Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

7. Dibbacakkhukathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၃၇၃။ **ဥပတ္ထဒ္ဓန္တိ**၊ ဟူသောပါဌ်၏။ ယထာ၊ အကြင်အခြင်းအရာ အားဖြင့်။ (ဗလာဓာနေ၊ အားစွမ်းသတ္တိကို သွင်းထားခြင်းကို။ ကတေ၊ ပြုအပ်သော်။) ဝိသယာနုဘာဝဂေါစရေဟိ၊ အာရုံ၌ အဖန်ဖန်ဖြစ်ကြောင်းအစွမ်း သတ္တိ,အာရုံပြုနိုင်ခြင်းတို့ဖြင့်။ (မံသစက္ခု၊ သည်။) ဝိသိဋ္ဌံ၊ ထူးခြားသည်။ ဟောတိ၊ ၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ (ကတ-၌ စပ်) ပစ္စယဘူတေန၊ အကြောင်းဖြစ်၍ ဖြစ်သောစတုတ္ထဈာန်တရားသည်။၁။ အပ္ပဋိလဒ္ဓိ ။ပေ။ ပဋိလဘတိ။ ။ပရဝါဒီသည် လောကုတ္တရာ သဒ္ဓါသတိစသည်တို့သာ ဣန္ဒြိယ အမည်ရကြ၏။ လောကီသဒ္ဓါ စသည်တို့ကား ဣန္ဒြိယ အမည် မရကြဟု အယူရှိ၏။ ထို့ကြောင့် “အပ္ပဋိဒ္ဓိန္ဒြိယတ္တာ အနိန္ဒြိယဘူတာနိ” စသည်ကို ဋီကာဆရာဆိုသည်။ ဣန္ဒြေ အမည်မရသေးသော သဒ္ဓါစသည်ကို ဝဋ်မှ ထွက်မြောက်တတ်သော (လောကုတ္တရာ)ဖြစ်လောက်အောင် တိုးပွါးစေသော ပုဂ္ဂိုလ်သာ ဣန္ဒြိယတို့ကို ရနိုင်၏။န ပန ဣန္ဒြိယာနိ- ဣန္ဒြိယအမည်ရပြီးသော လောကုတ္တရာ သဒ္ဓါ စသည်ကို ထပ်၍ တိုးပွါးစေဖွယ်မလို-ဟု ပရဝါဒီ အယူရှိသည်။ ၂။ ယထာ ။ ပေ။ ဝိသိဋ္ဌံ ဟောတိ။ ။ယထာ၏ အနက်ကို တထာစပ်ရာ “ကဘဗလာဓာန”ကို ယူ၍ လက္ခဏအနက်ပေးရသည်။ [ယထာ တထာ,ဥပမာမဟုတ်စသော နိယာမ် အတိုင်းတည်း။] နိဿယအနက်ပေးပုံကို ကြည့်ပါ။ ဝိသယာနူဘာဝဝေါစရေဟိ ကို အနုဋီကာ၌ အစိတ်ဝစနတ္ထ ပြုထား၏။ ဘူတေန၊ အကြောင်းဖြစ်၍ ဖြစ်သော စတုတ္ထဈာန် တရားသည်။ ကတဗလာ ဓာနံ၊ ပြုအပ်သောအစွမ်းကို ထားခြင်းရှိသော။ (မံသစက္ခုမေဝ၊ သည်ပင်။ ဒိဗ္ဗစက္ခု နာမ၊ မည်သည်။ ဟောတိ-၌ စပ်။)
