၂၃။ ဘိက္ခဝေ၊ တို့။
ဇာတရူပဿ၊ ရွှေ၏။
ဥပက္ကိလေသာ၊ (ညစ်နွမ်းကြောင်း ဖြစ်သော) အညစ်အကြေးတို့သည်။
ဣမေ ပဉ္စ၊ ဤငါးမျိုးတို့ပေတည်း။
ယေဟိ ဥပက္ကိလေသေဟိ၊ ယင်းအညစ်အကြေးတို့ဖြင့်။
ဥပက္ကိလိင္ငံ၊ ညစ်နွမ်းနေသော။
ဇာတရူပံ၊ ရွှေသည်။
န စေဝ မုဒု၊ မနူးညံ့ မပျော့ပျောင်းသည်လည်းကောင်း။
န စ ကမ္မနိယံ၊ ထုနှက်ခြင်းအမှု၌ မသင့်လျော် မခိုင်ခံ့သည်လည်းကောင်း။
စ ပဘဿရံ၊ တလက်လက်ထွက်သော အရောင်မရှိသည်လည်းကောင်း။
ပဘဂုံ စ၊ ကျိုးပဲ့ပျက်စီးတတ်သည်လည်းကောင်း။
ဟောတိ၊ ဖြစ်၏။
ကမ္မာယ၊ အဆင်တန်ဆာ ပြုလုပ်ခြင်းအမှုသို့လည်း။
သမ္မာ၊ ကောင်းစွာ။
န ဥပေတိ၊ မရောက်။
(တနည်း)ဘိက္ခဝေ၊ တို့။
ယေဟိ ဥပက္ကိလေသေဟိ၊ အကြင်အညစ် အကြေးတို့ဖြင့်။
ဥပတ္တိလိဋ္ဌံ၊ ညစ်နွမ်းနေသော။
ဇာတရူပံ၊ ရွှေသည်။
န စေဝ မုဒု၊ လည်းကောင်း။ပ။
န ဥပေတိ၊ မရောက်။
ဇာတရူပဿ၊ ရွှေ၏။
တေ ဥပက္ကိလေသာ၊ ထိုအညစ်အကြေးတို့သည်။
ဣမေ ပဉ္စ၊ ဤငါးမျိုးတို့ပေတည်း။ ဤသို့လည်း အနက်ဆိုလိုက ဆိုပါ။
ပဉ္စ၊ ငါးမျိုးသော အညစ်အကြေးတို့ဟူသည်။
ကတမေ၊ အဘယ်တို့နည်း ဟူမူ။
အယော၊ သံလည်းကောင်း။
ဝါ၊ မည်းနက်သော သတ္တုလည်းကောင်း။
လောဟံ၊ ကြေးလည်းကောင်း။
ဝါ၊ အယ, တိပု, သီသ, သဇ္ဈတို့မှ ကြွင်းသော သတ္တုမျိုးလည်းကောင်း။
တိပု၊ သလွဲဖြူလည်းကောင်း။
ဝါ၊ ခဲမဖြူလည်းကောင်း။
ဝါ၊ ဗင်လည်းကောင်း။
သီသံ၊ သလွဲမည်းလည်းကောင်း။
ဝါ၊ ခဲလည်းကောင်း။
သဇံ၊ ငွေလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဇာတရူပဿ၊ ၏။
ဥပက္ကိလေသာ၊ တို့သည်။
ဣမေ ပဉ္စ၊ တည်း။ပ။
ဘိက္ခဝေ၊ တို့။
စခေါ၊ ထိုသို့ မဟုတ်မူ၍။
ယတော၊ အကြင်အခါ၌။
ဇာတရူပံ၊ ရွှေသည်။
ပဉ္စဟိ၊ ငါးမျိုးကုန်သော။
ဣမေဟိ ဥပက္ကိလေသေဟိ၊ ဤအညစ်အကြေးတို့မှ။
ဝိမုတ္တံ၊ ကင်းလွတ်သည်။
ဟောတိ၊ ဖြစ်၏(တတော= ထိုအခါ၌)
တံ ဇာတရူပံ၊ ထိုရွှေသည်။
မုဒုစ၊ နူးညံ့သည်လည်းကောင်း။
ကမ္မနိယဉ္စ၊ ထုနှက်ခြင်းအမှုလုပ်ငန်း၌သင့်လျော်ခိုင်ခံ့သည်လည်းကောင်း။
ပဘဿရဉ္စ၊ တလက်လက်ထွက်သော အရောင်ရှိသည်လည်းကောင်း။
န စ ပဘင်္ဂု၊ မကျိုးပဲ့ မပျက်စီးသည်လည်းကောင်း။
ဟောတိ၊ ၏။
ကမ္မာယ၊ အဆင်တန်ဆာပြုလုပ်ခြင်းအမှုသို့။
ဥပေတိ၊ ရောက်၏။
စ၊ ထို့အပြင်။
ယဿာ ယဿာ ပိဋဒ္ဓနဝိကတိယာ၊ အကြင်အကြင် တန်ဆာ အထူးအကျိုးငှာ။
အာကင်္ခတိ၊ အလိုရှိအံ့။
ယဒိ မုဒိကာယ၊ လက်စွပ် အကျိုးငှာလည်းကောင်း။
ယဒိ ကုဏ္ဍလာယ၊ နားတောင်းအကျိုးငှာလည်းကောင်း။
ယဒိ ဂီဝေယျကာယ၊ လည်ဆွဲတန်ဆာအကျိုးငှာလည်းကောင်း။
ယဒိ သုဝဏ္ဏ မာလာယ၊ ရွှေပန်းကုံးအကျိုးငှာလည်းကောင်း။
အာကင်္ခတိ၊ အံ့။
တဿ၊ ထိုရွှေ၏။
တဉ္စအတ္ထံ၊ ထိုတန်ဆာအထူးဟူသော အကျိုးသို့လည်း။ (သုဝဏ္ဏကာရော”ရွှေ ပန်းတိမ်ဆရာသည်)
အနုဘောတိ၊ ဆိုက်ရောက်၏။ [ဒုတိယအကြိမ် ရိုက်နှိပ် သော ပထမတွဲ နိဿယ၊ နှာ-၅၅၀။ တိကနိပါတ်စာပိုဒ် (၁၀၂) ပံသုဓောပက သုတ်လည်းကြည့်]
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ဤအတူပင်။
စိတ္တဿ၊ စိတ်၏။ (စာတုဘူမက ကုသိုလ်စိတ်၏။
ဝါ၊ ကာမ, ရူပ, အရူပ, လောကုတ္တရာဟူသော ဘုံအဆင့် လေးမျိုး၌ဖြစ်သော ကုသိုလ်စိတ်၏)
ဥပက္ကိလေသာ၊ (ညစ်နွမ်းကြောင်းဖြစ်သောအညစ်အကြေးတို့သည်။
ဣမေ ပဉ္စ၊ ဤငါးမျိုးတို့တည်း။ပ။
စိတ္တံ၊ စိတ်သည်။
န စေ၀ မုဒု၊ သည်လည်းကောင်း။
န စ ကမ္မနိယံ၊ ဒါန, သီလ, ဘာဝနာ ဟူသော) ကောင်းသောအမှုလုပ်ငန်း၌ မသင့်လျော် မခိုင်ခံ့သည်လည်းကောင်း။
