ဘိက္ခဝေ၊ တို့။
သဒ္ဓါဗလံ၊ သဒ္ဓါဗိုလ်ဟူသည်။
ဝါ၊ သဒ္ဓါစွမ်းအားဟူသည်။
ကတမဉ္စ၊ အဘယ်နည်းဟူမူ။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ဤသာသနာတော်၌။
အရိယ သာဝကော၊ အရိယာသူတော်ကောင်းဖြစ်သော တပည့်သည်။
ဝါ၊ ဗုဒ္ဓမြတ်စွာ အရိယာသူတော်ကောင်း၏ တပည့်သည်။
သဒ္ဓေါ၊ သဒ္ဓါတရားရှိသည်။
ဟောတိ၊ ဖြစ်၏။
တထာဂတဿ၊ မြတ်စွာဘုရား၏။
ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်ကို။ [ဤပဉ္စကနိပါတ်စာပိုဒ်(၅၃)ပဓာနိယင်္ဂသုတ် (ဒုတိယအကြိမ် ပုံနှိပ်သော ဤစာအုပ် စာမျက်နှာ-၁၂၃ လည်းကြည့်]
သဒ္ဒဟတိ၊ ယုံကြည်၏။
ဝါ၊ ကြည်ညို၏။
(ကိန္တိ၊ အဘယ်သို့။
သဒ္ဒဟတိ၊ ယုံကြည် ကြည်ညိုသနည်း ဟူမူ)။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
ဣတိပိ၊ ကိလေသာတို့မှ ဝေးကွာတော်မူသည် အဖြစ်တည်းဟူသော ဤအကြောင်းကြောင့်လည်း။
အရဟံ၊ အရဟံ မည်တော်မူ၏။ [ထို့နောက် “ဣတိပိ သော ဘဂဝါ”ဟူသောပုဒ်တို့ကို ဂုဏ် တော် ပုဒ်တိုင်းသို့လိုက်၍ အနက်ပေးရမည်]
သော ဘဂဝါ၊ သည်။
ဣတိပိ၊ အမှားမပါ။ မှန်စွာပိုင်နိုင်၊ ကိုယ်တိုင်စထွင်၊ ကုန်စင်ခပင်း၊ ကျန်ကြွင်းမရှိ သိမြင်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။
သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏။
သော ဘဂဝါ၊ သည်။
ဣတိပိ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး။ စရဏ(၁၅)ပါးတို့နှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော ဤအကြောင်း ကြောင့်လည်း။
ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။
သော ဘဂဝါ၊ သည်။
ဣတိပိ၊ ကောင်းမြတ်ဖြောင့်တန်း နိဗ္ဗာန်နန်းသို့ ကြွမြန်းတော် မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။
ဝါ၊ အကျိုးရှိ ဟုတ်မှန်၊ ကြားနာခံခက်၊ မခံခက်ဟု၊ နှစ်ချက်ပေါင်းစပ်၊ ကောင်းမြတ်သော စကားကိုသာ ဆိုသင့်ရာအခါ၌ မိန့်ဆိုတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။
သုဂတော၊ သုဂတ မည်တော်မူ၏။
သော ဘဂဝါ၊ သည်။
ဣတိပိ၊ (သတ္တလောက,သင်္ခါရလောက သြကာသ လောကတည်းဟူသော) လောကသုံးပါးကို သိတော်မူခြင်းတည်းဟူသော ဤ အကြောင်းကြောင့်လည်း။
လောကဝိဒူ၊ လောကဝိဒူမည်တော်မူ၏။
သော ဘဂဝါ၊ သည်။
ဣတိပိ၊ သီလ, သမာဓိ, ပညာစသော ဂုဏ်တော်တို့ဖြင့် လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့ထက် သာလွန်ထူးကဲတော်မူခြင်းတည်း ဟူသော ဤအကြောင်းကြောင့်လည်း။
အနုတ္တရော၊ အနုတ္တရမည်တော်မူ၏။
သော ဘဂဝါ၊ သည်။
ဣတိပိ၊ ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။
ပုရိသဒမ္မသာရထိ၊ ပုရိသဒမ္မသာရထိ မည်တော်မူ၏။