**တံ မတ္တမေဝါ**တိ၊ ဟူသောပါဌ်၏။ ပုရိမံ၊ ဗလာဓာနမပြုမီ ရှေး၌ဖြစ်သော။ မံသစက္ခုမတ္တမေဝ၊ မံသစက္ခုမျှသည်သာ။ တံ၊ ထို ဒိဗ္ဗစက္ခု သည်။ န ဟောတိ၊ ဣတိအတ္ထော၊ နက်။ဝိသယော။ ။ဝိပုဗ္ဗ + ဗန္ဓန အနက်ဟော သိဓာတ်, အပစ္စည်း။ ဝိသိနောတိ(ဝိသေသေန ဗန္ဓတိ ဝိသယီနံ အတ္တပဋိဗဒ္ဓံ ကရောတိတိ) ဝိသယောအာရုံ ရှိသော ဝိသယီတရားကို အထူးအားဖြင့် ဖွဲ့တတ်, မိမိနှင့်စပ်နေအောင် ပြုတတ်သောကြောင့် အာရုံသည် ဝိသယ မည်၏။ ရူပါရုံသည် စက္ခုဝိညာဉ်ဟူသော ဝိသယီကို မိမိမှ တပါး အခြားအာရုံကို မယူစေပဲ မိမိနှင့်သာစပ်အောင် ဖွဲ့တတ်၏။ သဒ္ဒါရုံ စသည် တို့၌လည်း နည်းတူ။ ဤစကားအရ အခြားအာရုံ၌ မဖြစ်စေပဲ မိမိ၌သာ ဖြစ်အောင် ဖွဲ့တတ်သောရူပါရုံ စသည်ကို စက္ခု ဝိညာဉ်စသည်တို့အတွက် “ဝိသယ” ခေါ်သည်ဟု မှတ်ပါ။ ထို့ကြောင့် “ဝိသယော အနညတ္ထာဘာဝေါ-အခြားအရာ၌ မဖြစ်ကြောင်းတရား”ဟု ဆိုသည်။ အာနုဘာဝဂေါစရာ။ ။အနုဘဝတိ ဧတေနာတိ အာနုဘာဝေါ-သာမတ္ထိယံ၊အဖန်ဖန်ဖြစ်ကြောင်း အစွမ်းသတ္တိကို အာနူဘာဝ-ဟုခေါ်၏[“အနူဘာဝ”ဟု ပြီးမှ သွတ္ထ၌ ဏ-ပစ္စည်းဆင့်၍ အာနုဘာဝဟု ဖြစ်ပါစေ၊ အခြား နေရာ၌ကား ဟေတုကတ္တုသာဓန ပြု၏။] ဂေါစရကရဏံဂေါစရော၊ (ကရဏနောက်ပုဒ်ကြေ) ဝိသယေ+အာနုဘာဝဂေါစရာ ဝိသယာနုဘာဝဂေါစရာ။ တေဟိ (ဝိသိဋ္ဌံ-၌ စပ်)။ ယထာ ဝိသိဋ္ဌံ ဝိသေသံ ဟောတိ၊ တထာ ပစ္စယဘူတေန ဈာနဓမ္မေန (သည်) အာဟိတဗလံ၊သွင်းထားအပ်သောအားစွမ်းရှိသည်။ ကတဗလာဓာနံ၊ ပြုအပ်သောအားကို ထားခြင်းရှိသည်။ (ဟောတိ)။ ပေ။ ဗလာဓာနဉ္စ (အားကို ထားခြင်းဟူသည်လည်း) ဥတ္တရိမနူဿဓမ္မတော မဟဂ္ဂတဓမ္မဝိသေသတော (ဥတ္တရိမနုဿဓမ္မ ဖြစ်သော စတုတ္ထဈာန် မဟဂ္ဂုတ်တရား အထူးကြောင့်) ဥပ္ပန္နေဟိ ပဏီတေဟိ စိတ္တဇရူပေဟိ (စက္ခုပသာဒ၏ အနီးအပါးဝယ် ဖြစ်ကြသော မွန်မြတ်သော စိတ္တဇရုပ်တို့ကြောင့်) ဝိသေသာပတ္တိ (စက္ခုပသာဒ၏ ထူးသည်၏ အဖြစ်သို့ ရောက်ခြင်းတည်း။)-အနူဋီကာ။ ၁။ ပုရိမံ ။ ပေ ။ မပတ္တမေဝ။ ။ယထာဝုတ္တဗလာဓာနတော၊ အကြင်အကြင် ဆိုအပ်ပြီးသောအားစွမ်းကို သွင်းထားရာ ကာလမှ။ ပုရိမံ၊ ရှေး၌ဖြစ်သော။ မံသစက္ခုမတ္တမေဝ၊ မံသစက္ခု မျှသည်သာ။ (တံ န ဟောတိ-၌ စပ်။)-အနူ။ ဤသို့ ပုရိမံ၏ အပါဒါန်ကို“ယထာဝုတ္တဗလာဓါနတော”ဟု ထည့်၍ဖွင့်သောကြောင့်" မံသစက္ခု မတ္တမေဝ”၏ နောက်၌ “ဓမ္မ ပတ္ထဒ္ဒံ န ဟောတိ”သည် အနက်အဓိပ္ပါယ် အထူးမရှိတော့။ “ဓမ္မု ပတ္ထဒ္ဒံ န ဟောတိ” ရှိရိုးမှန်လျှင် အနဋီကာ၌ “ယထာဝုတ္တဗလာဓာနတော”ဟု အပါဒါန်မထည့်သင့်၊ ထို့ကြောင့် “ပုရိမံ မံသစက္ခု မတ္တမေဝ”၏ နောက်၌ "ဒိဗ္ဗစက္ခု န ဟောတီတိ အတ္ထော”ဟု ရှိမှ“မံသစက္ခု၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗာက္ခု မံသစက္ခူတိ န ဟေဝံ ဝတ္တဗ္ဗေ”ဟူသော ပါဠိတော်နှင့် အဓိပ္ပါယ် ထပ်မည်။
**အနာပါထဂတန္တိ**၊ ကား။ မံသစက္ခုနာ၊ သည်။ ဂဟေတဗ္ဗဋ္ဌာနံ၊ ယူထိုက်သော အရပ်ဖြစ်သော။ အာပါထံ၊ ရှေးရှု ကျရောက်သော လမ်းသို့။ နာဂတံ၊ မရောက်သော(တိရောပဗ္ဗတာဒိဂတမ္ပိ ပဿတိ-၌ စပ်။)

စ၊ ဆက်။ ဧတ္ထ၊ 'ဤ ဝိသယောတိအာဒီသု အစရှိသော ဝါကျ၌။ ဝိသယဿ၊ အာရုံ၏။ သဒိသတံ၊ တူသည်၏ အဖြစ်ကို၎င်း။ အာနုဘာဝဂေါစရာနမေဝ၊ အာနုဘာဝဂေါစရတို့၏သာ။ အသဒိသတံ၊ မတူကုန်သည်၏ အဖြစ်ကို၎င်း။ ဝဒန္တော၊ ဆိုသော။ (သင်္ဂဟကာရော) [ဒီပေတိ-၌ စပ်။]၁။ အနာပါတဂတံ။ ။“အာပါတံ နာဂတံ”ဟု ဖွင့်သောကြောင့် “အနာပါတ”ကို အယုတ္တသမာသ်ဟု မှတ်ပါ။ အာပါတသဒ္ဒါသည် “သဟသာပတနအလျင်အမြန် ကျခြင်းအနက်, အာဓာရ တည်ရာဟူသောအနက်, တက္ကာလ- အလျင်အမြန်ကျရာ ကာလ ဟူသောအနက် မဂ္ဂ-လမ်း” ဟူသော အနက်တို့ကို ဟော၏။ ဤသို့ ထောမနိ၌ ၄- နက်ပြ၏။ဤ၌“မံသစက္ခုနာ ဂတဗ္ဗဌာနံ”ဟူသော ဝိသေသန ကို ထောက်၍ လမ်းဟူသော အနက်နှင့်လျော်၏။ စက္ခုပသာဒသည် ယူနိုင်လောက်ရာအရပ်ဟူသော လမ်းသို့ မရောက်သော။ ဝိသယံ၊ အာရုံ-ဟူလို။ အာပါတ(အာပါထ)။ [ထဆင်ထူးဖြင့် အာပါထပုဒ်သည် အဘိဓာန်၌ မရှိ။ တဝမ်းပူဖြင့် အာပါတပုဒ်သာ ထောမနိမိ၌၎င်း, သီဟိုဠ်မူ၌၎င်း ရှိသည်။ အာ-ရှေးရှု+ပါတော-ကျရောက်သောလမ်းတည်း၊ အာပါတော-ရှေးရှု ကျရောက်သောလမ်း၊ စက္ခုပသာဒ၏ ရှေ့မှောက်သို့ ကျရောက်နေသောလမ်းကို“အာပါတ”ဟု ခေါ်၏။ ထို လမ်း၌ ရောက်နေသော ရူပါရုံကို “အာပါတဂတ”ဟု ခေါ်ရသည်။ အာပါတံ-ဂတံ+အာပါတဂတံ- လမ်းသို့ ရောက်နေသော ရူပါရုံ။] (ဆဋ္ဌမူ၌ အနာပါထဂတံဟု