(ဘန္တေ၊ အရှင်ဘုရား။
ဣဒံ သုတ္တံ၊ ဤနာဂိတသုတ်ကို)
ဧဝံ၊ သို့။
မေ၊ တပည့်တော်သည်။
သုတံ၊ (မြတ်စွာဘုရားအထံတော်မှ) နာယူမှတ်သားထားအပ်ပါပြီ။
(ကထံ၊ သို့။
သုတံ၊ ဟူမူ)
ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
မဟတာ၊ အရေအတွက်အားဖြင့် များစွာသော။
ဝါ၊ (အပ္ပိစ္ဆတာ= အစရှိသော) ဂုဏ်အားဖြင့် မြင့်မြတ်သော။
ဘိက္ခုသံဃေန၊ ရဟန်းအပေါင်းနှင့်။
သဒ္ဓိံ၊ အတူတကွ။
ကောသလေသု၊ ကောသလမည်သော ဇနပုဒ်၌။
ဝါ၊ ကောသလတိုင်းနယ်ပယ်၌။
စာရိကံ၊ ခရီးရှည်လျား ကြွသွားတော်မူခြင်းကို။
ဝါ၊ ခရီးရှည်လျား ကြွသွားတော်မူခြင်းဖြင့်။
စရမာနော၊ (ဖြည်းဖြည်း သက်သာ) ကြွသွားတော်မူလသော်။ [ဋ္ဌ ဋီတို့ဖွင့်သည့်အတိုင်း “စရမာနော= တနေ့ တယူဇနာ, ယူဇနဝက်ထား ရပ်ကာနား၍ ကြွသွားတော်မူလသော်။
ဝါ၊ တနေ တယူဇနာ နှစ်ယူဇနာနှုန်းထား ရပ်ကာနား၍ ကြွသွားတော်မူလသော်”ဟုလည်း အနက်ဆိုနိုင်၏။ ]
[အဋ္ဌကနိပါတ်စာပိုဒ် (၈၆) ယသသုတ်လည်းကြည့်။]
ယေန(ပဒေသန)၊ အကြင်အရပ်၌။
ဣစ္ဆာနင်္ဂလံ နာမ၊ ဣစ္ဆာနင်္ဂလ မည်သော။
ကောသလာနံ၊ ကောသလမင်းသားတို့၏။
ဝါ၊ ကောသလတိုင်းနယ်ပယ်၏။
ဗြာဟ္မဏဂါမော၊ ပုဏ္ဏားရွာသည်။
(အတ္ထိ၊ ရှိ၏)
တံ (ပဒေသံ)၊ ထိုအရပ်သို့။
(ထိုဣစ္ဆာနင်္ဂလပုဏ္ဏားရွာ ရှိရာအရပ်သို့) အဝသရိ၊ ရောက်တော်မူပြီ။
[တနည်း-ယေန (ဒိသာဘာဂေန)၊ အကြင်အရပ် မျက်နှာဘက်ဖြင့်။
ဣစ္ဆာနင်္ဂလံ နာမ၊ သော။
ကောသလာနံ၊ တို့၏။
ဝါ၊ ၏။
ဗြာဟ္မဏဂါမော၊ သို့။
အဝသရိ တမ္ဗော၊ ရောက်အပ်ရောက်နိုင်၏။
တံ(တေန ဒိသာဘာဂေန)၊ ထိုအရပ်မျက်နှာဘက်ဖြင့်။
ဣစ္ဆာနင်္ဂလံ နာမ၊ သော။
ကောသလာနံ၊ တို့၏။
ဝါ၊ ၏။
ဗြာဟ္မဏ ဂါမံ၊ သို့။
အဝသရိ၊ ရောက်တော်မူပြီ]
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တတြ ဣစ္ဆာနင်္ဂလေ၊ ထိုဣစ္ဆာနင်္ဂလရွာ၏အနီး၌။
[သာဝတ္ထိယံ ဝိဟရတိ- ၌ကဲ့သို့ သတ္တမီဝိဘက်ကို သမီပအနက်ဟောကြံသည်]
ဣစ္ဆာနင်္ဂလဝနသဏ္ဍေ၊ ဣစ္ဆာ နင်္ဂလမည်သော တောအုပ်၌။
ဝိဟရတိ၊ သီတင်းသုံး နေတော်မူ၏။
ဣစ္ဆာနင်္ဂလကာ၊ ဣစ္ဆာနင်္ဂလရွာသားဖြစ်ကုန်သော။
ဗြာဟ္မဏဂဟ ပတိကာ၊ ပုဏ္ဏား သူကြွယ်တို့သည်။
အဿောသုံခေါ၊ ကြားသိကြရကုန်ပြီးသည်သာ။
[ခေါသဒ္ဒါ အဝဓာရဏအနက်ဟောတည်း။
တနည်း-အဿောသုံ၊ ကြား သိကြကုန်ပြီ။
ခေါသဒ္ဒါ အနက်မရှိ။]
(ကိန္တိ၊ အဘယ်သို့။
အဿောသုံ၊ ကြားသိကုန်ပြီးသနည်းဟူမူ)
ဘော၊ အိုအမောင်တို့။
သကျပုတ္တော၊ သာကီဝင် သုဒ္ဓေါဒနမင်း၏ သားတော်ဖြစ်သော။
သကျကုလာ၊ သာကီဝင်မင်းမျိုးမှ။
(နိက္ခမိတွာ၊ ထွက်ခွာ၍)
ပဗ္ဗဇိတော၊ ရဟန်းအဖြစ်သို့ရောက်သော။
ဝါ၊ ရဟန်းပြုသော။
ဂေါတမော၊ ဂေါတမအနွယ်ဖွားဖြစ်တော်မူသော။
သမဏော၊ ရဟန်းတော်မြတ်သည်။
ဣစ္ဆာနင်္ဂလံ၊ ဣစ္ဆာနင်္ဂလရွာသို့။
