Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Dasakanipātapāḷi
Dasakanipātapāḷi

7. Saṅghabhedasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘန္တေ၊ မြတ်စွာဘုရား။ သံဃဘေဒေါ၊ သံဃာသင်းကွဲခြင်း။ သံဃဘေဒေါ၊ သံဃသင်းကွဲခြင်း။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဘန္တေ၊ ရား။ ကိတ္တာဝတာ၊ အဘယ်မျှပမာဏရှိသော ကွဲပြားခြင်းဖြင့်။ ဝါ၊ ခြင်းကြောင့်။ သံဃော၊ သံဃာသည်။ ဘိန္နော၊ သင်းကွဲသည်မည်သည်။ ဝါ၊ အုပ်စုကွဲသည်မည်သည်။ ဟောတိ နုခေါ၊ ဖြစ်ပါသနည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးလျှောက်ပြီ။) [ဤနေရာ၌ အဓမ္မ, ဓမ္မ, အဝိနယစသော ပုဒ်တို့ကို ဧကကနိပတ်စာပိုဒ် (၁၃၀) သုတ်အတိုင်း သုတ္တန်ဒေသနာတော်နည်း, ဝိနည်းဒေသနာတော်နည်းဟူ၍ နှစ်မျိုး အနက်ရေးရမည်ဖြစ်၏၊ ရှည်လျားသော အနက်ကို မမှတ်လိုလျှင် တိုတိုကျဉ်းကျဉ်း ပဌမအနက်ကို မှတ်နိုင်ပါ၏။]
ဥပါလိ၊ ဥပါလိ။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခူ၊ ရဟန်းတို့သည်။ အဓမ္မံ၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသော တရားမဟုတ်သည်ကို။ ဝါ၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသော ကုသိုလ်ကမ္မပထတရားစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော ယုတ်မာမည်းအပြစ်ရှိသော အကုသိုလ်ကမ္မပထတရား, ဥပါဒါန်, နီတရဏအစရှိသော တရားကို။ ဓမ္မာတိ၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသော တရားဟူ၍။ ဒီပေန္တိ၊ ပြောပြကုန်အံ့။ (တနည်း) အဓမ္မံ၊ မှန်ကန်တိကျစွာ ဖော်ပြအပ်သော တရားမဟုတ်ဘဲ လျှော့ကာတိုးကာလွဲမှားစွာ ဖော်ပြအပ်သော တရားကို။ (သတိပဋ္ဌာန်တရား‌လေးပါး, သမ္မပ္ပဓာန်တပါးလေးပါးစသည်ဖြင့် ဘုရားဟောတော်မူသည့်အတိုင်း မှန်ကန်တိကျစွာ ဖော်ပြထားသည်မဟုတ်ဘဲ သတိပဋ္ဌာန်တရားသုံးပါး, သမ္မပ္ပဓာန်တရားငါးပါးစသည်ဖြင့် လျှော့ကာတို့းကာ လွဲမှားစွာ ဖော်ပြအပ်သော တရားကို။) ဓမ္မောတိ၊ အပိုအလိုမရှိ မှန်ကန်တိကျစွာ ဖော်ပြအပ်သော တရားဟူ၍။ ဒီပေန္တိ၊ အံ့။ [ဤကား သုတ္တန်ဒေသနာတော်နည်းတည်း။] (တနည်း) အဓမ္မံ၊ ဝိနည်းတရားတော်နှင့်အညီ မပြုအပ်သော အဓမ္မကံကို။ ဝါ၊ စောဒနာမှု, အပြစ်ကို သတိရစေမှုတို့ကို မပြုမူ၍ အပြစ်ကို လည်း ဝန်မခံပါဘဲလျက် မဟုတ်မမှန်သော ပြစ်မှု အကြောင်းအရင်းဝတ္ထုဖြင့် တဘက်သတ်ဆုံးဖြတ်အပ်သော အဓမ္မံကံကို။ ဓမ္မောဓိ၊ ဝိနည်းတရားတော်နှင့်အညိ ပြုအပ်သော ဓမ္မကံဟူ၍။ ဝါ၊ စောဒနာမှု, အပြစ်ကို သတိရစေမှုတို့ကို ပြုပြီးနောက် အပြစ်ကိုလည်းဝန်ခံခြင်းကြောင့် ဟုတ်မှန်သော ပြစ်မှုအကြောင်းရင်းဝတ္ထုဖြင့် ဆုံးဖြတ်အပ်သော ဓမ္မကံဟူ၍။ ဒီပေန္တိ၊ အံ့။ [ဤကား ဝိနည်းဒေသနာတော်နည်းတည်း။] ဓမ္မံ၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသောတရားကို။ ဝါ၊ ဖြူစင်သန့်ရှင်းအပြစ်ကင်းသော ကုသိုလ်ကမ္မပထတရား, ဗောဓိပက္ခိယတရားကို။ အဓမ္မော တိ၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသော တရားမဟုတ်ဟူ၍။ ဒီပေန္တိ၊ အံ့။ (တနည်း) ဓမ္မံ၊ အပိုအလိုမရှိ မှန်ကန်တိကျစွာ ဖော်ပြာအပ်သော တရားကို။ အဓမ္မောတိ၊ မှန်ကန်တိကျစွာ ဖော်ပြအပ်သော တရားမဟုတ်ဟူ၍။ ဒီပေန္တိ၊ အံ့။ [ဤကား သုတ္တန်ဒေသနာတော်နည်း။] (တနည်း) ဓမ္မံ၊ ဝိနည်းတရားတော်နှင့်အညီ ပြုအပ်သော ဓမ္မကံကို။ ဝါ၊ စောဒနာမှု, အပြစ်ကို သတိရစေမှုပြုပြီးနောက် အပြစ်ကိုလည်း ဝန်ခံခြင်းကြောင့် ဟုတ်မှန်သော ပြစ်မှု အကြောင်းအရင်းဝတ္ထုဖြင့် ဆုံဖြတ်အပ်သော ဓမ္မကံကို။ အဓမ္မောတိ၊ အဓမ္မကံဟူ၍။ ဝါ၊ ဝိနည်းတရားတော်နှင့်အညီ ပြုအပ်သော ဓမ္မကံမဟုတ်ဟူ၍။ ဒီပေန္တိ၊ ပြောပြကုန်အံ့။ [ဤကား ဝိနည်းဒေသနာတော်နည်းတည်း။] အဝိနယံ၊ ရာဂစသည်ကို နှိပ်ကွပ်ပယ်ရှားကြောင်း မဟုတ်သာ အကုသိုလ်ကို။ ဝိနယောတိ၊ ရာဂစသည်ကို နှိပ်ကွပ်ပယ်ရှားကြောင်း ကုသိုလ်ဟူ၍။ ဒီပေန္တိ၊ အံ့။ [ဤကား သုတ္တန်ဒေသနာတော်နည်းတည်း၊ ပုဒ်အနက် ရှင်းလင်းချက် ယခင်ဧကကနိပါတ်သုတ်မျာား၌ရေးခဲ့ပြီ။] (တနည်း) အဝိနယံ၊ ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်း မဟုတ်သော ဝတ္ထုဝိပတ္တိစသည်ကို။ ဝိနယောတိ၊ ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်းဖြစ်သော ဝတ္ထုသမ္ပတ္တိစသည်ဟူ၍. ဒီပေန္တိ၊ အံ့။ [ဝိနည်းဒေသနာ တော်နည်းတည်း။] ဝိနယံ၊ ရာဂစသည်ကို နှပ်ကွပ်ပယ်ရှားကြောင်း ဖြစ်သော ကုသိုလ်တရားကို။ အဝိနယောတိ၊ ရာဂစသည်ကို နှပ်ကွပ်ပယ်ရှားကြောင်း မဟုတ်သော အကုသိုလ်တရားဟူ၍။ ဒီပေန္တိ၊ အံ့။ [သုတ္တန်နည်းတည်း။] (တနည်း) ဝိနယံ၊ ဝိနည်းကံတို့၏ ထမြောက်အောင် မြင်ကြောင်း ဖြစ်သော ဝတ္ထုသမ္ပတ္တိ စသည်ကို။ အဝိနယောတိ၊ ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်း မဟုတ်သော ဝတ္ထုဝိပတ္တိစသည်ဟူ၍။ ဒီပေန္တိ၊ အံ့။ [ဝိနည်းနည်း။] တထာဂတေန၊ မြတ်စွာဘုရားသည်။ အဘာသိတံ၊ ဟောတော်မမူအပ်သော။ အလပိတံ၊ မိန့်မြွက်တော်မမူအပ်သော။ ဝစနံ၊ တရားစကားကို။ (သတိပဋ္ဌာန်တရားသုံးပါး, သမ္မပ္ပဓာန်တရားငါးပါးစသည်ဖြင့် လျှော့ကာတိုးကာ လွဲမှားစွာဖော်ပြထားအပ်သော သုတ္တန်တရားစကားကို။ ဝါ၊ ပါရာဇိကအာပတ်သုံးပါး, သံဃာဒိသေသ်အာပတ် ၁၄-ပါး စသည်ဖြင့် လျှော့ကာတို့ကာ လွဲမှားစွာဖော်ပြထားအပ်သော ဝိနည်းတရားကို။) တထာဂတေန၊ သည်။ ဘာသိတံ၊ ဟောတော်မူအပ်သော။ လပိတံ၊ မိန့်မြွက်တော်မူအပ်သော။ ဝစနန္တိ၊ တရားစကားဟူ၍။ (အပိုအလိုမရှိ မှန်ကန်တိကျစွာ ဖော်ပြအပ်သော တရားဟူ၍။) ဒီပေန္တိ၊ အံ့။ တထာဂတေန၊ သည်။ ဘာသိတံ၊ သော။ လပိတံ၊ သော။ ဝစနံ၊ တရားစကားကို။ (သတိပဋ္ဌာန်တရားလေးပါးစသည်ဖြင့် မှန်ကန်တိကျစွာ ဖော်ပြအပ်သော သုတ္တန်တရားကို။ ဝါ၊ ပါရာဇိကအာပတ်လေးပါးစသည်ဖြင့် မှန်ကန်တိကျစွာ ဖော်ပြအပ်သော ဝိနည်းတရားကို။) တထာဂတေန၊ သည်။ အဘာသိတံ၊ သော။ အလပိတံ၊ သော။ ဝစနန္တိ၊ တရားစကားဟူ၍။ (လျှော့ကာ တိုးကာ လွဲမှားစွာ ဖော်ပြအပ်သော တရားစကားဟူ၍။) ဒီပေန္တိ၊ ကုန်အံ့။ တထာဂတေန၊ သည်။ အနာစိဏ္ဏံ၊ မလေ့ကျက်အပ်သော အစဉ်အလာအကျင့်ကို။ ဝါ၊ မလေ့ကျက်အပ်သော အစဉ်အလာအကျင့်ဖြစ်သော နေ့စဉ်ဖလသမာတပ်, မဟာကရုဏာသမာပတ်မဝင်စားခြင်း။ ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို မကြည့်ရှုခြင်း၊ ပေါ်ပေါက်လာသော အကြောင်းအတ္ထုပ္ပတ္တိအားလျော်စွာ တရားမဟောခြင်းဟူသော တာဝန်မဲ့ ကြောင့်ကြမဲ့နေခြင်းကို။ [ဤကား သုတ္တန်နည်းတည်း။] ဝါ၊ မလေ့ကျက်အပ်သော အစဉ်အလာအကျင့်ဖြစ်သော (ဝါ ကျွတ်သောအခါ ပင့်ဖိတ်သောဒါယကာကို) မပန်ကြားဘဲ ခရီးဒေသစာရီလှည့်လည်ခြင်း၊ ပဝါရဏာမပြုဘဲ ခရီးဒေသစာရီလှည့်လည်ခြင်း၊ အာဂန္တုကရဟန်းတို့အား ဦးစွာစ၍ ကျန်းမာသာရေး စသည်မေးမှု ပဋိသန္တာရ မပြုခြင်းဟူသော လောကဝတ္တရားပျက်ကွက်မှုကို။ [ဤကား ဝိနည်းဒေသနာနည်းတည်း။] တထာဂတေန၊ သည်။ အာစိဏ္ဏန္တိ၊ လေ့ကျက်အပ်သော အစဉ်အလာအကျင့်ဟူ၍။ ဒီပေန္တိ၊ အံ့။ တထာဂတေန၊ သည်။ အာစိဏ္ဏံ၊ လေ့ကျက်တော်မူအပ်သော အစဉ်အလာအကျင့်ကို။ ဝါ၊ လေ့ကျက်တော်မူအပ်သော အစဉ်အလာ အကျင့်ဖြစ်သော