ဘိက္ခဝေ၊ တို့။
(တုမှေ၊ သင်တို့သည်။)
သမ္ပန္နသီလာ၊ ပြည့်စုံသော သီလရှိကုန်လျက်။
သမ္ပန္နပါတိမောက္ခာ၊ ပြည့်စုံသော ပါတိမောက်သီလ ရှိကြကုန်လျက်။
ဝိဟရထ၊ နေကြကုန်လော။
ပါတိမောက္ခသံဝရသံဝုတာ၊ စည်းကြကုန်လျက်။
ဝါ၊ စုံကုန်လျက်။
[စာပိုဒ် (၁၇) ပဌမနာထသုတ်ကြည့်။]
အာစာရဂေါစရသမ္ပန္နာ၊ ကုန်လျက်။
ဝိဟရထ၊ ကုန်လော။
။ပ။ သိက္ခထ၊ ဖြည့်ကျင့်ကြကုန်လော။
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ ရဟန်းသည်။
(အဟံ၊ ငါသည်။)
သဗြဟ္မစာရီနံ၊ သီတင်းသုံးဖော် ရဟန်းတို့၏။
ပိယော စ၊ ချစ်ခင်အပ်သူသည် လည်းကောင်း။
ဝါ၊ ချစ်ဖွယ်မျက်လုံးဖြင့် အကြည့်ခံရသူသည်လည်းကောင်း။
မနာပေါ စ၊ ပီတိစိတ်ကို တိုးပွားစေတတ်သူသည်လည်းကောင်း။
ဝါ၊ မေတ္တာစိတ်ဖြင့် ဆိုက်ရောက်ဖြန့်မိုးအပ်သူသည်လည်းကောင်း။
ဂရု စ၊ ကျောက်ထီးတန္တု အလေးပြုအပ်သူသည်လည်းကောင်း။
ဘာဝနီယော စ၊ ချီးမွမ်းထက်သူသည်လည်းကောင်း။
(သိမြင်သင့်သည်ကို သိမြင်ပါပေသည်ဟု ချီးမွမ်းထိုက်သူသည်လည်းကောင်း။)
အဿံ၊ ဖြစ်လိုပါ၏။
ဝါ၊ ဖြစ်ပါရစေ။
ဣတိ၊ ဤသို့။
စေ အာကင်္ခေယျ၊ အကယ်၍ လိုလားတောင့်တငြားအံ့။
(ဧဝံ သတိ၊ ဤသို့ လိုလားတောင့်တသည် ဖြစ်လသော်။
သောဘိက္ခု၊ ထိုလိုလားတောင့်တသော ရဟန်းသည်။)
သီလေသု၊ စတုပါရိသုဒ္ဓိ သီလတို့၌။
ပရိပူရကာရီဧဝ၊ ပြည့်စုံအောင် ဖြည့်ကျင့်မှု ပြုလေ့ရှိသည်သာ လျှင်လည်းကောင်း။
ပရိပူရကာရီ ဧဝ ။ ။ ဤနေရာ၌ "သီလေသွေဝ- သီလတို့၌ သာလျှင်၊ ပရိပူရကာရီ- ဖြည့်ကျင့်မှုပြုလေ့ရှိသည်" ဟူ၍ အနက်ပြန်ဆိုခဲ့လျှင် "သီလတို့၌သာ ဖြည့်ကျင့်မှု ပြုလေ့ရှိ၏၊ သမာဓိပညာသိက္ခာနှစ်ပါးတို့၌ ဖြည့်ကျင့်မှုပြုလေ့မရှိ" ဟူ၍ သမာဓိပညာသိက္ခာနှစ်ပါးကို ကန့်မြစ်ထုတ်ပယ်ပစ်ရာရောက်၏၊ ထို့ကြောင့် "သီလေသု- သီလတို့၌ ၊ ပရိပူရကာရီ ဧဝ- ဖြည့်ကျင့်မှု