Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Pañcakanipātapāḷi
Pañcakanipātapāḷi

2. Kūṭasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ပဉ္စန္နံ၊ ငါးမျိုးကုန်သော။ ဣမေသံ သေခဗလာနံ၊ ဤသေခဗိုလ်တိုတွင်။ ဝါ၊ ဤသေက္ခပုဂ္ဂိုလ်ခုနစ်ဦးတို့၏ မလှုပ်မယိုင် ခိုင်မြဲသော စွမ်းအားတို့တွင်။
ယဒိဒံ ပညာဗလံ၊ အကြင်ပညာဗိုလ်သည်။ ဝါ၊ အကြင်ပညာ ဟူသော စွမ်းအားသည်။ (အတ္ထိ၊ ရှိ၏) ဧတံ၊ ဤပညာဗိုလ်သည်။ ဝါ၊ ဤပညာ စွမ်းအားသည်။ အဂ္ဂံ၊ အမြတ်ဆုံးတည်း။ ဧတံ၊ သည်။ သင်္ဂါဟိကံ၊ ကြွင်းကျန်သော ဗိုလ်လေးပါးတို့ကို သိမ်းယူတတ်၏။ ဧတံ၊ သည်။ သင်္ဃာတနိယံ**၁။ သင်္ဃာတနိယံ**။ ။ဤပုဒ်၏ ပဋ္ဌမအနက်မှာ အဋ္ဌကထာဖွင့်သည်အတိုင်း တိုက်ရိုက်ပြန်ဆိုထားအပ်သော အနက်ဖြစ်သည်၊ "သံ+ဟန+ဟ" ဖြင့် သင်္ဃာတနဟု ဖြစ်ပြီးနောက် တဒ္ဓိတ်ဣယပစ္စည်းသက်၍ သင်္ဃာတနိယ ဟုရုပ်ပြီး၏၊ သေသဗလာနိ သင်္ဃာတနာနိ သံဟတာနိ ကရောတီတိ သင်္ဃာတနိယံ(ပညာဗလံ)၊ ကြွင်းကျန်သော ဗိုလ်လေးပါးတို့ကို ပေါင်းစုအပ်သည်တို့ကို ပြုတတ်သော ပညာဗိုလ်။
ဂေါပါနသိယော သင်္ဃာတနာယော ကရောတီတိ သင်္ဃာတနိယံ(ကူဋံ)၊ အခြင်ရနယ်တို့ကို ပေါင်းစုအပ်သည်တို့ကို ပြုတတ်" ဟူသော စကားသည် "ပေါင်းစုတတ်" ဟူသောစကားနှင့် အဓိပ္ပာယ်အတူတူပင် ဖြစ်သောကြောင့် တိုတိုကျဉ်းကျဉ်း ဒုတိယအနက်ကိုလည်း ရေးသားထားသည်။
၊ ကြွင်းကျန်သော ဗိုလ်လေးပါးတို့ကို ပေါင်းစုအပ်သည်တို့ကို ပြုတတ်၏။ ဝါ၊ ကြွင်းကျန် သော ဗိုလ်လေးပါးတို့ကို ပေါင်းစုတတ်၏။
ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ဥပမာပြရလျှင်ကား။ ကူဋာဂါရဿ၊ အထွတ်တပ်ဆင်ထားအပ်သော အိမ်ကျောင်းတွင်။ [ဧတံ အဂ္ဂံ စသည်၌စပ်] ယဒိဒံ ကူဋံ၊ အကြင်အထွတ်သည်။ (အတ္ထိ၊ ရှိ၏) တံ၊ ဤအထွတ်သည်။ အဂ္ဂံ၊ အမြတ်ဆုံးတည်း။ ဧတံ၊ ဤအထွတ်သည်။ သင်္ဂါဟိကံ၊ အခြင်ရနယ်တို့ကို သိမ်းယူတတ်၏။ ဧတံ၊ သည်။ သင်္ဃာတနိယံ၊ အခြင်ရနယ်တို့ကို ပေါင်းစုအပ် သည်တို့ကို ပြုတတ်၏။ ဝါ၊ အခြင်ရနယ်တို့ကို ပေါင်းစုတတ်၏။
ဘိက္ခဝေ၊ တို့။ ဧဝမေဝံ ခေါ၊ ဤအတူပင်။ပ။ [တသ္မာတိဟ-စသည်ကို စာပိုဒ်(၁)သုတ် အတိုင်း အနက်ဆိုပါ]
ဣတိ(အဝေါစ)ဒုတိယံ။