နေ့စဉ် ဖလသမာပတ်, မဟာကရုဏာသမာပတ် ဝင်စားတော်မူခြင်း၊ ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည့်ရှုတော်မူခြင်း၊အတ္ထုပ္ပတ္တိအားလျော်စွာ တရားဟောတော်မူခြင်းကို။ ဝါ၊ လေ့ကျက်တော်မူအပ်သောအစဉ်အလာအကျင့်ဖြစ်သော (ဝါကျွတ်သောအခါ ပင့်ဖိတ်သော ဒါယကာကို) ပန်ကြားပြီး, ပဝါရဏာပြုပြီးမှသာ ဒေသစာရီကြွချီတော်မူခြင်း၊ အာဂန္တုရဟန်းတို့အား ဦးစွာစ၍ ကျန်းမာသာရေးစသည်မေးမှု ပဋိသန္တာရ ပြုတော်မူခြင်းကို။ တထာဂတေန၊ သည်။ အနာစိဏ္ဏန္တိ၊ လေ့ကျက်အပ်သော အစဉ်အလာအကျင့်မဟုတ်ဟူ၍။ ဒီပေန္တိ၊ အံ့။ တထာဂတေန၊ သည်။ အပညတ္တံ၊ ပညတ်တော်မမူအပ်သော တရားကို။ ဝါ၊ သတိပဋ္ဌာန်တရားသုံးပါး, သမ္မပ္ပဓာတ်တရားငါးပါးစသည်ဖြင့် လျှော့ကာတို့ကာ လွဲမှားစွာ မပညတ်အပ်သော သုတ္တန်တရားကို။ ဝါ၊ ပါရာဇိကအာပတ်သုံးပါး, သံဃာဒိသေသ်အာပတ် ၁၄- ပါးစသည်ဖြင့် လျှော့ကာတို့ကာ လွဲမှားစွာ မပညတ်အပ်သော ဝိနည်းတရားကို။ တထာဂတေန၊ သည်။ ပညတ္တန္တိ၊ ပညတ်တော်မူအပ်သော တရားဟူ၍။ (အပိုအလိုမရှိ မှန်ကန်တိကျစွာ ပညတ်တော်မူအပ်သော တရားဟူဲ၍။) ဒီပေန္တိ၊ အံ့။ တထာဂတေန၊ သည်။ ပညတ္တံ၊ ပညတ်တော်မူအပ်သော တရားကို။ (သတိပဋ္ဌာန်တရားလေးပါးစသည်ဖြင့် မှန်ကန်တိကျစွာ ပညတ်အပ်သော သုတ္တန်တရားကို။ ဝါ၊ ပါရာဇိကအာပတ်လေးပါးစသည်ဖြင့် မှန်ကန်တိကျစွာ ပညတ်အပ်သော ဝိနည်းတရားကို။) တထာဂတေန၊ သည်။ အပညတ္တန္တိ၊ မပညတ်အပ်သော တရားဟူ၍။ (မှန်ကန်တိကျစွာ မပညတ်အပ်သော တရားဟူ၍။) ဒီပေန္တိ၊ ဟောပြကုန်အံ့။
တေ၊ ထိုရဟန်းတို့သည်။ ဒသဟိ၊ ဆယ်ပါးကုန်သော။ ဣမေဟိ ဝတ္ထူဟိ၊ ဤအကြောင်းတို့ဖြင့်။ အဝကဿန္တိ၊ ပရိသတ်ကို ဆွဲဆောင်သိမ်းသွင်းကုန်အံ့။ အပကဿန္တိ၊ ပရိသတ်ကို အလွန်အကဲ ဆွဲဆောင်သိမ်းသွင်းကုန်အံ့။ အာဝေနိ၊ သီးခြား။ ကမ္မာနိ၊ သံဃာ့ကံတို့ကို။ ကရောန္တိ၊ ပြုကုန်အံ့။ အာဝေနိ၊ သီးခြား။ ပါတိမောက္ခံ၊ ပါတိမောက်ကို။ ဥဒ္ဒိသန္တိ၊ ရွတ်ပြကုန်အံ့။
ဥပါလိ၊ ဥပါလိ။ ဧတ္တာဝတာ၊ ဤမျှပမာဏရှိသော ပြုကျင့်ခြင်းဖြင့်။ (ဤမျှပမာဏရှိသော ဓမ္မ အဓမ္မစသော ဆယ်ပါးသော အကြောင်းတို့ဖြင့် ပရိသတ်ကို ဆွဲဆောင်၍ သီးခြားသံဃကံပြုခြင်း, သီးခြားပါတိမောက်ရွတ်ပြခြင်းဖြင့်။) ဝါ၊ ခြင်းကြောင့် ။ သံဃော၊ သည်။ ဘိန္နော၊ သင်းကွဲသည်မည်သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့။ (အဝေါစ)၊
သတ္တမံ၊ ။