Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Dasakanipātapāḷi
Dasakanipātapāḷi

5. Rājantepurappavesanasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ရဇန္တေပုရပ္ပဝေသနေ၊ မင်းနန်းတော်သို့ ဝင်ခြင်း၌။ အာဒီနဝါ၊ အပြစ်တို့သည်။ ဣမေ ဒသ၊ ဤဆယ်ပါးတို့တည်း။
ဒသ၊ ဆယ်ပါးတို့ဟူသည်။ ကတမေ၊ အဘယ်တို့နည်းဟူမူ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤသတ္တလောက၌။ ရာဇာ၊ မင်းသည်။ မဟေသိယာ၊ မိဖုရားနှင့်။ သဒ္ဓိံ၊ အတူတကွ။ နိသိန္နော၊ ထိုင်နေသည်။ ဟောတိ၊ ဖြစ်၏။
တတြ၊ ထိုထိုင်နေရာအခါ၌။ ဘိက္ခု၊ ရဟန်းသည်။ ပဝိသတိ၊ ဝင်လာ၏။
မဟေသီ ဝါ၊ မိဖုရားသည်သော်လည်း။ ဘိက္ခုံ၊ ရဟန်းကို။ ဒိသွာ၊ မြင်၍။ သိတံ၊ ပြုံရယ်မှုကို။ ပါတုကရောတိ၊ အထင်အရှားပြု၏။ ဘိက္ခုဝါ၊ ရဟန်းသည်သော်လည်း။ မဟေသိံ၊ ကို။ ဒိသွာ၊ ၍။ သိတံ၊ ကို။ ပါတုကရောတိ၊ ၏။
တတ္ထ၊ ထိုမိဖုရားနှင့် ရဟန်းတို့ ပြုံရယ်မှုပြုခြင်း၌။ ဝါ၊ ပြုခြင်းကြောင့်။ ရညော၊ မင်း၏။ ဝါ၊ မင်းမှာ။ ဧဝံ၊ ဤသို့ အထင်လွဲမှားစဉ်းစားမိခြင်းသည်။ ဟောတိ၊ ဖြစ်တတ်၏။ (ကိန္တိ၊ အဘယ်သို့။ ဟောတိ၊ နည်းဟူမူ။)
အဒ္ဓါ၊ ဧကန်မလွဲအမှန်ပင်။ ဣမေသံ၊ ဤရဟန်းနှင့် မိဖုရားတို့သည်။ ကတံဝါ၊ (မေထုန်လွန်ကျူးမှု) ပြုအပ်ပြီးသော်လည်း ပြုအပ်ပြီးလေရာပြီ။ (ဣမေ၊ ဤရဟန်းနှင့် မိဖုရားတို့သည်။) ဣမေ ကရိဿန္တိ ဝါ ။ ။ ပါဠိတော်၌ "ဣမေသံ ကတံ ဝါ ကရိဿန္တိ ဝါ" ဟု ရှိရာ၌ ဣမေသံဟူသော ဆဋ္ဌုန္တပုဒ်သည် ဆဋ္ဌီကတ္တားအဖြစ်ဖြင့် ကတပုဒ်၌သာ စပ်နိုင်၍ ကရိဿန္တိ- ၌ မစပ်နိုင်၊ ထို့ကြောင့် "အတ္ထဝသာ ဝိဘတ္တိဝိပရိဏာမော ကတ္တဗ္ဗော" နှင့်အညိ ကရိဿန္တိ ပုဒ်နှင့်လည်း စပ်နိုင်အောင် ဣမေသံပုဒ်ကို "ဣမေ" ဟု ပဌမန္တ ပုဒ်ပြောင်းရ၏။ ဣမေသန္တိပဒံ ဝိဘတ္တိဝိပရိဏာမံ ကတွာ ဥဘယတ္ထ ယောဇေတဗ္ဗံ "ဣမေဟိကတံ ဣမေ ကရိဿန္တီ" တိ။ ပါစိတ်အန္တေပုရသိက္ခာပုဒ်သာရတ္ထဋီကာ။ ၉၆။ ကရိဿန္တိ ဝါ၊ (မေထုန်မှု) ပြုလတ္တံ့သော်လည်း ပြုလတ္တံ့။ ဣတိ၊ ဤသို့ အထင်လွဲမှားခြင်းသည်။ (ဟောတိ၊ ၏။)