[တနည်း-သော ဘဂဝါ၊ သည်။
ဣတိပိ၊ ဆုံးမသင့် ဆုံးမထိုက် သော ပုဂ္ဂိုလ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူရာ၌ တန်းတူရည်တူ မှီသူ ကင်းအောင် စွမ်းဆောင်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။
အနုတ္တရော ပုရိသဒမ္မသာရထိ၊ အနုတ္တရော ပုရိသဒမ္မသာရထိမည်တော်မူ၏။]
သော ဘဂဝါ၊ သည်။
ဣတိပိ၊ နတ်လူတို့၏ ဆရာဖြစ်တော်မူခြင်းတည်း ဟူသောဤအကြောင်းကြောင့်လည်း။
သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏။
သော ဘဂဝါ၊ သည်။
ဣတိပိ၊ သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင်သိ၍။
ဝေနေယျ၊ သတ္တဝါတို့ကိုလည်း တဆင့်သိအောင် ဟောကြားတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း။
ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။
သော ဘဂဝါ၊ သည်။
ဣတိပိ၊ (ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တဟူသော) ဘုန်းတော်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူခြင်းတည်း ဟူသော ဤအကြောင်းကြောင့်လည်း။
ဘဂဝါ၊ ဘဂဝါမည်တော်မူ၏။ (ဘဂဝန္ထ မည်တော်မူ၏)
ဣတိ၊ ဤသို့။
(သဒ္ဒဟတိ၊ ယုံကြည် ကြည်ညို၏)
ဘိက္ခဝေ၊ တို့။
ဣဒံ၊ ဤတထာဂတဗောဓိကို ကြည်ညိုမှု သဒ္ဓါတရားကို။
သဒ္ဓါဗလံ၊ သဒ္ဓါစွမ်းအားဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဘိက္ခဝေ၊ တို့။
ဟိရီဗလံ၊ ရီဗိုလ်ဟူသည်။
ဝါ၊ ဟိရီစွမ်းအားဟူသည်။
ကတမဉ္စ၊ ဟူမူ။
ပ။ဟိရီမာ၊ ရှက်ခြင်းသဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
ကာယ ဒုစ္စရိတေန၊ ကာယဒုစ္စရိတ် အကုသိုလ်ကိုလည်းကောင်း။
ဝါ၊ ကာယဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် ကာယကံသုံးပါးကိုလည်းကောင်း။
ဝစီဒုစ္စရိတေန၊ ဝစီဒုစ္စရိတ် အကုသိုလ်ကိုလည်းကောင်း။
ဝါ၊ ဝစီဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ်ဝစီကံလေးပါးကိုလည်းကောင်း။
မနောဒုစ္စရိတေန၊ မနောဒုစ္စရိတ် အကုသိုလ်ကိုလည်းကောင်း။
ဝါ၊ မနောဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ်မနောကံသုံးပါးကိုလည်းကောင်း။
ဟိရီယတိ၊ ရှက်တတ်၏။
ဝါ၊ စက်ဆုပ်ရွံရှာတတ်၏။
ပါပကာနံ၊ ယုတ်မာကုန် သော။
အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော။
ဓမ္မာနံ၊ တရားတို့သို့။
သမာပတ္တိယာ၊ ရောက်ခြင်းကို။
ဟိရီယတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ဣဒံ၊ ဤဒုစ္စရိတ်အကုသိုလ် ကိုရှက်ခြင်း စက်ဆုပ်ရွံရှာခြင်းသဘောကို။
ဟိရီဗလံ၊ ဟိရီဗိုလ်ဟူ၍။
ဝါ၊ ဟိရီစွမ်းအားဟူ၍။
ဝုစ္စတိ၊ ၏။
။ပ။သြတ္တပ္ပိ၊ ကြောက်လန့်တတ်သည်။
ဟောတိ၊ ၏။