အနုပ္ပတ္တော၊ ကြွရောက်တော်မူလာသည်။
(ဟုတွာ၊ ဖြစ်၍)
ဣစ္ဆာနင်္ဂလေ၊ ဣစ္ဆာနင်္ဂလရွာ၏အနီး၌။
ဝါ၊ ဣစ္ဆာနင်္ဂလရွာ၏အနီးက။
ဣစ္ဆာနင်္ဂလဝနသဏ္ဍေ၊ ဣစ္ဆာနင်္ဂလတောအုပ်၌။
ဝိဟရတိ ခလု၊ နေတော်မူသတဲ့။
တံ ခေါ ပန ဘဝန္တိ ဂေါတမံ၊ ထိုအရှင်ဂေါတမ၏။
ဧဝံ၊ ဤသို့။
ဝါ၊ ယခုပြောပြမည့်အတိုင်း။
ကလျာဏော၊ ကောင်းသော။
ကိတ္တိသဒ္ဒေါ၊ ချီးကျူး အံ့သြ ပြောဆိုအပ်သော ဂုဏ်သတင်းသည်။
ဝါ၊ ချီးကျူးခြင်း၏ အစွမ်းဖြင့်ဖြစ်သော ကျော်စောသံသည်။
အဗ္ဗုဂ္ဂတော၊ နတ်နှင့်တကွ လောကအားလုံး လွှမ်းခြုံ ဖုံးလျက် ပျံ့နှံ့တက်ပြီ။
(ကိန္တိ၊ အဘယ်သို့။
အဗ္ဗုဂ္ဂတော၊ ဟူမူ) သော ဘဂဝါ= ထိုမြတ်စွာဘုရားသည်။
ဣတိပိ၊ ကြောင့်လည်း။
အရဟံ၊ မူ၏။ [စာပိုဒ်(၂)သုတ် ကြည့်]။ပ။
သောဘဂဝါ၊ သည်။
ဣတိပိ၊ လည်း။
ဘဂဝါ၊ မူ၏။
[ဘဂဝါတိ-ဟု ဣတိသဒ္ဒါ မလိုသေးဟု ယူဆ၏။]
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
သဒေ၀ကံ၊ အောက်ကာမာဝစရနတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းနှင့်လည်းတကွဖြစ်သော။ [ကျန်အနက်ပေးနည်း များကို ဒုတိယအကြိမ် ရိုက်နှိပ်သော ပထမတွဲ နိဿယ၊ နှာ-၄ဝ၉။ တိကနိပါတ် စာပိုဒ်(၆၄) ဝေနာဂပုရသုတ်၌ကြည့်]
သမာရကံ၊ မာရ်မင်းအမှူးထား ဝသဝတ္တီ ဘုံသား နတ်အပေါင်းနှင့်လည်းတကွဖြစ်သော။
သဗြဟ္မကံ၊ နှစ်ဆယ်သော ဗြဟ္မာ အပေါင်းနှင့်လည်းတကွဖြစ်သော။
ဣမံ လောကံ၊ ဤသြကာသလောကကိုလည်းကောင်း။
သဿမဏဗြာဟ္မဏိံ၊ သမဏဗြာဟ္မဏတို့နှင့်လည်းတကွဖြစ်သော။
ဝါ၊ ဤသာသနာတော်၏ ဆန့်ကျင်ဘက်ရဟန်းပုဏ္ဏား မကောင်းမှုတို့ကို ငြိမ်းစေပြီးသောရဟန္တာ, မကောင်းမှုတို့ကိုပယ်ရှားမျောသွားစေပြီးသော သူတော်ကောင်းတို့နှင့်လည်းတကွဖြစ်သော။
သဒေဝမနုဿံ၊ သမ္မုတိနတ်တည်းဟူသောလူမင်း ထိုလူမင်းနှင့်သမဏဗြာဟ္မဏတို့မှ ကြွင်းကျန်သောလူတို့နှင့်လည်းတကွဖြစ်သော။
ပဇံ၊ သတ္တဝါအပေါင်းကိုလည်းကောင်း။
သယံ၊ ကိုယ်တော်တိုင်။
အဘိညာ (အဘိညာယ)၊ ထူးချွန်လွန်ကဲသော သဗ္ဗညုတဉာဏ်တော်ဖြင့် သိမြင်၍။
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။
ပဝေဒေတိ၊ ဟောကြားသိစေတော်မူ၏။
သော(ဘဂဝါ)၊ သည်။
ဓမ္မံ၊ ပရိယတ်တရားတော်ကို။
အာဒိကလျာဏံ၊ အစပိုင်း၌ကောင်းအောင်လည်းကောင်း။ (လေးပါဒရှိသော ဂါထာ၌ ပဌမပါဒဟူသော အစပိုင်း၌ ကောင်းအောင်လည်းကောင်း)
ပရိယောသာနကလျာဏံ၊ အဆုံးပိုင်း၌ကောင်းအောင်လည်းကောင်း။ (စတုတ္ထပါဒဟူသော အဆုံးပိုင်း၌ကောင်းအောင်လည်းကောင်း)
သာတ္ထံ၊ (သတိပဋ္ဌာန် သမ္မပ္ပဓာန် စသော) အနက်သဘောနှင့်ပြည့်စုံအောင်လည်းကောင်း။
သဗျဉ္ဇနံ၊ (သိထိလ ဓနိတစသော) အက္ခရာနှင့်ပြည့်စုံပီသအောင်လည်းကောင်း။
