ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဘဒ္ဒိယေ၊ ဘဒ္ဒိယမြို့၌။
ဇာတိယာဝနေ၊ အလိုအလျောက် ပေါက်သောတော၌။
ဝါ၊ မြတ်လေးတော၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
အထခေါ၊ ထိုအခါ၌။
ဥဂ္ဂဟော၊ ဥဂ္ဂဟမည်သော။
မေဏ္ဍကနတ္တာ၊ မေဏ္ဍကသူဌေး၏မြေးသည်။ပ။
ဘန္တေ၊ မြတ်စွာဘုရား။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သွာတနာယ၊ နက်ဖြန်၌ဆွမ်းဘုဉ်းပေးခြင်းငှာ။
အတ္တစတုတ္တော၊ ဘုရားကိုယ်တော်မြတ်ဟူသောလေးပါးမြောက်ရှိသည်။
ဝါ၊ ဘုရားကိုယ်တော်မြတ်နှင့်တကွလေးပါးသည်။
(ဟုတွာ၊ ဖြစ်၍)
မေ၊ တပည့်တော်၏။
ဘတ္တံ၊ ဆွမ်းကို။
အဓိဝါသေတု၊ လက်ခံတော်မူပါ။
ဣတိ၊ ဤသို့။
(အဝေါစ၊ လျှောက်ပြီ)
ဘဂဝါ၊ သည်။
တုဏှီဘာဝေန၊ ဆိတ်ဆိတ် နေတော်မူသည်အဖြစ်ဖြင့်။
အဓိဝါသေသိ၊ လက်ခံတော်မူပြီ။
အထ ခေါ၊ ထိုအခါ၌။
ဥဂ္ဂဟော၊ သော။
မေဏ္ဍကနတ္တာ၊ သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
အဓိဝါသနံ၊ လက်ခံတော်မူခြင်းကို။
ဝိဒိတွာ၊ သိပြီး၍။
အာသနာ၊ ထိုင်နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ဘဂဝန္တံ၊ ကို။
အဘိဝါဒေတွာ၊ ၍။
ပဒက္ခိဏံ၊ အရိုအသေကို။
ကတွာ၊ ပြုပြီး၍။
ပက္ကာမိ၊ ဖဲသွားပြီ။
အထ ခေါ၊ ၌။
ဘဂဝါ၊ သည်။
တဿာ ရတ္တိယာ၊ ထိုညဉ့်၏။
အစ္စယေန၊ ကုန်လွန်ရာအခါ၌။
ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။
နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဆင်ကာဝတ်၍။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။
အာဒါယ၊ ယူ၍။
ဝါ၊ ကိုင်ဆောင်ခြုံရုံ၍။
ယေန၊ အကြင်အရပ်၌။
ဥဂ္ဂဟဿ၊ ဥဂ္ဂဟမည်သော။
မေဏ္ဍကနတ္တု နော၊ မေဏ္ဍကသူဌေး၏မြေး၏။
နိဝေသနံ၊ အိမ်သည်။
(အတ္ထိ၊ ရှိ၏)
တေန၊ ထိုအရပ်၌။
ဝါ၊ သို့။
ဥပသင်္ကမိ၊ ကြွသွားတော်မူ၏။
ဥပသင်္ကမိတွာ၊ ကြွသွားပြီး၍။
ပညတ္တေ၊ ခင်းထားအပ်သော။
အာသနေ၊ နေရာ၌။
နိသီဒိ၊ ထိုင်နေတော်မူပြီ။
အထ ခေါ၊ ၌။
ဥဂ္ဂဟော၊ သော။
မေဏ္ဍကနတ္တာ၊ သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ပဏီတေန၊ မွန်မြတ်သော။
ခါဒနီယေန၊ ခဲဖွယ်ဖြင့်လည်းကောင်း။
ဘောဇနီယေန၊ ဘောဇဉ်ဖြင့်လည်းကောင်း။
သဟတ္ထာ၊ မိမိလက်ဖြင့်။
ဝါ၊ ကိုယ်တိုင်။
သန္တပ္ပေသိ၊ ကောင်းစွာရောင့်ရဲ နှစ်သက်စေပြီ။
ဝါ၊ ပြည့်စုံလုံလောက်စေပြီ။
