၁၃၀။ ဘိက္ခဝေ၊ တို့။
ဗျသနာနိ
၁။ ဉာတိဗျသနစသည် ။ ။ဟိတသုခံ သန္တိ ၀ိက္ခန္တိ ဝိဒ္ဓံသေန္တိတိ ဗျသနာနိ၊ စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ဆွေမျိုးပျက်စီးခြင်း (ဉာတိဗျသန) စသော တရားငါးပါး။ ဗျသန=ဝိ+အသ+ယု။ ဉာတီနံ ဗျသန ဝိနာသော ဉာတိ ဗျသနံ။ ဘောဂဗျသနနှင့် သီလဗျသနတို့၌လည်း ဤအတိုင်း ဝစနတ္ထပြု။
၊ စီးပွားချမ်းသာကိုပစ်လွှင့်ဖျက်ဆီးတတ်သောတရားတို့သည်။
ဣမာနိ ပဉ္စ၊ တည်း။ပ။
ဉာတိဗျသနံ၊ ဆွေမျိုးတို့၏ပျက်စီးခြင်းလည်းကောင်း။(သူခိုး ဓားပြ,အနာရောဂါစသော ဘေးတို့ကြောင့် ဆွေမျိုးတို့ ပျက်စီးခြင်းလည်းကောင်း)
ဘောဂဗျသနံ၊ (မင်း, သူခိုး, ဓားပြ စသည်တို့ စီးပွားဥစ္စာတို့ ပျက်စီးခြင်းလည်းကောင်း။
ရောဂဗျသနံ
၁။ ရောဂဗျသနနှင့် ဒိဋ္ဌိဗျသန။ ။အာရောဂျုံ ဗျသတိ ဝိနာသေတီတိ ဗျသနံ၊ ရောဂေါ ဗျသနံ ရောဂဗျသနံ၊ အနာရောဂါသည်ပင် အာရောဂျ(ကျန်းမာရေး)ကို 30 ဖျက်ဆီးတတ်သောတရား၊ ဝါ=ကျန်းမာရေးကို ဖျက်ဆီးတတ်သောအနာရောဂါ။ ဒိဋ္ဌိ ဗျသနပုဒ်၌ “သမ္မာဒိဋ္ဌိ ဗျသတိ ဝိနာသေတီတိ ဗျသနံ၊ ဒိဋ္ဌိ ဧဝ (မိစ္ဆာဒိဋ္ဌိ ဧဝ)ဗျသနံ ဒိဋ္ဌိဗျသနံ= မိစ္ဆာဒိဋ္ဌိသည်ပင် သမ္မာဒိဋ္ဌိကို ဖျက်ဆီးတတ်သောတရား”ဟု ဝစနတ္ထပြု။
၊ ကျန်းမာရေးကို ဖျက်ဆီးတတ်သောအနာရောဂါလည်းကောင်း။
သီလဗျသနံ၊ သီလ၏ပျက်စီးခြင်းလည်းကောင်း(သီလပျက်စီးခြင်းဟူသော ဒုဿီလျ စေတနာ အစရှိသောအကုသိုလ်လည်းကောင်း)
ဒိဋ္ဌိဗျသနံ၊ သမ္မာဒိဋ္ဌိကို ဖျက်ဆီးတတ်သောမိစ္ဆာဒိဋ္ဌိလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
သတ္တာ၊ သတ္တဝါတို့သည်။
ဉာတိဗျသနဟေတု ဝါ၊ ဆွေမျိုးတို့ ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်းကောင်း။
ဘောဂဗျသန ဟေတု ဝါ၊ စီးပွားဥစ္စာတို့ပျက်စီးခြင်းဟူသောအကြောင်းကြောင့်လည်းကောင်း။
ရောဂဗျသနဟေတု ဝါ၊ ကျန်းမာရေးကို ဖျက်ဆီးတတ်သော အနာရောဂါဟူသော အကြောင်းကြောင့်လည်းကောင်း။
ကာယဿ၊ ဥပါဒိန္နကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်စီးခြင်းဟူသော။
