**၁၁၈(စာပိုဒ်)။ ၈-မိစ္ဆာဒိဋ္ဌိကသုတ်**။ ။မိစ္ဆာဒိဋ္ဌိကာ စ၊ မှားယွင်းသောအယူအဆရှိသည်လည်း။
ဝါ၊ မှားယွင်းစွာ ရှုမြင်တတ်သောသဘောရှိသည်လည်း။
ဟောတိ၊ ၏။
မိစ္ဆာသင်္ကပ္ပါ စ၊ မှားယွင်းသောအကြံအစည်ရှိသည်လည်း။
ဝါ၊ မှားယွင်းစွာကြံစည်တတ်သောသဘောရှိသည်လည်း။
ဟောတိ၊ ၏။ပ။
သမ္မာဒိဋ္ဌိကာ စ၊ မှန်ကန်သောဉာဏ်အမြင်ရှိသည်လည်း။
ဝါ၊ မှန်ကန်စွာသိမြင်သောဉာဏ်အမြင်ရှိသည်လည်း။
ဟောတိ၊ ၏။
သမ္မာသင်္ကပ္ပါ၊ အမှန်ကန်သောအကြံအစည်ရှိသည်လည်း။
ဟောတိ။ပ။
အဋ္ဌမံ။