သမ္ပဝါရေသိ၊ (တော်ပြီဟု) ကောင်းစွာငြင်းပယ်စေပြီ။ပ။**၁။ "ဇာတိယာဝန် နာမ ဇာတိပုဂ္ဂဂုမ္ဗာနံ ဥဿန္တတာယ ဧဝံ လဒ္ဓနာမံ”**ဟူသော ပါရာဇိကဏ်အဋ္ဌကထာ (ပ-၂၄၂)အတိုင်း “မြတ်လေးတော”ဟုလည်း အနက် ပြန်ဆိုသည်ဇာတိယာ ဥပလက္ခိတံ ဝနံ ဇာတိယာဝန်(မြတ်လေးပန်းရုံဖြင့် မှတ်သား အပ်သောတော)ဟု အလုတ္တတပ္ပုရိသ်သမာသ်တွဲ(ဝိမတိဋီကာ၊ ပ-၁၆၀)
ဤသုတ်အဋ္ဌကထာ၌ကား “ဇာတိယာဝနေတိ သယံဇာတေ အရောပိတေး။ ဝနသဏ္ဍ”ဟု ဖွင့်၏ဇာတိယာ(သယံဇာတဿ)ဝန ဇာတိယာဝန်-ဟု အလုတ္တတပ္ပုရိသ်ပင် တွဲရာ၏၊ ဇာ၀သာ၊ အလိုအလျောက်ပေါက်သော သစ်ပင် အပေါင်း၏၊ ဝနံ=တော။ သိလာပုတ္တကဿ သရီရံကဲ့သို့ ဇာတိယာနှင့် ဝနကို အနက်ဒြပ်မကွဲပြားဘဲ ကွဲပြားသကဲ့သို့ဆိုသော အဘေဒဘေဒူပစာရဟု ကြံရာ၏။

ဘုတ္တာဝိံ၊ ဆွမ်းဘုဉ်းပေးပြီးတော်မူသည်ကို။
ဩနီတပတ္တပါဏိဩနီတပတ္တပါဏိ။ ။ဤစာအုပ် ပထမအကြိမ် ရိုက်တုန်းက ဤပုဒ်နှင့်စပ်၍ ဘာမျှ မရေးသားခဲ့မိပေဤပုဒ်မှာ မူကွဲပါဌ်အမျိုးမျိုး ရှိသလောက် ဆုံးဖြတ်ချက် လည်း အမျိုးမျိုးရှိ၏၊ ထို့အပြင် ဤပုဒ်၏ ယခုလက်ရှိ အဖွင့်ဝါကျစာမူ၌ ဝိဘတ်လွဲမှား နေသည်ကို ညွှန်ပြ၍ ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသေး၏၊ ဤနေရာ၌ ကျမ်း ပေါင်းစုံမှ အဖွင့်ဝါကျများနှင့် ဆရာအမျိုးမျိုးတို့၏ ထိုဆုံးဖြတ်ချက် အမျိုးမျိုးကို ရရှိသမျှ စုဆောင်း၍ ထုတ်ပြပါမည်။
(၁) သြနီတပတ္တပါဏိန္တိ ပတ္တတော သြနီတပါဏိ'အပနီတဟတ္ထန္တိ ဝုတ္တံ ဟောတိ။ (၂) သြနိတ္တပတ္တပါဏိန္တိပိ (ဩဟိတပတ္တပါဏိန္တိပိပါဌော။ တဿတ္ထော၊ သြနိတ္တံ နာနာဘူတံ ဝိနာဘူတံ ပတ္တံ ပါဏိတော အဿာတိ သြဒိတ္တပတ္တပါဏိ၊ တံ သြနိတ္တပတ္တပါဏိဟတ္ထစ ပတ္တဉ္စ ဓောဝိတွာ ဧကမန္တေ ပတ္တံ နိက္ခိပိတွာ နိသိန္တိ အတ္ထော။ အမ္ဗဋ္ဌသုတ်အဖွင့် သီလက္ခန်အဋ္ဌကထာ(၂၄၈)၊ မူလပဏ္ဏာသ အဋ္ဌကထာ၊ ဒု(၁၈၄)စသည်။
(၃) ဩနီတပတ္တပါဏိနောတိ ပါဏိတော အပနီတပတ္တာ၊ ဓောဝိတွာ ထဝိကာယ သြသာပေတွာ အံသေ လဂ္ဂိတပတ္တာတိ အတ္ထော။ သံယုတ်အဋ္ဌကထာတနှာ-၁၃၀ (သဠာယတနဝဂ်၊ ဣသိဒတ္တသုတ်အဖွင့်)။ (၄) ဓောတပတ္တပါဏိန္တိပိ ပါဌော။ ဥဒါန်းအဋ္ဌကထာ၊ ၂၂၀ (ဂေါပါလသုတ်)။ ထိုအဖွင့်ဝါကျ (၄)မျိုးတို့တွင်