မရဏာ၊ သေခြင်းမှ။
ဝါ၊ သေသည်မှ။
ပရံ၊ နောက်၌။
ဝါ၊ နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌။
ဝါ၊ နောက်ထပ် ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌။
[နောက်အနက် တနည်းကို ဧကကနိပါတ် စာပိုဒ် ၄၃-၌ ကြည့်]
အပါယံ၊ သုခ၏ ဖြစ်ပေါ်လာရာ ကုသိုလ်ကောင်းမှုမှကင်းသော။
ဒုဂ္ဂတိ၊ ဒုက္ခ၏ဖြစ်ရာတည်ရာဖြစ်သော။
ဝိနိပါတံ၊ မကောင်းမှုပြုသူတို့ မိမိအလိုဆန္ဒ မပါဘဲ ကျရောက်ရာဖြစ်သော။
နိရယံ၊ သာယာဖွယ်သုခအနည်းငယ်မျှမရှိရာ ငရဲသို့။
န ဥပပဇ္ဇန္တိ၊ လားရောက်ကြရသည် မဟုတ်ကုန်။
ဘိက္ခဝေ၊ တို့။
သတ္တာ၊ တို့သည်။
သီလဗျသနဟေတု ဝါ၊ သီလပျက်စီးခြင်း ဟူသောအကြောင်းကြောင့်လည်းကောင်း။
ဒိဋ္ဌိဗျသနဟေတု ဝါ၊ သမ္မာဒိဋ္ဌိကို ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိဟူသောအကြောင်းကြောင့်လည်းကောင်း။ပ။
ဥပပဇ္ဇန္တိ၊ လားရောက်ကြကုန်၏။ပ။
ဘိက္ခဝေ၊ တို့။
သမ္ပဒါ၊ ပြည့်စုံခြင်းတို့သည်။
ဣမာ ပဉ္စ၊ ဤငါးမျိုးတို့တည်း။
ပဉ္စ၊ ငါးမျိုးတို့ဟူသည်။
ကတမာ၊ အဘယ်တို့နည်းဟူမူ။
ဉာတိသမ္ပဒါ၊ ဆွေမျိုးတို့၏ ပြည့်စုံခြင်းလည်းကောင်း။
ဘောဂသမ္ပဒါ၊ စီးပွားဥစ္စာတို့၏ ပြည့်စုံခြင်းလည်းကောင်း။
အာရောဂျသမ္ပဒါ၊ ရောဂါမရှိသူအဖြစ်၏ ပြည့်စုံခြင်းလည်းကောင်း။
ဝါ၊ ရောဂါကင်းဝေး,ကျန်းမာရေး၏ ပြည့်စုံခြင်းလည်းကောင်း။
သီလသမ္ပဒါ၊ သီလ၏ ပြည့်စုံခြင်းလည်းကောင်း။
ဒိဋ္ဌိသမ္ပဒါ၊ သမ္မာဒိဋ္ဌိ၏ ပြည့်စုံခြင်းလည်းကောင်းတည်း။ပ။
ဉာတိသမ္ပဒါဟေတု ဝါ၊ ဆွေမျိုးပြည့်စုံခြင်းဟူသောအကြောင်းကြောင့်လည်းကောင်း။ပ။
သုဂတိံ၊ သုခ၏ဖြစ်ရာဖြစ်သော။
ဝါ၊ ကောင်းသောလားရောက်ရာဖြစ်သော။
ဝါ၊ ဒုက္ခမပါ သုခသို့သာ ရောက်ကြရာဖြစ်သော။
သဂ္ဂံ၊ ရူပါရုံ အစရှိသော သမ္ပတ္တိတို့ဖြင့်လွန်စွာမြင့်မြတ်သော။
ဝါ၊ မြတ်သောစိတ်ကြိုက်ရူပါရုံ စသည်တို့နှင့်တကွဖြစ်သော။
လောကံ၊ နတ်ပြည်သို့။ပ။
ဒသမံ၊ တည်း။
တတိယော၊ သုံးခုမြောက်သော။
ဂိလာနဝဂ္ဂေါ၊ ဂိလာနဝဂ်တည်း။