န စ ပဘဿရံ၊ သည်လည်းကောင်း။
ပဘဂုံစ၊ အာရုံ၌ ပျံ့နှံ့လွင့်ပါး ပျက်ပြား တတ်သည်လည်းကောင်း။
ဟောတိ၊ ဖြစ်၏။ (စိတ္တံ= စိတ်သည်)
အာသဝါနံ၊ အာသဝတရားတို့၏။
ခယာယ၊ ကုန်ကြောင်းကုန်ရာ အရဟတ္တဖိုလ်အကျိုးငှာ။
သမ္မာ၊ အကြောင်းမှန် နည်းလမ်းမှန်အားဖြင့်။
န စ သမာဓိယတိ၊ အာရုံ၌လည်း ကောင်းစွာ မတည်တံ့းပ။
ကာမစ္ဆန္နော၊ ကာစ္ဆန္ဒနီဝရဏလည်းကောင်း။
ဝါ၊ ကာမဂုဏ်အာရုံတို့၌ လိုချင်တတ်သော တဏှာရာဂလည်းကောင်း။
ဗျာပါဒေါ၊ ဗျာပါဒနီဝရဏလည်းကောင်း။
ဝါ၊ စိတ်၏ဖောက်ပြန်ခြင်းသို့ ရောက်ကြောင်း ဒေါသလည်းကောင်း။
ထိနမိဒ္ဓံ၊ ထိနမိဒ္ဓနီဝရဏလည်းကောင်း။
ဝါ၊ စိတ်နာမကျန်း မရွှင်လန်းဘဲ ပျင်းရိ လေးတွဲခြင်းသဘောနှင့် စေတသိက် နာမကျန်း မရွှင်လန်းခြင်း အိပ်ငိုက်စေခြင်း သဘောလည်းကောင်း။
ဥဒ္ဓစ္စ ကုက္ကုစ္စံ၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏလည်းကောင်း။
ဝါ၊ စိတ်ပျံ့လွင့်ခြင်းသဘောနှင့် နောင်တတဖန် ပူပန်ခြင်းသဘောလည်းကောင်း။
ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာနီဝရဏလည်းကောင်းတည်း။
ဝါ၊ ရတနာသုံးဖြာ အကျင့်သိက္ခာ စသည်တို့၌ သို့လော သို့လော တွေးတောယုံမှားခြင်းသဘောလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
စိတ္တဿ၊ ၏။
ဥပက္ကိလေသာ၊ တို့သည်။
ဣမေ ပဉ္စ၊ တည်း။ပ။
ဘိက္ခဝေ၊ တို့။
စါ၊ ထိုသို့မဟုတ်မူ၍။
ယတော၊ အကြင်အခါ၌။
စိတ္တံ၊ စိတ်သည်။ပ။
ဝိမုတ္တံ၊ သည်။
ဟောတိ၊ ၏။ (တတော= ထိုအခါ၌)
တံ စိတ္တံ၊ ထိုစိတ်သည်။
မုဒု စ၊ နူးညံ့သည်လည်းကောင်း။
ကမ္မနိယဉ္စ၊ (ဒါနသီလဘာဝနာဟူသော) ကောင်းသောအမှုကိစ္စ၌ သင့်လျော်ခိုင်ခံ့သည်လည်းကောင်း။
ပဘဿရဉ္စ၊ လည်းကောင်း။
န စ ပဘင်္ဂု၊ အာရုံ၌ ပျံ့လွင့်မသွား မပျက်ပြား တတ်သည်လည်းကောင်း။
ဟောတိ၊ ၏။ (တံစိတ္တံ= သည်)
အာသဝါနံ၊ တို့၏။
ခယာယ၊ ငှာ။
သမ္မာ၊ အကြောင်းမှန် နည်းမှန်အားဖြင့်။
သမာဓိယတိ၊ အာရုံ၌ ကောင်းစွာတည်တံ့၏။
စ၊ ထိုမှတပါး။
["ယဿ ယဿ စ၌ စ"၌ စသဒ္ဒါကို အနက်ပေးသည်၊ ထို့နောက် "အဘိညာသစ္ဆိကိရိယာယ”ဟူသော တဒတ္ထသမ္ပဒါန်ပုဒ်ကို ရှေးဦးစွာ အနက်ပေးမည်]
အဘိညာ(အဘိညာယ)၊ ထူးကဲစွာသိ၍။
ဝါ၊ ဣဒ္ဓိဝိဓ အစရှိသော ထူးကဲသောဉာဏ်ဖြင့်။
သစ္ဆိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှာ။
အဘိညာ(အဘိညာယ)၊ ထူးကဲစွာသိ၍။
ဝါ၊ ဣဒ္ဓိဝိဓ စသော ထူးကဲသော ဉာဏ်ဖြင့်။
သစ္ဆိကရဏီယဿ၊ မျက်မှောက်ပြုထိုက်သော။
ယဿ ယဿ ဓမ္မဿာ၊ အကြင်အကြင်တရားသို့။ (အကြင် အကြင်တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း အစ ရှိသော တရားသဘောသို့)
စိတ္တံ၊ စိတ်ကို။
အဘိနိန္နာမေတိ၊ ရှေ့ရှုညွတ်စေ၏။
အာယတနေ၊ အကြောင်းတရားသည်။
(ရှေးဘဝက အဘိညာဉ်ရခြင်းငှာ အလွန် အကဲ အားထုတ်ခဲ့ဖူးခြင်းဟူသောအကြောင်းနှင့် ယခုဘဝ၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသောအကြောင်းတရား သည်)
သတိ သတိ၊ ရှိလသော် ရှိလသော်။
ဝါ၊ ရှိတိုင်းရှိတိုင်း။
တတြ တတြ ဧ၀၊ ထိုထို မျက်မှောက် ပြုထိုက်သော သဘောတရား၌ပင်(ထိုထိုမျက်မှောက် ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသော သဘောတရား၌ပင်)
သက္ရွိ ဘဗ္ဗတံ၊ ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့။
ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း စသည်သို့။
