၂၉၅။ **တေန ကာရဏေနာ**တိ(ဧတ္ထ)၊ ဟူသော ဤပါဌ်၌။
(ဝုတ္တံဟောတိ-၌ စပ်။)
အတီတအတ္ထိသဒ္ဒါနံ၊ အတီတ သဒ္ဒါ, အတ္တိ သဒ္ဒါတို့၏။၁။ အနုဝတ္တမာနာပေက္ခနဝစနေန။ ။ပါဠိတော်၌“အတီတံ ဉာဏံ အတ္တီတိ အာမန္တာ”၏ နောက်ဝယ် “တေန ဉာဏေန ဉာဏကရဏီယံ ကရောတိ”ဟု ပြဿနာရှိ၏၊ ထိုပြဿနာ၌ “တေန ဉာဏေန"အရ ပစ္စုပ္ပန်ဉာဏ်ရအောင် အဋ္ဌကထာ ဖွင့်ပြထား၏။ ထို တေနသည် ရှေ့ပြဿနာမှ လိုက်လာ၍ အနုဝတ္တမာနဖြစ်သော ထို တေန ဉာဏေနကို ငဲ့လျက်ရှိသော သဒ္ဒါဖြစ်ရကား ထိုအတီတဉာဏကို ဟောသော သဒ္ဒါဖြစ်၏။ ထို့ကြောင့် အတိတ်ဉာဏ်ကို စွဲရသော ထို တေန သဒ္ဒါဖြင့် မည်သို့သောနည်း ဖြင့် ပစ္စု ပ္ပန်ဉာဏ်ကို ဟောနိုင်၏-ဟု စိစစ်ထိုက်သည်ဟူလို။
**အနုဋီကာ**၊ အနုဋီကာ၌ကား တေနဖြင့် ရှေးပုစ္ဆာ၌ ပါသော “အတီတံ ဉာဏံ” ကို ပြန်၍ သုံးသပ်သည်ကား မှန်၏။ သို့သော် ဉာဏ်ကား ပစ္စု ပ္ပန်ဉာဏ်ပင် ဖြစ်၏။ အတိတ် တရားကို အာရုံပြုသောကြောင့်သာ “အတီတဉာဏ်”ဟု ဆိုထားသည်။ ထို့ကြောင့် အဋ္ဌကထာ၌ “ပုန ပုဋ္ဌော အတီတာရမ္မဏံ ပစ္စုပ္ပန္နံဉာဏံ" စသည်ကို ဆိုထားသည်-ဟု အဋ္ဌကထာဘက်က လိုက်၍ ဖြေသည်။ ဧကတ္ထတ္တာ၊ တူသော အနက်ရှိကုန်သည်၏အဖြစ်ကြောင့်၎င်း။
အတ္ထိသဒ္ဒတ္ထဿ၊ အတ္ထိသဒ္ဒါ၏ အနက်၏။
နွာတီတဘာဝတော စ၊ နွာတီတ မည်သည်၏ အဖြစ်ကြောင့်၎င်း။
ဝါ၊ အတိတ်,အနာဂတ်,ပစ္စုပ္ပန်တရား ၃-ပါးလုံး၏ အဖြစ်ကြောင့်၎င်း။
အတီတံ၊ အတီတ ဟု ခေါ်ဝေါ်အပ်သော တရားသည်။
ဝါ၊ အတိတ်,အနာဂတ် ပစ္စုပ္ပန်သည်။
နွာတီတံ၊ နွာတီတသည်၎င်း။
ဝါ၊ အတိတ်,အနာဂတ်,ပစ္စုပ္ပနိ ၃-မျိုးလုံးသည်၎င်း။
နွာတီတဉ္စ၊ နွာတီတ တရားသည်လည်း။
အတီတံ၊ အတိတ် အနာဂတ်,ပစ္စုပ္ပန် ၃-မျိုးလုံးသည်၎င်း။
ဟောတိ၊ ၏။
ဣတိ၊ ဤ အနက်သည်။
ဝါ၊ ကို။
ဝုတ္တံ၊ ဆိုအပ်သည်။
ဝါ၊ ဆိုလိုသည်။
ဟောတိ၊ ၏။
ပန၊ ဆက်။
ဧတ္ထ၊ ဤ ပဒေသောဓနကထာ၌။
[ ရှေးနိဿယ၌ “သဗ္ဗတ္ထိ ကထာ၌”ဟု စွဲလေ၏။]
အတီတာဒီနံ၊ အတိတ်အစရှိကုန်သော တရားတို့၏။
အတ္ထိတံ၊ အတ္ထိမည်ကုန်သည်၏အဖြစ်ကို။
ဝဒန္တဿ၊ ပြောဆိုသော။
ပရဝါဒိဿေဝ၊ ပရဝါဒီ၏သာ။
အယံ ဒေါသော၊ ဤ အပြစ်သည်။
ယထာ၊ အကြင် အခြင်းအရာအားဖြင့်။
အာပဇ္ဇတိ၊ ဖြစ်၏။
နိဗ္ဗာနံ အတ္ထီတိ၊ ဟူ၍။
ဝဒန္တဿ၊ ပြောဆိုသော။
သကဝါဒိဿ၊ သကဝါဒီ၏။
(အယံ ဒေါသော၊ သည်။)
န အာပဇ္ဇတိ၊ မဖြစ်။
တထာ၊ ထိုအခြင်းအရာအားဖြင့်။
ပဋိပါဒေတဗ္ဗံ၊ ထပ်မံ၍ သိစေထိုက်သေး၏။
ဝါ၊ အတည်ဖြစ်စေထိုက်သေး၏။
ပဒသောဓနကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။
သဗ္ဗမတ္ထီတိကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။