ရှိသည်။) ၂။ ဧတ္ထစ။ ။ရှေ့၌ ဆိုအပ်ပြီးသော စကားဝယ် စောဒနာဖွယ်ရှိရာ၌ “ဧတ္ထစ”ဟု အဋ္ဌကထာ၌ ဆိုလေ့ရှိ၏။ ထို့ကြောင့် “အဘယ်အရာ၌ စောဒနာဖွယ်ရှိသနည်း”ဟု စဉ်းစားသော်"အနာပါတဂတံ ပါဌ်၏လာရာ" ဝိသယောတိ အာဒီသု" စသော ဝါကျ၌ ပါဠိတော်ဝယ် ပြအပ်သော “ဝိသယ သဒ္ဒါသည် အဘယ်အကျိုးရှိသနည်းဟု စောဒနာဖွယ်ရှိ၏။ ထို စောဒနာဖွယ်ကို ဖြေလိုသောကြောင့် “ဧတ္ထစ" စသည်ကိုမိန့်သည်။ ထို့ကြောင့်"ဧတ္ထ၊ ဤသယောတိ အာဒီသု အစရှိသော ဝါကျ၌” ဟု အနက်ပေး၍ “ဝဒန္တော ဒီပေတိ၌ စပ် ပါ။ ရှေးနိဿယ။ ။ ရှေးနိဿယ၌ကား "ဧတ္ထ၊ ဤ ဥဘိန္နံပိ ရူပါယတနမေဝ ဝိသယော" အစရှိသော စကား၌-ဟု အဋ္ဌကထာ၌ ဖွင့်ပြအပ်သောပါဌ်ကို စွဲလေ၏။ (ထို့ပြင်) ဝါ၊ ဤ မံသစက္ခု ဒိဗ္ဗစက္ခု ၂-ပါးတို့၌-ဟု၎င်း ဝါ၊ ဤဝိသယ အာနူဘာဝ ဂေါစရတို့တွင်ဟု၎င်း စွဲလေသည်။ စဉ်းစားပါ။ ၃။ဝိသယဿ။ ပေ။ ဝဒန္တော။ ။ဝိသယဿ၏ နောက်၌“ဒီပကံ”ဟု တွေ့ရ၏။ ရှေးနိဿယ၌ “ဝိသယဿ သဒိသတံ”ဟု တွေ့ရ၏။ ထို နိဿယအတိုင်းသာ ပါဌ်မှန်တည်း။( ကသ္မာ)အနုဋီကာ၌ "ဝိသယဿ သဒိသံတံ အဝိသေသံ”ဟု ဖွင့်သော ကြောင့်၎င်း အဋ္ဌကထာဝယ်“ဥဘိန္နမ္ပိ ရူပါယတနမေဝ ဝိသယော"ဟု မံသစက္ခု ဒိဗ္ဗစက္ခု ၂-ပါးအတွက် ရူပါယတန အားဖြင့် အာရုံတူပုံကို ပြသောကြောင့်တည်း။[အဋ္ဌကထာ၌ အာနူတာဝ ဂေါစရ၏ မတူပုံကိုလည်း ပြ၏။ ထို့ကြောင့်“အာနုဘာဝ ဂေါရာစနမေဝ အသဒိသတံ ဝဒန္တော”ဟု မိန့်သည်။] ယာဒိသော မံသစက္ခု ဝိသယောတိ၊ အစရှိသည်ဖြင့်။ ဝိသယဂ္ဂဟဏံ၊ ဝိသယသဒ္ဒါကို။ ဝိသယ ဝိသေသဒဿနတ္ထံ၊ ဝိသယအထူးကို ပြခြင်းအကျိုးငှါ။ (ပါဠိယံ၊ ပါဠိတော်၌။) န ကတံ၊ ပြုအပ်သည်မဟုတ်။ အထခေါ၊ အဟုတ်ကား။ ယာဒိသေ၊ အကြင်ကဲ့သို့ ရှုအပ်သော။ ဝိသယေ၊ ရူပါရုံဟူသော အာရုံ၌။ အာနုဘာဝဂေါစရဝိသေသာ၊ အာနုဘာဝအထူး, ဂေါစရ အထူးတို့သည်။ ဟောန္တိ၊ ကုန်၏။ တာဒိသဿ၊ ထိုကဲ့သို့ ရှုအပ်သော။ ရူပဝိသယဿ၊ ရူပါရုံဟူသော အာရုံကို။ ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှါ။ (ဝိသယဂ္ဂဟဏံ၊ ဝိသယသဒ္ဒါကို။ ပါဠိယံ၊ ပါဠိတော်၌။ ကတံ၊ ပြုအပ်ပြီ။) ဣတိ၊ ဤအနက်ကို။ ဒီပေတိ၊ ပြ၏။

