Issues
Select Version
胜嗣Jinadāyāda
中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Pañcakanipātapāḷi
Pañcakanipātapāḷi

4. Vitthatasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

**၁၄။ ဝိတ္ထတသုတ်**။ပ။ဘိက္ခဝေ၊ တို့။ သတိဗလံ၊ သတိဗိုလ်ဟူသည်။ ဝါ၊ သတိစွမ်းအားဟူသည်။
ကတမဉ္စ၊ မူ။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ အရိယသာဝကော၊ သည်။ သတိမာ၊ သတိရှိသည်။ ပရမေန၊ မြတ်သော။ သတိနေပက္ကေန**၁။ အဋ္ဌကထာအလို သတိနေပက္က**။ ။ အဋ္ဌကထာ၌ နေပက္ကပုဒ်၏အရပညာကိုယူ၏၊ ပဋိပက္ခံ နိပယတိ ဝိသောသေတီတိ နိပကော၊ ဆန့်ကျင်ဘက်ကိလေသာအပေါင်းကို ခြောက်သွေ့စေတတ်သော ပညာရှိပုဂ္ဂိုလ်။ နိ+ပေ+အ=နိပယ၊ ယကိုကပြု၊ ထို့နောက် တဒ္ဓိတ်ဏျပစ္စည်းဖြင့် နေပက္ကဟုဖြစ်၏၊ နိပကဿ ဘာဝေါ နေပက္ကံ=ထိုပညာရှိ ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ပညာ။ သတိ စ နေပက္ကဉ္စ သတိနေပက္ကံ(သတိနှင့်ပညာ)။
သတိကို အကျယ်ဝေဖန်ပြရာအခန်း၌ ပညာ(နေပက္က)ကို ယူထားခြင်းဖြစ်၏၊ ယင်းသို့ယူထားရခြင်းအကြောင်းကို သာ(ပညာ)သတိယာ ဥပကာရကဘာဝေန ဂဟိတာ(ထိုပညာသည် သတိအား ကျေးဇူးပြုတတ်၏၊ ထို့ကြောင့် ပညာကို ယူထားသည်) ဟူ၍ ဤသုတ်အဋ္ဌကထာဖွင့်၏၊ ထို့အပြင် ဉာဏသမ္ပယုတ်သတိဖြစ်၍အားကောင်းသော သတိဖြစ်ကြောင်း (အားနည်းသော ဉာဏဝိပ္ပယုတ်သတိ မဟုတ်ကြောင်း) ကိုပြခြင်းအကျိုးငှာ ပညာကို ယူထားခြင်းဖြစ်သည်ဟုလည်း မဇ္ဈိမပဏ်ဋ္ဌ (၂၁) ၌ မိန့်ဆို၏။
**ဋီကာအလို သတိနေပက္က။ ။**မဇ္ဈိမပဏ်ဋီကာ (၁၅)၌ကား နေပက္ကအရပညာကိုယူသည်ကို မနှစ်သက်ပေ၊ ထို့ကြောင့် "သတနေပက္ကနာတိ သတိယာနေပက္ကောန၊ တိက္ခ ဝိသဒသူရဘာဝေန" စသည်ဖြင့် ဖွင့်၏၊ နိပကဿ ဘာဝေါနေပက္ကံ၊ ထက်မြက်သန့်ရှင်း ရဲရင့်သောသတိ၏အဖြစ်၊ သတိယာ နေပက္ကံ သတိနေပက္ကံ=သတိ၏ ထက်မြက်သန့်ရှင်း ရဲရင့်သည်၏အဖြစ်၊ ဝါ=သတိ၏ ထက်မြက်သန့်ရှင်း ရဲရင့်ခြင်းသဘော။ တရားကိုယ်မှာ သတိပင်ဖြစ်၏။
ထို့ကြောင့် ဤဋီကာအလို နေပတ္တအရ ပညာကိုမယူရ၊ သတိကိုသာယူရ၏၊ ထိုသတိသည် ပညာပါမှသာ အားကောင်းသည်မဟုတ်၊ သူ့ချည်းသက်သက်လည်း အားကောင်းပါ၏။ ထို့ကြောင့်ပင် ကျမ်းဂန်ကို ရွတ်အံခြင်း၊ အနိစ္စတာ စသည်ဖြင့် ဆင်ခြင်သုံးသပ်ခြင်းကိစ္စတို့ကို ပြုလုပ်ရာအခါ၌ အလေ့အလာများသောအခါ ပညာ မပါသော(ဉာဏဝိပ္ပယုတ်)သတိဖြင့်လည်း ရွတ်အံမှ ဆင်ခြင်သုံးသပ်မှုတို့ကို ပြုလုပ် နိုင်ပါ၏ဟု ဖွင့်ဆိုသည်။