**(၁)အဖွင့်ဝါကျ** ၌ ဩနီတပုဒ်ကို အပနီတဟူသော သံဝဏ္ဏနာနှင့် ထပ်တူ ဓာတ်တမျိုးတည်းထားကာ အဝပုဗ္ဗ နီဓာတ် ကြံတော်မူကြ၏ထို့အပြင်,ပရိနှင့် နိ, ဥ, သြနောက် နငယ်ရောက် မဖောက်ဏကြီး ပြန်လေပါဟူသော ဘုရားကြီး နိယံကို သာဓကပြု၍ ယင်းနိယံ၏ အဖြေကျမ်းနှင့် ပါရာဇိကဏ် ဂဏ္ဌိသစ်ဒုနှာ-၃၉၈ တို့၌ နငယ်ကို ဏကြီးပြန်ကာ “ဩဏီတ”ဟု ပါဌ်ရှိစေတော်မူကြ၏၊ လယ်တီဆရာတော်ကြီး၏ နိရုတ္တိဒီပနီ ကိတကဏ္ဍ(၅၁၂)၌လည်း “ဩဏီတော ပဏီတော နဿ ဏတ္တံ”ဟု မိန့်ဆို၏။ ဝိသုဒ္ဓါရုံစည်ရှင် အဘိဓာန်၌မူ သြနောက်မှ နငယ်ကို ဏကြီးပြန်ရိုး ထုံးစံမရှိဟု မိန့်ဆိုကာ နငယ်ဖြင့် ပါဌ်ရှိစေ၏သို့သော် ထိုစည်ရှင် ဆရာတော်၏ ရူပသိဒ္ဓိနိဿယ ဗဟုဗွီဟိသမာသ်ခန်း(နှာ-၃၃၂)၌ကား ဩဏဓာတ်, အပသာရဏ(ဖယ်ရှားခြင်း)အနက်ဟော၊ ဣအာဂုံ တပစ္စည်းဖြင့် “သြဏိတ”ဟု ရှိစေတော်မူပြန်၏၊ အပနီတဟတ္ထိ-ဟူသော သံဝဏ္ဏနာသည် ဩဏ ဓာတ်၏ အပသာရဏ(အပနယန) အနက်ကို ပြသည်ဟု ဆိုလို၏ယခုဆဋ္ဌသင်္ဂါယနာ မူအားလုံး၌ ဩနီတဟု နငယ်(ဤဒီဃ)ဖြင့်သာ တညီတညွတ်တည်းရှိစေတော်မူကြ၏။ ထို(၁)အဖွင့်ဝါကျအလို “ဩနီတော အပနီတော ပတ္တတော ပါဏိ ယဿာတိ သြနီတပတ္တပါဏိ၊ သပိတ်တော်မှ ဖယ်ထားအပ်ပြီးသော လက်ရှိတော်မူသော မြတ်စွာဘုရား'ဟူ၍ ဘိန္နာဓိကရဏတိပဒဗဟုဗွီဟိသမာသ်ဝစနတ္တ ပြုတော်မူကြ၏။ (ဝေရဉ္စကဏ္ဍသာရတ္ထဋီကာပ-၄၅၈-စသည်)။ သို့သော် ရူပသိဒ္ဓိ, သဒ္ဒနီတိ ဗဟုဂျီဟိ သမာသ်ခန်း၌မူ “ဩဏီတော ပတ္တတော ပါဏိ ယေန သောယံ ဩဏီတပတ္တပါတီ" ဟူ၍ တတိယာဗဟုဗွီဟိသမာသ်ဝစနတ္ထပြုတော်မူကြ၏။
**(၂)အဖွင့်ဝါကျ ယခုစာမူ၌** “သြနိတ္တံ နာနာဘူတံ ဝိနာဘူတံ ပတ္တံ ပါဏိတော အဿာတိ သြနိတ္တပတ္တပါဏိ၊ လက်တော်မှ တသီးတခြားဖြစ်သော သပိတ် ရှိတော်မူ သော မြတ်စွာဘုရားဟု ဝိဂြိုဟ်ဝါကျရှိနေ၏၊ သို့သော် ထို(၂)အဖွင့်ဝါကျ၌ "ဟတ္တစ ပတ္တဉ္စ”ဟူ၍ လက်တော်နှင့် သပိတ်ကို ဒွန်ဝါကျပြုလုပ်ထားသည်ကို ထောက်လျှင် “ပါဏိတော”ဟူသော အပါဒါန်ပဉ္စမန္တပါဌ်သည် မှန်ကန်သည်ဟု မဆိုနိုင်၊ ဟတ္ထ ကဲ့သို့ ဒုတိယာယောဝိဘတ်ဖြင့် “ပါဏယော”ဟု ရှိမှသာ မှန်ကန်သည်ဟု ဆိုနိုင်၏၊ ထို့ကြောင့်သြနိတ္တံ နာနာဘူတံ ဝိနာဘူတံ ပတ္တံ ပါဏယော အဿာတိ ဩနိတ္တပတ္တ ပါဏိ=တသီးတခြားစီဖြစ်သော သပိတ်နှင့် လက်တော်များ ရှိတော်မူသော မြတ်စွာ ဘုရား”ဟု ဝိဂြိုဟ်ဝါကျ ရှိသင့်၏ထိုဝိဂြိုဟ်ဝါကျ၌ ပတ္တံကိုငဲ့၍ ဩနိတ္တံ စသည်ဖြင့် ဧကဝုစ်ထားခြင်း ဖြစ်၏၊ ပါဏယောကို ငဲ့လျှင်ကား သြနိတ္တာစသည်ဖြင့် ဗဟုဝုစ် ထားရပေလိမ့်မည်ထို့အပြင် ဟနှင့် အလားတူ ပါဏယောဟု ဗဟုဝုစ် ထားလိုက် သော်လည်း သီလက္ခန်ဋီကာသစ်ဒု(အမ္ဗဋ္ဌသုတ်အဖွင့်၊ ၂၇၉)အတိုင်း “ပတ္တံ ပါဏိစ အဿာတိ”ဟု ထားလျှင်လည်း ကောင်းသည်ပင်ဖြစ်၏။ သို့သော် “ဘာဇနအနက်ဟော