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ဤရဟန်းနှင့် မိဖုရားတို့ ပြုံးရယ်ခြင်းကြောင့် ရှင်ဘုရင်၏ အထင်လွဲမှားခြင်းဟူသော အပြစ်သည်။) ရာဇန္တေ ပုရပ္ပဝေသနေ၊ မင်းနန်းတော်သို့ ဝင်ခြင်း၌။ ပဌမော၊ ရှေးဦးစွာသော။ အာဒီ နဝေါ၊ အပြစ်တည်း။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ နောက်ထပ်အခြားသော အပြစ်ကား။ ရာဇာ၊ မင်းသည်။ ဗဟုကိစ္ဏော၊ များသောဧကန်ပြုဖွယ်ကိစ္စရှိသည်။ ဗဟုကရဏီယော၊ များသော ပြုသင့်ပြုထိုက်သော လုပ်ငန်းရှိသည်။ (ဟုတွာ၊ ဖြစ်၍။) အညတရံ၊ တယောက်သော။ ဣတ္ထိံ၊ မိဖုရားငယ်ကို။ ဂန္တွာ၊ မေထုန်ပျော်ပါးသွားရောက်ပြီး၍။ န သရတိ၊ အမှတ်မရ။
သာ၊ ထိုမိဖုရားငယ်သည်။ တေန၊ ထိုဘုရင်မ၏ မေထုန်ပျော်ပါးသွားရောက်ခြင်းကြောင့်။ ဂဗ္ဘံ၊ ကိုယ်ဝန်ကို။ ဂဏှာတိ၊ ယူ၏။
တတ္ထ၊ ထိုကိုယ်ဝန်ယူခြင်း၌။ ဝါ၊ ခြင်းကြောင့်။ ရညော၊ မင်း၏။ ဧဝံ၊ ဤသို့ အထင်လွဲမှား စဉ်းစားခြင်းသည်။ ဟောတိ၊ ဖြစ်တတ်၏။ (ကိန္တိ ဟောတိ)၊
ဣဓ၊ ဤနန်းတော်အတွင်း၌။ ပဗ္ဗဇိတေန၊ ရဟန်းကို။ အညတြ၊ ကြဉ်ဖယ်ထား၍။ အညော၊ ရဟန်းမှ အခြားသော။ ကောစိ၊ ယောင်္ကျားတဦးတယောက်မျှ။ န ပဝိသတိ၊ မဝင်လာ။ (ဣဒံ၊ ဤမိဖုရားငယ်ကိုယ်ဝန်ယူခြင်းအမှုသည်။)
ပဗ္ဗဇိတဿ၊ ရဟန်း၏။ ကမ္မံ၊ အမှုသည်။ (ကျူးလွန်ဖောက်ပြားမှုသည်။ ဝါ၊ ကျူးလွန်ဖောက်ပြားခြင်းကြောင့် ဖြစ်သော ကိုယ်ဝန်ယူခြင်းအမှုသည်။) သိယာ နုခေါ၊ ဖြစ်လေရာသလော။ ဣတိ၊ ဤသို့ အထင်လွဲမှားစဉ်းစားခြင်းသည်။ (ဟောတိ၊ ၏။)
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ဤမိဖုရားငယ် ကိုယ်ဝန်ရခြင်းကြောင့် ဘုရင်၏ အထင်လွဲမှားခြင်းဟူသော အပြစ်သည်။) ရာဇန္တေ ပုရပ္ပဝေသနေ၊ ၌။ ဒုတိယော၊ သော။ အာဒီနဝေါ၊ တည်း။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ နောက်ထပ်အခြားသော အပြစ်ကား။ ရညော၊ မင်း၏။ အန္တေ ပုရေ၊ နန်းတော်အတွင်း၌။ အညတရံ၊ ပတ္တမြားစသည်တို့တွင် တမျိုးမျိုးသော။ ရတနံ၊ အဖိုးတန်ရတနာသည်။ နဿတိ၊ ပျောက်သွား၏။ တတ္ထ၊ ထိုအဖိုးတန်ရတနာပျောက်ခြင်းကိစ္စ၌။ ဝါ၊ ကိစ္စကြောင့်။ ။ပ။၊
(ဣဒံ၊ ဤအဖိုးတန်ရတနာ ပျောက်ဆုံးမှုသည်။) ပဗ္ဗဇိတဿ၊ ရဟန်း၏။ ကမ္မံ၊ အမှုသည်။ ဝါ၊ လက်ချက်သည်။၏ သိယာ နုခေါ၊ လော။ ဣတိ၊ ဤသို့ အထင်လွဲမှားခြင်းသည်။ (ဟောတိ)၊ ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤရတနာပျောက်ဆုံးခြင်းကြောင့် အထင်လွဲခံရခြင်းသည်။ ရာဇန္တေပုရပ္ပဝေသနေ၊ ၌။ တတိယော၊ သုံးခုမြောက်သော ။ အာဒီနဝေါ၊ တည်း။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ ရညော၊ ၏။ အန္တေပုရေ၊ ၌။ အဗ္ဘန္တရာ၊ အတွင်းရေးဖြစ်ကုန်သော။ ဂုယှမန္တာ၊ လျှို့ဝှက်အပ်သော အတိုင်အပင်အကြံအစည်တို့သည်။ ဗဟိဒ္ဓါ၊ အပြင်ဘက်၌။ သမ္ဘေဒံ၊ ပေါက်ကြားခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။
တတ္ထ၊ ထိုအတွင်းရေးလျှို့ဝှက်ချက်ပေါက်ကြားခြင်း ကိစ္စ၌။ ဝါ၊ ကြောင့်။ ။ပ။၊
(ဣဒံ၊ ဤလျှို့ဝှက်ချက်ပေါက်ကြားခြင်းအမှုသည်။) ပဗ္ဗဇိတဿ၊ ၏။ ကမ္မံ၊ တည်း။ ။ပ။၊
ဘိက္ခဝေ၊ တို့။ အယံ၊ ဤလျှို့ဝှက်ချက်ပေါက်ကြားခြင်းကြောင့် အထင်လွဲခံရခြင်းသည်။ ရာဇန္တေပုရပ္ပဝေသနေ၊ ၌။ စတုတ္ထော အာဒီနဝေါ၊ ။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ ရညော၊ ၏။ အန္တေပုရေ၊ ၌။ ပိတာဝါ၊ ခမည်းတော်ဘုရင်မင်းသည်သော်လည်း။ ပုတ္တံ၊ သားတော်ကို။ ပတ္တေတိ၊ သတ်ခြင်းငှာ လိုလားတောင့်တတတ်၏။ ပုတ္တောဝါ၊ သားတော်သည်သော်လည်း။ ပိတရံ၊ ခမည်းတော်မင်းကို။ ပတ္ထေတိ၊ သတ်ခြင်းငှာ လိုလားတောင့်တ တတ်၏။
တေသံ၊ ထိုခမည်းတော်နှင့် သားတို့၏။ ဝါ၊ တို့မှာ။ ဧဝံ၊ ဤသို့ အထင်လွဲမှားခြင်းသ်ည။ ဟောတိ (ကိန္တိ ဟောတိ)၊ ။ပ။၊
(ဣဒံ၊ ဤသတ်ရန်ကြံစည်ခြင်း လိုလားခြင်းသည်။) ပဗ္ဗဇိတဿ၊ ၏။ ကမ္မံ၊ ကတုန်းကတိုက်လုပ်မှုသည်။ ဝါ၊ ကတုန်းက တိုက်လှုပ်မှုကြောင့် ဖြစ်ရသော ကြံစည်မှုသည်။ သိယာနုခေါ၊ လော။ ဣတိ၊ ဤသို့ အထင်လွဲမှားခြင်းသည်။ (ဟောတိ)၊
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ဤခမည်းတော်မင်းနှင့် မင်းသားတို့ အချင်းချင်းသတ်ရန်ကြံစည်မှု၌ အထင်လွဲခံရခြင်းသည်။) ရဇန္တေပုရပ္ပဝေသနေ၊ ၌။ ပဉ္စမော အာဒီနဝေါ၊ ။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ ရာဇာ၊ မင်းသည်။ နီစဋ္ဌာနိယံ၊ နိမ့်သော ရာထူးရှိသူကို။ ဥစ္စေ၊ မြင့်သော။ ဌာနေ၊ ရာထူး၌။ ဌပေတိ၊ ခန့်ထား၏။
ယေသံ၊ အကြင်သူတို့သည်။ တံ၊ ထိုရာထူးခန့်ထားခြင်းကို။ အမနာပံ၊ စိတ်ဖြင့် မရောက်အပ်။ ဝါ၊ မနှစ်သက်အပ်။ ဝါ၊ မကျေနပ်။ တေသံ၊ ထိုသူတို့မှာ။ ဧဝံ၊ ဤသို့ ထင်မြင်ခြင်းသည်။ ဟောတိ၊ ၏။ (ကိန္တိ ဟောတိ)၊
ရာဇာ၊ မင်းသည်။ ပဗ္ဗဇိတေန၊ ရဟန်းနှင့်။ သံသဋ္ဌော၊ အကျွမ်းတဝင် ဆက်ဆံ၏။
