ဘိက္ခဝေ၊ တို့။ ပဉ္စဟိ၊ ကုန်သော။ ဣမေဟိအင်္ဂေဟိ၊ ဤအကြောင်းတရားတို့သည်။ အနုဂ္ဂဟိတာ၊ သော။ သမ္မာဒိဋ္ဌိ၊ သည်။ပ။ ပညာ ဝိမုတ္တိဖလာနိသံသာ စ၊ လည်းကောင်း။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)။
ယခုပြန်ဆိုထားအပ်သောအနက်သည်ဤသုတ်အဋ္ဌကထာဖွင့်သည့်အတိုင်းပြန်ဆိုထားအပ်သောအနက်ဖြစ်၏။ ဤသုတ်ဋီကာ၌ထုတ်ပြထားအပ်သောမဇ္ဈိမပဏ္ဏာသအဋ္ဌကထာ(၂၆၄)အဖွင့်အတိုင်း ပြန်ဆိုလျှင်ကား-
ဘိက္ခဝေ၊ တို့။ ပဉ္စဟိ၊ ကုန်သော။ အင်္ဂေဟိ၊ အကြောင်းတရားတို့သည်။ အနုဂ္ဂဟိတာ၊ (ထိုက်သည်အားလျော်စွာ နိဿယပစ္စည်းစသည်အစွမ်းဖြင့်) ချီးမြှောက်ထောက်ကူအပ်သော။ သမ္မာဒိဋ္ဌိ၊ အရဟတ္တမဂ္ဂသမ္မာဒိဋ္ဌိသည်။ ဝါ၊ မှန်ကန်သော အရဟတ္တမဂ်ဉာဏ်အမြင်သည်။ စေတောဝိမုတ္တိဖလာ စ၊ (အရဟတ္တဖိုလ်ပညာမှ ကြွင်းသော ဖိုလ်တရားဟူသော) စေတောဝိမုတ္တိအကျိုး ရှိသည်လည်းကောင်း။ ဝါ၊ တဖန်ငြိမ်းစေခြင်းဖြင့် ကိလေသာအားလုံးမှစိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော(အရဟတ္တဖိုလ်ပညာမှ ကြွင်းသော) ဖိုလ်တရားဟူသောအကျိုးရှိသည်လည်းကောင်း။ စေတောဝိမုတ္တိဖလာနိသံသာစ၊ (အရဟတ္တဖိုလ် ပညာမှကြွင်းသော ဖိုလ်တရားဟူသော) စေတောဝိမုတ္တိ အကျိုးအာနိသင်ရှိသည်လည်းကောင်း။ ဝါ၊ တဖန်ငြိမ်းစေခြင်းဖြင့် ကိလေသာအားလုံးတို့မှ စိတ်၏လွတ်မြောက်ကြောင်းဖြစ်သော (အရဟတ္တဖိုလ်ပညာမှ ကြွင်းသော) ဖိုလ်တရားဟူသောအကျိုးအာနိသင်ရှိသည်လည်းကောင်း။ ဟောတိ၊ ၏။ ပညာ ဝိမုတ္တိဖလာ စ၊ ပညာဝိမုတ္တိအကျိုး ရှိသည်လည်းကောင်း။ ဝါ၊ တဖန်ငြိမ်းစေခြင်းဖြင့် ကိလေသာအားလုံးတို့မှ လွတ်မြောက်ကြောင်းအရဟတ္တဖိုလ်ပညာဟူသောအကျိုးရှိသည်လည်းကောင်း။ ပညာဝိမုတ္တိဖလာနိသံသာစ၊ ပညာဝိမုတ္တိဟူသောအကျိုးအာနိသင်ရှိသည်လည်းကောင်း။ ဝါ၊ တဖန် ငြိမ်းစေခြင်းအားဖြင့် ကိလေသာအာလုံးတို့မှ လွတ်မြောက်ကြောင်း အရဟတ္တဖိုလ်ပညာဟူသော အကျိုးအာနိသင် ရှိသည်လည်းကောင်း။ ဟောတိ၊ ၏။ပ။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ သမ္မာဒိဋ္ဌိ၊ အရဟတ္တမဂ္ဂသမ္မာဒိဋ္ဌိသည်။ သီလာ နုဂ္ဂဟိတာ စ၊ စတုပါရိသုဒ္ဓိသီလသည်ချီးမြှောက်ထောက်ကူအပ်သည်လည်း။ ဟောတိ၊ ၏။ သုတာနုဂ္ဂဟိတာ စ၊ မိမိနှင့် သင့်လျော်သောတရားကို ကြားနာမှုသည် ချီးမြှောက်ထောက်ကူအပ်သည်လည်း။ ဟောတိ၊ ၏။ သာကစ္ဆာနုဂ္ဂဟိတာစ၊ ကမ္မဋ္ဌာန်း၌မလွဲမချော်အောင် အတူတကွဆွေးနွေးမှုသည်ချီးမြှောက်ထောက်ကူအပ်သည်လည်း။ ဟောတိ၊ ၏။ သမထာနုဂ္ဂဟိတာ စ၊ ဝိပဿနာ၏ အခြေခံဖြစ်သောသမာပတ်ရှစ်ပါးသည် ချီးမြှောက်ထောက်ကူအပ်သည်လည်း။ ဟောတိ၊ ၏။ ဝိပဿနာနုဂ္ဂဟိတာစ၊ အနုပဿနာခုနစ်ပါးသည်ချီးမြှောက်ထောက်ကူအပ်သည်လည်း။ ဟောတိ၊ ၏။ပ။