ပြုလေ့ရှိသည်သာလျှင်" ဟူ၍ အဝဓာရဏကို နောက်ပုဒ်၌ ပြောင်းထည့်၍ အနက်ပြန်ဆိုရသည်။သီလေသွေဝဿ ပရိပူရ ကာရီတိ သီလေသု ပရိပူရကာရီ ဧဝ ဘဝေယျာတိ ဧဝံ ဥတ္တရပဒါဝဓာရဏံ ဒဋ္ဌဗ္ဗံ၊ ဧဝံ ဟိ ဣမိနာ ပဒေန ဥပရိသက္ခာဒွယံ အနိဝတ္တိတမေဝ ဟောတိ။ ဋိကာ။
အဇ္ဈတ္တံ၊ မိမိ၏။အဇ္ဈတ္တံ စေတာသမထမနုယုတ္တော ။ ။ "အဇ္ဈတ္တံ စေတော သမထမနုယုတ္တောတိ အတ္တနော စိတ္တသမထေ" ဟူ၍ ဤမျှသာ ဤသုတ် အဋ္ဌကထာဖွင့်ဝါကျ တွေ့ရ၏၊ မူကပဏ္ဏာသအဋ္ဌကထာ၊ ပ- ၁၆၀ (အာကင်္ခေယျသုတ်) ၌မူ ထိုဝါကျနှင့် တဆက်တည်းပင် "ဧတ္ထ ဟိ အဇ္ဈတ္တန္တိ ဝါ အတ္တနောတိ ဝါ ဧကံ ဧကတ္ထံ၊ ဗျဉ္စနမေဝ နာနံ၊ ဘုမ္မတ္ထေ ပနေတံ သမထန္တိ ဥပယောဂဝစနံ၊ အနူတိ ဣမိနာ ဥပသဂ္ဂေန သိဒ္ဓံ" ဟူ၍ ယခု ဆဋ္ဌသင်္ဂါယနာမူတွေ့ရ၏။
ထိုအဋ္ဌကထာ၌ အဇ္ဈတ္တံပုဒ်နှင့် အတ္တနောပုဒ်တို့သည် သဒ္ဒါသာကွဲ၍ အနက်တူသည်ဟု ဆိုသောကြောင့် "အတ္တနော- မိမိ၏" ဟု အနက်ပြန်ဆို ရသကဲ့သို့ "အဇ္ဈတ္တံ- မိမိ၏" ဟု အနက်ပြန်ဆိုရ၏။ (အံဝိဘတ္တီနမကာရန္တာ အဗျယီဘာဝါ- သုတ်ဖြင့် သဝိဘတ်ကို အံပြုရ၏။) ဝိဂြိုလ်ပြုသော အခါ၌ကား ထုံးစံအတိုင်း "အတ္တာနံ အဓိအဇ္ဈတ္တံ ၊ (သို့မဟုတ်) အတ္တာနံ အဓိကိစ္စ ပဝတ္တံ- မိမိကိုယ်ကို (မိမိရုပ်နာမ်ခန္ဓာအစဉ်ကို) စွဲမှီရည်စူး၍ ဖြစ်သောတရား၊ ဝါ- အတ္တကို စွဲမှီရည်စူး၍ ဖြစ်သောတရား၊ ဝါ- အတ္တကိုစွဲမှီ၍ဖြစ်သောတရား" ဟုသော်လည်းကောင်း, "အတ္တနိ ပဝတ္ထံ အဇ္ဈတ္တံ (အတ္တနော သန္တာနေ နိဗ္ဗတ္တံ အဇ္ဈတ္တံ)- မိမိသန္တာန် (မိမိခန္ဓာအစဉ်) ၌ ဖြစ်သောတရား " ဟုသော်လည်းကောင်း ဝိဂြိုဟ်ပြုရ၏။ ထိုဝိဂြိုဟ်နှင့်အညီ မိမိကိုယ်ကို စွဲမှီရည်စူး၍ ဖြစ်သဖြင့် မိမိခန္ဓာအစဉ်၌ဖြစ်သော (ပါဝင်သော) ထိုအဇ္ဈတ္တနာမည်ရရှိသော တရားများကို မြန်မာလို "မိမိ" ဟူ၍ တိုတိုကျဉ်းကျဉ်းခေါ်ဝေါ်ရ၏။ ထိုကြော့် "အတ္တနော- မိမိ၏"ဟု