ပါပုဏာတိ၊ ရောက်၏။ [ဤနေရာ၌ ရေးသင့်သမျှအားလုံးကို တိကနိပါတ်စာပိုဒ်(၁၀၂) ပံသုဓောဝကသုတ် (ဒုတိယ အကြိမ် ရိုက်နှိပ်သောပထမတွဲ နိဿယစာမျက်နှာ-၅၅၃။ ၅၅၄)၌ ရေးခဲ့ပြီ]
သော၊ ထိုရဟန်းသည်။
ဝါ၊ ထိုပုဂ္ဂိုလ်သည်။
သစေ အာကင်္ခတိ၊ အကယ်၍ အလိုရှိအံ့။
(ကိန္တိ၊ အဘယ်သို့။
အာကင်္ခတိ၊ အလိုရှိသနည်းဟူမူ။
အဟံ၊ ငါသည်)
အနေကဝိဟိတံ၊ များသောအပြားရှိသော။
ဣဒ္ဓိဝိဓံ၊ တန်ခိုးအဖို့ကို။
ဝါ၊ တန်ခိုးအမျိုးအစားကို။
ပစ္စနုဘဝေယျံ၊ ခံစားသုံးစွဲလို၏။
ဝါ၊ ကိုယ်တွေ့ ထိရောက် မျက်မှောက်ပြုလို၏။
ဧကော၊ ပုဂ္ဂိုလ်တယောက်တည်းသည်။
ဟုတွာပိ၊ ဖြစ်၍လည်း။
ဝါ၊ ဖြစ်ပါလျက်လည်း။
ဗဟုဓာ၊ ရာထောင်စသား ပုဂ္ဂိုလ် များပြားလာသည်အသံဖြစ်လို၏။
ဗဟုဓာ၊ သည်။
ဟုတွာပိ၊ ဖြစ်ပြီး၍လည်း။
ဝါ၊ ဖြစ်ပြီးမှလည်း။
ဧကော၊ ပုဂ္ဂိုလ်တယောက်တည်းသည်။
အဿံ၊ ဖြစ်လို၏။
အာဝိဘာဝံ၊ အထင်အရှားမြင်သာသည် အဖြစ်ကို။
(ကရေယျံ၊ ပြုလို၏)
တိရောဘာဝံ၊ ကွယ်ပျောက်သည်အဖြစ်ကို။
(ကရေယျံ၊ ပြုလို၏)
တိရောကုဋ္ဋံ၊ နံရံ၏ တဖက်သို့လည်းကောင်း။
တိရောပါကာရံ၊ တံတိုင်း၏ တဖက်သို့လည်းကောင်း။
တိရောပဗ္ဗတံ၊ တောင်၏ တဖက်သို့ လည်းကောင်း။
သေယျထာပိ အာကာသေ၊ ကောင်းကင်၌ကဲ့သို့။
အသဇ္ဇမာနော၊ ငြိတွယ် မနေဘဲ။
ဂစ္ဆေယျံ၊ သွားလို၏။
ပထဝိယာပိ၊ မြေ၌လည်း။
သေယျထာပိ ဥဒကေ၊ ရေ၌ကဲ့သို့။
ဥမ္မုဇ္ဇံ+နိမုဇ္ဇံ၊ ပေါ်ခြင်း+ငုတ်ခြင်းကို။
ကရေယျံ၊ ပြုလို၏။
သေယျ ထာပိ ပထဝိယံ၊ မြေပြင်၌ကဲ့သို့။
ဥဒကေပိ၊ ရေပြင်၌လည်း။
အဘိဇ္ဇမာနေ၁။ အဘိဇ္ဇမာနော-ဟူသော ပဌမာဝိဘတန္တပါဌ်စိစစ်ချက်။ ။ဤသုတ် ပါဠိတော်၌ “အဘိဇ္ဇမာနော”ဟု ပဌမာဝိဘတ်ဖြင့် ပါဌ်ရှိ၏၊ သို့သော် “ယထာ မနုဿာ ပကတိယာ အနိဒ္ဓိမန္တော အဘိဇ္ဇမာနာယ ပထဝိယာ ဂစ္ဆန္တိ၊ ဧဝမေဝံ သော ဣဒ္ဓိမာ စေတောဝသိပ္ပတ္တော အဘိဇ္ဇမာနေ ဥဒကေ ဂစ္ဆတိ၊ သေယျထာပိ ပထဝိယံ" ဟူသော ပဋိသမ္ဘိဒါမဂ် ပါဠိတော်(၃၈၆)၌ ကဲ့သို့ ဥဒကေနှင့် အနက်ဒြပ်တူ ဝိဘက်တူ တုလျာဓိကရဏ ဝိသေသနအဖြစ်ဖြင့် “အဘိဇ္ဇမာနေ”ဟု သတ္တမီဝိဘတ်ဖြင့်သာ ရှိသင့်၏။
အကယ်၍ အဟံ(သောဘိက္ခု) စသော ပဌမာ ကတ္တားနှင့် အနက်ဒြပ်တူပြု၍ ပဌမာဝိဘတ်ဖြင့် ထားလျှင်လည်း “အဘိဇ္ဇမာနော”ဟု အကမ္မကဒိဝါဒိရုပ်ဖြင့် မထား နိုင်ရကား “အဘိန္ဒမာနော”ဟု သကမ္မကရုဓာဒိရုပ် ပြောင်းလဲ၍ထားရတော့မည်ဖြစ်၏၊ ထိုကဲ့သို့လည်း ပြောင်းလဲနေဖွယ် မလိုသောကြောင့် ရှိရင်းဝါကျ၌ အဘိဇ္ဇမာနောဟု ပဌမာဝိဘတ်ဖြင့် ပါဌ်ပျက်နေခြင်းသာ ဖြစ်၏။ ၊ မကွဲမပျက်အောင်။
ဂစ္ဆေယျ၊ သွားလို၏။ [ကျွံနစ်ဝင်သွားခြင်းမရှိသဖြင့် မကွဲ မပျက်အောင် သွားနိုင်၏ဟူလို]
အာကာသေပိ၊ ကောင်းကင်၌လည်း။
ပလ္လင်္ကေန၊ တင်ပျဉ်ဖွဲ့ ခွေထိုင်နေခြင်းဖြင့်။
ပက္ခီ၊ အတောင်ရှိသော။
သကုဏော သေယျထာပိ၊ ငှက်ကဲ့သို့။
ကမေယျံ၊ သွားလို၏။
ဧဝံမဟိဒ္ဓိကေ၊ ဤသို့ ကြီးသောတန်ခိုး ရှိကုန်သော။
ဧဝံ မဟာနုဘာဝေ၊ ဤသို့ ကြီးသောအစွမ်း အာနုဘော်ရှိကုန်သော။
ဣမေပိ စန္ဒိမ သူရိယေ၊ ဤလနေတို့ကိုပင်လည်း။
ပါဏိနာ၊ လက်ဖြင့်။
ပရာမ သေယျ၊ သုံးသပ်လို၏။
ပရိမဇ္ဇေယျံ၊ ပွတ်တိုက်လို၏။
ယာဝ ဗြဟ္မလောကာပိ၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း။
ကာယေန၊ ကိုယ်ဖြင့်။
ဝသံ၊ မိမိအလိုသို့။
ဝတ္တေယျ၊ လိုက်စေလို၏။
ဣတိ၊ ဤသို့(သေစေ အာကင်္ခတိ= အံ့။
ဧဝံ သတိ၊ ဤသို့ အလိုရှိသည်ဖြစ်လသော်)
