အနိစ္စသညာ၊ လည်းကောင်း။
အနတ္တသညာ၊ (ခန္ဓာငါးပါးတို့၌) ခိုင်မြဲသော အနှစ်သာရ အသက်ရှင်အတ္တကောင် မဟုတ်ဟု ရှုမှတ်သော ဝိပဿနာသညာလည်းကောင်း။
။ပ။ အဋ္ဌိကသညာ၊ စက်ဆုပ်ဖွယ်အရိုးစုပဋိဘာဂနိမိတ်၌ ဖြစ်သော ဈာန်သညာလည်းကောင်း။
ပုဠဝကသညာ၊ ပိုးလောက်တွေထွက်၊ တရွရွတက်နေသော အသေကောင် ပဋိဘာဂနိမိတ်၌ ဖြစ်သော ဈာန်သညာလည်းကောင်း။
ဝိနီလကသညာ၊ ဖြူနီရောယှက်၊ ညိုနက်မဲပုပ်၊ စက်ဆုပ်ဖွယ် အသေကောင် ပဋိဘာဂနိမိတ်၌ ဖြစ်သော ဈာန်သညာလည်းကောင်း။
ဝိစ္ဆိဒ္ဒကသညာ၊ အလယ်၌ ပိုင်းဖြတ်ထားအပ်သော စက်ဆုပ်ဖွယ် အသေကောင်ပဋိဘာဂနိမိတ်၌ ဖြစ်သော ဈာန်သညာလည်းကောင်း။
ဥဒ္ဓုမာတကသညာ၊ သေပြီးသည်အထက်၊(သေပြီးဟိုဘက်) နောက်နောက်ရက်၌၊ ကြွရောက်ဖူးရောင်၊ စက်ဆုပ်ဖွယ် အသေကောင် ပဋိဘာဂနိမိတ်၌ ဖြစ်သော ဈာန်သညာလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဒသ၊ ကုန်သော။
ဣမာ သညာ။ပ။၊
သတ္တမံ၊ ။