ပတ္တသဒ္ဒါသည် ပုလ္လိင်”ဟု ပြဆိုထားသော အဘိဓာနပ္ပဒီပိကာ ဂါတာ(၉၃၇)နှင့် မညီသောကြောင့် လိင်္ဂဝိပလ္လာသဟု ဆိုရပေလိမ့်မည်၊ ထို့ကြောင့် စည်ရှင်ဆရာတော် သည် “ပတ္တောစ ပါဏိစ ပတ္တပါဏယော”ဟု ဒွန်တွဲပြီး “သြနိတ္တာ နာနာဘူတာ ဝိနာဘူတာ ပတ္တပါဏယော ယဿာတိ သြနိတ္တပတ္တပါဏိ"ဟူ၍ ဝိဂြိုဟ်ဝါကျကို ပဌမာဗဟုဝစနန္တပါဌ်ချည်း ပြင်ဆင်တော်မူ၏။
ဤ(၂)အဖွင့်ဝါကျ၌ အဝပုဗ္ဗ, သောဓနအနက်ဟောနိဇ(နိဒိ)ဓာတ်, တပစ္စည်းကြံကာ နငယ်, တဒွေဘော်ဖြင့် ရုပ်ပြီးသောဩနိတ္တ”သာ ပါဌ်မှန်ဟု စည်ရှင်ဆရာတော် ဆုံးဖြတ်တော်မူ၏၊ ယခု ဆဋ္ဌသံဂါယနာမူများ၌လည်း ထိုအတိုင်း ပင် တညီတညွတ်တည်းရှိ၏၊ သီလက္ခန်ဋီကာသစ်၌မူ မုဒ္ဓဏကြီး, တသံယုတ်ဖြင့် ဝိနာဘူတအနက်ဟောဩဏိတ္တ”ကို ပါဌ်မှန်ယူထားပြန်၏။ တဖန် သီလက္ခန် ဘာသာ ဋီကာ၌ကား ဤ(၂)အဖွင့်ဝါကျရောက်မှ အပသာရဏအနက်ဟော ဩဏဓာတ် ဣအာဂံ တပစ္စည်း(အကြီးနှင့် ဝိသညောဂ ဖြစ်သော တဖြင့်) ဩဏိတ” ပါဌ်မှန်ဟု ဆုံးဖြတ်တော်မူ၏။
ဤတိုင်အောင် ပြခဲ့ပြီးသော (၁) (၂) အဖွင့်ဝါကျနှစ်မျိုးဖြင့် ဝိဂြိုဟ်ဝါကျ နှစ်မျိုးကိုသာ အဋ္ဌကထာဆရာ ဖော်ပြထားသည်ဟု ဆိုရမည်ဖြစ်ပါ၏၊ ထို့ကြောင့် သီလက္ခန်ဋီကာဟောင်း (၃၁၀)၌ ဩဏိတ္တန္တိ အာမိသာပနယနေန သုစိကတံ၊ တေနာဟ "ဟတ္ထစ ပတ္တဉ္စ ဓောဝိတွာ ဟူသော အဖွင့်နှင့် သာရတ္ထဋီကာ၌ “အာမိသာ ပနယနေန သုစိကဓံ”ဟူသော အဖွင့်တို့သည် သြနိတ္တသဒ္ဒါ၏ သုစိကရဏအနက်ကို ဖော်ပြသည်ဟုသာ ဆိုနိုင်၍ သြနိတ္တပတ္တပါဏိပုဒ်၏ နောက်ထပ်(တတိယ) ဝိဂြိုဟ်ကို ဖော်ပြသည်ဟု မဆိုနိုင်ပါ၊ ထိုသုစိကရဏအနက်ဟော ဩနိတ္တသဒ္ဒါဖြင့် အနက်ပြန်ဆို လျှင် “သြနိတ္တပတ္တပါဏိ၊ အာမိသကို ပယ်ရှားခြင်းအားဖြင့် စင်ကြယ်အောင် ဆေး ကြောအပ်ပြီးသော သပိတ်နှင့်လက်တော်များ ရှိတော်မူသော မြတ်စွာဘုရား”ဟု ဝိဂြိုဟ် နက်ဆိုပါ။
**(၃)အဖွင့်ဝါကျအလို** “သြနီတော အပနီတော ပတ္တော ပါဏိတော ယေသံ (ယေဟိ ဝါ)တိ ဩနီတပတ္တပါဏိနော၊ လက်မှ ဖယ်ထားအပ်ပြီးသော သပိတ်ရှိသော ရဟန်းတော်များ (သပိတ်ကို ဆေးကြောပြီး အိပ်ထဲထည့်၍ ပခုံး၌ လွယ်ထားပြီးသော ရဟန်းတော်များ)။ ယခင်(၁)ဝါကျ၌ “ပတ္တတော”ဟု သပိတ်ကို အပါဒါန်ခံ၍ ဤ (၃)အဖွင့်ဝါကျ၌မူ “ပါဏိတော”ဟု လက်တော်ကို အပါဒါန်ခံထားခြင်းသာ ထူး၏၊ ဩနီတပုဒ်၏ အနက်မှာကား ထို(၁) (၃) နှစ်ဝါကျလုံး၌ အပနယနအနက်ချည်းသာ တည်း။ (၂)အဖွင့်ဝါကျ ယခုလက်ရှိ စာမူအလိုအားဖြင့်လည်း “ပါဏိတော လက်ကို အပါဒါန် ခံထားပါ၏။ (၄)အဖွင့်ဝါကျ၌ ဓောတသဒ္ဒါ၏ အနက်သည် ယခင် သုစိကရဏအနက်နှင့် အတူတူပင် ဖြစ်နိုင်ပါသည်။ ၊ သပိတ်တော်မှ ဖယ်ထားအပ်ပြီးသော လက်ရှိတော်မူသည်ကို။ (ဉတွာ၊ သိ၍) ဧကမန္တံ၊ သင့်တော်သောနေရာတခု၌။ နိသီဒိ၊ ထိုင်နေပြီ။ပ။

ဧတံ၊ ဤစကားကို။