ကေဝလပရိပုဏ္ဏံ၊ အားလုံးစုံ ထက်ဝန်းကျင် ပြည့်စုံအောင်လည်းကောင်း။
ပရိသုဒ္ဓံ၊ ထက်ဝန်းကျင် စင်ကြယ်အောင်လည်းကောင်း။ (ပစ္စည်းလာဘ်မျိုး မမျှော်ကိုးဘဲ အကျိုးလိုလား မေတ္တာပွားယှဉ် ထက်ဝန်းကျင်စင်ကြယ်အောင်လည်းကောင်း)
ဒေသေတိ၊ ဟောကြားသိစေတော်မူ၏။
(ဧဝံ၊ ဤသို့ အာဒိကလျာဏ စသည်ဖြစ်အောင်။
ဒေသေန္တော စ၊ ဟောကြားတော်မူလျှင်လည်း)
ဗြဟ္မစရိယံ၊ (သိက္ခာသုံးရပ်ဖြင့် သွင်းယူအပ်သော) မြတ်သော အကျင့်ဖြစ်သော သာသနာတော်ကို။
ဝါ၊ မြတ်သော ဘုရားအစရှိသော သူတော်ကောင်းတို့၏သိက္ခာသုံးရပ်သွင်းယူအပ်သော အကျင့်ဖြစ်သော သာသနာတော်ကို။
ပကာသေတိ၊ ထင်ရှားပြတော်မူ၏။
(ဣတိ၊ သို့။
ကိတ္တိ သဒ္ဒေါ၊ သည်။
အဗ္ဘုဂ္ဂတော၊ ပြီ။
ဣတိ၊ သို့။
အဿောသုံ ခေါ၊ ကြားသိကြရကုန်ပြီးသည်သာ)
တထာရူပါနံ၊ ထိုအရှင်ဂေါတမကဲ့သို့သဘောရှိကုန်သော။
အရဟကံ၊ ရဟန္တာပုဂ္ဂိုလ်တို့ကို။
ဒဿနံ၊ ဖူးမြင်ရခြင်းမျှသည်လည်း။
ဝါ၊ ဖူးမြင်ရရုံကလေးသော်မှလည်း။
သာဓု ခေါ ပန၊ ကောင်းလှပေသည်သာ။ (မျက်မှောက် တမလွန် တဖန်ပရမတ် နိဗ္ဗာန်ဓာတ်ဟု သုံးရပ်စီးပွား ချမ်းသာများအောင် ဆောင်နိုင်ပေတတ်ကောင်းမြတ်လှပေသည်သာ)
ဣတိ၊ ဤသို့။
(အဇ္ဈာသယံ၊ အလိုဆန္ဒကို။
ကတွာ၊ ပြု၍)
[အဇ္ဈာသယံ ကတွာကို ဥပသင်္ကမိံသု၊ ၌စပ်။ ဤနေရာ၌ ရေးသင့် သမျှကို ဒုတိယအကြိမ် ရိုက်နှိပ်သော ပထမတွဲ နိဿယ၊ နှာ-၄၀၇ ကြည့်။]
အထ ခေါ၊ ကြားသိကြပြီးရာထိုအခါ၌။
ဣစ္ဆာနင်္ဂလကာ၊ ကုန်သော။
ဗြာဟ္မဏဂဟပတိကာ၊ တို့သည်။
တဿာ ရတ္တိယာ၊ ထိုညဉ့်၏။
အစ္စယေန၊ ကျော်လွန်ရာအခါ၌။
ပဟူတံ၊ များစွာသော။
ခါဒနီယံ၊ ခဲဖွယ်ကိုလည်းကောင်း။
ဘောဇနီယံ၊ စားဖွယ်ဘောဇဉ်ကိုလည်းကောင်း။
အာဒါယ၊ ယူခဲ့ကြကုန်၍။
ယေန၊ အကြင်အရပ်၌။
ဣစ္ဆာနင်္ဂလဝနသဏ္ဍာ၊ ကစ္ဆာနင်္ဂလတောအုပ်သည်။
(အတ္ထိ၊ ရှိ၏)
တေန၊ ထိုဣစ္ဆာနင်္ဂလတောအုပ်ရှိရာအရပ်၌။
ဝါ၊ သို့။
ဥပသင်္ကမိံသု၊ သွားကြကုန်ပြီ။
ဥပသင်္ကမိတွာ၊ သွားကြပြီး၍။
ဗဟိဒွါရကောက၊ တံခါးမုခ်မှ အပြင်အပ၌။ [ဗဟိဒွါရကောဋ္ဌကတိ ဒွါရကောဋ္ဌကတော ဗဟိ၊ အဋ္ဌကနိပါတ် အဋ္ဌကထာ၊ ၂၃၆]
ဥစ္စာသဒ္ဒ မဟာသဒ္ဒါ၊ မြင့်တက်သောအသံ, များပြားကျယ်လောင်သော အသံရှိကုန်လျက်။
အဋ္ဌံသု၊ ရပ်တည်နေကြကုန်ပြီ။
တေနခေါ ပန သမယေန၊ ထိုအခါ၌။ (ပုဏ္ဏားသူကြွယ်တို့ ဣစ္ဆာနင်္ဂလ တောအုပ်သို့ သွားရောက်၍ တံခါးမုခ်အပြင်အပ၌ ရပ်တည်နေကြရာ ထိုအခါ၌)
အာယသ္မာ နာဂိတော၊ အရှင်နာဂိတသည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဥပဋ္ဌာကော၊ လုပ်ကျွေးပြုစုသူသည်။
ဟောတိ၊ ဖြစ်၏။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အာယသန္တိ နာဂိတံ၊ အရှင်နာဂိတကို။
အာမန္တေသိ၊ မေးမြန်းတော်မူပြီ။
(ကိန္တိ၊ အဘယ်သို့။
အာမန္တေသိ၊ မေးမြန်းတော်မူသနည်းဟူမူ)
နာဂိတ၊ နာဂိတ။
မစ္ဆဝိလောပေ၊ ငါးတို့ကို လုယက်သကဲ့သို့ ဝယ်ယူခြင်းကိစ္စ၌။
ဝါ၊ ငါးတို့ကို လုယက်ခြင်းကိစ္စ၌။
ဝါ၊ ငါးလုရာအရပ်၌။
ကေဝဋ္ဋာ မညေ၁။ ကေဝဋာ မညေ မစ္ဆဝိလောပေ။ ။တံငါသည်တို့ ငါးဈေးတောင်းချ၍ ငါးရောင်းသည့်နေရာ၌ လူအများ ဝိုင်းအုံလာကြပြီးလျှင် “ငါ့ကို ဒီငါးပေးပါ၊ ဟိုငါး ပေးပါ၊ သူ့ကိုတော့ အကောင်ကြီးပေးပြီး ငါ့ကိုတော့ အကောင်သေးသေးလေး ပေးတယ်”စသည်ဖြင့် ဆူညံဆူညံ အသံဗလံများဖြင့် အလုအယက် ငါးဝယ်နေကြသည်ကို ရည်ရွယ်၍ “ကေဝဋ္ဌာ မည မစ္ဆဝိလောပေ”ဟု မိန့်တော်မူ၏၊ မစ္ဆာနံ ဝိလောပေါ ဝိလုမ္ဗိတွာ ဝိယ ဂဟဏံ မစ္ဆဝိလောပေါ ငါးတို့ကို လုယက်၍ယူသကဲ့သို့ ဝယ်ယူခြင်း (အလုအယက်ဝယ်ယူခြင်း) ဝါ၊ အလုအယက် ဝယ်ယူရာဌာန။
ထို့အပြင် မြှုံးထောင်၍လည်းကောင်း ကွန်ပစ်၍လည်ကောင်း တံငါသည်တို့ ငါးဖမ်းသောအခါ၌ “ငါးဝင်တယ်ကွာ၊ မဝင်ဘူးကွာမိပြီကွာ၊ မမိဘူးကွာ”စသည်ဖြင့် ငြင်းကြ ခုံကြ ဆူညံနေကြသည်ကို ရည်ရွယ်၍လည်း "ကေဝဋ္ဌာ မညေ မစ္ဆဝိလောပေ” ဟု မိန့်တော်မူ၏။ မစ္ဆာနံ ဝိလောပေါ ဝိလုမ္ဗနံ မစ္ဆဝိလောပေါ၊ ငါးတို့ကို လုယက်ခြင်းဝါ=လုယက်ရာအရပ်။
ဤဒုတိယနည်း၌ ငါးတို့ကို လုယက်သည်ဟု ဆိုသော်လည်း အမှန်တကယ် ငါးတွေကို လုယက်သည်ဟု မဆိုလို၊ “ငါးတွေဝင်ပြီမဝင်ဘူး”စသည်ဖြင့် ငါးနှင့် ပတ်သက်၍ စကားအနိုင်လု ငြင်းခုံပြောဆိုနေကြသည်ကိုပင် မစ္ဆဝိလောပ (ငါးတို့ကို လုယက်ခြင်း)ဟု ဆိုခြင်းဖြစ်သည်။
မစ္ဆဝိလောပေတိ မစ္ဆာနံ (မစ္ဆေ) ဝိလုမ္ဗိတွာ ဝိယ ဂဟဏေ(နယနေ)၊ မစ္ဆာနံ ဝါ ဝိလုမ္ပနေ။ ဤသုတ်ဋီကာနှင့် မဇ္ဈိမပဏ်ဋီကာ၊ ၇၉။ ၊ တံငါ သည်တို့ကဲ့သို့။ ဝါ၊ တံငါသည်တို့နှင့်တကွ များစွာသော လူတို့ကဲ့သို့။ ဥစ္စာသဒ္ဒမဟာသဒ္ဒါ၊ မြင့်တက်သောအသံ များပြားကျယ်လောင်သောအသံရှိသူတို့သည်။ ကေပန၊ အဘယ်သူတို့နည်း။ ဣတိ၊ ဤသို့။ (အာမန္တေသိ၊ မေးမြန်းတော်မူပြီ) (တနည်း) နာဂိတ၊ နာဂိတ။ မစ္ဆဝိလောပေ၊ ၌။ ကေဝဋာ၊ တံငါသည်တို့သည်။ ဝါ၊ တံငါသည်တို့နှင့်တကွများစွာသောလူတို့သည်။ ဥစ္စာသဒ္ဒမဟာသဒ္ဒါ မညေ၊ မြင့်တက်သောအသံ များပြားကျယ်လောင်သောအသံ ရှိကုန်သကဲ့သို့။ (တထာ၊ ထို့အတူ) ဥစ္စာသဒ္ဒမဟာသဒ္ဒါ= မြင့်တက်သောအသံ, များပြားကျယ် လောင်သောအသံ ရှိသူတို့သည်။ ကေ ပန၊ အဘယ်သူတို့ပါနည်း။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။
ထို့အပြင် မြှုံးထောင်၍လည်းကောင်း ကွန်ပစ်၍လည်ကောင်း တံငါသည်တို့ ငါးဖမ်းသောအခါ၌ “ငါးဝင်တယ်ကွာ၊ မဝင်ဘူးကွာမိပြီကွာ၊ မမိဘူးကွာ”စသည်ဖြင့် ငြင်းကြ ခုံကြ ဆူညံနေကြသည်ကို ရည်ရွယ်၍လည်း "ကေဝဋ္ဌာ မညေ မစ္ဆဝိလောပေ” ဟု မိန့်တော်မူ၏။ မစ္ဆာနံ ဝိလောပေါ ဝိလုမ္ဗနံ မစ္ဆဝိလောပေါ၊ ငါးတို့ကို လုယက်ခြင်းဝါ=လုယက်ရာအရပ်။
