Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Pañcakanipātapāḷi
Pañcakanipātapāḷi

7. Asappurisadānasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

၁၄၇။ ဘိက္ခဝေ၊ တို့။ အသပ္ပုရိသဒါနာနိ၊ သူတော်ကောင်းမဟုတ်သူတို့၏ပေးလှူခြင်းတို့သည်။ ဣမာနိ ပဉ္စ၊ ဤငါးမျိုးတို့တည်း။
ပဉ္စ၊ ငါးမျိုးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
အသက္ကစ္စံ၊ လှူဖွယ်ဝတ္ထုကိုကောင်းမွန်သန့်ရှင်းအပြစ်ကင်းအောင်မပြုလုပ်မူ၍။ ဝါ၊ အလှူခံပုဂ္ဂိုလ်ကိုရိုသေသမှုကောင်းစွာမပြုစုမူ၍။ [နဝကနိပါတ်ဋီကာ၊ ၂၈၇ (စာပိုဒ်-၂၀) အဖွင့်အတိုင်း အနက်နှစ်မျိုးခွဲသည်] ဒေတိ၊ ပေးလှူ၏။ အစိတ္တီကတွာ**၁။ အစိတ္တီကတွာ ဒေတိ**။ ။ဋီကာ၌ “အစိတ္တီကတွာတိ န စိတ္တေ ကတွာ န ပူဇေတွာတိ အတ္တောဟု လည်းကောင်း, ဒီမဟာဝဂ္ဂဋီကာ (၃၄၊ ၃၅)၌ “စိတ္တေ ကတ္တဗ္ဗတာယ စိတ္တီကတီ”ဟု လည်းကောင်းဖွင့်၏၊ သဒ္ဒနီတိသုတ် (၁၃၃၈)၌လည်း ““စိတ္တေ ကတံ စိတ္တီကတံ” ဟု ဝစနတ္ထပြု၏၊ အလယ်၌ ဤအက္ခရာလာသည်၊ အဘူတတမ္ဘာ၀ စီပစ္စည်း(ဤပစ္စည်း)မဟုတ်] ထို့ကြောင့် “စိတ္တိကတွာ၊ စိတ်၌ ပြု၍၊ ဝါ=စိတ်၌ထား၍၊ ဝါ=ပူဇော်၍၊ အစိတ္တီကတွာ=စိတ်၌မပြုမူ၍၊ ဝါ=စိတ်၌ မထားမူ၍ဝါ=မပူဇော်မူ၍”ဟု အကျဉ်းချုပ်အနက် ပြန်ဆိုပါ၊ စိတ္တီကတွာ=စိတ်၌ ပြု၍၊ စိတ်၌ ထား၍ ဟူသည် “လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို စိတ်၏အပြင်ဘက်သို့ မထုတ်ဘဲ လေးလေးစားစား စိတ်ထဲ၌ ထားသည်၊ ပူဇော်သည်'' ဟု ဆိုလိုသည်။
**အကျယ်ဖွင့်အနက်**။ ။စိတ္တီကတွာ၊ အဆီသြဇာအရသာရှိအောင် မွန်မွန်မြတ်မြတ် ပြုလုပ်ခြင်းအားဖြင့် လှူဖွယ်ဝတ္ထု၌ လေးစားသမှုစိတ်၌ပြု၍၊ ဝါ=ပုဂ္ဂိုလ်ကို ရွေးချယ် စိစစ်၍ လှူဒါန်းခြင်းအားဖြင့် အလှူခံပုဂ္ဂိုလ်တို့၌ လေးစားသမှု စိတ်၌ပြု၍။ အစိတ္တီ ကတွာ=အဆီသြဇာအရသာရှိအောင် မွန်မွန်မြတ်မြတ် မပြုလုပ်ခြင်းအားဖြင့် လှူဖွယ်ဝတ္ထု၌ လေးစားသမှု စိတ်၌မပြုမူ၍၊ ဝါ=ပုဂ္ဂိုလ်ကို မရွေးချယ် မစိစစ်ဘဲ လှူဒါန်းခြင်း အားဖြင့် အလှူခံပုဂ္ဂိုလ်တို့၌ လေးစားသမှု စိတ်၌မပြုမူ၍” ဤသို့ အဋ္ဌကထာဖွင့် အတိုင်း လှူဖွယ်ဝတ္ထု၌ လေးလေးစားစားပြုပုံ (မပြုပုံ)နှင့် အလှူခံပုဂ္ဂိုလ်တို့၌ လေးလေးစားစားပြုပုံ(မပြုပုံ) အဓိပ္ပာယ်ပေါ်လွင်အောင် အနက်နှစ်မျိုးခွဲ၍ ပြန်ဆိုနိုင်၏။ ထို့နောက် “စိတ္တံ ဝါ အစ္ဆရိယံ ကတွာ ပဋိပတ္တိ သမ္ဘာဝနကိရိယာဟုလည်း ဋီကာ ဖွင့်သေး၏၊ ထိုနည်း၌ စိတ္တသဒ္ဒါ အစ္ဆရိယအနက်ဟောကြံပါ။
၊ (လှူဖွယ်ဝတ္ထုနှင့်အလှူခံပုဂ္ဂိုလ်တို့၌) လေးစားသမှုစိတ်၌မပြုမူ၍။ ဝါ၊ ချီးမွမ်းအံ့သြဖွယ်ဖြစ်အောင်မပြုလုပ်မူ၍။ ဒေတိ၊ ၏။ အသဟတ္ထာ၊ မိမိ၏လက်မဟုတ်ဘဲသူတပါးလက်ဖြင့်။ ဝါ၊ ကိုယ်တိုင်မဟုတ်ဘဲသူတပါးကိုစေခိုင်းခြင်းဖြင့်။ ဒေဟိ၊ ၏။ အပဝိဒ္ဓံ ၁။ အပဝိဒံ ဒေတိ။ ။အပဝိဇ္ဇာ ဆိဇ္ဇတေတိ အပ၀ိဒ္ဓံ၊ ပြတ်စဲသော (လစ်ဟင်း သော) အလှူဒါန၊ (အဆက်မပြတ် မလှူဒါန်းဘဲ ပြတ်တောင်း ပြတ်တောင်း ပေးလှူခြင်း) တနည်း-အပဝိဇ္ဈာ ဆရီယတေတိ အပ၀ိဒ္ဓံ=စွန့်ပစ်အပ်သော (စွန့်ပစ် စရာ) ပစ္စည်းဝတ္ထု။ အနပဝိဒ္ဓံ=စွန့်ပစ်စရာမဟုတ်သော ပစ္စည်းဝတ္ထု။နိဿယခန်း၌ ပဌမဝစနတ္ထအတိုင်း “အပ၀ိဒ္ဓံ=ပြတ်တောင်း ပြတ်တောင်း ပေးလှူခြင်းကို၊ (ကဘွာ =ပြု၍)”ဟု ကတွာပုဒ်ထည့်၍လည်း အနက်ဆိုနိုင်၏။ ၊ ပြတ်တောင်းပြတ်တောင်း။ (အဆက်မပြတ်တသမတ်တည်းမဟုတ်ဘဲပြတ်တောင်းပြတ်တောင်း) ဝါ၊ စွန့်ပစ်လိုသကဲ့သို့။ ဒေတိ၊ ၏။ [တနည်း-အပဝိဒ္ဓံ၊ စားကြွင်းစားကျန်ပမာစွန့်ပစ်စရာ ပစ္စည်းဝတ္ထုကို။ (ကတွာ၊ ပြု၍) ဒေတိ၊ ၏။] အနာဂမနဒိဋ္ဌိကော ၂။ အနာဂမနဒိဋ္ဌိကော ဒေတိ။ ။အာဂစ္ဆတိ ဖလံ ယတော ဒါနတော(ယေန ဝါ ဒါနေနာ) တိ အာဂမနံ၊ အကျိုးတရား လာရောက်ရာ(လာရောက်ကြောင်း) အလှူ ဒါန (ဒါနစေတနာ)အာဂမနန္တိ ဒိဋ္ဌိ ယဿာတိ အာဂမနဒိဋ္ဌိကော=အကျိုးတရား လာရောက်ကြောင်း (ရရှိကြောင်း)အလှူဒါနဟု သိမြင်ယုံကြည်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိ ရှိသူ၊ (တနည်း) အာဂစ္ဆယတေ အာဂမနံ=အကျိုးတရားလာရောက်ခြင်း၊ အာဂမနေ ဒိဋ္ဌိ ယဿာတိ အာဂမနဒိဋ္ဌိကော=အကျိုးတရားလာရောက်ခြင်း(ရရှိခြင်း)၌ သိမြင်ယုံကြည်သော ကမ္မဿကတာသမ္မာဒိဋ္ဌိရှိသူ။ ၊ ဒါန၏အကျိုးတရားရောက်လာလိမ့်မည်ဟုသိမြင်ယုံကြည်သောအမြင်မှန်ဉာဏ်မရှိဘဲ။ [ကံနှင့်ကံအကျိုးကို ယုံကြည်သော ကမ္မဿကတာဒိဋ္ဌိမရှိဘဲဟူလို] ဒေတိ၊ ၏။ပ။
ဘိက္ခဝေ၊ တို့။ သပ္ပုရိသဒါနာနိ၊ သူတော်ကောင်းတို့၏ပေးလှူခြင်းတို့သည်။ ဣမာနိ ပဉ္စ၊ တည်း။ပ။
သက္ကစ္စံ၊ လှူဖွယ်ဝတ္ထုကိုကောင်းမွန်သန့်ရှင်းအပြစ်ကင်းအောင်ပြုလုပ်၍။ ဝါ၊ အလှူခံပုဂ္ဂိုလ်ကိုရိုသေသမှုကောင်းစွာပြု၍။ ဒေတိ၊ ၏။ စိတ္တီကတွာ၊ (လှူဖွယ်ဝတ္ထုနှင့်အလှူခံပုဂ္ဂိုလ်တို့၌) လေးစားသမှူစိတ်၌ပြု၍။ ဝါ၊ ချီးမွမ်းအံ့သြဖွယ်ဖြစ်အောင်ပြုလုပ်၍။ ဒေတိ၊ ၏။ သဟတ္ထာ၊ မိမိ၏လက်ဖြင့်။ ဝါ၊ ကိုယ်တိုင်။ ဒေတိ၊ ၏။ အနပ၀ိဒ္ဓံ၊ အဆတ်မပြတ်တသမတ်တည်း။ ဝါ၊ စားကြွင်းစားကျန်ပမာ စွန့်ပစ်စရာပစ္စည်းဝတ္ထု မပြုလုပ်မူ၍။ ဝါ၊ စွန့်ပစ်လိုသကဲ့သို့မဟုတ်ဘဲ ရှိသေလေးစားစွာ။ ဒေတိ၊ ၏။ အာဂမနဒိဋ္ဌိကော၊ ဒါန၏အကျိုးတရားရောက်လာလိမ့်မည်ဟုသိမြင်ယုံကြည်သောအမြင်မှန်ဉာဏ်ရှိသည်။ (ဟုတွာ၊ ဖြစ်၍) ဒေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ သပ္ပုရိသဒါနာနိ၊ တို့သည်။ ဣမာနိပဉ္စ၊ တည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)
သတ္တမံ။