလည်း။ (သောတာပန်ပုဂ္ဂိုလ်သည် သင်္ခါရတရားတခုခုကို နိစ္စသုခအတ္တဟူ၍ ယူဆခြင်း, အမိအဖကို သတ်ခြင်းစသော မဖြစ်နိုင်သော အကြောင်းတရားကိုလည်း။) အဋ္ဌာနတော၊ မဖြစ်နိုင်သော အကြောင်းတရားအနေအားဖြင့်လည်းကောင်း။ ဝါ၊ ဟူ၍လည်းကောင်း။ ယထာဘူတံ၊ မဖောက်မပြန် အဖြစ်မှန်သဘာအတိုင်း။ ဝါ၊ မဖောက်မပြန်ဟုတ်မှန်စွာ။ ပဇာနာတိ၊ သိတော်မူ၏။ [ဌာန, အဋ္ဌာန စသောပုဒ်တို့၏ အဖွင့်ကို ဆက္ကနိပါတ် စာပိုဒ် (၆၄) သီဟနာဒသုတ်၌ ရေးခဲ့ပြီ။]
ဘိက္ခဝေ၊ တို့။ ယမ္ပိ (ယေနပိ ဉာဏေန)၊ အကြင်ဉာဏ်တော်ဖြင့်လည်း။ တထာဂတော၊ သည်။ ။ပ။ ပဇာနာတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဌာန, အဋ္ဌာနကို သိသောဥာဏ်တော်သည်လည်း။ တထာဂတဿ၊ မြတ်စွာဘုရား၏။ တထာဂတဗလံ၊ (အများမဆိုင် ကိုယ်ပိုင်သီးခြား) မြတ်စွာဘုရား၏ဉာဏ်တော်စွမ်းအားမည်သည်။ ဝါ၊ သည်။ ဟောတိ၊ ၏။ ယံဗလံ၊ ယင်းသို့သော(ဌာန, အဋ္ဌာနကိုသိသော) ဉာဏ်တော်စွမ်းအားသို့။ အာဂမ္မ၊ ဆိုက်ရောက်တော်မူ၍။ ။ပ။၊ ပဝတ္တေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ နောက်ထပ်အခြားသော တထာဂတဗလကား။ [တနည်း- ဘိက္ခဝေ၊ တို့။ ပုန၊ နောက်ထပ်တဖန်။ အပရံစ၊ အခြားသောတထာဂတဗလကိုလည်း။ အဟံ၊ ငါသည်။ ဘာသိဿာမိ၊ ဟောတော်မူဦးအဲ့]။ တထာဂတော၊ သည်။ အတီတာနာဂတပစ္စူပ္ပန္နာနံ၊ အတိတ်, အနာဂတ်, ပစ္စုန်ပ္ပန်ဖြစ်ကုန်သော။ ကမ္မသမာဒါနာနံ၊ ကောင်းစွာလက်ခံယူငင်ပြုကျင့်အပ်ကုန်သော ကုသိုလ်ကံ,အကုသိုလ်ကံတို့၏။ ဝိပါကံ၊ အကျိုးကို။ ဌာနသော၊ အထောက်အကူအကြောင်းအားဖြင့်လည်းကောင်း။ (ဂတိ, ဥပဓိ, ကာလ, ပယောဂ ဟူသော အထောက်အကူအကြောင်းအားဖြင့်လည်းကောင်း။) ဟေတုသော၊ တိုက်ရိုက်ဖြစ်စေသော မူရင်းအကြောင်းအားဖြင့်လည်းကောင်း။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ယမ္ပိ (ယေနပိ ဉာဏေန)၊ ဖြင့်လည်း။ ။ပ။ ပဇာနာတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဉာဏ်တော်သူလည်း။ (ဤကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးကို ဌာနဟေတုဟူသော အကြောင်းအားဖြင့် အမှန်အတိုင်းသိတော်မူသော