အဝေါစ၊ လျှောက်ပြီ။
(ကိန္တိ၊ သို့။
အဝေါစ၊ ဟူမူ)
ဘန္တေ၊ အရှင်ဘုရား။
မေ၊ တပည့်တော်၏။
ဣမာ ကုမာရိယော၊ ဤသတို့သမီးတို့သည်။
ပတိကုလာနိ၊ လင်၏အိမ်တို့သို့။
ဝါ၊ လင်၏အမျိုးတို့သို့။
ဂမိဿန္တိ၊ လိုက်သွား ကြရပါကုန်မည်။
ဘန္တေ၊ ရား။
ဘဂဝါ၊ သည်။
တာသံ၊ ထိုသတို့သမီးတို့ကို။
သြဝဒတု၊ ဆုံးမတော်မူပါ။
ဘန္တေ၊ ရား။
ဘဂဝါ၊ သည်။
တာသံ၊ တို့ကို။
အနုသာသတု၊ သွန်သင်တော်မူပါ။
ယံ၊ ယင်းသို့ ဆုံးမသွန်သင်ခြင်းသည်။
တာသံ၊ ထိုသတို့သမီးတို့၏။
ဒီဃရတ္တံ၊ ရှည်မြင့်စွာသော ညဉ့်နေ့ပတ်လုံး။
ဟိတာယ၊ စီးပွားအလို့ငှာလည်းကောင်း။
သုခါယ၊ ချမ်းသာခြင်းငှာလည်းကောင်း။
အဿ၊ ဖြစ်နိုင်ပါ၏။
ဣတိ၊ သို့။
(အဝေါစ၊ လျှောက်ပြီ)။
အထ ခေါ၊ (လျှောက်ထားရာ)ထိုအခါ၌။
ဘဂဝါ၊ သည်။
တာ ကုမာရိယော၊ ထိုသတို့သမီးတို့ကို။
ဧတံ၊ ဤစကားကို။
အဝေါစ၊ မိန့်တော်မူပြီ။
(ကိန္တိ၊ သို့။
အဝေါစ၊ မူ)
ကုမာရိယော၊ သတို့သမီးတို့။
တသ္မာ၊ ထိုကြောင့်(ထိုသို့ သင်တို့၏ဖခင်က ဆုံးမသွန်သင်ရန် လျှောက်ထားသည်အဖြစ်ကြောင့်။
ဝေါ၊ သင်တို့သည်)
ဧဝံ၊ ဤသို့။
သိက္ခိတဗ္ဗံ၊ ကျင့်ကြံအားထုတ်ရမည်။
(ကိန္တိ၊ သို့။
သိက္ခိတဗ္ဗံ၊ ကျင့်ကြံအားထုတ်ရမည်နည်းဟူမူ)
ဝေါ၊ သင်တို့၏။
မာတာပိတရော၊ မိဘတို့သည်။
အတ္ထကာမာ၊ အကျိုးကို လိုလားကုန်သည်။
ဟိတေသိနော၊ စီးပွားကို ရှာမှီးလေ့ရှိကုန်သည်။
အနုကမ္ပကာ၊ ငဲ့ညှာထောက်ထားသနားကုန်သည်။
(ဟုတွာ၊ ဖြစ်ကြကုန်၍)
အနုကမ္မံ၊ ငဲ့ညှာထောက်ထားသနားမှုကို။
ဥပါဒါယ၊ အကြောင်းပြု၍။
ယဿ ဘတ္တုနော၊ အကြင်လင်ယောက်ျားအား။
ဝေါ၊ သင်တို့ကို။
ဒဿန္တိ၊ ပေးကုန်လတ္တံ့။
ဝါ၊ ထိမ်းမြားကြကုန်လတ္တံ့။
(မယံ၊ ငါတို့သည်)
တဿ(ဘတ္တုနော)၊ ထိုလင်ယောက်ျား၏။
ပုဗ္ဗုဋ္ဌာယိနိယော၊ (အိမ်နေသူလူအားလုံးတို့၏) ရှေးဦးစွာ အိပ်ရာမှထလေ့ရှိသူတို့သည်။
ဝါ၊ (လင်ယောက်ျားကို မြင်သည်နှင့် တပြိုင်နက် မီးခဲကိုနင်းမိသည့်ပမာ ကပျာကယာ) ထိုင်နေရာမှ ရှေးဦးစွာ ထပေးတတ်သူတို့သည်။
ပစ္ဆာနိပါတိနိယော၊ (အိမ်နေသူလူအားလုံးတို့ အိပ်ပြီးသည့်)နောက်မှသာအိပ်လေ့ရှိသူတို့သည်။
