Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Pañcakanipātapāḷi
Pañcakanipātapāḷi

9. Sīhasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

၉၉။ ဘိက္ခဝေ၊ တို့။ မိဂရာဇာ၊ သားကောင်တို့၏ဘုရင်မင်းဖြစ်သော။ သီဟော၊ ကေသရခြင်္သေ့သည်။ ဝါ၊ လည်ဆံမွေးရှိသောခြင်္သေ့သည်။ သာယနှသမယံ၊ ညနေချမ်းအခါ၌။ အာသယာ၊ (ရွှေဂျူစသော)နေရာဌာနမှ။ နိက္ခမတိ၊ ထွက်၏။
အာသယာ၊ မှ။ နိက္ခမိတွာ၊ ထွက်ခဲ့ပြီး၍။ ဝိဇမ္ဘတိ၊ ကွန့်မြူးစံပယ်၏။ ဝါ၊ ကိုယ်ဟန်ပြ၏။
ဝိဇမ္ဘိတွာ၊ ကွန့်မြူးစံပယ်ပြီး၍။ ဝါ၊ ကိုယ်ဟန်ပြပြီး၍။ သမန္တာ၊ ပတ်ပတ်လည်၌။ စတုဒ္ဒိသံ၊ အရပ်လေးမျက်နှာကို။ အနုဝိလောကေတီ၊ စောင့်ငဲ့လှည့်ကာကြည့်၏။ပ။
အနုဝိလောကေတွာ၊ စောင့်ငဲ့လှည့်ကာကြည့်ပြီး၍။ တိက္ခတ္တုံ၊ သုံးကြိမ်။ သီဟနာဒံ၊ ခြင်္သေ့ဟောက်ခြင်းကို။ နဒတိ၊ ဟောက်၏။ပ။
နဒိတွာ၊ ဟောက်ပြီး၍။ ဂေါစရာယ၊ အစာအကျိုးငှာ။ ပက္ကမတိ၊ ထွက်ခွာသွား၏။
သော၊ ထိုခြင်္သေ့သည်။ ဟတ္ထိဿ၊ ဆင်အား။ ပဟာရံ၊ ရိုက်နှက်ကိုက်ခဲခြင်းကို။ စေ ဒေတိ၊ အကယ်၍ပေးငြားအံ့။ (ဧဝံ သတိပိ၊ ဤသို့ပေးသည်ဖြစ်လျှင်လည်း) သက္ကစ္စံ ဧဝ၊ ဂရုစိုက်၍သာလျှင်။ ဝါ၊ မလွဲချော်စေမူ၍သာလျှင်။ ပဟာရံ၊ ကို။ ဒေတိ၊ ၏။ အသက္ကစ္စံ၊ ဂရုမစိုက်မူ၍။ ပဟာရံ၊ ကို။ နော ဒေတိ၊ ပေးသည်မဟုတ်။
မဟိံသဿ၊ ကျွဲအား။ပ။
ဂဝဿ၊ နွားအား။ပ။
ဒီပိဿ၊ သစ်သား။ပ။
ခုဒ္ဒကာနံ၊ သေးငယ်ကုန်သော။ ပါဏာနံ၊ သတ္တဝါတို့အား။ အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။ သသဗိဠာရာနမ္ပိ၊ ယုံ ကြောင်တို့အားသော်မှလည်း။ ပဟာရံ၊ ကို။ ဒေတိ၊ အကယ်၍ပေးငြားအံ့။ (ဧဝံ သတိပိ၊ လည်း) သက္ကစ္စံ ဧဝ၊ လျှင်။ ပဟာရံ၊ ကို။ ဒေတိ၊ ၏။ အသက္ကစ္စံ၊ ၍။ ပဟာရံ၊ ကို။ နော ဒေတိ၊ ပေးသည်မဟုတ်။
တံ၊ ထိုသို့ဂရုတစိုက်ရိုက်နှက်ကိုက်ခဲခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူ။
မေ၊ ငါ၏။ ယောဂ္ဂပထော၁။ ယောဂ္ဂ ပ ထော။ ။ဤသုတ်အဋ္ဌကထာ၌ ယောဂ္ဂပထောကို “ကတယောဂ္ဂပထော”ဟုသာ ဖွင့်၏ယောဂ္ဂသဒ္ဒါ, ပထသဒ္ဒါတို့သည် မည်သည့် အနက် ဟောကြသည်ဟု သိသာထင်ရှားအောင် မဖွင့်ပြဤနေရာနှင့် ထပ်တူဖြစ်သော ဝေရဉ္စကဏ္ဍ ပါရာဇိကဏ်အဋ္ဌကထာ၌ “ယထာ ဟိ သီဟော မိဂရာဇာ'ပ။ ခုဒ္ဒက ဝါ 'မဟန္တေ ဝါ ပါဏေ ဧကသဒိသေနေဝ ဝေန ဓာဝတိတံ ကိဿ ဟေတု? မာ မေ ဇဝါ ပရိဟာယီကိ”ဟူ၍ ဥပမာပြထားရာ၌ “ဝေဂ, ဇဝ၊ အရှိန်အဟုန်”ဟု သုံးနှုန်းထား၏၊ ထို့ကြော ့ ဤသုတ်အင်္ဂုတ္တိုရ်ပါဠိတော်၌ ယောဂ္ဂသဒ္ဒါသည် ထိုဝေဂ,ဇဝသဒ္ဒါတို့နှင့် အနက်တူ ပရိယာယ်သဒ္ဒါ ဖြစ်သင့်၏၊ ယောဇနီယန္တိ ယောဂုံ= အားထုတ်အပ်သော ဝီရိယ အရှိန်အဟုန်။ ပထ=လမ်းကြောင်းလမ်းစဉ်။ ယောဂ္ဂဿ ပထော ယောဂ္ဂပထော။ နေရာ၌ လမ်းကြောင်း(လမ်းစဉ်)ဟူသည် လုပ်ရိုးလုပ်စဉ် ထုံးတမ်းစဉ်လာဟုပင် ဆိုလိုသည်ဖြစ်ရကား အားထုတ်ပြုလုပ်အပ်သော လုံ့လဝီရိယ အရှိန်အဟုန်၏ အစဉ်အလာကို ယောဂ္ဂပထဟု ဆိုလို၏။
တနည်း-မြားပစ်လေ့ကျင့်မှုနှင့်စပ်၍ “အကတဟတ္ထော အကတယောဂေါ အကတူပါသနော”ဟူ၍ ဟောတော်မူအပ်သော သဂါထာဝဂ္ဂသံယုတ်ပါဠိတော်(၉၉)၏ အဋ္ဌကထာ (ပ-၁၅၂)၌ “အကတယောဂေါတိ တိဏပုဥ္စမတ္တိကာပုဉ္စာဒိသု အကတပရိစယော”ဟူ၍ ယောဂ္ဂသဒ္ဒါ၏ အလေ့အကျက်ဟူသော ပရိစယအနက်ကို ပြထား၏၊ ဤသုတ်အင်္ဂုတ္တိုရ်၌လည်း ထိုပရိစယအနက်ကိုယူ၍ “ယောဂ္ဂပထော၊ အားထုတ်ပြုလုပ်အပ်သော အလေ့အကျက် အစဉ်အလာလမ်းကြောင်းသည်ဟုလည်း အနက်ဆိုနိုင်၏၊ ဤကား အလားတူ အခြားနေရာများကို ထောက်ဆ၍ ဖြစ်သင့်သော အနက်ကို ရှာကြံရခြင်းတည်း။
သို့သော် ဤသုတ်အဋ္ဌကထာ၌ ယောဂ္ဂသဒ္ဒါ၏ အနက်ကို အထူးတလည် မဖွင့်သည်ကို ထောက်လျှင်ကား ထိုယောဂ္ဂသဒ္ဒါ၏ အနက်မှာ မကြာမကြာ တွေ့နေ ရ၍ ပေါ်လွင်ထင်ရှားလွယ်ကူသောအနက် တခုခုသာ ဖြစ်သင့်၏ထိုအနက်မှာ တခြားမဟုတ်ယာနဉ္စ ဝါဟနံ ယောဂ္ဂံ၊ သဗ္ဗဟတ္ထုာဒိဝါဟနေ”ဟူသော အဘိဓာန် ဂါထာ (၃၇၅)နှင့်အညီ ယာနသဒ္ဒါ၏ ယာဉ်၊ ရထားဆင်ယဉ် မြင်းယာဉ် စသော အနက်ပင်တည်း၊ ထို့ကြောင့် “ယောဂ္ဂပထ၊ ယာဉ်သွားလမ်းကြောင်းဟူ၍ နိဿယခန်း ၌ အနက်ပြန်ဆိုလိုက်ခြင်း ဖြစ်၏ထိုယာဉ်သွားလမ်းကြောင်းဟူသည်လည်း တခြား မဟုတ်ပြဆိုခဲ့ပြီးသော ဝေဂ ဇဝ ပရိစယတို့ပင် ဖြစ်၏ထို့ကြောင့် နိဿယခန်း၌ ပြန်ဆိုထားသော အနက်နှစ်မျိုးမှာ အဓိပ္ပာယ်အတူတူပင် ဖြစ်ပါသည်
၊ ပြုလုပ်အပ်သောယာဉ်သွားလမ်းကြောင်းသည်။ ဝါ၊ အားထုတ်အပ်သောဝီရိယအရှိန်အဟုန်၏လမ်းကြောင်းသည်။ မာ နဿ၊ မပျက်စီးစေသတည်း။ ဣတိ၊ ဤသို့ယောဂ္ဂပထမပျက်စေလိုသောကြောင့်ပေတည်း။
