Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Pañcakanipātapāḷi
Pañcakanipātapāḷi

9. Paṭhamasekhasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

၈၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဉ္စ၊ ငါးပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ သေခဿ၊ သေက္ခဖြစ်သော။ ဝါ၊ သိက္ခာသုံးပါးတို့ကိုဖြည့်ကျင့်ဆဲဖြစ်သော။ ဘိက္ခုနော၊ ရဟန်း၏ ပရိဟာနာယ၊ အထက်ဂုဏ်တို့မှဆုတ်ယုတ်ခြင်းငှာ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ပဉ္စ၊ ငါးပါးသောတရားတို့ဟူသည်။ ကတမေ၊ အဘယ်တို့နည်းဟူမူ။
ကမ္မာရာမတာ၊ အသစ်တိုးချဲ့ပြုလုပ်ဖွယ်လုပ်ငန်းကိစ္စဟူသောပျော်မွေ့ဖွယ်ရှိသူ၏အဖြစ်လည်းကောင်း။ [ဆက္ကနိပါတ်စာပိုဒ်(၁၄) ဘဒ္ဒကသုတ်(ဤစာအုပ် စာမျက်နှာ-၄၃၈)လည်းကြည့်]။ ဝါ၊ လုပ်ငန်းကိစ္စအသစ်တိုးချဲ့ပြုလုပ်ခြင်း၌ပျော်မွေ့ခြင်းလည်းကောင်း။ ဘဿာရာမတာ၊ စကားပြောဆိုခြင်းဟူသောပျော်မွေ့ဖွယ်ရှိသူ၏အဖြစ်လည်းကောင်း။ ဝါ၊ စကားပြောခြင်း၌ပျော်မွေ့ခြင်းလည်းကောင်း။ နိဒ္ဒါရာမတာ၊ အိပ်ခြင်းဟူသောပျော်မွေ့ဖွယ်ရှိသူ၏အဖြစ်လည်းကောင်း။ ဝါ၊ အိပ်ခြင်း၌ပျော်မွေ့ခြင်းလည်းကောင်း။ သင်္ဂတိ ကာရာမတာ၊ အပေါင်းအဖော်တို့နှင့်ပေါင်းစုနေထိုင်ခြင်းဟူသောပျော်မွေ့ဖွယ်ရှိသူ၏အဖြစ်လည်းကောင်း။ ဝါ၊ အပေါင်းအဖော်တို့နှင့်ပေါင်းစုနေထိုင်ခြင်း၌ပျော်မွေ့ခြင်းလည်းကောင်း။ ယထာဝိမုတ္တံ၊ ကိလေသာတို့မှလွတ်မြောက်ခဲ့,လွတ်မြောက်ခဲ့သမျှသော။ စိတ္တံ၊ စိတ်ကို။ ယံ န ပစ္စဝေက္ခတိ၊ အကြင်မဆင်ခြင်။ ဝါ၊ အကြင်ဆင်ခြင်၍အထက်ဂုဏ်ထူးတို့ကိုရခြင်းငှာအားမထုတ်။ (သာ အပစ္စဝေက္ခဏာ၊ ထို မဆင်ခြင်ခြင်းလည်းကောင်းတည်း)
ဘိက္ခဝေ၊ တို့။ ပဉ္စ၊ ကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ပ။ အပရိဟာနာယ၊ အထက်ဂုဏ်တို့မှမဆုတ်ယုတ်ခြင်းငှာ။ပ။
နကမ္မာရာမတာ၊ အသစ်တို့ချဲ့ပြုလုပ်ဖွယ်လုပ်ငန်းကိစ္စဟူသောပျော်မွေ့ဖွယ်ရှိသူမဟုတ်သည်၏အဖြစ်လည်းကောင်း။ န ဘဿာရာမတာ၊ စကားပြောခြင်းဟူသောပျော်မွေ့ဖွယ်ရှိသူမဟုတ်သည်၏အဖြစ်သည်လည်းကောင်း။ပ။ ယထာဝိမုတ္တံ၊ သော။ စိတ္တံ၊ ကို။ ယံ ပစ္စဝေက္ခတိ၊ အကြင်ဆင်ခြင်၏။ ဝါ၊ အကြင်ဆင်ခြင်၍အထက်ဂုဏ်ထူးတို့ကိုရခြင်းငှာအားထုတ်၏။ (သာ ပစ္စဝေက္ခဏာ၊ ထိုဆင်ခြင်ခြင်းလည်းကောင်း။ ဝါ၊ ထိုဆင်ခြင်၍အထက်ဂုဏ်ထူးတို့ကိုရအောင်အားထုတ်ခြင်းလည်းကောင်းတည်း)။ပ။
နဝမံ။