ဤဒုတိယနည်း၌ ငါးတို့ကို လုယက်သည်ဟု ဆိုသော်လည်း အမှန်တကယ် ငါးတွေကို လုယက်သည်ဟု မဆိုလို၊ “ငါးတွေဝင်ပြီမဝင်ဘူး”စသည်ဖြင့် ငါးနှင့် ပတ်သက်၍ စကားအနိုင်လု ငြင်းခုံပြောဆိုနေကြသည်ကိုပင် မစ္ဆဝိလောပ (ငါးတို့ကို လုယက်ခြင်း)ဟု ဆိုခြင်းဖြစ်သည်။
မစ္ဆဝိလောပေတိ မစ္ဆာနံ (မစ္ဆေ) ဝိလုမ္ဗိတွာ ဝိယ ဂဟဏေ(နယနေ)၊ မစ္ဆာနံ ဝါ ဝိလုမ္ပနေ။ ဤသုတ်ဋီကာနှင့် မဇ္ဈိမပဏ်ဋီကာ၊ ၇၉။ ၊ တံငါ သည်တို့ကဲ့သို့။ ဝါ၊ တံငါသည်တို့နှင့်တကွ များစွာသော လူတို့ကဲ့သို့။ ဥစ္စာသဒ္ဒမဟာသဒ္ဒါ၊ မြင့်တက်သောအသံ များပြားကျယ်လောင်သောအသံရှိသူတို့သည်။ ကေပန၊ အဘယ်သူတို့နည်း။ ဣတိ၊ ဤသို့။ (အာမန္တေသိ၊ မေးမြန်းတော်မူပြီ) (တနည်း) နာဂိတ၊ နာဂိတ။ မစ္ဆဝိလောပေ၊ ၌။ ကေဝဋာ၊ တံငါသည်တို့သည်။ ဝါ၊ တံငါသည်တို့နှင့်တကွများစွာသောလူတို့သည်။ ဥစ္စာသဒ္ဒမဟာသဒ္ဒါ မညေ၊ မြင့်တက်သောအသံ များပြားကျယ်လောင်သောအသံ ရှိကုန်သကဲ့သို့။ (တထာ၊ ထို့အတူ) ဥစ္စာသဒ္ဒမဟာသဒ္ဒါ= မြင့်တက်သောအသံ, များပြားကျယ် လောင်သောအသံ ရှိသူတို့သည်။ ကေ ပန၊ အဘယ်သူတို့ပါနည်း။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။
ဘန္တေ၊ အရှင်ဘုရား။
ဧတေ၊ ထိုသူတို့သည်။ (ထိုမြင့်တက်သော အသံ များပြား ကျယ်လောင်သောအသံ ရှိသူတို့သည်)
ဣစ္ဆာနင်္ဂလကာ၊ ဣစ္ဆာနင်္ဂလရွာသား ဖြစ်ကြကုန်သော။
ဗြာဟ္မဏဂဟပတိကာ၊ ပုဏ္ဏားသူကြွယ်တို့ပါတည်း။
ဘဂဝန္တညေဝ၊ မြတ်စွာဘုရားကိုပင်လည်းကောင်း။
ဘိက္ခုသံင်္ဃဉ္စာ၊ ရဟန်းအပေါင်း ကိုလည်းကောင်း။
ဥဒ္ဒိဿ၊ ရည်မှန်းကြကုန်၍။
ပဟူတံ၊ သော။
ခါဒနီယံ၊ ကိုလည်းကောင်း။
ဘောဇနီယံ၊ လည်းကောင်း။
အာဒါယ၊ ယူခဲ့ကြကုန်၍။
ဗဟိဒွါရ ကောဋ္ဌကေ၊ ၌။
ဌိတာ၊ ရပ်တည်နေကြပါကုန်၏။
ဣတိ (အဝေါစ၊ လျှောက်)
နာဂိတ၊ နာဂိတ။
အဟံ၊ ငါသည်။
ယသေန၊ အခြံအရံအကျော်အစောနှင့်။
(သဒ္ဓိ၊ အတူတကွ)
သမာဂမံ ၁။ သမာဂမံပုဒ်၏ အနက်နှစ်မျိုး။ မာဟံ နာဂိတ ယသေန သမာဂမန္တိ မာ အဟံ ယသေန သမာဂမနံ ပစ္ဆေမိ။ မာ စ မယာ ယသောတိ ယသော စ မယာ မာ သမာဂစ္ဆတူတိ အတ္ထော"ဟူ၍ ဆက္ကနိပါတ်ဋီကာ(၁ဝ၈)ဖွင့်သောကြောင့် သမာဂမပုဒ်ကို “သမာဂမနံ သမာဂမော”ဟု ဘောဟော ကိတ်ပုဒ်ကြံ၍လည်းကောင်း
ပတ္တေမိ-ဟု ပါဌသေသထည့်စွက်၍လည်းကောင်း အနက်ပေးခဲ့သည်။ သို့သော် “ဗုဒ္ဓံ သရဏ မာဂမံ”ဟူသော မဇ္ဈိမပဏ္ဏာသပါဠိ (၃၀၈)စသည်မှ အာဂမံ ဟူသော ပါဠိကဲ့သို့ သမာဂဓံဟုလည်း အာချာတ်ပုဒ် ဖြစ်နိုင်၏၊ “ယသေန၊ နှင့် (သဒ္ဓိ=ကွ) သမာဂမံ=မပေါင်းဆုံလိုပါ”ဟု အနက်ဆိုပါ။ ၊ ပေါင်းဆုံခြင်းကို။ မာ ပစ္ဆေမိ၊ မတောင့်တပါ။ ယသော စ၊ အခြံအရံ အကျော်အစောသည်လည်း။ မယာ၊ ငါနှင့်။ (သဒ္ဓိံ၊ ကွ) မာ သမာဂစ္ဆတု= ပေါင်းဆုံစေသတည်း။
