၂၈−၃၆။ **ဥပလဒ္ဓိသာမညေန အညတ္တပုစ္ဆာ စာ**တိ ဣဒဉ္စ၊ ဟူသောဤစကားကိုလည်း။
[စ၊ ဖြင့် ရှေ့၌ ဆိုအပ်ပြီးသော “ဝိစာရေတဗ္ဗံ” ကို ပေါင်းသည်။]
ဒွိန္နံ၊ ရုပ်ဝေဒနာ ၂-ပါးတို့၏။
သမာနတာ၊ ဥပလဒ္ဓိချင်း တူကုန်သည်၏အဖြစ်သည်။
အညတ္တဿ၊ တမျိုးတခြားအဖြစ်၏။
ကာရဏံ၊ အကြောင်းသည်း။
နော ယုတ္တံ၊ မသင့်။
အထခေါ၊ စင်စစ်ကား။
ဝိသုံ၊ သီးခြား။
အတ္တနော၊ ၏။
သဘာဝေန၊ သဘောဖြစ်သော။
သစ္စိကဋ္ဌ ပရမတ္ထေန၊ သစ္စိကဋ္ဌ ပရမတ္ထ အားဖြင့်။
ဥပလဗ္ဘနီယတာ၊ ပညာဖြင့် ကပ်၍ ရှုမှတ်သည်ရှိသော် ရအပ်ရနိုင်သည်၏ အဖြစ်သည်။
(အညတ္တဿ၊ ၏။
ကာရဏံ၊ သည်။
ယုတ္တံ၊ သင့်၏။)
ဣတိ၊ ကြောင့်။
ဝိစာရေတဗ္ဗံ၊ စိစစ်ထိုက်၏။
[ဥပလဒ္ဓိသာမညေန” ဟူသော စကားကို စိစစ်ထိုက်သည်- ဟူလို။]
ဧကဝီ သာဓိကာနီတိ၊ ဟူ၍။
ပုရိမပါဌော၊ ရှေးပါဌ်သည်။
(အတ္ထိ)၊ ပန၊ ထိုသို့ပင်“ဧကဝီသာဓိကာနိ”ဟု ရှေးပါဌ် ရှိပါသော်လည်း။
**ဝီသာဓိကာနီ**တိ၊ ဟူ၍။
ပဌိတဗ္ဗံ၊ ရွတ်ဆိုထိုက်၏။
[ယခု စာအုပ်များ၌လည်း “ဝီသာဓိကာနိ”ဟု ပင် ရှိသည်။]
၃၇-၄၅။ “အတ္ထိ ပုဂ္ဂလော”တိ၊ အတ္ထိ ပုဂ္ဂလော အစရှိသော။
သုတ္တံ၊ ပါဠိတော်သုတ်ပုဒ်ကို။
အနုဇာနာပေန္တေန၊ “အာမန္တာ”ဟု ခွင့်ပြုစေသော ပရဝါဒီ ပုဂ္ဂိုလ်သည်။
ဥပလဒ္ဓိ၊ ပညာဖြင့်ကပ်၍ ရှုမှတ်သည်ရှိသော် ပုဂ္ဂိုလ်ကိုရနိုင်ခြင်းသည်။
ဝါ၊ ကို။
အနုဇာနိတာ၊ ခွင့်ပြုစေအပ်ပြီးသည်။
ဟောတိ၊ ၏။
ဣတိ၊ သို့။
မညမာနော၊ မှတ်ထင်သည်။
ဝါ၊ သိသည်။
(ဟုတွာ၊ ၍။)
**ဥပလဒ္ဓိသာမညံ အာရောပေတွာ**တိ၊ ဟူ၍။
(သင်္ဂဟကာရော)အာဟ၊ ပြီ။၁။ ဥပလဒ္ဓိ ။ ပေ ။ ဣဒဉ္စ ။ အဋ္ဌကထာ၌ ဆိုအပ်သော ဤစကားကိုလည်း စိစစ်ထိုက်၏။ ဘာကြောင့်နည်း “ရုပ်နှင့် ဝေဒနာတို့၏ တစ်မျိုးစီ၏ အဖြစ်ကို မေးရာ၌ သစ္စိကဋ္ဌချင်း တူသောကြောင့် မေးခြင်း မဟုတ်။ အသီး အသီး မိမိသဘောအားဖြင့် သစ္စိကဋ္ဌပရမတ္တအဖြစ်ဖြင့် ရအပ်သောကြောင့် (သဘောကွဲသောကြောင့်) အည အဖြစ်ကို မေးခြင်း ဖြစ်၏။ ထို့ကြောင့် ဥပလဒ္ဓိ သာမညေန(သစ္စိကဌအားဖြင့် ရချင်းတူသောကြောင့်) အည အဖြစ်ကို မေးခြင်ဟူသော စကားကို စိစစ်ထိုက်သည်-ဟု ဆိုသည်။
၂။ အနုဇာနာပေန္တေန ။ပေ။ အနုဇာနိတာ။ ။“အတ္ထိ ပုဂ္ဂလော အတ္တ ဟိတာယ ပဋိပန္နော”ဟူသော သုတ်ကို ဟောတော်မူအပ်သည် မဟုတ်လော”ဟု မေးသော ပရဝါဒီပုဂ္ဂိုလ်သည် “အာမန္တာ”ဟု ခွင့်ပြုစေရာရောက်၏။ ထိုသုတ်ကို ခွင့်ပြုစေလျင် ပုဂ္ဂလကို ရခြင်းကိုလည်း ခွင့်ပြုစေပြီး ဖြစ်တော့၏။ ဤသို့သော အနက်အဓိပ္ပါယ်ကို သိသည်ဖြစ်၍ “ဥပလဒ္ဓိသာမည် အရောပေတွာ-ရူပ စသည်တို့၏ ပုဂ္ဂလနှင့် ရခြင်းတူသည်၏ အဖြစ်ကို တင်စား၍”ဟု အဋ္ဌကထာကောက်ချက်ချသည်။
**ဝီသာဓိကာနိ နဝ ပဋိကမ္မ ပဉ္စကသတာနိ ဒဿိတာနီ**တိ ဧတေန၊ ဟူသော ဤပါဌ်ဖြင့်။
သုဒ္ဓိက သံသန္ဒနေပိ၊ သုဒ္ဓိက သံသန္ဒန အခန်း၌လည်း။
အာဇာနာဟိ ပဋိကမ္မမိစ္စေဝ၊ အာဇာနာဟိ ပဋိကမ္မံ ဟူ၍သာ။
ပါဌော၊ ပါဠိတော်ပါဌ်သည်။
(ဟောတိ)။ ဣတိ၊ သို့။
ဝိညာယတိ၊ သိအပ်၏။
ယဥ္စ၊ အကြင် ပဋိကမ္မကိုလည်း။
ဝါဒမုခေသု၊ ဝါဒမုခတို့၌။
သုဒ္ဓိက သစ္စိကဋ္ဌေ၊ သုဒ္ဓိက သစ္စိကဋ္ဌ အခန်း၌။
ပဋိကမ္မ စတုက္ကန္တိ၊ ဟူ၍။
ဝုတ္တံ၊ ဆိုအပ်ပြီ။
တမ္ပိ၊ ထို ပဋိကမ္မကိုလည်း။
ပဋိကမ္မ ပဉ္စကန္တိ၊ ဟူ၍။
(ဝိညာယတိ၊ ၏။)
ဩပမ္မသံသန္ဒနဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။