၂၀၈။ ဘိက္ခဝေ၊ တို့။
ဒန္တကဋ္ဌဿ၊ ဒန်ပူကို။
၂။ ဒန်ဂူနှင့် ဒန်ပူသုံးစွဲနည်း။ ။ ဒန်ပူဟုဆိုရာ၌ မြန်မာတို့၏ ပါးပါးလွှာလွှာ ဒန်ပူပြားကလေးကိုသာ မျက်စိဖြင့်မြင်မနေရထိုဒန်ပူပြားကလေးမှာ သွားဖြင့် ကိုက်ဝါး အသုံးပြုရသည်မဟုတ်ဘဲ သွားကိုခြစ်ခြင်း လျှာကိုခြစ်ခြင်းအားဖြင့်သာ အသုံးပြုရိုး ရှိသည်၊ ထို့ကြောင့် တမာကိုင်းကြီး၏အဖျားပိုင်း လက်သန်းလက်ညှိုးလောက် အရွယ် အစားရှိသော တမာရိုးစသည်ကိုသာ ပါဠိတော်၌ ဒန္တကဋ္ဌ(ဒန်ပူ)ဟု ဆိုလိုကြောင်းကို လည်းကောင်း ထိုတမာရိုးစသည်ကို ကိုက်ဝါး၍ သွားရည် အာရည်ဖြင့် သွားကို ပွတ်တိုက် ဆေးကြောရကြောင်းကိုလည်းကောင်း သတိပြုသင့်သည်။
ဝါ၊ သွားကိုသုတ်သင်ကြောင်းဖြစ်သောတမာရိုးစသည်ကို။
အခါဒနေ၊ မကိုက်ဝါးခြင်း၌။
ဝါ၊ မကိုက်ဝါးခြင်းကြောင့်။
အာဒီနဝါ၊ အပြစ်တို့သည်။
ဣမေ ပဉ္စ၊ ဤငါးမျိုးတို့တည်း။ပ။
(ဒန္တသဋ္ဌဿ၊ ဒန်ပူကို။
အခါဒနေန၊ မကိုက်ဝါးခြင်းကြောင့်)
အစက္ခုဿံ
၁။ အစက္ခုပုဒ် ရုပ်ပြီးပုံနှင့် ဖြစ်သင့်သောဝိဘတ်။ ။စက္ခုနီ ဟိတံ စက္ခုဿံန စက္ခုဿံ အစက္ခုဿံမောဂ္ဂလ္လာန်၄-ဏာဒိကဏ္ဍမှ “စက္ခာဒိတော သော”ဟူသောသုတ်ဖြင့် စက္ခုပုဒ်နောင် ဿပစ္စည်းသက်၍ ပါဠိတော်၌ ပဌမာဝိဘတ် ဖြင့် စက္ခုဿီဟုဖြစ်၏ထို့ကြောင့် “အစက္ခုသံ၊ မျက်စိ၏စီးပွားမဟုတ်သည်ကိုဝါ=မျက်စိ မကြည်လင်သည်ကို၊ ကရောတိ=ပြု၏”ဟူ၍ အစက္ခုပုဒ်ကို ဒုတိယန္တပုဒ် မပြုလုပ်သင့်ကြောင်းကိုလည်းကောင်းစက္ခုံ ဝိသုဒ္ဓံ န ကရောတိ ဟူသော အဋ္ဌကထာအဖွင့်မှာ အဓိပ္ပာယ်ဖွင့်သာဖြစ်၍ ထိုအဖွင့်ကိုကြည့်ပြီး ကရောတိပုဒ် ထည့်လျက် အနက်မပေးသင့်ကြောင်းကိုလည်းကောင်း, ရှေ့နောက်ဝါကျတို့မှ လိုက်စရာ ဆောင်ယူစရာ ပုဒ်မရှိဘဲ ဒုတိယာဝိဘန္တပုဒ် တပုဒ်တည်းဖြင့် တဝါကျသန့်သန့် မဖြစ်နိုင်ကြောင်းကိုလည်းကောင်း သတိပြုပါ။
၊ မျက်စိ၏စီးပွားခဲ့သည်။
ဝါ၊ မျက်စိမကြည်လင်သည်။
(ဟောတိ၊ ဖြစ်၏)
မုခံ၊ ခံတွင်းပါးစပ်သည်။
ဒုဂ္ဂန္ဓံ၊ မကောင်းသောအနံ့ရှိသည်။
ဟောတိ၊ ၏။
ရသာရဏီယော၊ အရသာကိုဆောင်တတ်သောအကြောတို့သည်။
န ဝိသုဒ္ဓိန္တိ၊ မစင်ကြယ်ကုန်။
ပိတ္တံ၊ သည်းခြေသည်လည်းကောင်း။
သေမှံ၊ သလိပ်သည်လည်းကောင်း။
ဘတ္တံ၊ စားပြီးထမင်းကို။
ပရိယောနန္ဓတိ၊ မြှေးယှက်ဖုံးအုပ်၏။
အဿ၊ လိုဒန်ပူမဝါးသောသူအား။
ဘတ္တံ၊ ထမင်းသည်။
နစ္ဆာဒေတိ၊ မဆာ။ပ။
ခါဒနေ၊ ကိုက်ဝါးခြင်း၌။
အာနိသံသာ၊ တို့သည်။ပ။
(ဒန္တကဋ္ဌဿ၊ ကို။
ခါဒနေန၊ ကိုက်ဝါးခြင်းကြောင့်)
စက္ခုဿံ၊ မျက်စိ၏စီးပွားသည်။
ဝါ၊ မျက်စိကြည်လင်သည်။
(ဟောတိ၊ ၏)
မုခံ၊ သည်။
ဒုဂ္ဂန္ဓံ၊ သည်။
န ဟောတိ၊ မဖြစ်။ပ။
ဝိသုန္တိ၊ စင်ကြယ်သန့်ရှင်းကုန်၏။ပ။
န ပရိယောနန္ဒတိ၊ မမြှေးယှက်မဖုံးအုပ်။
အဿ၊ ထိုဒန်ပူဝါးသောသူအား။
ဘတ္တံ၊ သည်။
ဆာဒေတိ၊ ဆာလောင်၏။ပ။
အဋ္ဌမံ။