၊ သတိ,ပညာနှင့်။ ဝါ၊ သတိ၏ ထက်မြက်သန့်ရှင်း ရဲရင့်သည်အဖြစ်နှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ စိရကတမ္ပိ၊ (မိမိနှင့် သူတပါးတို့) ကြာမြင့်စွာကာလတုန်းကကိုယ်ဖြင့် ပြုလုပ်အပ်ဖူးသော ကျင့်ဝတ်ဖြည့်ကျင့်ခဲ့ခြင်းကိုလည်းကောင်း။ ဝါ၊ မိမိနှင့် သူတပါးတို့ ကြာမြင့်စွာကာလတုန်းက ကိုယ်ဖြင့်ပြုလုပ်အပ်ဖူးသော ကျင့်ဝတ်ဖြည့်ကျင့်ခဲ့ခြင်း သဘောအားဖြင့်ဖြစ်သော ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်ကိုလည်းကောင်း။ စိရဘာသိတမွီ၊ (မိမိနှင့် သူတပါးတို့) ကြာမြင့်စွာ ကာလတုန်းက နှုတ်ဖြင့်မြွက်ဆို အပ်ဖူးသော ပါဠိသင်ယူပို့ချ ဟောပြောခဲ့ခြင်း ကိုလည်းကောင်း။ ဝါ၊ မိမိနှင့် သူတပါးတို့ ကြာမြင့်စွာကာလတုန်းက နှုတ်ဖြင့် မြွက်ဆိုအပ်ဖူးသော ပါဠိ သင်ယူပို့ချ ဟောပြောခဲ့ခြင်း သဘောအားဖြင့်ဖြစ်သော ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်ကိုလည်းကောင်း။ သရိတာ၊ (တကြိမ်တခါ) အောက်မေ့အမှတ်ရနေသည်ဝါ=တကြိမ်တခါ အောက်မေ့အမှတ်ရမှ သတိ သမ္ဗောဇ္ဈင်ကို ဖြစ်စေသည်။ အနုဿရီတာ၊ အထပ်ထပ် အောက်မေ့အမှတ်ရနေသည်။ ဝါ၊ အထပ်ထပ် အောက်မေ့အမှတ်ရမှု သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤစိရကတ စီရဘာသိတတို့ကို အောက်မေ့ အမှတ်ရမှ သတိသမ္ဗောဇ္ဈင်ကို။ သတိဗလံ၊ သတိဗိုလ်ဟူ၍။ ဝါ၊ သတိစွမ်းအားဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဘိက္ခဝေ၊ တို့။ သမာဓိဗလံ၊ သမာဓိဗိုလ်ဟူသည်။ ဝါ၊ သမာဓိစွမ်းအား ဟူသည်။ ကတမဉ္စ၊ အဘယ်နည်းဟူမူ။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ အရိယသာဝကော၊ သည်။ ကာမေဟိ၊ ဝတ္ထု ကိလေသာနှစ်ဖြာသော ကာမတို့မှ။ ဝိဝိစ္စေဝ၊ ကင်းတရားတို့မှ။ ဝိဝိစ္စဧဝ၊ ကင်းဆိတ်၍သာလျှင်။ သဝိတက္ကံ၊ ဝိတက်နှင့်လည်း တကွဖြစ်သော။ သဝိစာရံ၊ ဝိစာရနှင့်လည်းတကွဖြစ်သော။ ဝိဝေကဇံ၊ နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော။ ပီတိသုခံ၊ ပီတိသုခရှိသော။ ပဋ္ဌမံ၊ ဂဏန်း အားဖြင့် ပဌမဖြစ်သော။ ဈာနံ၊ ဈာန်သို့။ ဝါ၊ ဈာန်ကို။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ ဝါ၊ ပြီးစီးစေ၍။ ဝိဟရတိ၊ နေ၏။ [ကျန်သော အနက်အမျိုးမျိုးကို ဒုတိယ အကြိမ် ရိုက်နှိပ်သော ပထမတွဲ နိဿယ။ နှာ-၁၃၅။ ၁၃၆။ ဒုကနိပါတ်စာပိုဒ် (၁၃)သုတ်ကြည့်]
ဝိတက္ကဝိစာရာနံ၊ ဝိတက်ဝိစာရတို့ကို။ ဝူပသမာ၊ ချုပ်ငြိမ်းစေခြင်း ကြောင့်။ ဝါ၊ ပယ်ခွာလွန်မြောက်ခြင်းကြောင့်။ အဇ္ဈတ္တံ၊ မိမိခန္ဓာအစဉ်၌ဖြစ်သော။ သမ္ပသာဒနံ၊ ကောင်းစွာ ကြည်လင်စေတတ်သော။ စေတသော၊ စိတ်၏။ ဧကောဒိ ဘာဝံ၊ မြတ်သည်ဖြစ်၍ မြင့်တက်လာသော သမာဓိကို တိုးပွားစေတတ်သော။ အဝိတက္ကံ၊ ဝိတက်လည်း မရှိသော။ အဝိစာရံ၊ ဝိစာရလည်း မရှိသော။ သမာဓိဇံ၊ ပဌမဈာန်သမာဓိကြောင့်ဖြစ်သော။ ဝါ၊ ယှဉ်ဘက် ဒုတိယဈာန် သမာဓိကြောင့် ဖြစ်သော။ ပီတိသုခံ၊ ပီတိသုခရှိသော။ ဒုတိယံ၊ ဂဏန်းစဉ်အားဖြင့် နှစ်ခုမြောက် ဖြစ်သော။ ဈာနံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ဗဇ္ဇ၊ ၍။ ဝိဟရတိ၊ နေ၏။

