စ၊ ဆက်။ ဒွေပိ၊ ၂-ပါးလည်း ဖြစ်ကုန်သော။ သစ္စာနိ၊ သမ္မုတိသစ္စာ, ပရမတ္ထသစ္စာတို့သည်။ သစ္စိကဋ္ဌပရမတ္ထာ၊ သစ္စိကဋ္ဌပရမတ္ထတို့သည်။ ယဒိ (ဟောန္တိ)၊ ကုန်အံ့။ (ဧဝံ သတိ)သစ္စိကဋ္ဌေကဒေသေန၊ သမ္မုတိသစ္စာဟူသော သစ္စိကဋ္ဌတစိတ်အားဖြင့်။ ဥပလဒ္ဓိံ၊ ပညာဖြင့် ကပ်၍ ရှုမှတ်သည်ရှိသော် ပုဂ္ဂိုလ်ကို ရနိုင်ခြင်းကို။ ဣစ္ဆန္တေန၊ အလိုရှိသော သကဝါဒီပုဂ္ဂိုလ်သည်။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိအာဒိ၊ အစရှိသော။ အနုယောဂေါ၊ မေးစိစစ်ခြင်းကို။ န ကာတဗ္ဗော၊ မပြုထိုက်။
သစ္စိကဋ္ဌေကဒေသေန၊ ရုပ္ပန အခြင်းအရာ စသော သစ္စိကဋ္ဌတစိတ်ဖြင့်။ အနုယောဂေါ စ၊ မေးစိစစ်ခြင်းသည်လည်း။ န ယုတ္တော၊ မသင့်။၁။ ယဒိ ဥဘယံ ။ ပေ ။ သိယာ။ ။မိမိနှင့် သကဝါဒီ ၂-ယောက်လုံးပင် သမ္မုတိ ပရမတ္ထသစ္စာ ၂-ပါးလုံးကို “သစ္စိကဋ္ဌ”ဟု အလိုရှိလျှင် ““သမ္မုတိသစ္စ ပရမတ္ထသစ္စာနိ ဝါ ဧကတော ကတွာပိ”ဟု ဝါ-သဒ္ဒါဖြင့် တနည်း မဆိုသင့်တော့ပင်ကိုယ်ကပင် သစ္စာ ၂-ပါးလုံးကို အလိုရှိပြီး ဖြစ်သည်-ဟူလို။ ဤအပြစ်ပြခြင်းများ သည် ပရဝါဒီ၏ ဒုတိယပြဿနာကို သကဝါဒီက “န ဘေဝံ ဝတ္တဗ္ဗေ”ဟု ဖြေဆိုပုံနှင့် စပ်၍ ဖြစ်၏။ ၂။ ယဒိ စ ဒွေပိ ။ ပေ ။ န ကာတဗ္ဗော။ ။သကဝါဒီ၏ ဆိုအပ်ခဲ့ပြီးသော အနုလောမနယနှင့်စပ်၍ အပြစ်ပြလိုသောကြောင့် “ယဒိ စ”စသည်ကို မိန့်။ [ဣစ္ဆန္တေ နာတိ သကဝါဒိနာ။-မဓု၊] ပရမတ္ထသစ္စာ သစ္စုတိသစ္စာ ၂-ပါးလုံးပင် သစ္စိကဋ္ဌ ပရမတ္ထချည်း ဖြစ်အံ့။ (ဤသို့ဖြစ်လျှင်) သမ္မုတိသစ္စာ ဟူသော သစ္စိကဋ္ဌတစိတ်ဖြင့် ပုဂ္ဂိုလ်ကို ရနိုင်ခြင်းကို အလိုရှိသော သကဝါဒီသည် “ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌ " ပရမတ္ထေန” စသော မေးစိစစ်မှုကို (အနုလောမနယတုန်းကပင်) မပြုထိုက်၊ ဘာ့ကြောင့်နည်း-မိမိ၏ အယူတစိတ်နှင့် ပရဝါဒီ၏ အယူသည် တူနေသောကြောင့် တည်း။ ၃။ န စ ။ ပေ ။ ယုတ္တော။ ။[နနု ရုပ္ပနာဒိအာကာရေန အနုယောဂေါ ကာတဗ္ဗောတိ အာဟ န စာတိအာဒိ။-မဓု] ရှေ့ဝါကျ၌ “တစ္စိကဋ္ဌေကဒေသေန”ကို “သမ္မုတိသစ္စေန”ဟု ဖွင့်၍ ဤဝါကျ၌ “ရုပ္ပနာဒိအာကာရေန”ဟု ဖွင့်သည်။ ဤသို့ “အာကာရေန”ဟု ဖွင့်ပုံကို ထောက်၍ အနုလောမနယတုန်းက ဒုတိယပုစ္ဆာကို စိစစ် နေသည်-ဟု မှတ်ပါ။ ဤ၌ “သစ္စိကဋ္ဌတစိတ်” ဟူသည် ပရမတ္ထသစ္စာထဲတွင် တစိတ်ဖြစ်သော ရုပ္ပန စသော အခြင်းအရာတည်း။ ထို့ကြောင့် နောက်၌ “န ဟိ ဝေဒယိတာကာရေန”စသည်ဖြင့် ပရမတ္ထသစ္စာတစိတ်ကို ဖွင့်သည်။