ကိကာရပဋိဿာဝိနိယော၊ ဘယ်ဟာ ဘယ်ဟာကို ပြုရမည်နည်းဟု မေးမြန်း၍ပြုရမည့်ကိစ္စကို နာခံနေသူတို့သည်။
မနာပစာရိနိယော၊ နှစ်သက်မြတ်နိုးဖွယ် အပြုအမူကိုသာ ပြုကျင့်လေ့ရှိသူတို့သည်။
ပိယဝါဒိနိယော၊ ချစ်ဖွယ်စကားကိုသာ ပြောဆိုလေ့ရှိသူတို့သည်။
ဘဝိဿာမ၊ ဖြစ်ကုန်အံ့။
ဣတိ၊ ဤသို့။
(သိက္ခိတဗ္ဗံ၊ ကျင့်ကြံအားထုတ်ရမည်) ကုမာရိယော= သတို့သမီးတို့။
ဧဝံ ဟိ၊ ဤသို့သာလျှင်။
ဝေါ၊ သင်တို့သည်။
သိက္ခိတဗ္ဗံ၊ ရမည်။ [ထို့နောက် တသ္မာ တိဟ စသည်ကို ယခင်ကအတိုင်း အနက်ဆို]။ပ။
ဘတ္တု၊ လင်ယောက်ျား၏။
မာတာတိ ဝါ၊ မိခင်ဟူသော ပုဂ္ဂိုလ်လည်းဖြစ်သော။
ပိတာတိ ဝါ၊ ဖခင်ဟူသော ပုဂ္ဂိုလ်လည်းဖြစ်သော။
သမဏ ဗြာဟ္မဏာ တိ ဝါ၊ ရဟန်း ပုဏ္ဏားတို့ဟူသော ပုဂ္ဂိုလ်လည်းဖြစ်ကုန်သော။
ဂရုနော၊ အကြင်အလေးဂရုပြုထိုက်သော ပုဂ္ဂိုလ်တို့သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဝါ၊ ရှိကုန်လတ္တံ့။
(မယံ၊ ငါတို့သည်) တေ ဂရုနော= ထိုအလေးဂရုပြုထိုက်သော ပုဂ္ဂိုလ်တို့ကို။
သက္ကရိဿာမ၊ ရိုသေသမှု ကောင်းစွာပြုစုကြကုန်အံ့။
ဂရုကရိဿာမ၊ အလေးဂရုပြုကြကုန်အံ့။
မာနေဿာမ၊ ရိုသေမြတ်နိုးကြကုန်အံ့။
ပူဇေဿာမ၊ ပူဇော်ကြကုန်အံ့။
စ၊ ထို့အပြင်။
ဝါ၊ ပြီးတော့။
အာဂတေ၊ မိမိထံမှောက်သို့ ရောက်လာကြကုန်သော။
(တေ ဂရုနော၊ ထိုအလေးဂရုပြုထိုက်သူတို့ကို) အာသနောဒကေန= နေရာ, ခြေဆေးရေဖြင့်။
ပဋိပူဇေဿာမ၊ ပူဇော်ကြကုန်အံ့။
ဣတိ၊ သို့။
(သိက္ခိတဗ္ဗံ၊ ရမည်) ကုမာရိယော= တို့။
ဧဝံ ဟိ၊ လျှင်။
ဝေါ၊ သင်တို့သည်။
သိက္ခိတဗ္ဗံ၊ မည်။ပ။
ဘတ္တု၊ ၏။
ဥဏ္ဏာတိ ဝါ၊ သိုးမွေးလုပ်ငန်းဟူသည်လည်း ဖြစ်ကုန်သော။
ကပ္ပါသာတိ ဝါ၊ ဝါချည်လုပ်ငန်းဟူသည်လည်း ဖြစ်ကုန်သော။
အဗ္ဗန္တရာ၊ အိမ်တွင်းရေးရာဖြစ်ကုန်သော။
ယေ တေ ကမ္မန္တာ၊ အကြင်လုပ်ငန်းတို့သည်။
(သန္တိ၊ ရှိတတ်ကုန်၏) (မယံ= ငါတို့သည်) တတ္ထ= (သိုးမွေးဝါချည်ဆိုင်ရာ) ထိုအိမ်တွင်းလုပ်ငန်းတို့၌။
ဒက္ခာ၊ ကျွမ်းကျင်သူတို့သည်။
အနလသာ၊ မပျင်းရိသူတို့သည်။
တတြုပါယာယ၊ (သိုးမွေးဝါချည်ဆိုင်ရာ) ထိုအိမ်မှုလုပ်ငန်း၌ ပြီးစီးစေနိုင်သော အကြောင်းဥပါယ်ဖြစ်သော။
ဝီမံသာယ၊ (ဤအချိန်၌ ဤလုပ်ငန်းကို ပြုလုပ်သင့်၏ဟု) စူးစမ်းဆင်ခြင်တတ်သော ဉာဏ်ပညာနှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်သည်။
ကာတုံ၊ ကိုယ်တိုင်ပြုလုပ်ခြင်းငှာ။
အလံ၊ စွမ်းနိုင်ကုန်သည်။