မြန်မာပြန်သကဲ့သို့ "အဇ္ဈတ္တံ- မိမိ၏" ဟူ၍ ဤသုတ်၌ မြန်မာပြန်ရသည်၊ "အဇ္ဈတ္တံ- မိမိ၏၊ ကာယေ- ဝင်လေထွက်လေ အပေါင်း၌" ဟူသော မဟာသတိပဋ္ဌာနသုတ်မှ အဇ္ဈတ္တံပုဒ်နှင့်အတူတူပင် ဖြစ်သည်။ ဤကား အဋ္ဌကထာဋီကာ အဖွင့်များအတိုင်း ရှင်းလင်းပြခြင်းတည်း။
သက္ကတသဒ္ဒါကျမ်းများနှင့် မောဂ္ဂလ္လန်သမာသ် (၂) သုတ် အလိုအားဖြင့်မူ ဤသုတ်မှ အဇ္ဈတ္တံပုဒ်ကို ဝိဘတျတ္ထအဗျယီဘောသမာသ်ပုဒ်ဟု ဆိုရမည်ဖြစ်ပြီး "အတ္တနောတိ အဇ္ဈတ္တံ" ဟု ဝိဂြိုဟ်ပြုရမည် ဖြစ်၏ [အတ္ထနော- မိမိ၏၊ ဣတိ- ဤအနက်ကြောင့်၊ အဇ္ဈတ္တံ- အဇ္ဈတ္တမည်၏၊ အဇ္ဈတ္တံ-မိမိ၏] သို့သော် ဈာန်ခန်းစသော များစွာသော နေရာတို့၌မူ အဇ္ဈတ္တံပုဒ်သည် ဈာနံပုဒ်စသည်တို့၏ ဝိသေသနဖြစ်သောကြောင့် "အဇ္ဈတ္တံ- မိမိသန္တာန် (မိမိခန္ဓာအစဉ်) ၌ဖြစ်သော" စသည်ဖြင့် အရာဌာနအားလျော်စွာ အနက်ပြန်ဆိုရမည်ဖြစ်ပြီး ဝိဘတျတ္ထအဗျယီဘောဟုလည်း မဆိုရ၊ အဘယာရာမ မောဂ္ဂလ္လာန်နိဿယနှင့် ပစ္စည်းဘာသာဋီကာသမာဿ်ခန်း "အညသ္မာ လောပေါစ" သုတ်လည်းကြည့်ပါ။
ထို့နောင် အဋ္ဌကထာဖွင့်ထားသည့်အတိုင်း စေတာသမထံ၌ ဒုတိယာ ဝိဘတ်ကို (အနုသဒ္ဒါ၏ ယှဉ်ရာဖြစ်သောကြောင့်) တတိယ သတ္တမီနဉ္စသုတ်ဖြင့် သတ္တမီအနက်၌သက်ပါ။ စေတောသမထံ၊ စိတ်ကိုငြိမ်သက် စေခြင်းကိစ္စ၌။ အနုယုတ္တော၊ မကွေမကွာယှဉ်သည်လည်းကောင်း။ ဝါ၊ ကြိုးစားအုပ်ထုတ်သည်လည်းကောင်း။ အနိရာကထဇ္ဈာနော၊ အပြင်အပ၌ မထုတ်ပယ်အပ်သော ဈာန်ရှိသူသည်လည်းကောင်း။ (အခါခပ်သိမ်း ပွါးများအားထုတ်မှု မပြုခြင်းအားဖြင့် အပြင်အပ၌ ထုတ်ပယ်ထားအပ်သော ဈာနဘာဝနာရှိသူ မဟုတ်သည်လည်းကောင်း။) ဝါ၊ မဖျက်ဆီးအပ်သော ဈာန်ရှိသူသည်လည်းကောင်း။ (ပွားများအားထုတ်မှု ပြုပါသော်လည်း ကြိုးကြားကြိုးကြား တွန့်ဆုတ်နေခြင်းအားဖြင့် ဖျက်ဆီးအပ်သော ဈာနဘာဝနာရှိသူ မဟုတ်သည်လည်းကောင်း။) ဝိပဿနာယ၊ ဝိပဿနာနှင့်။ (အနိစ္စာနုပဿနာစသော ခုနှစ်မျိုးသော အနုပဿနာဟူသော ဝိပဿနာနှင့်။) သမန္နာဂတော၊ ပြည့်စုံသူသည်လည်းကောင်း။ သုညာဂါရာနံ၊ (တောကျောင်း, သစ်ပင်ရင်းစသော) ဆိတ်ငြိမ်သောကျောင်းတို့ကို။ ဗြူဟေတာ၊ တိုးပွားစေတတ်သူသည်လည်းကောင်း။ အဿ၊ ဖြစ်ရမည်။

ဘိက္ခု၊ သည်။
(အဟံ၊ ငါသည်။)
စီဝရ... က္ခာရာနံ၊ သင်္ကန်း, ဆွမ်း, အိပ်ရာနေရာကျောင်း, လူမမာ၏ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အကာအကွယ်နှင့် အကြောင်း အဆောက်အဦးဖြစ်သော ဆေးတို့ကို။
လာဘီ၊ ရခြင်းရှိသည်။
အဿံ၊ ဖြစ်လိုပါ၏။
ဝါ၊ ဖြစ်ပါရစေ။
ဣတိ၊ သို့။
စေ အာကင်္ခေယျ၊ အကယ်၍ လိုလားတောင့်တငြားအံ့။
။ပ။၊
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
အဟံ၊ ငါသည်။
ယေသံ၊ အကြင်နတ်လူတို့၏။
စီဝရံ... က္ခာရာနံ၊ တို့ကို။
ပရိဘုဉ္ဇာမိ၊ ဘုဉ်းပေးသုံးစွဲ၏။
တေသံ၊ ထိုနတ်လူတို့၏။
တေ ကာရာ၊ ထိုပစ္စည်းလေးပါးလှူဒါန်းမှု ကုသိုလ်တို့သည်။
မဟပ္ဖလာ၊ များသော လောကီသုခအကျိုးရရှိကုန်သည်။မဟပ္ဖလာ မဟာနိသံသာ။ ။ ယခင် အာကင်္ခေယျသုတ်အဋ္ဌကထာ၌ "မဟန္တံ လောကိယသုခံ ပသဝန္တီတိ မဟပ္ဖလာ၊ မဟတော လောကုတ္တရသုခဿ ပစ္စယာ ဟောန္တီတိ မဟာနိသံသာ" ဟူ၍ ထိုနှစ်ပုဒ်ကို ဝိဂြိုဟ်ဝစနတ္ထ အထူးအဆန်းဖွင့်ပြထား၏၊ မဟပ္ဖလပုဒ်ကို မဟန္တသဒ္ဒူပပဒဖလဓာတ် အပစ္စည်းဖြင့် ကုမ္ဘကာရပုဒ်ကဲ့သို့ ကိတန္တတပ္ပုရိသ်သမာသ် ဝစနတ္ထပြုထားခြင်း ဖြစ်၏။ မဟာနိသံသာပုဒ်ကိုလည်း "မဟတော လောကုတ္တရသုခဿ အာနိသံသာ ပစ္စယာ မဟာနိသံသာ" ဟု ဆဋ္ဌီတပ္ပုရိသ်သမာသ်ဝစနတ္ထပြု၊ အာနိသံသသဒ္ဒါ ပစ္စယအနက်ဟောဟု ဆိုလို၏၊ ထို့အဖွင့်အလို "မဟပ္ဖလာ- ကြီးမားမြင့်မြတ်သော လောကီ သုခအသီးကို သီတတ်, ဖြစ်ပွားစေတတ်ကုန်သည်၊ မဟာနိသံသာ- ကြီးမားမြင့်မြတ်သော လောကုတ္တရာ သုခ၏ အကြောင်းဖြစ်ကုန်သည်" ဟု အနက်ဆိုပါ။