အာယတနေ၊ အကြောင်းတရားသည်(ရှေးဘဝ... ပါဒကဈာန်ဟူသော အကြောင်းတရား သည်)
သတိ သတိ၊ ရှိလသော် ရှိလသော်။
ဝါ၊ ရှိတိုင်း ရှိတိုင်း။
တကြ တတြ ဧ၀၊ ထိုထိုမျက်မှောက်ပြုထိုက်သောတရား၌ပင်။ (ထိုထိုမျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းသဘောတရား၌ပင်လျှင်)
သန္ဓေဘဗ္ဗတံ၊ ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏အဖြစ်သို့။
ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုးဖန်ဆင်းခြင်းသို့ ဤနေရာ၌ကား ဖန်ဆင်းခြင်း စသည်သို့"ဟု (စသည်)မထည့်ရ။
ပါပုဏာတိ၊ ရောက်၏။
သော၊ သည်။ပ။
သစေ အာကင်္ခတိ၊ အံ့။
(ကိန္တိ၊ သို့။
အာကဓံတိ၊ ဟူမူ အဟံငါသည်)။
ဒိဗ္ဗာယ၊ နတ်၌ဖြစ်သော ပသာဒသောတနှင့်တူသော။
ဝိသုဒ္ဓါယ၊ နီဝရဏစသော အညစ်အကြေးကင်းဝေးစင်ကြယ်သော။
အဘိက္ကန္တမာနသိကာယ၊ လူတို့ဥစ္စာဖြစ်သော မံသသောတကို ကျော်လွန်သော။
ဝါ၊ ရိုးရိုးလူတို့ နားထက် သာလွန်၍ နတ်တို့အသံနှင့် ဝေးကွာလှစွာ သိမ်မွေ့စွာသော အသံကိုကြားစွမ်းနိုင်သော။
သောတဓာတုယာ၊ အဘိညာဉ် နားဓာတ်သဘောဖြင့်။ (အသံကိုလည်း ကြားနိုင်၍ သတ္တဇီဝလည်း မဟုတ်သော ဓာတ်သဘောဖြစ်သော အဘိညာဉ်ဖြင့်)
ဒိဗ္ဗစ၊ နတ်တို့အသံလည်း ဖြစ်ကုန်သော။
မာနုသေ စ၊ လူတို့အသံလည်း ဖြစ်ကုန်သော။
ဥဘော၊ နှစ်မျိုးကုန်သော။
သဒ္ဒေ၊ အသံတို့ကို။
သုဏေယျ၊ ကြားလို၏။
ဒူရေ၊ အဝေး၌။ (အခြားစကြဝဠာအထိ ဝေးလှစွာသောအရပ်က)
ယေ သဒ္ဒါ စ၊ အကြင်အသံတို့သည်လည်းကောင်း။
သန္တိကေ၊ အနီး၌။ (မိမိခန္ဓာကိုယ် အထိ နီးနီးကပ်ကပ်အရပ်က)
ယေ သဒ္ဒါ စ၊ အကြင်(ပိုးကောင်ငယ် စသည်တို့၏ သေးငယ် သိမ်မွေ့လှသော)အသံတို့သည် လည်းကောင်း
(သန္တိ၊ ရှိကုန်၏။
ဥဘော၊ နှစ်မျိုးကုန်သော။
တေ သဒ္ဒေ၊ ထိုအသံတို့ကို။
သုဏေယျံ၊ ကြားလို၏)
ဣတိ၊ ဤသို့။
(သစေ အာကင်္ခတိ၊ အံ့။
ဧဝံ သတိ၊ သော်)
အာယတနေ၊ အကြောင်းတရားသည်။
(ရှေးဘဝ....ပါဒကဈာန်ဟူသော အကြောင်းတရားသည်)
သတိ သတိ၊ သော်။
ဝါ၊ တိုင်း။
တတြ တတြေ၀၊ ထိုထိုမျက်မှောက် ပြုထိုက် သော တရား၌ပင်လျှင်။ (ထိုထိုမျက်မှောက်ပြုထိုက်သော နတ်တို့အသံနှင့် ပေးနီး အသံ အမျိုးမျိုး ကြားရခြင်း သဘောတရား၌ပင်လျှင်)
သက္ခိဘဗ္ဗတံ၊ ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့။
ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ ဒိဗ္ဗသဒ္ဒစသော အသံအမျိုးမျိုး ကြားရခြင်းသို့။
ပါပုဏာတိ၊ ၏။
သော၊ သည်။
သစေ အာကင်္ခတိ၊ အံ့။
(ကိန္တိ၊ သို့။
အာကင်္ခတိ၊ မူ။
အဟံ၊ သည်)
ပရသတ္တာနံ၊ ငါမှတပါး တခြားသော သတ္တဝါတို့၏။
ပရပုဂ္ဂလာနံ၊ ငါမှတပါး တခြားသောပုဂ္ဂိုလ်တို့၏။
စေတော၊ စိတ်ကို။
စေတသာ၊ ငါ၏ စိတ်ဖြင့်။
ပရိစ္စ၊ ခွဲခြား၍။
ပဇာနေယျံ၊ (သရာဂစသည်ဖြင့်) အမျိုးမျိုး အစားစား သိလို၏။
သရာဂံ၊ ရာဂနှင့် အတူတကွဖြစ်သော။
စိတ္တံ ဝါ၊ စိတ်ကိုလည်း။
[တရားကိုယ်ဖော်၍ ရေးထားသော အနက်ကိုကား ယခင်တိကနိပါတ်စာပိုဒ် (၁၀၂)ပံသုဓောဝကသုတ်(ဒု-အကြိမ်ရိုက် ပထမတွဲ နိဿယနှာ-၅၅၆)ကြည့်]
သရာဂံ၊ သော။
စိတ္တန္တိ၊ စိတ်ဟူ၍။
ပဇာနေယျ၊ ခွဲခြားသိလို၏။
ဝီတရာဂံ၊ ကင်းသော ရာဂရှိသော။
စိတ္တံ ဝါ၊ စိတ်ကိုလည်း။
ဝီတရာဂံ၊ သော။
စိတ္တန္တိ၊ စိတ်ဟူ၍။
ပဇာနေယျံ၊ ခွဲခြားသိလို၏။
သဒေါသံ၊ ဒေါသနှင့်အတူတကွ ဖြစ်သော။
စိတ္တံ ဝါ၊ စိတ်ကိုလည်း။
သဒေါသံ၊ သော။
စိတ္တန္တိ၊ ၍။
ပဇာနေယျံ၊ ၏။
ဝီတ ဒေါသံ၊ သော။