ကာယဒုစ္စရိတေန၊ ကာယဒုစ္စရိတ် အကုသိုလ်ကြောင့်လည်းကောင်း။
ဝါ၊ လည်းကောင်း။
ဝစီဒုစ္စရိ တေန၊ ကြောင့်လည်းကောင်း။
မနောဒုစ္စရိတေန၊ ကြောင့်လည်းကောင်း။
သြတ္တပ္ပတိ၊ ကြောက်လန့်တတ်၏။
ပါပကာနံ၊ ကုန်သော။
ပ။သမာပတ္တိယာ၊ ရောက်ခြင်း ကြောင့်။
သြတ္တပ္ပတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ဣဒံ၊ ဤကာယဒုစ္စရိတ်စသော အကုသိုလ်တို့ကြောင့် ကြောက်လန့်ခြင်းသဘောကို။
ပ။အရိယသာဝကော၊ သည်။
အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော။
ဓမ္မာနံ၊ တရားတို့ကို။
ပဟာနာယ၊ ပယ်ခြင်းငှာလည်းကောင်း။
ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။
ဓမ္မာနံ၊ တို့ကို။
ဥပသမ္ပဒါယ၊ ပြီးစီးပြည့်စုံစေခြင်းငှာလည်းကောင်း။
ဝါ၊ ရရှိခြင်းငှာလည်းကောင်း။
အာရဒ္ဓဝီရိယော၊ မတွန့်မဆုတ် အားထုတ်အပ်သော ဝီရိယရှိသည်။
ထာမဝါ၊ ဝီရိယစွမ်းအားရှိသည်။
ဒပရက္ကမော၊ မြဲမြံသောလုံ့လရှိသည်။
ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော။
ဓမ္မေသု၊ တရားတို့ကြောင့်။
ဝါ၊ တရားတို့ကို ရဖို့ အကြောင်းကြောင့်။
အနိက္ခိတ္တဓုရော၊ (အရဟတ္တမဂ်ဖိုလ် မရသေးသမျှ) မလျှော့ချ အပ်သော ဝီရိယရှိသည်။
(ဟုတွာ၊ ဖြစ်၍)
ဝိဟရတိ၊ နေ၏။
ဘိက္ခဝေ၊ တို့။
ဣဒံ၊ ဤဝီရိယကို (ဤသို့ အကုသိုလ်တရားတို့ကို ပယ်ရှားခြင်း၊ ကုသိုလ်တရား တို့ကိုရရှိခြင်းငှာ မတွန့်မဆုတ် အားထုတ်အပ်သော ဝီရိယကို)။ပ။
အရိယသာဝကော၊ သည်။
ပညဝါ၊ ပညာရှိသည်။
ဥဒယတ္ထဂါမိနိယာ၊ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို ထိုးထွင်းသိနိုင်သော။
[ဥဒယ၊ ဖြစ်ခြင်း+ အတ္ထ= ပျက်ခြင်း+ဂါမိနီ= ထိုးထွင်းသိနိုင်သော]
အရိယာယ၊ (ဝိက္ခမ္ဘန,သမုစ္ဆေဒ, အားဖြင့်)ကိလေသာအညစ်အကြေး ကင်းဝေးစင်ကြယ်သော။
နိဗ္ဗေဓိကာယ၊ (လောဘအတုံးအခဲ စသည်ကို) ဖြိုခွဲနိုင်သော။
သမ္မာ၊ အကြောင်းမှန်, နည်းလမ်း မှန်အားဖြင့်။
ဒုက္ခက္ခယဂါမိနိယာ၊ ဝဋ်ဒုက္ခ ကိလေသဒုက္ခကို ကုန်ခန်းစေလျက် ဖြစ်ပေါ်လာသော။
[ဤပုဒ်နှင့်စပ်၍ ရေးသင့်သမျှအားလုံးကို ပဉ္စမတွဲ နိဿယ စာအုပ်။ စာမျက်နှာ(၁ဝ)နဝကနိပါတ်စာပိုဒ်(၁) သမ္ဗောဓိသုတ်၌ အဖွင့်သာဓက စုံလင်အောင်ပြလျက် ရေးသားထားပါသည်]
ပညာယ၊ ဝိပဿနာပညာ, မဂ် ပညာနှင့်။
သမန္နာဂတော၊ ပြည့်စုံသည်။
ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ဣဒံ၊ ဤဝိပဿနာပညာ, မဂ်ပညာကို။ (ဥဒယတ္ထဂါမိနီစသော ဂုဏ်နှင့် ပြည့်စုံသော ဤဝိပဿနာပညာ, မဂ်ပညာကို)
။ပ။ဘိက္ခဝေ၊ တို့။
ဧဝံဟိ၊ လျှင်။
ဝေါ၊ သင်တို့သည်။
သိက္ခိတဗ္ဗံ၊ ရမည်။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)
ဒုတိယံ၊ နှစ်ခုမြောက်သုတ်တည်း။