ဘိက္ခဝေ၊ တို့။ သီဟောတိ ဧတံ၊ ခြင်္သေ့ဟူသောဤနာမည်သည်။ [တထာဂတဿ+ဧတံ] အရဟတော၊ ကိလေသာတို့မှဝေးကွာတော်မူသော။ ဝါ၊ လူနတ်ဗြဟ္မာသတ္တဝါတို့၏ရှိခိုးဦးခိုက်အပူဇော်ခံယူတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ အမှားမပါ,မှန်စွာပိုင်နိုင်,ကိုယ်တိုင်စထွင်,ကုန်စင်ခပင်း,ကျန်ကြွင်းမရှိသိမြင်တော်မူသော။ တထာဂတဿ၊ မြတ်စွာဘုရား၏။ အဓိဝစနံ၊ နာမည်တည်း။
ဘိက္ခဝေ၊ တို့။ တထာဂတော၊ မြတ်စွာဘုရားသည်။ ပရိသာယ၊ ပရိသတ်အား။ ဓမ္မံ၊ တရားကို။ ယံ ဒေသေတိ၊ အကြင်ဟောတော်မူ၏။ ဣဒံ၊ ဤသို့တရားဟောတော်မူခြင်းသည်။ အဿ၊ ထိုမြတ်စွာဘုရား၏။ သီဟနာဒသ္မိံ၊ ခြင်္သေ့ဟောက်ခြင်းမည်သည်။ ဟောတိ၊ ဖြစ်၏။ [သီဟနာဒသ္မိံ၌သို့ဝိဘတ်ကို ပဌမာအနက်၌သက်ပါ]
ဘိက္ခဝေ၊ တို့။ တထာဂတော၊ သည်။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဓမ္မံ၊ တရားကို။ စေ ဒေသေတိ၊ အကယ်၍ဟောငြားအံ့။ (ဧဝံ သတိပိ၊ ဤသို့ဟောသည်ဖြစ်လျှင်လည်း) တထာဂတော၊ သည်။ သက္ကစ္စညေ၀၊ ရိုသေလေးစားဂရုထား၍သာလျှင်။ ဓမ္မံ၊ ကို။ ဒေသတိ၊ ဟောကြားတော်မူ၏။ အသက္ကစ္စံ၊ မလေးမစားဂရုမထားမူ၍။ နော ဒေသေတိ၊ ဟောကြားတော်မူသည်မဟုတ်။
ဘိက္ခဝေ၊ တို့။ တထာဂတော၊ သည်။ ဘိက္ခုနီနံ၊ ရဟန်းမတို့အား။ပ။
ဥပါသကာနံ၊ သီတင်းသည်ဒါယကာတို့အား။ပ။
ဥပါသိကာနံ၊ သီတင်းသည်ဒါယိကာမတို့အား။ပ။
ဘိက္ခဝေ၊ တို့။ တထာဂတော၊ သည်။ ပုထုဇ္ဇနာနံ၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့အား။ အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။ အန္နဘာရနေသာဒါနမ္ပိ၊ သူတောင်းစားနှင့်ငှက်မုဆိုးတို့အားသော်မှလည်း။ [အန္နကို ယဝဘတ္တ(မယောထမင်း)ဟု အဋ္ဌကထာဖွင့်၏။ အန္နံ ဘာရောဧတေသန္တိအန္နဘာရာ၊ မယောထမင်း(အစားအစာ)ဟူသောတာဝန်ရှိနေသူများအစားအစာအတွက်တာဝန်တက်ဒုက္ခရောက်နေသူများ၊ တောင်းစားနေရသူများ] ဓမ္မံ၊ ကို။ စေ ဒေသတိ၊ အံ့။ (ဧဝံ သတိမ္ပိ၊ လည်း) သက္ကစ္စညေဝ၊ လျှင်။ တထာဂတော၊ သည်။ ဓမ္မံ၊ ကို။ ဒေသေတိ၊ ၏။ အသက္ကစ္စံ၊ ၍။ နော ဒေသေတိ၊ ဟုတ်။
တံ၊ ထိုသို့ရိုသေလေးစားဂရုထား၍ဟောတော်မူခြင်းသည်။ ကိဿ ဟေတု၊ ဟူမူ။
ဘိက္ခဝေ၊ တို့။ တထာဂတော၊ သည်။ ဓမ္မဂရု၊ တရားဟူသောအလေးဂရုပြုဖွယ်ရှိတော်မူ၏။ ဓမ္မဂါရဝေါ၊ တရားတော်၌ရိုသေလေးစားခြင်းရှိတော်မူ၏။ ဣတိ၊ ထို့ကြောင့်ပေတည်း။ (ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူပြီ)
နဝမံ။