စိတ္တံ ဝါ၊ ကိုလည်း။ပ။
သမောဟံ၊ မောဟနှင့်သာ အတူတကွဖြစ်သော။
ဝါ၊ မောဟနှင့် အတူ တကွသာ ဖြစ်သော။
စိတ္တံ ဝါ။ပ။
ဝီတမောဟံ၊ ကင်းသောမောဟရှိသော။ပ။
သံခိတ္တံ၊ အာရုံ၌ တွန့်ဆုတ်ကျုံ့ဝင်သော။
ဝါ၊ တွန့်ဆုတ်ပျင်းရိသော။ပ။
ဝိက္ခိတ္တံ၊ ပျံ့လွင့်ပြေးသွားသော။
ဝါ၊ အထူးထူးသောအာရုံ၌ ပစ်လွှင့်အပ်သော။ပ။
မဟဂ္ဂတံ၊ မဟဂ္ဂုတ်ဖြစ်သော။
ဝါ၊ မြင့်မြတ်သည်အဖြစ်သို့ရောက်သော။
ဝါ၊ ကြီးမြတ်သောဆန္ဒဝီရိယစိတ်ပညာရှိသောပုဂ္ဂိုလ်မြတ်တို့ကျင့်ကြံသွားရောက်အပ်သော။ပ။
အမဟဂ္ဂတံ၊ မဟဂ္ဂုတ်မဟုတ်သော။ပ။
သဥတ္တရံ၊ မိမိထက် သာလွန်သော စိတ်နှင့် တကွဖြစ်သော။ပ။
အနုတ္တရံ၊ မိမိထက် သာလွန်သောစိတ် မရှိသော။ပ။
သမာဟိတံ၊ ဥပစာရ အပ္ပနာ နှစ်ဖြာသောသမာဓိတို့သည် ကောင်းစွာ အာရုံ၌ထားအပ်သော။
ဝါ၊ တည်ကြည်သော။ပ။
အသမာဟိတံ၊ ဥပစာရအပ္ပနာ နှစ်ဖြာသောသမာဓိတို့သည်ကောင်းစွာအာရုံ၌ မထားအပ်သော။ ဝါ= မတည် ကြည်သော။ပ။
ဝိမုတ္တံ၊ လွတ်မြောက်သော။ပ။
အဝိမုတ္တံ၊ မလွတ်မြောက်သော။
စိတ္တံ ဝါ၊ လည်း။
အဝိမုတ္တံ၊ သော။
စိတ္တန္တိ၊ ဟူ၍။
ပဇာနေယျံ၊ ခွဲခြားသိလို၏။
ဣတိ၊ ဤသို့။
(သစေ အာကင်္ခတိ၊ အံ့။
ဧဝံသတိ၊ သော်)
အာယတနေ၊ သည်။
သတိ သတိ၊ သော်။
ဝါ၊ တိုင်း။
တကြ တတြေဝ၊ ထိုထို မျက်မှောက်ပြုထိုက်သောတရား၌ပင်။ (ထိုထိုမျက်မှောက်ပြုထိုက်သောသူတပါးစိတ်ကိုခွဲခြားသိခြင်း သဘောတရား၌ပင်)
သန္ဓေဘဗ္ဗတံ၊ ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့။
ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ သူတပါးစိတ်ကိုသိရခြင်းသို့။
ပါပုဏာတိ၊ ရောက်၏။
သော၊ သည်။
သစေ အာကင်္ခတိ၊ အံ့။
(ကိန္တိ၊ သို့။
အာကင်္ခတိ၊ မူ။
အဟံ၊ သည်)
အနေကဝိဟိတံ၊ များသောအပြားရှိသော။ (ဘဝ ယောနိ ဂတိ စသည်ဖြင့် များသောအမျိုးအစား အကွဲအပြားရှိသော)
ဝါ၊ အမည် အနွယ်စသော များသောအမျိုးအစား အကွဲအပြားတို့နှင့်တကွ ချဲ့ထွင်အပ်သော။
ပုဗ္ဗေနိဝါသံ၊ ရှေးဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို။
ဝါ၊ ရှေးဘဝ၌နေအပ်ခဲ့ဖူးသောခန္ဓာအစဉ်နှင့်တကွ ထိုခန္ဓာအစဉ်နှင့်ဆက်စပ်သောအမည်အနွယ်စသည်ကို။
အနုဿ ရေယျံ၊ (ဘဝခန္ဓာအစဉ်အတိုင်းဉာဏ်ဖြင့်အစဉ်လျှောက်၍လျှောက်၍အောက်မေ့လို၏။
ဝါ၊ (စုတိပဋိသန္ဓေအားဖြင့်) ဉာဏ်ဖြင့်အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့လို၏။
သေယျထိဒံ၊ အဘယ်သို့သော ပုဗ္ဗေနိဝါသကို။
(အနုဿရေယျံ၊ ၍ အောက်မေ့လိုသနည်းဟူမူ)
ဧကမ္ပိ ဇာတိံ၊ တခုသောဘဝကိုလည်းကောင်း။
ဝါ၊ ပဋိသန္ဓေအစ စုတိအဆုံးရှိသော တခုသောဘဝ၌ အကျုံးဝင်သောခန္ဓာအစဉ်ကိုလည်းကောင်း။
ဒွေပိ ဇာတိယော၊ နှစ်ခုကုန်သော ဘ၀တို့ကိုလည်းကောင်း။
ဝါ၊ ပဋိသန္ဓေအစ စုတိအဆုံးရှိသော နှစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာ အစဉ်တို့ကိုလည်းကောင်း။
တိဿာပိ ဇာတိယော၊ သုံးခုကုန်သော ဘဝတို့ကို လည်းကောင်း။
ဝါ၊ လည်းကောင်း။
စတဿောပိ ဇာတိယော၊ လေးခုကုန်သော ဘဝတို့ကိုလည်းကောင်း။
ပဉ္စပိ ဇာတိယော၊ ငါးခုကုန်သော ဘဝတို့ကိုလည်း ကောင်း။
ဒသပိ ဇာတိယော၊ ဆယ်ခုကုန်သောဘဝတို့ကိုလည်းကောင်း။
ဝီသမ္ဗိ ဇာတိယော၊ နှစ်ဆယ်သော ဘဝတို့ကိုလည်းကောင်း။
တိံသမ္ပိ ဇာတိယော၊ သုံးဆယ်သောဘဝတို့ကိုလည်းကောင်း။
စတ္တာရီသမ္ပိ ဇာတိယော၊ လေးဆယ် သော ဘဝတို့ကိုလည်းကောင်း။