ပတ္တေမိ-ဟု ပါဌသေသထည့်စွက်၍လည်းကောင်း အနက်ပေးခဲ့သည်။ သို့သော် “ဗုဒ္ဓံ သရဏ မာဂမံ”ဟူသော မဇ္ဈိမပဏ္ဏာသပါဠိ (၃၀၈)စသည်မှ အာဂမံ ဟူသော ပါဠိကဲ့သို့ သမာဂဓံဟုလည်း အာချာတ်ပုဒ် ဖြစ်နိုင်၏၊ “ယသေန၊ နှင့် (သဒ္ဓိ=ကွ) သမာဂမံ=မပေါင်းဆုံလိုပါ”ဟု အနက်ဆိုပါ။ ၊ ပေါင်းဆုံခြင်းကို။ မာ ပစ္ဆေမိ၊ မတောင့်တပါ။ ယသော စ၊ အခြံအရံ အကျော်အစောသည်လည်း။ မယာ၊ ငါနှင့်။ (သဒ္ဓိံ၊ ကွ) မာ သမာဂစ္ဆတု= ပေါင်းဆုံစေသတည်း။
နာဂိတ၊ နာဂိတ။
[ယဿာယံ-စသည်သို့သွားအံ့ ]
အဟံ၊ ငါသည်။
ယဿ နေက္ခမ္မသုခသ၊ အကြင်နေက္ခမ္မ ချမ်းသာကိုလည်းကောင်း။
ဝါ၊ အကြင်ကာမမှ ထွက်မြောက်သော ချမ်းသာကိုလည်းကောင်း။
ယဿ ပဝိဝေကသုခဿ၊ အကြင်ပ၀ိဝေက ချမ်းသာကိုလည်းကောင်း။
ဝါ၊ အကြင် အပေါင်းအဖော် ကိလေသာတို့နှင့် ပေါင်းဆုံခြင်းမှ ကင်းရှင်းသော ချမ်းသာကိုလည်းကောင်း။
ယဿ ဥပသမသုခဿ၊ အကြင် ဥပသမချမ်းသာကိုလည်းကောင်း။
ဝါ၊ အကြင်ရာဂစသည်တို့ ကင်းငြိမ်းကြောင်း ချမ်းသာကိုလည်းကောင်း။
ယဿ သမ္ဗောဓသုခဿ၊ အကြင် သမ္ဗောချမ်းသာကို လည်းကောင်း။
ဝါ၊ အကြင် အရိယမဂ်ကို ဖြစ်စေတတ်သောချမ်းသာကိုလည်းကောင်း။
[သမ္ဗောဓသုခန္တိ မဂ္ဂသင်္ခါတဿ သမ္ဗောဓဿ(သစ္စာလေးပါးကို သိတတ်သော တရားကို) နိဗ္ဗတ္တနတ္ထာယ သုခံ။ မဇ္ဈိမပဏ် ဌ၊ ၁၁၉။ “နိဗ္ဗတ္တနတ္ထာယ”၏ နေရာ၌ “နိဋ္ဌပ္ပတ္တတ္ထာယ”ဟု ဤသုတ် အင်္ဂုတ္တိုရ်ဋီကာပါဌ်ရှိ၏ ]
နိကာမလာဘီ၊ အလိုရှိတိုင်း ရနိုင်ခြင်းရှိသည်။
အကိစ္ဆလာဘီ၊ အခက်အခဲမရှိ ရနိုင်ခြင်းရှိသည်။
အကသိရလာဘီ၊ မနည်းမရှား များပြားစွာ ရနိုင်ခြင်းရှိသည်။
(ဟောမိ၊ ဖြစ်၏။)
[ထို့နောက် “ယော ခေါ နယိမဿ”စသည်ကို အနက်ပေးအံ့) ယော၊ အကြင်သူသည်။
ဣမဿ၊ ဤသို့သော။
ဝါ၊ ဤသို့ ငါ့အတွက်အလိုရှိတိုင်းရနိုင် အခက်အခဲမရှိရနိုင် များပြားစွာရနိုင်သော။
နေက္ခမ္မသုခဿ၊ နေက္ခမ္မ ချမ်းသာကိုလည်းကောင်း။
ဝါ၊ ကာမမှ ထွက်မြောက်သော ချမ်းသာကိုလည်းကောင်း။
ပဝိဝေကသုခဿ၊ ကိုလည်းကောင်း။
ဥပသမသုခဿ၊ လည်းကောင်း။
သမ္ဗောဓသုခဿ၊ လည်းကောင်း။
နိကာမလာဘီ၊ သည်။
အကိစ္စလာဘီ၊ သည်။
အကသိရလာဘီ၊ သည်။
န အဿ၊ မဖြစ်ရာ။
သော၊ ထိုသူသည်သာ။ (ငါ့အတွက် အလိုရှိတိုင်း အခက်အခဲမရှိ များပြားစွာရနိုင်သော နေက္ခမ္မသုခ စသည်ကို မရသော ထိုသူသည်သာ)
တံ မီဠှသုခံ၊ ထိုမစင်ပမာ ရွံဖွယ်ရာ ချမ်းသာကိုလည်းကောင်း။
ဝါ၊ မစင်ပမာ ရွံဖွယ်ရာ ကာယကံနှင့် ကိလေသာကိုမှီ၍ဖြစ်သော ချမ်းသာကိုလည်းကောင်း။
တံ မိဒ္ဓသုခံ၊ ထိုအိပ်ခြင်းကြောင့်ဖြစ်သော ချမ်းသာကိုလည်းကောင်း။