(ဣဒံ၊ ဤရာထူးခန့်ထားမှုသည်။) ပဗ္ဗဇိတဿ၊ ၏။ ကမ္မံ၊ အကြံပေးတိုက်တွန်းမှုသည်။ ဝါ၊ အကြံပေးတိုက်တွန်းခြင်းကြောင့်ဖြစ်သော ရာထူးခန့်မှုသည်။ သိယာ နုခေါ၊ ‌လော။ ။ပ။၊
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ဤရာထူးခန့်မှုနှင့် စပ်၍ မကျေနပ်သူတို့၏ အထင်လွဲခံရခြင်းဟူသော အပြစ်သည်။) ရာဇန္တေပုရပ္ပဝေသနေ၊ ၌။ ဆဋ္ဌော အာဒီနဝေါ၊ ။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ ရာဇာ၊ မင်းသည်။ ဥစ္စဋ္ဌာနိယံ၊ မြင့်သော ရာထူးရှိသော သူကို။ နီစေ၊ နိမ့်ကျသော။ ဌာနေ၊ ရာထူး၌။ ဌပေတိ၊ ချထား၏။
ယေသံ၊ တို့သည်။ တံ၊ ထိုရထူးချထားခြင်းကို။ အမနာပံ၊ အပ်။ ။ပ။၊
(ဣဒံ၊ ဤရာထူးချခြင်းသည်။) ပဗ္ဗဇိတဿ၊ ၏။ ကမ္မံ၊ အကြံပေးတိုက်တွန်းမှုသည်။ သိယာ နုခေါ၊ လော။ ။ပ။၊
ဘိက္ခဝေ၊ တို့။ အယံ၊ ဤရာထူးချမှုကို မကျေနပ်သူတို့၏ အထင်လွဲခံရခြင်းဟူသော အပြစ်သည်။ ရာဇန္တေပုရပ္ပဝေသနေ၊ ၌။ သတ္တမော၊ ခုနစ်ခုမြောက်သော။ အာဒီနဝေါ၊ တည်း။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ ရာဇာ၊ သည်။ အကာလေ၊ စစ်ချီထွက်ရန် မသင့်လျော်သော အချိန်အခါ၌။ သေနံ၊ စစ်တပ်ကို။ ဥယျောဇေတိ၊ ချီတက်ထွက်စေ၏။
ယေသံ၊ တို့သည်။ တံ၊ ထိုစစ်တပ်ချီတက် ထွက်ခိုင်းခြင်းကို။ ။ပ။၊
(ဣဒံ၊ ဤစစ်ချီတက်ခိုင်းခြင်းသည်။) ပဗ္ဗဇိတဿ၊ ၏။ ကမ္မံ၊ တိုက်တွန်းမှုသည်။ ဝါ၊ တိုက်တွန်းချက်ကြောင့် ဖြစ်ရသော ချီတက်ခိုင်းမှုသည်။ သိယာ နုခေါ၊ လော။ ။ပ။၊
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအကာလ၌ စစ်ချီခိုင်းခြင်းနှင့် စပ်၍ အထင်လွဲခံရခြင်းအပြစ်သည်။ ။ပ။၊
ကာလေ၊ စစ်ချီတက်စေသင့်ရာ အချိန်အခါ၌။ သေနံ၊ ကို။ ဥယျောဇေတွာ၊ ချီတင်ထွက်စေပြီး၍။ အန္တရာမဂ္ဂတော၊ လမ်းခရီးအကြားမှ။ ဝါ၊ လမ်းခုလတ်မှ။ နိဝတ္တာပေတိ၊ ပြန်လှည့်လာ‌စေ၏။
ယေသံ၊ တို့သည်။ တံ၊ ထိုလမ်းခုလတ်မှ ပြန်လှည့်လာစေခြင်းကို။ ။ပ။၊
(ဣဒံ၊ ဤစစ်တပ်ကို ပြန်လှည့်လာစေခြင်းသည်။) ပဗ္ဗဇိတဿ၊ ၏။ ကမ္မံ၊ တိုက်တွန်းမှုသည်။ ဝါ၊ တိုက်တွန်းချက်ကြောင့် ဖြစ်ရသော ပြန့်လှည့်လာစေခြင်းသည်။ သိယာ နုခေါ၊ ။ပ။၊