ပီတိယာ၊ ပီတိကို။ ဝိရာဂါစ၊ စက်ဆုပ်ခြင်းကြောင့် လည်းကောင်း။ (ဝူပသမာ စ၊ ချုပ်ငြိမ်းစေခြင်းကြောင့် လည်းကောင်း။) ဥပေက္ခကော၊ (သုခ ဒုက္ခဘက်မကျအောင်) သင့်လျော်ညီမျှစွာ ရှုတတ်သော တတြမဇ္ဈတ္တုပေက္ခာရှိသည်။ ဝါ၊ လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တပေက္ခာရှိသည်။ (ဟုတွာစ၊ ဖြစ်၍လည်း) ဝိဟရတိ၊ နေ၏။ သတော၊ ဈာန်၏အာရုံကို အောက်မေ့အမှတ်ရ သည်။ ဝါ၊ သတိရှိသည်။ သမ္ဗဇာနော၊ (ဈာန်၏အာရုံကို) ကောင်းစွာခွဲခြား သိသည်။ ဝါ၊ သမ္ပဇာဉ် ဉာဏ်ပညာရှိသည်။ (ဟုတွာ စ၊ လည်း။ ဝိဟရတိ၊ ၏) သုခဉ္စ၊ စေတသိကသုခ ကာယိကသုခကိုလည်း။ ကာယေန၊ နာမကာယဖြင့်။ (တတိယဈာန်စိတ္တုပ္ပာဒ် ကာယဝိညာဏ်စိတ္တုပ္ပာဒ်ဟူသော နာမကာယဖြင့်) ပဋိသံဝေဒေတိ၊ ခံစား၏။

ယံ၊ အကြင် တတိယဈာန်ကြောင့်။ တံ၊ ထိုတတိယဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ အရိယာ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်။ အာစိက္ခန္တိ၊ ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏။ (ကိန္တိ၊ အဘယ်သို့။ အာစိက္ခန္တိ၊ ချီးမွမ်းစကား ပြောကြားတော်မူကြကုန်သနည်းဟူမူ) (အယံ၊ ဤတတိယဈာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည်)

ဥပေက္ခကော၊ လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တုပေက္ခာရှိပါပေစွာ။ (ချမ်းမြေ့ဂုဏ်အင် စုံလင်ကဲမောက် ထိပ်ဆုံးရောက် ရှိ တတိယဈာန သုခ၌ပင် ခင်မင်မပြု လျစ်လျူရှုနိုင်ပါပေစွာ) သတိမာ၊ သတိ ရှိပါပေစွာ့။ (ပီတိထပ်ကာ မဖြစ်လာအောင် သေချာမြဲကြပ် စွဲကပ်သော သတိ ရှိပါပေစွာ) သုခဝိဟာရီ= ချမ်းသာစွာနေလေ့ရှိပါပေစွာ။ ဣတိ၊ ဤသို့။ (အာစိက္ခုန္တိ၊ ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏) တတိယံ၊ ဂဏန်းစဉ်အားဖြင့် သုံးခုမြောက်သော။ တံ ဈာနံ၊ ထိုဈာန်သို့။ ဝါ၊ ထိုဈာန်ကို။ ဥပသမ္ဗဇ္ဇ၊ ၍။ ဝိဟရတိ၊ ၏။
ပုဗ္ဗေဝ၊ (ဈာန်လေးပါးတို့၏) ရှေးဦးမဆွ ဥပစာရခဏ၌သာလျှင်။ သုခဿ၊ ကာယိကသုခကို။ ပဟာနာ စ၊ ပယ်ခြင်းကြောင့်လည်းကောင်း။ ဒုက္ခဿ၊ ကာယိကဒုက္ခကို။ ပဟာနာ စ၊ လည်းကောင်း။ သောမနဿ ဒေါမနဿာနံ၊ သောမနဿဝေဒနာနှင့် ဒေါမနဿဝေဒနာတို့၏။ အတ္ထင်္ဂမာစ၊ ချုပ်ခြင်းသို့ ရောက်ခြင်းကြောင့်လည်းကောင်း။ အဒုက္ခမသုခံ၊ ဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော။ ဝါ၊ ဒုက္ခလည်းမရှိ သုခလည်းမရှိသော။ ဥပေက္ခာသတိ ပါရိသုဒ္ဓိ၊ ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော။ စတုတ္ထ၊ ဂဏန်းစဉ်အားဖြင့် လေးခုမြောက်ဖြစ်သော။ ဈာနံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ဗဇ္ဇ၊ ၍။ ဝါ၊ ၍။ ဝိဟရတိ၊ နေ၏။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤဈာန်လေးပါးဟူ သော သမာဓိစွမ်းအားကို။ သမာဓိဗလံ၊ သမာဓိဗိုလ်ဟူ၍။ ဝုစ္စတိ၊ ၏
။ပ။စတုတ္ထံ။