သံဝိဓာတုံ၊ စီမံခန့်ခွဲခြင်းငှာ။
ဝါ၊ သူတပါးတို့ကို စေခိုင်းခြင်းငှာ။
အလံ၊ စွမ်းနိုင်ကုန်သည်။
ဘဝိဿာမ၊ ဖြစ်ကုန်အံ့။
ဣတိ၊ သို့ (သိက္ခိတဗ္ဗံ= ရမည်)။ပ။
ဘတ္တု၊ လင်ယောက်ျား၏။
အန္တရော၊ အိမ်တွင်းနေသူဖြစ်သော။
ဒါသာတိ ဝါ၊ ကျွန်များဟုဆိုအပ်သူ လူအပေါင်းလည်းဖြစ်သော။
ပေဿာတိ ဝါ၊ အစေခံများဟု ဆိုအပ်သူ လူအပေါင်းလည်းဖြစ်သော။
ကမ္မကရာတိ ဝါ၊ အလုပ်သမားများဟု ဆိုအပ်သူ လူအပေါင်းလည်းဖြစ်သော။
ယော သော အန္တောဇနော၊ အကြင် အတွင်းသူ အတွင်းသား လူအများသည်။
(အတ္ထိ၊ ရှိ၏) တေသံ= ထိုအတွင်းသူ အတွင်းသားတို့၏။
ကတဉ္စ၊ ပြုလုပ်အပ်ပြီးသော လုပ်ငန်းကိုလည်း။
ကတတော၊ ပြုအပ်ပြီးသော လုပ်ငန်းအဖြစ်အားဖြင့်။
ဇာနိဿာမ၊ သိကုန်အံ့။
ဝါ၊ သိအောင် ဂရုစိုက်ကုန်အံ့။
အကတဉ္စ၊ မပြုအပ်သေးသော လုပ်ငန်းကိုလည်း။
အကတတော၊ မပြုအပ်သေးသော လုပ်ငန်း၏အဖြစ်အားဖြင့်။
ဇာနိဿာမ၊ အံ့။
ဂိလာနကာနဉ္စ၊ မကျန်းမာသောထိုလူတို့၏လည်း။
ဗလာဗလံ၊ အားရှိသည် အားမရှိသည်တို့၏ အဖြစ်ကို။
ဇာနိဿာမ၊ အံ့။
စ၊ ထို့အပြင်။
အဿ၊ ထိုအတွင်းသူ အတွင်းသား လူအများအား။
ခါဒနီယံ၊ ခဲဖွယ်ကိုလည်းကောင်း။
ဘောဇနီယံ၊ ဘောဇဉ်ကိုလည်းကောင်း။
ပစ္စံသေန(ပတိအံသေန)၊ မိမိ မိမိတို့ ကိုယ်စီကိုယ်င ရထိုက်သော ဝေစုဖြင့်။
သံဝိဘဇိဿာမ၊ ခွဲခြမ်းဝေဖန်ပေးကုန်အံ့။
ဣတိ၊ သို့။
(သိက္ခိတဗ္ဗံ၊ မည်)။ပ။
ဘတ္တာ၊ လင်သည်။
ယံ ဓနံ ဝါ၊ အကြင် ဥစ္စာကိုလည်းကောင်း။
ယံ ဓညံ ဝါ၊ အကြင် စပါးကိုလည်းကောင်း။
ယံ ရဇတံ ဝါ၊ အကြင်ငွေကို လည်းကောင်း။
ယံ ဇာတရူပံ ဝါ၊ အကြင် ရွှေကိုလည်းကောင်း။
အာဟရိဿတိ၊ ဆောင်ယူခဲ့ငြားအံ့။
တံ၊ ထိုဥစ္စာ စပါးရွှေငွေကို။
အာရက္ခေန၊ စောင့်ရှောက်ခြင်းဖြင့်။
ဂုတ္တိယာ၊ လုံခြုံအောင် ထိန်းသိမ်းခြင်းဖြင့်။
သမ္ပာဒေဿာမ၊ ပြည့်စုံစေကုန်အံ့။
စ၊ ထို့အပြင်။
တတ္ထ၊ ထိုဥစ္စာစပါး ရွှေငွေ၌။
အဓုတ္တီ၊ သေရည်သောက်စားယောက်ျားနှင့်ပျော် အပျက်အချော်မိန်းမ မဟုတ်ကုန်သည်။
အထေနီ၊ မခိုးမဝှက်သော မိန်းမတို့သည်။
အသောဏ္ဍီ၊ သေသောက်ကြူးမစသည် မဟုတ်ကုန်သည်။
အဝိနာသိကာယော၊ မဖျက်ဆီးသော မိန်းမတို့သည်။
ဘဝိဿာမ၊ အံ့။
ဣတိ၊ သို့။
(သိက္ခိတဗ္ဗံ) ကုမာရိယော၊ တို့။
ဧဝံ ဟိ၊ လျှင်။
ဝေါ၊ သင်တို့သည်။
သိက္ခိတဗ္ဗံ၊ မည်။
ကုမာရိယော၊ သတို့သမီးတို့။
ပဉ္စဟိ၊ ငါးပါးကုန်သော။
ဣမေဟိ ဓမ္မေဟိ၊ ဤတရားတို့နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
