Issues
Select Version
莊春江讀經站
繁体中文
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Pañcakanipātapāḷi
Pañcakanipātapāḷi

9. Caṅkamasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ စင်္ကမေ၊ စင်္ကြံသွားခြင်း၌။ အာနိသံသာ၊ အကျိုး အာနိသင်တို့သည်။ ဣမေ ပဉ္စ၊ ဤငါးမျိုးတို့ပေတည်း။
ပဉ္စ၊ ငါးမျိုးတို့ဟူသည်။ ကတမေ၊ အဘယ်တို့နည်းဟူမူ။
အဒ္ဓါနက္ခမော၊ အဓွန့်ရှည်လျား ခရီးသွားလသော် ခံနိုင်ရည်ရှိသည်။ [ခမ၊ ခံ့သည်။ ခံနိုင်ရည်ရှိသည်] ဝါ= အဓွန့်ရှည်လျား ခရီး သွားစွမ်းနိုင်သည်။ ဟောတိ၊ ဖြစ်၏။ ပဓာနက္ခမော၊ လုံ့လကြိုးကုတ် အားထုတ် လသော် ခံနိုင်ရည်ရှိသည်။ ဝါ၊ လုံ့လကြိုးကုတ် အားထုတ်နိုင်စွမ်း ရှိသည်။ ဟောတိ၊ ၏။ အပ္ပာဗာဓော၊ နည်းသော အနာရောဂါရှိသည်။ ဝါ၊ အနာရောဂါမရှိသည်။ ဟောတိ၊ ၏။ အသိတံ၊ စားအပ်ပြီးသော အစာသည်လည်းကောင်း။ ပီတံ၊ သောက်အပ်ပြီးသော အစာသည်လည်းကောင်း။ ခါယိတံ၊ ခဲအပ်ပြီးသောအစာသည်လည်းကောင်း။ သာယိထံ၊ လျက်အပ်ပြီးသော အစာသည်လည်းကောင်း။ သမ္မာ၊ ကောင်းစွာ။ ပရိဏာမံ၊ ကျေကျက်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ စင်္ကမာဓိဂတော၊ စင်္ကြံသွားခြင်းကြောင့် ရအပ်သော။ ဝါ၊ စင်္ကြံလျှောက်၍ စွဲမြဲစွာ ကမ္မဋ္ဌာန်းအားထုတ်ခြင်းကြောင့် ရအပ်သော။ သမာဓိ၊ သမာဓိသည်။ (သမာပတ်ရှစ်ပါးတို့တွင် တပါးပါးသော သမာဓိသည်) စိရန္တိတိကော၊ ကြာမြင့်စွာ တည်တံ့ခြင်းရှိသည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ စင်္ကမေ၊ ၌။ အာနိသံသာ၊ တို့သည်။ ဣမေ ပဉ္စ၊ တို့တည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)
နဝမံ။