တနည်းအားဖြင့်မူ "ပဉ္စိမေ ဂဟပတယော အာနိသံသာ" စသည်၌ကဲ့သို့ အာနိသံသသဒ္ဒါသည် အကျိုးဟူသော အနက်ဟော ဖလပုဒ်၏ အနက်တူပရိယာယ်ဖြစ်၏၊ ဝိဂြိုလ်ပြုလျှင်ကား ထုံးစံအတိုင်း "မဟန္တံ ဖလံ ဧတေသံ (ကာရာနံ) တိ မဟပ္ဖလာ၊ မဟန္တော အာနိသံသော ဧတေသန္တိ မဟာနိသံသာ" ဟု ဝစနတ္ထပြု၊ နိဿယခန်း၌ ထိုဗဟုဗ္ဗီဟိသမာသ်ဝစနတ္ထအတိုင်း အနက်ပြန်ဆိုထား၏။
အဖွင့်နှစ်နည်းနှိုင်းယှဉ်ချက် ။ ။ ထိုအဋ္ဌကထာအဖွင့်နှစ်နည်း နှိုင်းယှဉ်ကြည့်လျှင် ပဌမနည်း၌ မဟပ္ဖလ၌ ကြီးမားမြင့်မြတ်သော လောကီသုခဟူသော အသီးကို သီတတ်, ဖြစ်ပွားစေတတ်သော (ဖလ) တရားဟူသည် အဘယ်နည်းဟု ဆိုလျှင် ပါဠိတော်၌ ဟောတော်မူသည့်အတိုင်း ပစ္စည်းလေးပါး လှူဒါန်းမှု ဒါနကုသိုလ်ဟူသော အကြောင်း (ဖလ) တရားဖြစ်ပါသည်ဟု ဖြေဆိုရမည်ဖြစ်၏၊ ထို့ကြောင့် ပဌမနည်း၌ ဖလသဒ္ဒါသည် အကြောင်းတရားဟူသော အနက်ကို ဟောရကား အကြောင်း (ပစ္စယ) အနက် ဟော အာနိသံသသဒ္ဒါနှင့်အနက်တူဖြစ်၏၊ ဤသို့ အားဖြင့် ပဌမနည်း၌ ဖလနှင့် အာနိသံသသဒ္ဒါနှစ်ခုတို့သည် အကြောင်းအနက်ဟောခြင်း တူသကဲ့သို့ပင် ဒုတိယနည်း၌လည်း ပြခဲ့သည့်အတိုင်း အကျိုးအနက်ဟောချင်းတူနေပေသည်။ မဟာနိသံသာ၊ များသော လောကုတ္တရာသုခအကျိုး ရရှိကုန်သည်။ အဿ၊ ဖြစ်စေလိုပါကုန်၏။ ဝါ၊ ဖြစ်ပါစေကုန်သတည်း။ ဣတိ၊ သို့။ စေ အာကင်္ခေယျ၊ ငြားအံ့။ ။ပ။၊

မေ၊ ငါ၏။
ပေတာ၊ (ပြိတ္တာဖြစ်ခြင်းအားဖြင့်) တမလွန်ဘဝ၌ ဖြစ်ခြင်းသို့ ရောက်နေကြကုန်လော။
ပေတာ ဉာတီ သာလောဟိတာ ။ ။ ဤနေရာဝယ် မူလပဏ္ဏာသပါဠိတော် အာကင်္ခေယျသုတ် (၄၀) ၌မူ ဤသုတ်နှင့် မတူဘဲ "ဉာတီသာလော ဟိတာ ပေတာ ကာလင်္ကတာ" ဟူ၍ စာမူရှိ၏၊ ထို၌ ဝိသေယျ နှစ်ပုဒ်က ရှေ့ကနေပြီး ဝိသေသနနှစ်ပုဒ်က နောက်ကနေသဖြင့် ဝိသေသျနှင့် ဝိသေသန တသန့်စီရှိနေခြင်းကြောင့် သာ၍ကောင်း၏။