မာတုဂါမော၊ မိန်းမသည်။ပ။
မနာပကာယိကာနံ၊ မနာပကာယိကာ မည်ကုန်သော။
ဝါ၊ စိတ်ကြိုက် ရုပ်သွင်ကို ဖန်ဆင်း၍ ပျော်မွေ့သော နတ်အပေါင်း၌ ဖြစ်ကုန်သော။
ဒေဝါနံ၊ (နိမ္မာနရတိ) နတ်တို့၏။
သဟဗျတံ၊ အတူတကွဖြစ်ဖက် အဖော်သဟဲ၏ အဖြစ်သို့။
ဥပပဇ္ဇတိ၊ လားရောက်၏။
ဣတိ(အဝေါစ) [မနာပေ ရူပ အဘိရမန္တီတိ မနာပါ၊ စိတ်ကြိုက် ရုပ်သွင်သဏ္ဌာန်၌ (စိတ်ကြိုက် ရုပ်သွင်ဖန်ဆင်း၍) ပျော်မွေ့သော နတ်များ။
မနာပါနံ ကာယော သမူဟောတိ မနာပကာယာ။
တသ္မိံ ဇာတာ မနာပကာယိကာ]
ယော (ဘတ္တာ)၊ အကြင်လင်သည်။
အာတာပိ၊ လွန်စွာကြိုးစားအားထုတ်လျက်။
ဥကော၊ ကြောင့်ကြစိုက်လျက်။
နံ၊ ထိုမိမိမယားကို။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
နိစ္စံ၊ အမြဲ။
ဘရတိ၊ မွေးမြူ၏။
ဝါ၊ ကျွေးမွေးစောင့်ရှောက်၏။
သောတ္ထီ (သုဣတ္ထီ)၊ ကောင်းသောမိန်းမသည်။
သဗ္ဗကာမဟရံ၊ လိုချင်ရာအားလုံးကို ဆောင်ယူပေးကမ်းလျက်။
ပေါသံ၊ မွေးမြူသော။
တံ ဘဏ္ဍာရံ၊ ထိုလင်ကို။
န အတိမညတိ၊ ကျော်လွန်၍ မမှတ်ထင်။
ဝါ၊ မလေးမစားမပြု။
တံ ဘတ္တာရံ၊ ထိုလင်ကို။
ဣဿာစာရေန၊ ငြူစူခြင်းဟူသောအကျင့်ဆိုးဖြင့်။
န စာပိ ရောသယေ၊ မခြုတ်ခြယ်လည်းမခြုတ်ခြယ်။
စ၊ ထို့အပြင်။
ပဏ္ဍိတာ၊ ပညာရှိသော မိန်းမသည်။
ဘတ္တု၊ လင်၏။
သဗ္ဗေ၊ အားလုံးကုန်သော။
ဂရုနော၊ အလေးဂရုပြုထိုက်သော မိဘစသည်တို့ကို။
ပဋိပူဇေတိ၊ ပူဇော်၏။
(ပဏ္ဍိတာ၊ ပညာရှိမိန်းမသည်)
ဥဋ္ဌာဟိကာ၊ ထထကြွကြွ အားထုတ်ပြုလုပ်၏။
အနလသာ၊ မပျင်းရိ။
သင်္ဂဟီတပရိဇ္ဇနာ၊ ချီးမြှောက်အပ်သော အခြေအရံ ပရိသတ်ရှိ၏။
ဝါ၊ အခြွေအရံ ပရိသတ်ကို ချီးမြှောက်၏။
ဘတ္တု၊ လင်၏။
မနာပံ၊ စိတ်နှလုံးကို တိုးပွားစေတတ်သော အပြုအမူကို။
စရတိ၊ ပြုကျင့်၏။
သမ္ဘတံ၊ စုဆောင်းထားအပ်ပြီးသောပစ္စည်းဥစ္စာကို။
အနုရက္ခတိ၊ အစဉ်မပြတ်စောင့်ရှောက်၏။
ယာ နာရီ၊ အကြင်မိန်းမသည်။
ဘတ္တု၊ လင်၏။
ဆန္ဒဝသာနဂါ၊ ဆန္ဒအလိုအကြိုက်သို့ အစဉ်လိုက်လျက်။
ဧဝံ၊ ဤဟောပြအပ်ခဲ့သည့်အတိုင်း။
ဝတ္တတိ၊ လိုက်နာပြုကျင့်၏။
သာ(နာရီ)၊ ထိုမိန်းမသည်။
[ဥပပဇ္ဇတိ၊ ၌စပ်]
ယတ္တ၊ အကြင်နတ်ပြည်၌။
မနာပါ နာမ၊ မနာပမည်ကုန်သော။
ဝါ၊ စိတ်ကြိုက် ဖန်ဆင်းအပ်သော ရုပ်သွင်၌ ပျော်မွေ့တတ်ကုန်သော။
တေ ဒေဝါ၊ ထိုနိမ္မာနရတိ နတ်တို့သည်။
(သန္တိ၊ ရှိကုန်၏။
တတ္ထ၊ ထိုနတ်ပြည်၌) ဥပပဇ္ဇတိ= ဖြစ်ရ၏။
ဣတိ (အဝေါစ၊ မိန့်)
တတိယံ။