တံ လာဘ+သက္ကာရ+သိလောက+သုခံ၊ ထိုပစ္စည်း လာဘ်+ရိုသေသမှု ကောင်းစွာပြုစုခံရခြင်း+ချီးမွမ်းခံရခြင်းကို+ မှီ၍ဖြစ်သော ချမ်းသာကိုလည်းကောင်း။ [ဖြတ်ထားသည်ကိုကြည့်၍ သူ့ပုဒ်နှင့် သူ့အနက် တွဲဖက်ပါလေ]
သာဒိယေယျ၊ သာယာရာ၏။
ဣတိ၊ သို့။
(အဝေါစ၊ မိန့်တော်မူပြီ)
ဘန္တေ၊ မြတ်စွာဘုရား။
ဒါနိ၊ ယခုအခါ၌။
ဘဂဝါ၊ ဘုန်းတော်ကြီးမားမြတ်စွာဘုရားသည်။
အဓိဝါသေတု၊ သည်းခံတော်မူပါ။
သုဂတော၊ ကောင်းသောစကားကို မိန့်ဆိုတော်မူသောမြတ်စွာဘုရားသည်။
အဓိဝါသေတု၊ ပါ။
ဘန္တေ၊ ရား။
ဒါနိ၊ ယခုအခါ၌။
ဝါ၊ ယခုအခါသည်။
ဘဂ၀တော၊ ဘုန်းတော်ကြီးမား မြတ်စွာဘုရား၏။
အဓိဝါသနကာလော၊ သည်းခံတော်မူရာအခါပါတည်း။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဒါနိ၊ ယခုအခါ၌။
ယေန ယေနေဝ၊ အကြင် အကြင်အရပ်၌။
ဝါ၊ သို့။
ဂမိဿတိ၊ ကြွသွားတော်မူလတ္တံ့။
နေဂမာ စေဝ၊ နိဂုံး နေသူလူလည်းဖြစ်ကုန်သော။
ဇာနပဒါစ၊ နယ်ပယ်ဇနပုဒ်နေသူ လူလည်းဖြစ်ကုန်သော။
ဗြာဟ္မဏဂဟပတိကာ၊ ပုဏ္ဏားသူကြွယ်တို့သည်။
ဝါ၊ ပုဏ္ဏားနှင့် အိမ်ရှင်ကုန်သည် လယ်သမား လူလတ်တန်းစားတို့သည်။
တန္နိန္နာဝ၊ ထိုမြတ်စွာဘုရား ကြွသွားတော်မူရာအရပ်သို့ ညွတ်ကိုင်းကုန်လျက်သာလျှင်။
ဝါ၊ ထိုမြတ်စွာဘုရား ကြွသွားတော်မူရာအရပ်သို့ ရှေ့ရှုဦးတည်ကုန်လျက်သာလျှင်။
ဂမိဿန္တိ၊ အစဉ်တစိုက် လိုက်သွားကြကုန်လတ္တံ့။
ဘန္တေ၊ ရား။
ထုလ္လပုသိတကေ၊ ကြီးသောမိုးရေပေါက်ရှိသော။
ဒေဝေ၊ မိုးသည်။
ဝဿန္တေ၊ ရွာသွန်းလသော်။
ယထာနိန္န၊ နိမ့်ရာ နိမ့်ရာအရပ်တိုင်းသို့။
ဥဒကာနိ၊ ရေတို့သည်။
ပဝတ္တန္တိ သေယျထာပိ၊ စီးဆင်းကုန်သကဲ့သို့။
ဘန္တေ၊ ရား။
ဧဝမေဝံ၊ ဤအတူပင်။ပ။
တန္နိန္နာဝ၊ သာလျှင်။
ဂမိဿန္တိ၊ တ္တံ့။
တံ၊ ထိုသို့ အစဉ် တစိုက် လိုက်သွားကြခြင်းသည်။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူ။
ဘန္တေ၊ အရှင်ဘုရား။
ဟိ(ယသ္မာ)၊ အကြင့်ကြောင့်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
သီလပညာဏံ၊ သီလနှင့် ဉာဏ်တော်သည်။
တထာ၊ ထိုသို့ အစဉ်တစိုက် လိုက်သွားကြရလောက်အောင် မြင့်မြတ်လှပါ၏။
ဣတိ၊ ထို့ကြောင့်ပါတည်း။
(ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်ပြီ။)
။ပ။တံ လာဘသက္ကာရသိလောကသုခံ၊ လည်းကောင်း။
သာဒိယေယျ၊ သာယာရာ၏။
နာဂိတ၊ နာဂိတအသိတ+ပီတ+ခါယိတ+သာယိတဿ= စားအပ်သောအစာ+သောက်အပ်သောအစာ+ခဲအပ်သောအစာ+လျက်အပ်သောအစာ၏။
ယော ဥစ္စာရပဿာဝေါ၊ အကြင် ကျင်ကြီးကျင်ငယ်သည်။
(အတ္ထိ၊ ရှိ၏)
ဧသော (ဥစ္စာရပဿာဝေါ)၊ ထိုကျင်ကြီးကျင်ငယ်သည်။
တဿ၊ ထိုစားအပ်သောက်အပ် ခဲအပ် လျက်အပ်သောအစာ၏။
နိဿန္ဒေါ၊ အကျိုးဆက်တည်း။
နာဂိတ၊ နာဂိတ။
ပိယာနံ၊ ချစ်ခင်နေသူတို့၏။
ဝိပရိဏာမညထာဘာဝါ