[ပေတ၊ ပ+ဣ+တ၊ ပေစ္စဘာဝံ ဣတာ ဂတာ ပေတာ။]
ကာလင်္ကတာ၊ ကွယ်လွန်မှုကို ပြုပြီးကုန်သော။
ဝါ၊ ပြုအပ်ပြီးသော ကွယ်လွန်မှုရှိကုန်သော။
ဝါ၊ ကွယ်လွန်ရာအခါကို ပြုပြီးကုန်သော။
ဝါ၊ ပြုအပ်ပြီးသော ကွယ်လွန်ရာ အခါရှိကုန်သော။
[ကာလ၊ ကွယ်လွန်ခြင်း။
ဝါ၊ ကွယ်လွန်ရာအခါ။]
ယေ ဉာတီ၊ အကြင်ယောက္ခမနှင့် ယောက္ခမဘက်က ဆွေမျိုးတို့သည်လည်းကောင်း။
ယေ သာလောဟိတာ၊ အကြင်သွေးသားစပ်သော အဘအဘိုးမစရှိသော သားချင်းတို့သည်လည်းကောင်း။
ပသန္နစိတ္တာ၊ ကြည်ညိုသောစိတ်ရှိကြကုန်လျက်။
အနုဿရန္တိ၊ ငါ့ကိုအောက်မေ့အမှတ်ရကြကုန်၏။
တေသံ၊ ထိုဆွေမျိုးသားချင်းတို့၏။
တံ၊ ထိုငါ၌ ကြည်ညိုသော စိတ်သည်။
ဝါ၊ ထိုကြည်ညိုစိတ်ဖြင့် ငါ့ကို အောင်မေ့အမှတ်ရခြင်းသည်။
မဟပ္ဖလံ၊ များသော လောကီသုခအကျိုးရရှိသည်။
မဟာနိသံသံ၊ များသော လောကုတ္တရာသုခအကျိုးရရှိသည်။
အဿ၊ ဖြစ်စေလိုပါ၏။
ဣတိ၊ သို့။
စေ အာင်္ခေယျ၊ ငြားအံ့။
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
(အဟံ) ဣတရီတရ... က္ခာရေန၊ အကောင်းအဆိုး မမျှော်ကိုးဘဲ တမျိုးမျိုးရရှိလာသော သင်္ကန်း, ဆွမ်း, အိပ်ရာနေရာကျောင်း, ဂိလာန၏ ပစ္စည်းဖြစ်သော ဆေးအသုံးအဆောင်ဖြင့်။
သန္တုဋ္ဌော၊ ရောင့်ရဲကျေနပ်လွယ်ကူသည်။
အဿံ၊ ဖြစ်လိုပါ၏။
ဝါ၊ ဖြစ်ပါရစေ။
ဣတိ စေ အာကင်္ခေယျ၊
။ပ။၊
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
(အဟံ) သီတဿ၊ အအေးကိုလည်းကောင်း။
ဥဏှဿ၊ မီးပူကိုလည်းကောင်း။
ဇိဃစ္ဆာယ၊ ဆာလောက်ခြင်းကို လည်းကောင်း။
ပိပါသာယ၊ ရေငတ်ခြင်းကိုလည်းကောင်း။
ဍံသ+ မကသ+ ဝါတ+ အာတပ + သမ္ဖဿာနံ၊ မှက်+ ခြင်+လေ+နေပူ+ မြွေကင်းတို့၏ + ကိုက်ခဲ့,ထိပါး + အတွေ့နှစ်ပါးတို့ကို လည်းကောင်း။
ဒုရုတ္တာနံ၊ မကောင်းသဖြင့် ပြောဆိုအပ်ကုန်သော။