ဉာဏ်တော်စွားအားသည်လည်း။) တထာ ဂတဿ၊ ၏။ တထာ ဂတဗလံ၊ သည်။ ဟောတိ၊ ၏။ ယံ ဗလံ၊ ယင်းသို့သော ဉာဏ်တော်စွမ်းအားသို့။ အာဂမ္မ၊ ၍။ ။ပ။၊ ပဝတ္တေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ တထာဂတော၊ သည်။ သဗ္ဗတ္ထဂါ မိနိံ၊ အားလုံးသော နိရယစသောဂတိနှင့် နိဗ္ဗာန်၌ ဆိုက်ရောက်စေနိုင်သော။ ပဋိပဒံ၊ အကျင့်လမ်းစဉ်ကို။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ ၏။ ။ပ။၊
ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဉာဏ်တော်သည်လည်း။ (ဤသဗ္ဗတ္ထဂါမီနီပဋိပဒါကို အမှန်အတိုင်းသိသော ဉာဏ်တော်သည်လည်း။) ။ပ။၊ ယံဗလံ၊ ယင်းဉာဏ်တော်စွမ်းအားသို့။ ။ပ။၊ ပဝတ္တေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ တထာဂတော၊ သည်။ အနေကဓာတုံ၊ တပါးမကများသောဓာတ်ရှိသော။ (စက္ခုဓာတ်စသည်, ကာမဓာတ်စသည် အားဖြင့် များစွာသော ဓာတ်ရှိသော။) နာနာဓါတုံ၊ လက္ခဏာထူးခြား အမျိုးမျိုးအစားစားသော ဓာတ်ရှိသော။ လောကံ၊ ခန္ဓာအာယတနဓာတ်ဟူသော လောကကို။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ ၏။ ။ပ။၊
ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဉာဏ်တော်သည်လည်း။ (ဤအနေကဓာတုနာနာဓာတုလောကကို အမှန်အတိုင်းသိသော ဉာဏ်တော်သည်လည်း။) ။ပ။ မဝတ္တေတိ၊ ။
ဘိက္ခဝေ၊ တို့။ ပု နစပရံ၊ ကား။ တထာဂတော၊ သည်။ သတ္တာနံ၊ သတ္တဝါတို့၏။ နာနာဓိမုတ္တိကတံ၊ အမျိုးမျိုးသော အလိုအကြိုက် အဇ္ဈာသယဓာတ်ခံ ရှိကြသည်အဖြစ်ကို။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ ၏။ ။ပ။၊
ဣဒမ္ပိ၊ ဤဉာဏ်တော်သည်လည်း။ (ဤသို့ သတ္တဝါတို့၏ နာနာဓိမုတ္တိကထာကို အမှန်အတိုင်းသိသော ဉာဏ်တော်သည်လည်း။) ။ပ။ ပဝတ္တေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ တထာဓတော၊ သည်။ ပရသတာနံ၊ မြင့်မြတ်သော ပဓာနသတ္တဝါတို့၏လည်းကောင်း။ ပရပုဂ္ဂလာနံ၊ ထိုပဓာနသတ္တဝါတို့မှ တပါးတခြားသော ယုတ်ညံ့သော သတ္တဝါတို့၏ လည်းကောင်း။ ဣန္ဒြိယပရောပတိယတ္တံ၊ (သဒ္ဓါအစရှိသော ဣန္ဒြေတို့၏) တိုးတက်မြင့်မြတ်ကုန်, ယုတ်လျော့နိမ့်ကျကုန်သည်အဖြစ်ကို။ဣန္ဒြိယပရောပရိယတ္တ ။ ။ ဤ၌ ပရောပရပုဒ်ကို မရ+ အပရ- ဟုပုဒ်ဖြတ်၊ အကို ဩပြု၍ ပရောပရ- ဟု ဖြစ်၏၊ ပရသဒ္ဒါက အမြတ်ဟူသော ဥတ္တမအနက်ကို ဟောသောကြောင့် အပရသဒ္ဒါသည် ဥတ္တမမှ တပါးသော ဟီနလာမက (အယုတ်အညံ့) အနက်ဟောဖြစ်ရ၏၊ ဤနေရာ၌ တိုးတက်ကြီးပွားသည်ကို အမြတ်ဟုဆိုလို၍ ယုတ်လျော့သည်ကို အညံ့ဟု ဆိုလို၏၊ ထို့ကြောင့် အဋ္ဌကထာ၌ "ဝုဒ္ဓိံ စ ဟာနိံ စာတိ အတ္ထော" ဟုဖွင့်သည်။
ပရ- ကြီပွားမြင့်မြတ်သော (ထက်မြက်သော) ဣန္ဒြေ၊ အပရ- ယုတ်လျော့ နိမ့်ကျသော (နုံညံ့သော) ဣန္ဒြေ။ ပရာနိ စ အပရနိ စ ပရော ပရာနိ။ ထို့နောက် ဘာဝတဒ္ဓိတ်ဏျပစ္စည်းသက်၍ ပရောပရိယ- ဟုဖြစ်၏၊ ပရောပရာနံ ဘာဝေါ ပရာပရိယံ- ကြီးပွားမြင့်မြတ်သော ဣန္ဒြေ, ယုတ်လျော့နိမ့်ကျသော ဣန္ဒြေတို့၏ အဖြစ်၊ ထို့နောက်" ပရောပရိယမေဝ ပရောပရိယတ္တံ" ဟု တ္တပစ္စည်းအနက်မရှိကြံ၊ ဣန္ဒြိယာနံ ပရောပရိယတ္တံ ဣန္ဒြိယပရောပရိယတ္တံ- (သဒ္ဓါစသော) ဣန္ဒြေတို့၏ ကြီးပွားမြင့်မြတ်ကုန်, ယုတ်လျော့နိမ့်ကျသည်၏ အဖြစ်၊ စတုက္ကနိပါတ်စာပိုဒ် (၅) အနုသောတသုတ်မှ ပရောပနပုဒ်နက်ရှင်းလင်းချက်လည်းကြည့်။
ဝါ၊ သဒ္ဓါစသော ဣန္ဒြေတို့၏ထက်မြက်ကုန်, နုံ့ညုံကုန်သည်အဖြစ်ကို။ ။ပ။၊
ဣဒမ္ပိ၊ ဤဣန္ဒြိယပရောပရိယတ္တကို မှန်ကန်စွာ သိသော ဉာဏ်သည်လည်း။ ။ပ။၊
ဘိက္ခဝေ၊ တို့။ ပနစပရံ၊ ကား။ တထာဂတော၊ သည်။ ဈာနဝိမောက္ခ သမာဓိသမာပတ္တီနံ၊ လေးပါးသော ရူပါဝစရဈာန်, ရှစ်ပါးသော ဝိမောက္ခ, သုံးပါးသော သမာဓိ, ကိုးပါးသော အနုပုဗ္ဗဝိဟာရသမာပတ်တို့၏။ သံကိလေသံ၊ ညစ်နွမ်းကြောင်းဖြစ်သော ဟာနဘာဂိယဓမ္မကိုလည်းကောင်း။ ဝေါဒါနံ၊ ဖြူစင်ကြောင်းဖြစ်သော ဝိသေသဘာဂိယဓမ္မကိုလည်းကောင်း။ ဝုဋ္ဌာနံ၊ ဈာန်စသည်မှ ထကြောင်းသဘောတရားကိုလည်းကောင်း။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ ၏။ ။ပ။၊
ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဉာဏ်တော်စွမ်းအားသည်လည်း။ (ဤဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ်တို့၏ သံကိလေသ ဝေါဒါန ဝုဋ္ဌာနတို့ကို ဟုတ်မှန်စွာ သိသောဉာဏ်တော်စွမ်းအားသည်လည်း။) ။ပ။ ပဝတ္တေတိ၊ ။ [ယခင်ဆက္ကနိပါတ်သုတ်၌လည်း ရေးခဲ့ပြီ။]