၁။ ဝိပရိဏာမညထာဘာဝ။ ဝိပရိဏာမ၊ ဖောက်ပြန်ပျက်ယွင်း သေဆုံးခြင်း၊ အညထာဘာဝ=(မိမိရပ်ရွာ၌ နေထိုင်ခြင်းမှ)တပါးသော မနေထိုင်ခြင်း (အခြား တဦး တယောက်နှင့် ထွက်ပြေးခြင်း)ဟူသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊ ဝိပရိဏာ မညထာဘာဝေါတိ ဧတ္ထ မရဏဝသေန ဝိပရိဏာမော ကေနစိ သဒ္ဓိ ပလာယိတွာ ဂမနဝသေန အညထာဘာဝေါ ဝေဒိတဗ္ဗော။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၊ ၂၃၈။
၊ သေဆုံးခြင်း တရပ်တကျေးသို့ ထွက်ပြေးခြင်းကြောင့်။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ ပူဆွေးဝမ်းနည်းခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းထန်စွာပင်ပန်းခြင်းတို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်တတ်ကုန်၏။
ဧသော၊ ထိုပူဆွေးဝမ်းနည်းခြင်း ငိုကြွေးခြင်း ကိုယ်စိတ်ဆင်းရဲခြင်း ပြင်းထန်စွာ ပင်ပန်းခြင်းသည်။
တဿ၊ ထိုချစ်ခင်ခြင်း၏။
နိဿန္ဒေါ၊ အကျိုးတည်း။
နာဂိတ၊ တ။
အသုဘနိမိတ္တာနုယောဂံ၊ အသုဘကမ္မဋ္ဌာန်းကို ထပ်တလဲလဲ အားထုတ်မှု ဝီရိယကို။
အနုယုတ္တဿ၊ ထပ်တလဲလဲ အားထုတ်သောပုဂ္ဂိုလ်မှာ။
သုဘနိမိတ္တေ၊ သုဘနိမိတ်၌။
ဝါ၊ ရာဂ၏ အကြောင်းဖြစ်သော တင့်တယ်သော ဣဋ္ဌာရုံ၌။ [အသုဘနိမိတ္တပုဒ်နှင့် သုဘနိမိတ္တပုဒ်တို့၏ အသေးစိတ် ရှင်းလင်း ချက်ကို ဧကကနိပါတ် စာပိုဒ်-၁၁၊ ၁၆၊ ၁၇-တို့၌ကြည့်]
ပါဋိကုလျတာ၊ စက်ဆုပ်ဖွယ်၏အဖြစ်သည်။
ဝါ၊ စက်ဆုပ်ဖွယ်သဘောသည်။
သဏ္ဌာတိ၊ ကောင်းစွာတည်၏။
ဧသော၊ ထိုစက်ဆုပ်ဖွယ်အဖြစ်၏ ကောင်းစွာတည်ခြင်းသည်။
တဿ၊ ထိုအသုဘကမ္မဋ္ဌာန်းကို အထပ်ထပ်အားထုတ်မှုဝီရိယ၏။
နိဿန္ဒော၊ တည်း။
နာဂိတ၊ တ။
ဆသု၊ ၆ပါးကုန်သော။
ဖဿာယတနေသု၊ စက္ခုသမ္ဖဿစသည်တို့၏ အကြောင်းဖြစ်သော စက္ခုစသော အာယတနတို့၌။
[အာယတန၊ အကြောင်းဖြစ်သော စက္ခုစသည်] အနိစ္စာနုပဿိနော= မမြဲဟုအဖန်ဖန်ရှုလျက်။
ဝိဟရတော၊ နေသောပုဂ္ဂိုလ်၏။
ဝါ၊ ပုဂ္ဂိုလ်မှာ။
ဖဿ၊ (စက္ခု သမ္ဖဿစသော) ဖဿ၌။
ပါဠိကုလျတာ၊ သည်။
သဏ္ဌာတိ၊ ၏။
ဧသော၊ ဤစက်ဆုပ်ဖွယ်အဖြစ်၏ ကောင်းစွာတည်ခြင်းသည်။
တဿ၊ ထိုအနိစ္စဟုအဖန်ဖန်ရှုခြင်း၏။
နိဿန္ဒော၊ တည်း။
နာဂိတ၊ တ။
ပဉ္စသု၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါန်တို့၏ အာရုံဖြစ်သော ရုပ်နာမ်ခန္ဓာတို့၌။
ဥဒယဗ္ဗယာ နုပဿိနော၊ အဖြစ်အပျက်ကို အဖန်ဖန် ရှုလျက်။
ဝိဟရတော၊ နေသောပုဂ္ဂိုလ်မှာ။
ဥပါဒါနေ၊ ဥပါဒါန်တရား၌။ပ။
ဧသော၊ ထိုဥပါဒါန်တရား၌ စက်ဆုပ်ဖွယ်အဖြစ်၏ ကောင်းစွာတည်ခြင်းသည်။
တဿ၊ ထိုဥပါဒါနက္ခန္ဓာတို့၌ အဖြစ်အပျက်ကို အဖန်ဖန်ရှုခြင်း၏။
နိဿန္နော၊ တည်း။
ဣတိ၊ ဤသို့။ (အဝေါစ= မိန့်တော်မူပြီ။)
ဒသမံ၊ ဆယ်ခုမြောက်သုတ်တည်း။
တတိယော၊ သုံးခုမြောက်သော။
ပဉ္စင်္ဂိကဝဂ္ဂေါ၊ ပဉ္စင်္ဂိကဝဂ်တည်း။