ပညာသမ္ပိ ဇာတိယော၊ ငါးဆယ်သော ဘဝတို့ကို လည်းကောင်း။
ဇာတိသမ္ပိ၊ ဘဝအရာကိုလည်းကောင်း။
ဇာတိသဟဿမ္ပိ၊ ဘဝ အထောင်ကိုလည်းကောင်း။
ဇာတိသတသဟဿမ္ပိ၊ ဘဝအသိန်းကိုလည်းကောင်း။
အနေကေပိ သံဝဋ္ဋကပ္ပေ၊ များစွာကုန်သော သံဝဋ္ဋကပ်တို့ကိုလည်းကောင်း။
ဝါ၊ များစွာကုန်သော ပျက်စီးဆဲ အသင်္ချေယျကပ်တို့ကိုလည်းကောင်း။
အနေကေပိ ဝိဝဋကပ္ပေ၊ များစွာကုန်သော ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။
ဝါ၊ များစွာကုန်သော ဖြစ်ပွားဆဲအသင်္ချေယျကပ်တို့ကိုလည်းကောင်း။
အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ များစွာကုန်သော သံဝဋ္ဋကပ် ဝိဝဋကပ်တို့ကိုလည်းကောင်း (အနုဿရေယျံ= အစဉ် လျှောက်၍ လျှောက်၍ အောက်မေ့လို၏။
ကိန္တိ၊ အဘယ်သို့။
အနုဿရေယျံ၊ ဟူမူ။
အဟံ၊ ငါသည်)
အမူတြ၊ ထိုမည်သော သံဝဋ္ဋကပ် ဘဝ,ယောနိ, ဂတိ၌, [တိက နိပါတ်စာပိုဒ် ၅၉-သုတ်လည်းကြည့်]
ဧဝံနာမော၊ ဤသို့သော နာမည်ရှိသူသည်။
ဧဝံဂေါတ္တော၊ ဤသို့သောအနွယ်ရှိသူသည်။
ဧဝံဝဏ္ဏော၊ ဤသို့သောအဆင်းရှိသူသည်။
ဧဝမာဟာရော၊ ဤသို့သောအစာအာဟာရရှိသူသည်။
ဧဝံသုခဒုက္ခပ္ပဋိ သံဝေဒီ၊ ဤသို့သော သုခဒုက္ခတို့ကို ခံစားသူသည်။
ဧဝမာယုပရိယန္တော၊ ဤသို့ သော အသက်အပိုင်းအခြားရှိသူသည်။
အာသိံ၊ ဖြစ်ခဲ့ဖူးပြီ။
သော(အဟံ)၊ ထိုငါသည်။
တတော၊ ထိုဘဝ ယောနိ ဂတိမှ။ (ထိုဘဝ ယောနိ ဂတိ ဝိညာဏဋ္ဌိတိ သတ္တာဝါသ သတ္တနိကာယမှ)
စုတော၊ ရွေ့လျော စုတေ သေလွန်ခဲ့သည်။
(ဟုတွာ၊ ဖြစ်၍)
အမုတြ၊ ထိုမည်သော ဘဝယောနိဂတိ၌။
ဥဒပါဒိံ၊ ဖြစ်ခဲ့ပြီ။
တတြာပိ၊ ထိုဘဝ ယောနိ ဂတိ၌လည်း။
(အဟံ၊ ငါသည်)
ဧဝံနာမော၊ သည်။ပ။
ဝေမာယုပရိယန္တော၊ သည်။
အာသိ၊ ဖြစ်ခဲ့ပြီ။
သော (အဟံ)၊ သည်။
တတော၊ ထိုဘဝ ယောနိ ဂတိမှ။
စုတော၊ သည်။
(ဟုတွာ)ဣဓ၊ ဤယခုဘဝ ဤမည်သောအမျိုးအနွယ်၌။
ဥပပန္နော၊ ဖြစ်ပြီ။
ဣတိ၊ ဤသို့(အနုဿရေယျံ= အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့လို၏)။
ဣတိ၊ ဤသို့။
သာကာရံ၊ (ဝဏ္ဏ အာဟာရ စသော) အခြင်းအရာတို့နှင့် တကွဖြစ်သော။
ဝါ၊ မြင်ရုံမျှဖြင့် မည်သူမည်ဝါဟု သိနိုင်ကြောင်းဖြစ်သော ဝဏ္ဏအာဟာရ စသည်တို့နှင့်တကွဖြစ်သော။
သဥဒ္ဒေသံ၊ ညွှန်ပြပြောဆိုကြောင်း ဖြစ်သော နာမဂေါတ္တနှင့်တကွဖြစ်သော။ [ဝစနတ္ထကို တိကနိပါတ်စာပိုဒ် ၅၉ သုတ်ကြည့်]
အနေကဝိဟိတံ၊ သော။
ပုဗ္ဗေနိဝါသံ၊ ကို။
အနုဿရေယျ၊ လို၏။
ဣတိ၊ သို့။
(သစေ အာကင်္ခတိ၊ အံ့။
ဧဝံ သတိ၊ သော်)
အာယတနေ၊ သည်။
သတိ သတိ၊ သော်။
ဝါ၊ တိုင်း။
တတြ တတြေဝ၊ ထိုထိုမျက်မှောက်ပြုထိုက်သော တရား၌ပင်။ (ထိုထိုမျက်မှောက်ပြုထိုက်သော ပုဗ္ဗေနိဝါသကို အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့ခြင်းသဘောတရား၌ပင်)
သန္နိဘဗ္ဗတံ၊ ဖြစ်သို့။
ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ ပုဗ္ဗေနိဝါသကို အစဉ်လျှောက်၍ အောက်မေ့ခြင်းသို့။
ပါပုဏာတိ၊ ၏။
သော၊ သည်။
သစေ အာကင်္ခတိ၊ အံ့။
(ကိန္တိ၊ သို့။
အာကင်္ခတိ၊ ဟူမူ။
အဟံ၊ သည်)
ဒိဗ္ဗေန၊ နတ်ပြည်၌ဖြစ်သော ပသာဒစက္ခုနှင့်တူသော။
ဝိသုဒ္ဓေန၊ အယူစင်ကြယ်ကြောင်းဖြစ်သော။ (စုတိ ပဋိသန္ဓေနှစ်မျိုးလုံးကို မြင်ခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိ နဝသတ္တပါတုဘာဝဒိဋ္ဌိဟူသော အယူမှားတို့မှ ကင်းဝေးစင်ကြယ် ကြောင်းဖြစ်သော)
ဝါ၊ ဝိစိကိစ္ဆာအစရှိသော တဆယ့်တပါးသောအညစ်အကြေး တို့မှ ကင်းဝေးစင်ကြယ်သော။