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ တထာဂတော၊ သည်။ အနေကဝိဟိတံ၊ များသော အပြားရှိသော။ (ဘဝ, ယောနိ, ဂတိ စသည်ဖြင့် များသော အမျိုးအစားအကွဲအပြားရှိသော)။ ဝါ၊ အမည်အနွယ်စသော များသော အမျိုးအစားအကွဲအပြားတို့နှင့်တကွ ချဲ့ထွင်ဖွင့်ပြအပ်သော။ ပုဗ္ဗေနိဝါသံ၊ (အခြားမဲ့ဘဝမှစ၍) ရှေးရှေးဘဝတို့၌နေအပ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို။ ဝါ၊ (အခြားမဲ့ဘဝမှ စ၍) ရှေးရှေးယတို့၌ နေအပ်ခဲ့ဖူးသော ခန္ဓာအစဉ်နှင့် တကွ ထိုခန္ဓာအစဉ်နှင့် ဆက်စပ်သော အမည်အနွယ်စသည်ကို။ အနုဿရတိ၊ (ဘဝအစဉ်အတိုင်း) ဉာဏ်ဖြင့် အစဉ်လျှောက်၍လျှောက်ရန် အောက်မေ့၏။ ဝါ၊ စိတ်ကို ညွတ်စေအပ်ပြီးရုံမျှ အခြားမဲ့ကာလ၌ပင် အောက်မေ့၏။ [အလိုရှိရာ ပုဗ္ဗေနိဝါသသို့ စိတ်ကို ညွတ်စေအပ်ပြီးသည်နှင့် တပြိုင်နက်ပင် ထိုပုဗ္ဗေနိဝါသကို အောက်မေ့၏၊ ပုဗ္ဗေနိဝါသကို ဉာဏ်ဖြင့် ထင်ထင်သိမြင်၏ဟူလို။ အဋ္ဌကနိပါတ်စာပိုဒ် (၁၁) ဝေရဉ္ဇသုတ်လည်းကြည့်။] သေယျထိဒံ၊ အဘယ်သို့ သော ပုဗ္ဗေနိဝါသကို။ အနုဿရတိ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့သနည်းဟူမူ။ ဝါ၊ ဟူမူ။ ဧကမ္ပိ ဇာတိံ၊ တခုသော ဘတကို လည်းကောင်း။ (ပဋိသန္ဓေအစ, စုတိအဆုံးရှိသော တခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာအစဉ်ကိုလည်းကောင်း။) ဒွေပိ ဇာတိယော၊ နှစ်ခုကုန်သော ဘဝတို့ကိုလည်းကောင်း။ (ပဋိသန္ဓေအစ, စုတိအဆုံးရှိသော နှစ်ခုကုန်သောဘဝတို့၌ အကျုံးဝင်သော ခန္ဓာအစဉ််တို့ကိုလည်းကောင်း။) တိဿောပိ ဇာတိယော၊ သုံးခုကုန်သော ဘဝတို့ကိုလည်း ကောင်း။ စတဿောပိ ဇာတိယော၊ လေးခုကုန်သော ဘဝတို့ကိုလည်ကောင်း။ ပဉ္စပိ ဇာတိယော၊ ငါးခုကုန်သော ဘဝတို့ကိုလည်းကောင်း။ ဒသပိ ဇာတိယော၊ ဆယ်ခုကုန်သော ဘဝတို့ကိုလည်းကောင်း။ ဝိသမ္ပိဇာတိယော၊ နှစ်ဆယ်သော ဘဝတို့ကိုလည်းကောင်း။ တိံ သမ္ပိ ဇာတိယော၊ သုံးဆယ်သော ဘဝတို့ကိုလည်းကောင်း။ စတ္တာလီသမ္ပိ ဇာတိယော၊ လေးဆယ်သော ဘဝတို့ကိုလည်းကောင်း။ ပညာသမ္ပိ ဇာတိယော၊ ငါးဆယ်သော ဘဝတို့ကိုလည်းကောင်း။ ဇာတိသတမ္ပိ၊ ဘဝအရာကိုလည်းကောင်း။ ဇာတိသဟဿမ္ပိ၊ ဘဝအထောင်ကိုလည်းကောင်း။ ဇာတိသတသဟဿမ္ပိ၊ ဘဝအသိန်းကိုလည်းကောင်း။ အနေကေပိ သံဝဋ္ဋကပ္ပေ၊ များစွာကုန်သော သံဝဋ္ဋကပ်တို့ကိုလည်းကောင်း။ ဝါ၊ များစွာကုန်သော ပျက်ဆဲအသင်္ချေယျကပ်တို့ကိုလည်းကောင်း။ အနေကေပိ ဝိဝဋ္ဋကပ္ပေ၊ များစွာကုန်သော ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။ ဝါ၊ များစွာကုန်သော ဖြစ်ပွားဆဲအသင်္ချေယျကပ်တို့ကိုလည်းကောင်း။ အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ များစွာကုန်သော သံဝဋ္ဋကပ်, ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။ အနုဿရတိ၊ ဉာဏ်ဖြင့်အစဉ်လျှောက်၍လျှောက်၍ အောက်မေ့၏။ ဝါ၊ ၏။ ကိန္တိ၊ အဘယ်သို့။ အနုဿရတိ၊ နည်းဟူမူ။) (အဟံ၊ ငါသည်။) အမုတြ၊ ထိုမည်သော သံဝဋ္ဋကပ်ဝယ် ထိုမည်သော ဘဝ၌။ (ထိုမည်သော သံဝဋ္ဋကပ်ဝယ် ထိုမည်သော ဘဝ, ယောနိ, ဂတိ, ဝိညာဏဋ္ဌိတိ, သတ္တာဝါသ, သတ္တနိကာယ၌။) ဧဝံနာမော၊ ဤသို့သော နာမည်ရှိသူ၏။ ဧဝံဂေါတ္တော၊ ဤသို့သော အနွယ်ရှိသူသည်။ ဧဝံဝဏ္ဏော၊ ဤသို့သော အဆင်းရှိသူသည်. ဧဝမာဟာရော၊ ဤသို့ သော အစာအာဟာရရှိသူသည်။ ဧဝံ သုခဒုက္ခပ္ပဋိသံဝေဒီ၊ ဤသို့သော သုခ ဒုက္ခကို ခံစားသူသည်။ ဧဝမာယုပရိယန္တော၊ ဤသို့သော အသက်အပိုင်းအခြားရှိသူသည်။ အာသိံ၊ ဖြစ်ခဲ့ပြီ။ [အမုတြာသိံ၌ အာသိံကို အနက်ပေးခြင်းဖြစ်၏။] သော (အဟံ)၊ ထိုငါသည်။ တတော၊ ထိုဘဝမှ။ (ထိုဘဝ, ထိုယောနိ, ထိုဂတိ, ထိုဝိညာဏဋ္ဌိတိ, ထိုသတ္တာဝါသ, ထိုသတ္တနိကာယမှ။) စုတော၊ ရွေ့လျောစုတေ သေလွန်ပြီးသည်။ (ဟုတွာ၊ ဖြစ်၍။) အမုတြ၊ ထိုမည်သောဘဝ၌။ (ထိုမည်သော ဘဝ, ယောနိ, ဂတိ, ဝိညာဏဋ္ဌိတိ, သတ္တာဝါသ, သတ္တနိကာယ၌။) ဥဒပါဒိံ၊ ဖြစ်ခဲ့ပြီ။