အတ္တနော စ၊ မိမိဟူသော ပရဝါဒီ၏၎င်း။ ပရဿစ၊ မိမိမှတပါးသော သကဝါဒီ၏၎င်း။ လဒ္ဓိံ၊ အယူကို။ ဝဒန္တဿ၊ ပြောဆိုသော ပရဝါဒီ၏အပေါ်၌။ ဒေါသော၊ ရှေ့နောက် ဆန့်ကျင်ခြင်းဟူသောအပြစ်သည်။၁။ အယံ ပဋိက္ခေပေါ။ ပေ။ အာပဇ္ဇတိ။ ။"န ဟေဝံ ဝတ္တဗ္ဗေ”ဟုပရဝါဒီ၏ ဤပယ်ခြင်းသည် သူ၏ အယူအတိုင်း ပြုအပ်သော ပယ်ခြင်းဖြစ်လျှင်(ရုပ် ဝေဒနာ စသော ပရမတ္ထ အခြင်းအရာအားဖြင့်သာ ပုဂ္ဂိုလ်ကို မရအပ်။) ပရမတ္ထမှ တပါးသော သမ္မုတိသစ္စာ အခြင်းအရာအားဖြင့်ကား ပုဂ္ဂိုလ်ကို ရအပ်၏-ဟူသော ဤအယူသည် ပရဝါဒီ၏ အယူဖြစ်၏-ဟူသော အနက်အဓိပ္ပါယ် ဖြစ်၏။ **၂။ တထာ စ သတိ ။ပေ။ နိဂ္ဂဟေတဗ္ဗော**၊ ထိုသို့ဖြစ်လျှင် သမ္မုတိသစ္စာ အားဖြင့် ပုဂ္ဂိုလ်ကို ရခြင်းကို သကဝါဒီလည်း အလိုရှိပြီးဖြစ်ရကား (အယူချင်း မကွဲ သောကြောင့်) ဤ ပရဝါဒီကို သကဝါဒီက မနှိပ်ထိုက်။ “အာဇာနာဟိ နိဂ္ဂဟံ” စသည်ဖြင့် ဆို၍ မနှိပ်ထိုက်-ဟူလို။ ၃။ အထ။ ပေ။ န နိဂ္ဂဟိတဗ္ဗော။ ။ပရဝါဒီသည် “သမ္မုတိသစ္စာအားဖြင့် ပုဂ္ဂိုလ်ကို ရနိူင်၏”ဟူသော သူ့အယူကို လျှို့ဝှက်၍ သကဝါဒီ၏ အယူအားဖြင့် “ပရမတ္ထသစ္စာဖြစ်သော ပုဂ္ဂိုလ်ကို မရအပ်”ဟု ပယ်သည်ဖြစ်အံ့။ ဤသို့ဖြစ်လျှင် ပဌမ ပုစ္ဆာတုန်းက သမ္မုတိသစ္စာအားဖြင့် ပုဂ္ဂိုလ်ကို ရအပ် ရနိုင်၏”ဟူသော ပဋိညာဉ်နှင့် ဆန့်ကျင်ဘက် မဖြစ်။ ထိုသို့ မဆန့်ကျင်သောကြောင့် ပရဝါဒီကို သကဝါဒီက မနှိပ်ထိုက်။ န အာပဇ္ဇတိ၊ မဖြစ်။ ဣတိ၊ ထို့ကြောင့်။ [ပုရိမပဋိညာယ အဝိရောဓိတ ဘာဝေါ ဝိညာယတိ။]
ပန၊ ထိုသို့ပင် ပဋိညာဉ်ကို ဆန့်ကျင်ဘက် မဖြစ်စေပါသော်လည်း။ အတ္တနော၊ မိမိဟူသော ပရဝါဒီ၏။ လဒ္ဓိယာ၊ အယူအားဖြင့်။ ပဋိဇာနိတွာ၊ အာမန္တာဟု ဝန်ခံပြီး၍။ ပရလဒ္ဓိယာ၊ တပါးသော သကဝါဒီ၏ အယူ အားဖြင့်။ ပဋိက္ခိပန္တေန၊ “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်သော ပရဝါဒီကို။ ဝါ၊ သည်။ (ဂဟိတာ၊ ၌ စပ်။) အတ္တနော၊ ၏။ လဒ္ဓိံ၊ ကို။ ဆဍ္ဍေတွာ၊ စွန့်၍။ ပရလဒ္ဓိ၊ တပါးသော သကဝါဒ၏အယူသည်။ ဝါ၊ ကို။ ဂဟိတာ၊ ယူအပ်သည်။ ဝါ၊ ယူအပ်ရာရောက်သည်။ ဟောတိ၊ ၏။ ဣတိ၊ ထို့ကြောင့်။ နိဂ္ဂဟေတဗ္ဗော၊ နှိပ်ထိုက်၏။ ဣတိ၊ သို့။ ဧတ္ထ၊ ဤ “ပရမတ္ထဝသေန၊ ပေ ၊ ပရဝါဒိဿ”ဟူသော စကားရပ်၌။ အယံ အဓိပ္ပါယော၊ ဤသို့သောအလိုသည်။ သိယာ၊ ဖြစ်ရာ၏။