ဒုရာဂတာနံ၊ မကောင်းသဖြင့် သောတဒွါရသို့ ရောက်လာကုန်သော။
ဝစနပထာနံ၊ စကားဟူသော အကြောင်းတို့ကိုလည်းကောင်း။
ဝါ၊ အနက်အဓိပ္ပါယ်ကို သိလိုသောသူ, သိစေလိုသော သူတို့၏ အကြောင်းဖြစ်သော စကားတို့ကိုလည်းကောင်း။
ခမော၊ သည်းခံနိုင်ခြင်းရှိသည်။
အဿံ၊ ဖြစ်လိုပါ၏။
ဝါ၊ ဖြစ်ပါရစေ။
ဥပ္ပန္နာနံ၊ ဖြစ်ပေါ်လာကုန်သော ။
သာရီိရိကာနံ၊ ခန္ဓာကိုယ်၌ စွဲကပ်နေကုန်သော။
ဒုက္ခာနံ၊ ခက်ခဲသဖြင့် သည်းခံအပ်ကုန်သော။
ဝါ၊ သည်းခံနိုင်ခဲကုန်သော။
တိဗ္ဗာနံ၊ ထူထပ်ကုန်သော။
(အဆက်မပြတ် တရစပ်ဖြစ်ခြင်းအားဖြင် ထူထပ်ကုန်သော။)
ဝါ၊ (ပူပြင်းဆင်းရဲစေခြင်း အားဖြင့်) ကြမ်းကြုတ်ကုန်သော။
ခရာနံ၊ ကြမ်းတမ်းခက်ထန်ကုန်သော။
ကဋုကာနံ၊ ထက်မြက်စူးရှကုန်သော။
ဝါ၊ ခါးစပ်သော အရသာနှင့်တူကုန်သော။
အသာတာနံ၊ ချိုသာခံချင်ဖွယ် မကောင်းကုန်သော။
အမနာပါနံ၊ စိတ်နှလုံးကို မတိုးပွားစေတတ်ကုန်သော။
ဝါ၊ မနှစ်မြို့ဖွယ်ဖြစ်ကုန်သော။
ပါဏဟရာနံ၊ အသက် ကို ဆောင်ယူပယ်ရှားနိုင်ကုန်သော။
ဝေဒနာနံ၊ ဝေဒနာတို့ကို။
အဓိဝါသကဇာတိကော၊ သည်းခံနိုင်သူ၏ သဘောရှိသည်။
အဿံ၊ ၏။
ဝါ၊ စေ။
ဣတိ စေ အာကင်္ခေယျ၊
။ပ။၊
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
(အဟံ)၊
အရတိ+ရတိ+သဟော၊ (သမထ ဝိပဿနာဟူသော) နေက္ခမ္မ အကျင့်၌ မပျော်မွေ့ခြင်းနှင့် + ကာမဂုဏ်တို့၌ ပျော်မွေ့ခြင်းကို+ ဖိစီးလွှမ်းမိုးနိုင်သူသည်။
အဿ၊ ၏။
ဝါ၊ စေ။
မံ စ၊ ငါ့ကိုကား။
ဝါ၊ ငါ့ကိုတော့။
အရတိရတိ၊ နေက္ခမ္မအကျင့်၌ မပျော်မွေ့ခြင်း, ကာမဂုဏ်တို့၌ ပျော်မွေ့ခြင်းသည်။
န သဟေယျ၊ မဖိစီးမလွှမ်းမိုးနိုင်ပါစေလို။
ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော။
အရတိရတိံ၊ ကို။
အဘိဘုယျ အဘိဘုယျ၊ လွှမ်းဖိ၍ လွှမ်းဖိ၍။
ဝိဟရေယျံ၊ နေလိုပါ၏။
ဣတိ၊ သို့။
စေ အာကင်္ခေယျ၊
။ပ။၊