တတြာပိ၊ ထိုဘဝ၌လည်း။ (ထိုမည်သော ဘဝ, ယောနိ, ဂတိ, ဝိညာဏဋ္ဌိတိ, သတ္တာဝါသ, သတ္တနိကာယ၌လည်း။) အဟံ၊ ငါသည်။ ဧဝံ နမော၊ သည်။ ။ပ။ ဧဝမာယုပရိယန္တော၊ သည်။ အာသိံ၊ ဖြစ်ခဲ့ပြီ။ သော (အဟံ)၊ ထိုငါသည်။ တတော၊ ထိုဘဝမှ။ (ထိုမည်သော ဘဝ, ယောနိ.... သတ္တနိကာယမှ။) စုတော၊ စုတေသည်။ (ဟုတွာ၊ ဖြစ်၍။ ဣဓ၊ ဤယခုဘဝ၌။ ဥပပန္နော၊ ဖြစ်ပြီ။ ဣတိ၊ သို့။ အနုဿရတိ၊ ၏။ ဣတိ၊ ဤသို့။ သာကာရံ၊ (ဝဏ္ဏ, အာဟာရအစရှိသော) အခြင်းအရာတို့နှင့် တကွဖြစ်သော။ (မြင်ရုံမျှဖြင့် မည်သူမည်ဝါဟု သိနိုင်ကြောင်းဖြစ်သော ဝဏ္ဏ, အာဟာရ, သုခဒုက္ခပ္ပဋိသံဝေဒန, အာယုပရိယန္တ တို့နှင့် တကွဖြစ်သော။) သဥဒ္ဒေသံ၊ ညွှန်ပြပြောဆိုကြောင်းဖြစ်သော နာမဂေါတ္တနှင့်တကွဖြစ်သော။ (သတ္တဝါတဦးတယောက်ကိ မြင်ရရုံမျှဖြင့် မသိနိုင်၍ သိအောင်ညွန်ပြပြောဆိုကြောင်း ဖြစ်သော အမည်အနွယ်နှင့်တကွဖြစ်သော။) အနေကဝိဟိတံ၊ သော။ ပုဗ္ဗေနိဝါသံ၊ ကို။ အနုဿရတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ယမ္ပိ (ယေနပိ ဉာ‌ဏေန)၊ အကြင်ဉာဏ်တော်ဖြင့်လည်း။ တထာဂတော၊ သည်။ ။ပ။၊ ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဉာဏ်တော်သည်လည်း။ (ဤပုဗ္ဗေနိဝါသကို အောက်မေ့နိုင်ကြောင်း ဉာဏ်တော်သည်လည်း။) တထာဂတဿ၊ ၏။ တထာဂတဗလံ၊ သည်။ ဟောတိ၊ ၏။ ယံ ဗလံ၊ ယင်းဉာဏ်တော်စွမ်းအားသို့။ ။ပ။၊
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ တထာဂတော၊ သည်။ ဒိဗ္ဗေန၊ နတ်ပြည်၌ ဖြစ်သော ပသာဒစက္ခုနှင့်တူသော။ [ကျန်သော အနက်များကို တိကနိပါတ်စာပိုဒ် (၅၉) တိကဏ္ဏသုတ်ကြည့်။] ဝိသုဒ္ဓေန၊ အယူစင်ကြယ်ကြောင်းဖြစ်သော။ (စုတိပဋိသန္ဓေနှစ်မျိုးလုံးကို မြင်ခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိ, နဝသတ္တ ပါတုဘဝဒိဋ္ဌိဟူသော အယူမှားတို့မှ ကင်းဝေးစင်ကြယ်ကြောင်းဖြစ်သော။) ဝါ၊ ဝိစိကိစ္ဆာအစရှိသော (၁၁) ပါးသော အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သော။ အတိက္ကန္တမာနုသကေန၊ လူတို့ကိုယ်ပိုင် မြင်နိုင်သော ရူပါရုံကို ကျော်လွန်၍ မြင်စွမ်းနိုင်သော။ (လူတို့ မြင်ရိုးမြင်စဉ် မြင်နိုင်သော ရူပါရုံကို ကျော်လွန်၍ နတ်ရူပါရုံနှင့် နံရံတောင်ခြားကွယ်သော ရူပါရုံ, ဝေးကွာလှစွာ သေးငယ်စွာသော ရူပါရုံကို မြင်နိုင်သော။) စက္ခုနာ၊ အဘိညာဉ်မျက်စိဖြင့်။ စဝမာနေ၊ စုတေခါနီးကုန်သော။ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း။ ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေနေပြီးခါစဖြစ်ကုန်သော။ သတ္တေ၊ လည်းကောင်း။ ဟီနေ၊ ယုတ်နိမ့်အောက်ကျကုန်သော။ သတ္တေ၊ ကောင်း။ [ဟီနေ ပဏီတေ- စသည်တို့၏ အကျယ်ဖွင့် အနက်ကို ပဋ္ဌကနိပါတ်စာပိုဒ် (၁၁) ဝေရဉ္ဇသုတ်ကြည့်။] ပဏီတေ၊ မြင့်မြတ်ကုန်သော။ သတ္တေ၊ ကောင်း။ သုဝဏ္ဏေ၊ ကောင်း။ သော၊ အဆင်းရှိကုန်သော။ ဝါ၊ အဆင်းလှကုန်သော။ သတ္တေ၊ ကောင်း။ ဒုဗ္ဗဏ္ဏေ၊ မကောင်းသော အဆင်းရှိကုန်သော။ ဝါ၊ အဆင်းမလှကုန်သော။ သတ္တေ၊ ကောင်း။ သုဂတေ၊ ကောင်းသော ဘဝသို့ လားရောက်နေကြကုန်သော။ ဝါ၊ ချမ်းသာသုခသို့ ရောက်နေကြကုန်လော။ သတ္တေ၊ ကောင်း။ ဒုဂ္ဂတေ၊ ဆင်းရဲနွမ်းပါးသော ဘဝသို့ ရောက်နေကြကုန်သော။ ဝါ၊ ဥစ္စာမဲ့မွဲဆင်းရဲခြင်းသို့ ရောက်နေကြကုန်သော။ သတ္တေ၊ သတ္တဝါတို့ကို လည်းကောင်း။ ပဿတိ၊ မြင်ရ၏။ ယထာကမ္မူပဂေ၊ မိမိတို့ ဆည်းပူးအားထုတ်အပ်ခဲ့သမျှသော ကံအသီးသီးကြောင့် ထိုထိုဘုံဘဝသို့ လားရောက်နေကြကုန်သော။ သတ္တေ၊ သတ္တဝါတို့ကို။ ပဇာနာတိ၊ သိ၏။ (ကိန္တိ၊ အဘယ်သို့။ ပဇာနာတိ၊ သိသနည်းဟူမူ။)
ဘောန္တော၊ အိုအချင်းတို့။ ဝတ၊ ဖြစ်မှဖြစ်ရလေခြင်း။ ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။ ကာယဒုစ္စရိတေန၊ ကာယဒုစ္စရိတ် အကုသိုလ်နှင့်။ သမန္နာဂတာ၊ ပြည့်စုံကြကုန်၏။ ဝစီဒုစ္စရိတေန၊ ဝစီဒုစ္စရိတ် အကုသိုလ်နှင့်။ သမန္နာဂတာ၊ ကုန်၏။ မနောဒုစ္စရိတေန၊ မနောဒုစ္စရိတ် အကုသိုလ်နှင့်။ သမန္နာဂတာ၊ ကုန်၏။ အရိယာနံ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို။ ဥပဝါဒကာ၊ ကဲ့ရဲ့စွပ်စွဲဆဲရေးကြကုန်၏။ မိစ္ဆာဒိဋ္ဌိကာ၊ လွဲမှားဖောက်ပြန်သော အယူရှိကြကုန်၏။ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ မိစ္ဆာဒိဋ္ဌိဖြင့် ကောင်းစွာလက်ခံကျင့်သုံးအပ်သော ကံအမျိုးမျိုးရှိကုန်၏။ ဝါ၊ မိစ္ဆာဒိဋ္ဌိဖြင့် ကာယကံ စသည်တို့၌ သူတပါးတို့ကို ကောင်းစွာ လက်ခံကျင့်သုံးစေကြကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ ကာယဿ၊ ဥပါဒိန္နခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးခြင်းတည်းဟူသော။ မရဏာ၊ သေခြင်းမှ။ ဝါ၊ သေသည်မှ။ ပရံ၊ နောက်၌။ ဝါ၊ နောက်ဖြစ်သော ဘဝသစ်ခန္ဓာကိုယူခြင်း၌။ ဝါ၊ နောက်ထပ် ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌။ အပါယံ၊ သုခ၏ ဖြစ်ပေါ်လာရာ ကုသိုလ်မှ ကင်းသော။ ဒုဂ္ဂတိံ၊ ဒုက္ခ၏ ဖြစ်ရာတည်ရာ ဖြစ်သော။ ဝိနိပါတံ၊ မကောင်းမှု ပြုသူတို့ မိမိအလိုဆန္ဒမပါဘဲ ကျရောက်ရာဖြစ်သော။ ဝါ၊ ကိုယ်အင်္ဂါခြေလက်ပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ၊ ငရဲသို့။ (သာယာဖွယ် သုခ အနည်းငယ်မျှ မရှိရာငရဲသို့။) ဥပပန္နာ၊ ကပ်ရောက်ကြကုန်ပြီ။ ဝါ၊ လားရောက်ကြကုန်ပြီ။
ဘောန္တော၊ အိုအချင်းတို့။ ဣမေ ဝါ ပန သတ္တာ၊ ဤသတ္တဝါတို့သည်ကား။ ကာယသူစရိတေန၊ ကာယသုစရိတ်ကုသိုလ်နှင့်။ သမန္နာဂတာ၊ ပြည့်စုံကြကုန်၏။ ဝစီသုစရီတေန၊ ဝစီသုစရိတ်ကုသိုလ်နှင့်။ သမန္နာဂတာ၊ ကုန်၏။ မနောသုစရိတေန၊ မနောသုစရိတ်ကုသိုလ်နှင့်။ သမန္နာဂတာ၊ ကုန်၏။ အရိယာနံ၊ တို့ကို။ အနုပဝါဒကာ၊ မကဲ့ရဲ့ မစွပ်စွဲ မဆဲရေးကြကုန်။ သမ္မာဒိဋ္ဌိကာ၊ မှန်ကန်သော အယူရှိကုန်၏။ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ သမ္မာဒိဋ္ဌိဖြင့် ကောင်းစွာ ခံယူကျင့်သုံးအပ်သော ကံအမျိုးမျိုးရှိကုန်၏။ ဝါ၊ သမာဒိဋ္ဌိဖြင့် ကာယကံ စသည်တို့၌ သူတပါးတို့ကို ကောင်းစွာခံယူ ကျင့်သုံးစေကြကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ ။ပ။၊ ပရံ၊ ၌။ သုဂတိံ၊ ကောင်းသော ဂတိဖြစ်သော။ လောကံ၊ လူဘုံ လူ့ဘဝသို့လည်းကောင်း။ သုဂတိံ၊ ကောင်းသောဂတိဖြစ်သော။ [လိုက်ခဲ့။] သဂ္ဂံ၊ ရူပါရုံအစရှိသော အာရုံတို့ဖြင့် လွန်စွာမြင့်မြတ်သော။ လောကံ၊ နတ်ဘုံနတ်ဘဝသို့ လည်းကောင်း။ ဥပပန္နာ၊ ကုန်ပြီ။ ဣတိ၊ ဤသို့။ (ပဇာနာတိ၊ သိ၏။)
ဣတိ၊ ဤသို့။ ဒိဗ္ဗေန၊ သော။ ။ပ။ ပဇာနာတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ယမ္ပိ (ယေနပိ ဉာဏေန)၊ ဖြင့်လည်း။ ။ပ။၊ ဣဒမ္ပိ၊ ဤဒိဗ္ဗစက္ခု ဉာဏ်တော်သည်လည်း။ ။ပ။၊
ဥပသမ္ပဇ္ဇ၊ ၍။ ဝိဟရတိ၊ ၏။
ဣဒမ္ပိ၊ ဤအာသဝက္ခယဉာဏ်တော်သည်လည်း။ ။ပ။၊
ပဌမံ၊ ။