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ဤသို့ ကာလ၌ စစ်ချီတက်ခိုင်းပြီး၍ လမ်းခုလတ်မှ ပြန်လှည့်လာစေခြင်းကို မကျေနပ်သူတို့၏ အထင်လွဲခံရခြင်းဟူသော အပြစ်သည်။) ရဇန္တေ ပုရပ္ပဝေသနေ၊ ၌။ နဝမော အာဒီနဝေါ၊ ။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ ရညော၊ မင်း၏။ အန္တေ ပုရံ၊ နန်းတော်အတွင်းသည်။ ဟတ္ထိသမ္မဒ္ဒံ၊ ဆင်တို့ဖြင့် ကျဉ်းကျပ်ရှုပ်ထွေးနေခြင်းရှိရာဌာနသည်လည်းကောင်း။ ဝါ၊ ဆင်တို့ဖြင့် ကျပ်တည်းကျဉ်းမြောင်းသည် လည်းကောင်း။ [ဟတ္ထီဟိ သမ္မဒ္ဒေါ ဧတ္ထာဟိ ဟတ္ထိသမ္မဒ္ဒံ၊ ဟတ္ထိသမ္ဗာဓန္တိ အတ္ထော။ ပါစိတ် အန္တေပုရသိက္ခာပုဒ်အဋ္ဌကထာ၊ ၁၅၁။] အဿသမ္မဒ္ဒံ၊ မြင်းတို့ဖြင့် ကျဉ်းကျပ်ရှုပ်ထွေးနေခြင်းရှိရာဌာနသည်လည်းကောင်း။ ဝါ၊ မြင်းတို့ဖြင့်ကျပ်တည်းကျဉ်းမြောင်းနေသည်လည်းကောင်း။ ရထသမ္မဒ္ဒံ၊ ရထားတို့ဖြင့်.... ကောင်း။ (ဟောတိ၊ ဖြစ်၏။) ရဇနီယာနိ၊ တပ်မက်စွဲလမ်းမှုကို ဖြစ်စေတတ်ကုန်သော။ ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗာနိ၊ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ အာရုံငါးမျိုးတို့သည်။ (တတ္ထ၊ ထိုမင်းနန်းတော်အတွင်း၌။ ပရိပူရာနိ၊ ပြည့်နက်နေကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။) ယာနိ၊ ယင်းအာရုံငါးမျိုးတို့သည်။ ပဗ္ဗဇိတဿ၊ ရဟန်းအား။ န သုရုပ္ပါနိ၊ မလျောက်ပတ်ကုန်။ [တနည်း- ရဇနီယာနိ၊ ကုန်သော။ ယာနိ၊ အကြင် အဆင်း, အသံ, အနံ့, အရသာ၊ အတွေ့အထိ ဟူသော အာရုံငါးမျိုးတို့သည်။ ပဗ္ဗဇိတဿ၊ အား။ န သာရုပ္ပါနိ၊ ကုန်။ ရဇနီယာနိ၊ ကုန်သော။ တာနိ ရူပသဒ္ဒဂန္ဓရဿဖောဋ္ဌဗ္ဗာနိ၊ ထိုအဆင်းအသံအနံ့အရသာအတွေ့အထိ ဟူသော အာရုံငါးမျိုးတို့သည်။ အတ္ထ၊ ထိုမင်းနန်းတော်တွင်း၌။ ပရိပူရာနိ၊ ကုသည်။ ဟောန္တိ၊ ]
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (မင်းနန်းတော်၌ ဆင်မြင်း စသည်တို့ဖြင့် ကျဉ်းကျပ်ရှုပ်ထွေးနေခြင်း, ရဟန်းတို့အား မလျောက်ပတ်သော အဆင်းအသံစသော စွဲမက်ဖွယ်အာရုံငါးမျိုးတို့ ပြည့်နှက်နေခြင်းဟူသော အပြစ်သည်။) ရဇန္တေပုရပ္ပဝေသနေ၊ မင်းနန်းတော်အတွင်းသို့ဝင်းခြင်း၌။ ဒသမော၊ ဆယ်ခုမြောက်သော။ အာဒီနဝေါ၊ အပြစ်တည်း။
ဘိက္ခဝေ၊ တို့။ ရာဇန္တေပုရပ္ပဝေသနေ၊ ၌။ အာဒီနဝါ၊ အပြစ်တို့သည်။ ဣမေ ဒသ၊ တို့တည်း။ ဣတိ (အဝေါစ)၊
ပဉ္စမံ၊ ။