ဘိက္ခဝေ၊ တို့။
ကာလဒါနာနိ၊ ပေးလှူသင့်သော အချိန်အခါ၌ ပေးလှူခြင်းတို့သည်။
ဣမာနိ ပဉ္စ၊ ဤငါးမျိုးတို့တည်း။
ပဉ္စ၊ ငါးမျိုးတို့ဟူသည်။
ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
အာဂန္တုကဿ၊ ဧည့်သည်အား။
ဒါနံ၊ အလှူကို။ (လှူဖွယ်ဝတ္ထုကို)
ဒေတိ၊ ပေးလှူ၏။
ဂမိကဿ၊ ခရီးသွားပုဂ္ဂိုလ်အား။
ဒါနံ၊ ကို။
ဒေတိ၊ ၏။
ဂိလာနဿ၊ မကျန်းမာသောပုဂ္ဂိုလ်အား။ပ။
ဒုဗ္ဘိက္ခေ၊ ရခဲသောထမင်း ရှိရာအခါ၌။
ဝါ၊ ငတ်မွတ်ခေါင်းပါး အစာရှားရာအခါ၌။ပ။
ယာနိ တာနို နဝသဿာနိ၊ အကြင် ဦးဦးဖျားဖျား ဖြစ်ပေါ်လာသော ကောက်စပါးတို့သည် လည်းကောင်း။
ဝါ၊ အကြင်ကောက်ဦး ကောက်သစ်တို့သည်လည်းကောင်း။
ယာနိ တာနိ နဝဖလာနိ၊ အကြင် သစ်သီးခြံမှ ဦးဦးဖျားဖျား ဖြစ်ပေါ်လာသော သစ်သီး တို့သည်လည်းကောင်း။
ဝါ၊ အကြင်သစ်သီးဦးတို့သည်လည်းကောင်း။
(သန္တိ၊ ရှိကုန်၏) တာနိ= ထိုကောက်ဦး သစ်သီးဦးတို့ကို။
ပဌမံ၊ (မိမိမစားမီ) ရှေးဦးစွာ။
သီလဝန္တေသု၊ သီလရှိသောပုဂ္ဂိုလ်တို့၌။
ပတိဋ္ဌာပေတိ၊ တည်စေ၏။
ဝါ၊ လှူဒါန်း၏။ပ။
ဝဒညူ၊ အလှူခံပုဂ္ဂိုလ်တို့၏ စကားကို သိနားလည်ကုန်သော။
ဝီတ မစ္ဆရာ၊ ကင်းသောဝန်တိုမှုရှိကုန်သော။
သဗ္ဗညာ၊ ပညာနှင့်တကွဖြစ်သော ပုဂ္ဂိုလ်တို့သည်။
ဝါ၊ ပညာရှိပုဂ္ဂိုလ်တို့သည်။
ကာလေ၊ ပေးလှူခြင်းငှာသင့်လျော်သောအခါ၌။
ဒဒန္တိ၊ ပေးလှူကြကုန်၏။
(ယေန၊ အကြင်ပုဂ္ဂိုလ်သည်)
အရိယေသု၊ ကိလေသာတို့မှ ဝေးကွာတော်မူကြကုန်သော။
ဥဇုဘူတေသု၊ (စိတ်ဓာတ်သန့်ရှင်း) ဖြောင့်စင်းစွာဖြစ်တော်မူကြကုန်သော။
တာဒိသု၊ ကောင်းဆိုးနှစ်ခု တန်းတူ ရှုတော်မူကြသော ရဟန္တာပုဂ္ဂိုလ်တို့၌။
ဝါ၊ လာဘာလာဘ အဦးစသည့် တွေ့ရရှစ်တန် လောကဓံကြောင့် ဖောက်ပြန်မရှိ တာဒိမြတ်ဂုဏ် ပြည့်စုံတော်မူကြသော ရဟန္တာ ပုဂ္ဂိုလ်တို့၌။
ဝါ၊ တို့အား။
ဝိပ္ပသန္နမနာ (ဝိပ္ပသန္နမနေန)၊ အထူး ကြည်လင်သောစိတ်ဖြင့်။
ကာလေန၊ ပေးလှူခြင်းငှာ သင့်လျော်သောအခါ၌။
(ဒါနံ၊ အလှူကို) ဒိ= ပေးလှူအပ်ပြီ။
တဿ၊ ထိုပေးလှူသောပုဂ္ဂိုလ်၏။
ဒက္ခိဏာ၊ ဒါနကုသိုလ် စေတနာသည်။
ဝိပုလာ၊ (အကျိုးတရားအားဖြင့်) စည်ပင်ပြန့်ပွား။
ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။
တတ္ထ၊ ထိုအလှူဒါနကိစ္စ၌။
အနုမောဒန္တီ ဝါ၊ ဝမ်းမြောက်မူလည်း ဝမ်းမြောက်ကြကုန်၏။
ဝေယျာဝစ္စံ၊ ကိုယ်ကာယဖြင့် ကူညီဆောင်ရွက်ခြင်းကို။
ကရောန္တိ ဝါ၊ ပြုလုပ်မူလည်း ပြုလုပ်ကုန်၏။
တေန၊ ထိုသို့ ဝမ်းမြောက်ခြင်း ဝေယျာဝစ္စပြုလုပ်ခြင်းကြောင့်။
ဒက္ခိဏာ၊ ဒါနကုသိုလ်သည်။
ဦနာ၊ ယုတ်လျော့သွားသည်။
န၊ မဟုတ်။
တေပိ၊ ထိုဝမ်းမြောက်သူ, ဝေယျာဝစ္စပြုသူတို့သည်လည်း။
ပုညဿ၊ ကောင်းမှု ကုသိုလ်၏။
ဘာဂိနော၊ အဖို့ဝေစု ရရှိသူတို့ပေတည်း။
တသ္မာ၊ ထို့ကြောင့် (ထိုသို့ ဒါနကုသိုလ်၏ ဝိပုလဖြစ်ခြင်း အဖို့ဝေစုရရှိခြင်းကြောင့်)။
ယတ္ထ၊ အကြင်အလှူခံ ပုဂ္ဂိုလ်၌။
ဝါ၊ အကြင်အလှူခံ ပုဂ္ဂိုလ်အား။
[အဋ္ဌကထာ၌ ယသ္မိံ ဌာနေ”ဟူသော အဖွင့်မှ ဌာနဟူသည် အလှူခံပုဂ္ဂိုလ်ပင်တည်း]
ဒိန္နံ၊ ပေးလှူကြောင်း စေတနာသည်။
မဟပ္ဖလံ၊ များသောအကျိုးရှိ၏။
(တတ္ထ၊ ထိုအလှူခံပုဂ္ဂိုလ်၌။
ဝါ၊ အား)
အပ္ပဋိဝါနစိတ္တော၊ တွန့်ဆုတ်သောစိတ်မရှိဘဲ။
ဒဒေ၊ ပေးလှူရာ၏။
ဝါ၊ ပေးလှူသင့်၏။
ပုညာနိ၊ ကုသိုလ်ကောင်းမှုတို့သည်။
ပရလောကသ္မိံ၊ တမလွန်ဘဝ၌။
ပါဏိနံ၊ သတ္တဝါတို့၏။
ပတိဋ္ဌာ၊ ထောက်တည်မှီခိုရာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ သို့။
(အဝေါစ)ဆဋ္ဌံ။