အတိက္ကန္တမာနုသကေန၊ လူတို့မြင်နိုင်သော ရူပါရုံ ကို ကျော်လွန်၍ မြင်နိုင်သော။ (ရိုးရိုးလူတို့ မြင်နိုင်သော အဆင်းရူပါရုံကို ကျော်လွန်၍ နတ်တို့ရူပါရုံနှင့် တောင်နံရံ ခြားကွယ်သော ရူပါရုံ ဝေးကွာလှစွာ သေးငယ်စွာသော ရူပါရုံကို မြင်နိုင်သော)
စက္ခုနာ၊ အဘိညာဉ် မျက်စိဖြင့်။
စဝမာနေ၊ စုတေခါနီးကုန်သော။
သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း။
ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေနေပြီးခါစ ဖြစ်ကုန်သော။
သတ္တေ၊ သတ္တဝါတို့ကိုလည်း ကောင်း။
ဟီနေ၊ ယုတ်နိမ့်အောက်ကျကုန်သော။
သတ္တေ၊ တို့ကိုလည်းကောင်း။
ပဏီတေ၊ မြင့်မြတ်ကုန်သော။
သတ္တိ၊ လည်းကောင်း။
သုဝဏ္ဏေ၊ ကောင်းသော အဆင်းရှိကုန်သော။
ဝါ၊ အဆင်းလှကုန်သော။
သတ္တိ၊ လည်းကောင်း။
ဒုဗ္ဗဏ္ဏေ၊ မကောင်းသော အဆင်းရှိကုန်သော။
ဝါ၊ အဆင်းမလှကုန်သော။
သတ္တေ၊ လည်းကောင်း။
သုဂတေ၊ ကောင်းသောဘဝသို့လားရောက်နေကြကုန်သော။
ဝါ၊ ဥစ္စာကြွယ်ဝ သုခသို့ ရောက်နေကြကုန်သော။
သတ္တေ၊ လည်းကောင်း။
ဒုဂ္ဂတေ၊ ဆင်းရဲနွမ်းပါးသောဘဝသို့ ရောက်နေကြကုန်သော။
ဝါ၊ ဥစ္စာမဲ့မွဲ ဆင်းရဲခြင်းသို့ ရောက်နေကြကုန်သော။
သတ္တေ၊ လည်းကောင်း။
ပဿေယျံ၊ မြင်လို၏။
ယထာကမ္မူပဂေ၊ မိမိတို့ ဆည်းပူးအားထုတ်အပ်ခဲ့သမျှသော ကံအသီး အသီးကြောင့် ထိုထိုဘုံဘဝသို့ လားရောက်ကြကုန်သော။
[ယထာကမ္မ၊ မိမိတို့ဆည်းပူးအားထုတ်အပ်ခဲ့သမျှသော ကံအသီးသီးကြောင့်+ဥပဂ= လားရောက် နေကြသော]
သတ္တေ၊ သတ္တဝါတို့ကိုလည်း။
ပဇာနေယျ၊ သိလို၏။
(ကိန္တိ၊ သို့။
ပဇာနေယျ၊ ဟူမူ)
ဘောန္တော၊ အိုအချင်းတို။
ဝတ၊ ဖြစ်မှဖြစ်ရလေခြင်း။
ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။
ကာယဒုစ္စရိတေန၊ ကာယဒုစ္စရိတ်အကုသိုလ်နှင့်။ [ဤစာအုပ် စာမျက်နှာ(၄)လည်းကြည့်]
သမန္နာဂတာ၊ ကုန်၏။
ဝစီဒုစ္စရိတန၊ ဝစီဒုစ္စရိတ် အကုသိုလ်နှင့်။
သမန္နာဂတာ၊ ကုန်၏။
မနောဒုစ္စရိတေန၊ နှင့်။
သမန္နာ ဂတာ၊ ကုန်၏။
အရိယာနံ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို။
ဥပဝါဒကာ၊ ကဲ့ရဲ့စွပ်စွဲ ဆဲရေးကြကုန်၏။
မိစ္ဆာဒိဋ္ဌိကာ၊ လွဲမှားဖောက်ပြန်သော အယူရှိကြကုန်၏။
မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ မိစ္ဆာဒိဋ္ဌိ၏ အစွမ်းဖြင့် ကောင်းစွာခံယူ ကျင့်သုံးအပ်သော ကံအမျိုးမျိုးရှိကြကုန်၏။
ဝါ၊ မိစ္ဆာဒိဋ္ဌိ၏အစွမ်းဖြင့် ကာယကံ စသည်တို့၌ သူတပါးတို့ကို လက်ခံကျင့်သုံးစေကြကုန်၏။
တေ၊ ထိုသတ္တဝါတို့သည်။
ကာယဿ၊ ဥပါဒိန္နကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်စီးခြင်းဟူသော။
မရဏာ၊ သေခြင်းမှ။
ဝါ၊ သေသည်မှ။
ပရံ၊ နောက်၌။
ဝါ၊ နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌။
ဝါ၊ နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌။ [နောက်အနက်ဖွင့်တမျိုးကို ဒုတိယအကြိမ် ရိုက်နှိပ်သော ပထမတွဲ နိဿယ။ နှာ-၃၂။ ၃၆၇ ကြည့်]
အပါယံ၊ သုခ၏ ဖြစ်ပေါ်လာရာ ကုသိုလ်မှကင်းသော။
ဒုဂ္ဂတိံ၊ ဒုက္ခ၏ ဖြစ်ရာတည်ရာဖြစ်သော။
ဝိနိပါတံ၊ မကောင်းမှုပြုသူတို့ မိမိအလိုဆန္ဒမပါဘဲ ကျရောက်ရာဖြစ်သော။
နိရယံ၊ သာယာဖွယ် သုခအနည်းငယ်မျှ မရှိရာငရဲသို့။
ဥပပန္နာ၊ လားရောက်ကြရကုန်ပြီ။
ဘောန္တော၊ အိုအချင်းတို့။
ဣမေ ဝါ ပန သတ္တာ၊ ဤသတ္တဝါတို့သည်ကား။