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
(အဟံ) ဘယ+ဘေရဝ+သဟော၊ စိတ်ကြောက်ရွံ့ခြင်းဘေးနှင့် +ကြောက်ဖွယ်အာရုံဘေးကို+ ဖိစီးလွှမ်းမိုးနိုင်သူသည်။
အဿံ၊ ၏။
ဝါ၊ စေ။
[အဋ္ဌကနိပါတ် စာပိုဒ် (၅၈) ဒုတိယ အာဟုနေယျသုတ်လည်းကြည့်။]
မံ စ၊ ငါ့ကိုကား။
ဘယဘေရဝေါ၊ စိတ်ကြောက်ရွံ့ခြင်းဘေးနှင့် ကြောက်ဖွယ်အာရုံဘေးသည်။
နသဟေယျ၊ စေလို။
ဥပ္ပန္နံ၊ သော။
ဘယဘေရဝံ၊ ကို။
။ပ။၊
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
(အဟံ) အာဘိစေတသိကာနံ၊ ကုန်သော။
[စာပိုဒ် (၈) ဈာနသုတ်ကြည့်။]
။ပ။ အကသိရလာဘီ၊ သည်။
အဿံ၊ ၏။
ဝါ၊ စေ။
ဣတိ စေ အာကင်္ခေယျ၊
။ပ။၊
ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
(အဟံ) အာသဝါနံ၊ တို့၏။
ခယာ၊ ကြောင့်။
။ပ။ ဝိဟရေယျံ၊ နေလိုပါ၏။
ဝါ၊ နေပါရစေ။
ဣတိ စေ အာကင်္ခေယျ၊
။ပ။၊
ဘိက္ခဝေ၊ တို့။
သမ္ပန္နသီလာ၊ ကုန်လျက်။
။ပ။၊
ဘိက္ခဝေ၊ ကုန်လော။
ဣတိ၊ ဟူ၍။
ဣတိ၊ ဤသို့သော။
[တနည်း- "သမ္ပန္နသီလာ ဘိက္ခဝေ၊
။ပ။၊
သိက္ခာပဒေသူတိ၊ သမ္ပန္နသီလာ ဘိက္ခဝေ။
။ပ။၊
သိက္ခာပဒေသု"၊
ဟူ၍၊
ဣတိ၊ ဤသို့သော။]
ယံ တံ၊ အကြင်စကားကို။
(မယာ၊ ငါသည်။)
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဧတံ၊ ဤစကားကို။
ဣဒံ၊ ဤဆိုအပ်ပြီးသော အနက်သဘောကို။
(သီလဖြည့်ကျင့်ခြင်း, စေတောသမထ၌ မကွေမကွာယှဉ်ခြင်း စသော အကြောင်းကြောင့် သဗြဟ္မစာရီတို့၏ ပိယ မနာပ စသည်ဖြစ်ရခြင်း အကျိုးမှစ၍ စေတောဝိမုတ္တိပညာဝိမုတ္တိသို့ ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက် ပြုနေနိုင်ခြင်း အကျိုးတိုင်အောင်သော လောကီလောကုတ္တရာအကျိုးတို့ကို ရရှိခြင်းဟူသော ဤအနက်သဘောကို။)
ပဋိစ္စ၊ ရည်ရွယ်၍။
(မယာ၊ ငါသည်။)
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ။)
ပဌမံ၊