ကာယသုစရိတေန၊ ကာယသုစရိတ်ကုသိုလ်နှင့်။
ဝါ၊ ကာယဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်ကာယကံသုံးပါးနှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်၏။
ဝစီသုစရိတေန၊ စီသုစရိတ်ကုသိုလ်နှင့်။
ဝါ၊ ဝစီဒွါရဖြင့် ကောင်းစွာ ပြုကျင့်အပ်သော ကုသိုလ်ဝစီကံလေးပါးနှင့်။
သမန္နာဂတာ၊ ကုန်၏။
မနောသုစရိ တေန၊ မနောသုစရိတ်ကုသိုလ်နှင့်။
ဝါ၊ မနောဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်မနောကံသုံးပါးနှင့်။
သမန္နာဂတာ၊ ကုန်၏။
အရိယာနံ၊ တို့ကို။
အနုပဝါဒကာ၊ မကဲ့ရဲ့မစွပ်စွဲ မဆဲရေးကြကုန်။
သမ္မာဒိဋ္ဌိကာ၊ မှန်ကန်သော အယူ ရှိကြကုန်၏။
သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ သမ္မာဒိဋ္ဌိ၏ အစွမ်းအားဖြင့်ကောင်းစွာခံယူကျင့်သုံးအပ်သောကံအမျိုးမျိုးရှိကြကုန်၏။
ဝါ၊ သမ္မာဒိဋ္ဌိ၏အစွမ်းဖြင့် ကာယကံစသည်တို့၌ သူတပါးတို့ကို ကောင်းစွာ ခံယူကျင့်သုံးစေ ကြကုန်၏။
တေ၊ ထိုသတ္တဝါတို့သည်။ပ။
သုဂတိံ၊ ကောင်းသော လားရောက်ရာဖြစ်သော။
လောကံ၊ လူ့ဘဝသို့လည်းကောင်း။
သုဂတိံ၊ ကောင်းသောလားရောက်ရာဖြစ်သော။ [လိုက်ခဲ့]
သဂ္ဂံ၊ ရူပါရုံအစရှိသော အာရုံတို့ဖြင့် လွန်စွာမြင့်မြတ်သော။
လောကံ၊ နတ်ဘဝသို့လည်းကောင်း။
ဥပပန္နာ၊ လားရောက်ကြရကုန်ပြီ။
ဣတိ၊ ဤသို့။
(ပဇာနေယျ၊ သိလို၏)
[ယထာကမ္မူပဂေ သတ္တိ ပဇာနေယျသို့ ပြန်စွပ် သည်]
ဣတိ၊ သို့။
ဒိဗ္ဗေန၊ သော။ပ။
သတ္တေ၊ တို့ကို။
ပဇာနေယျံ၊ ၏။
ဣတိ၊ သို့။
(သစေ အာကင်္ခတိ၊ အံ့။
ဒဝံ သတိ၊ သော်)
အာယတနေ၊ သည်။
သတိ သတိ၊ သော်။
ဝါ၊ တိုင်း။
တတြ တတြေဝ၊ ၌ပင်။ (ထိုထိုမျက်မှောက်ပြုထိုက်သော စဝမာန ဥပပဇ္ဇမာန ဟီန ပဏီတ စသောသတ္တဝါတို့ကို မြင်ခြင်းသဘောတရား ၌ပင်)
သန္နိဘဗ္ဗတံ၊ ဖြစ်သို့။
ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် မြင်ရခြင်းသို့။
ပါပုဏာတိ၊ ၏။
သော၊ သည်။
သစေ အာကင်္ခတိ၊ အံ့။
(ကိန္တိ၊ သို့။
အာကင်္ခတိ၊ မူ။
အဟံ၊ သည်)
အာသဝါနံ၊ အာသဝတရားတို့၏။
ခယာ၊ ကုန်ခြင်းကြောင့်။
အာနာသဝံ၊ အာသဝမရှိသော။
စေတောဝိမုတ္တိ၊ ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ် သမာဓိစိတ်ကိုလည်းကောင်း။
ဝါ၊ သို့လည်းကောင်း။
ပညာ ဝိမုတ္တိ၊ ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်းကောင်း။
ဝါ၊ သို့လည်းကောင်း။
ဒိဋ္ဌဝ ဓမ္မေ၊ ယခုတွေ့ကြုံနေရသော အတ္တဘော၌ပင်လျှင်။
ဝါ၊ ယခုဘဝ၌ပင်လျှင်။
သယံ၊ ကိုယ်တိုင်သာလျှင်။
အဘိညာ(အဘိညာယ)၊ သိ၍။
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။
[တနည်း-အဘိညာ(အဘိညာယ)၊ ထူးသော ပစ္စဝေက္ခဏာဉာဏ်ဖြင့်။
သစ္ဆိကတွာ၊ ၍]
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝါ၊ ပြီးစီးစေ၍။
ဝိဟရေယျံ၊ နေလို၏။
ဣတိ၊ သို့။
(သစေ အာကင်္ခတိ၊ အံ့။
ဧဝံသတိ၊ သော်)
အာယတနေ၊ အကြောင်းတရားသည်(ရှေးရှေးအရဟတ္တဖိုလ်နှင့် အရဟတ္တဖိုလ်၏ ဝိပဿနာဟူသောအကြောင်းသည်)
သတိသတိ၊ သော်။
ဝါ၊ တိုင်း။
တကြ တတြဧ၀၊ ထိုထိုမျက်မှောက်ပြုထိုက်သောတရား၌ပင် (ထိုထိုမျက်မှောက်ပြုထိုက်သောစေတောဝိမုတ္တိ ပညာဝိမုတ္တိသို့ ရောက်၍နေခြင်း သဘောတရား၌ပင်)
သက္ခိဗ္ဗတံ၊ ဖြစ်သို့။
ဝါ၊ ကိုယ်တိုင်အရဟတ္တဖလသမာပတ် ဝင်စားနိုင်ခြင်းသို့။
ပါပုဏာတိ၊ ၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)
တတိယံ။