ဝါ၊ တနည်း။ (ဝိသယဿ၊ ၏။ သဒိသတံ၊ ကို၎င်း။ အာနုဘာဝဂေါစရာနမေဝ၊ တို့၏ပင်။ အသဒိသတံ၊ ကို၎င်း။ ဝဒန္တော၊ ဆိုသော။ (သင်္ဂဟကာရော) သဒိသဿ၊ တူသော။ ဝိသယဿ၊ ရူပါရုံဟူသောအာရုံ၏။ အာနုဘာဝဂေါစရဝိသေသေဝ၊ အာနုဘာဝအထူး, ဂေါစရ အထူးတို့ကိုပင်။ ဝိသေသံ၊ ဟူ၍။ (ဒီပေဟိ၊ ပြ၏။) [သဒိသဿ ဝါ ဝိသေသံ ဒီပေတီတိ ယောဇနာ အနု။ ဤ ယောဇနာပုံကို ထောက်၍ “အာနုဘာဝဂေါစရဝိသေသေဝ”ဟု ဒုတိယန္တဖြင့် ရှိပါစေ။]၁။ယာဒိသော ။ ပေ ။ ဝိသယဂ္ဂဟဏ။ ပါဠိတော်ဝယ် “ယာဒိသော မံသစက္ခုဿ ဝိသယော ဂေါစရော အာနုဘာဝေါ၊တာဒိသော ဒိဗ္ဗစက္ခုဿ ဝိသယော အာနုဘာဝေါ ဂေါစရော”ဟုရှိ၏။ ထို ဝိသယ သဒ္ဓါကို ရည်ရွယ်၍ “ဝိသယဂ္ဂဟဏံ” ဟု ဆိုသည်။ [အနုဋီကာ၌လည်း “ဝီသယဂ္ဂဟဏံပါဠိယံ ကတံ-ဝိသယသဒ္ဒါကို ပါဠိတော်၌ ပြုအပ်ပြီ”ဟု ဝိသယဂ္ဂဟဏံ၏ စပ်ပုဒ်ကို ပြသည်။] ၂။ သဒိသဿဝါ ။ ပေ ။ဝိသေသံ။ ။ရှေ့ဝါကျမှ “ဝိသယဿ ။ ပေ။ ဝဒန္တော"ပုဒ်တို့ကို၎င်း, ဒီပေတိ ကြိယာကို၎င်း, လိုက်စေ၍ အဓိပ္ပါယ်မှတ်ပါ။ ထိုသို့ ဆိုသော အဋ္ဌကထာ ဆရာသည် မံသစက္ခု ဒိဗ္ဗစက္ခု ၂-မျိုး၏ မူလက တူနေသော ရူပါရုံ၏ အစွမ်းသတ္တိအားဖြင့်၎င်း, အာရုံပြုပုံ အားဖြင့်၎င်း မတူပုံကို ပြသည် -ဟူလို။ [သဒိသဿ ဝါ ။ ပေ။ ဝိသေသံ ဒီပေတီတိ ယောဇနာ၊အနူ] အမှာ။ ။စာအုပ်တို့၌ "အာနူ ။ ပေ။ ဝိသေသောဝ ဝိသေသံ”ဟု တွေ့ရ၏။ ရှေးနိဿယ၌“အစွမ်းအာနုဘော် အာရုံပြုခြင်း အထူးတို့ကို သာလျှင်”ဟု နိဿယအနက်ပေး၏။ ထို အနက်နှင့် တန်အောင်ကား “ဝိသေသေဝ”ဟု ဒုတိယာဗဟုဝစနန္တရှိရလိမ့်မည်။ ကံပုဒ်က ဗဟုဝုစ်, အာကာရ ဝိသေသံပုဒ်က ဧကဝုစ်ဖြစ်နိုင်သောကြောင့် သဒ္ဓါသွား တော်ပါသေး၏။ ဥပမာ- ဧတာနိ ပုဗ္ဗကရဏန္တိ ဝုစ္စတိ- ကဲ့သို့တည်း။ သို့သော် အနုဘာဝဂေါစရ ဝိသေသတောဝ-ဟု ဝိသေသံ၏ အဘိန္နဝိသေသန ရှိမှသာ၍ စာသွားကောင်းပါသည်။

**န စ မံသစက္ခု မေဝ ဒိဗ္ဗစက္ခူတိ ဣစ္ဆတီ**တိ၊ ဟူသောဤပါဌ်၌။ ဓမ္မူပတ္ထဒ္ဓကာလေ၊ စတုတ္ထဈာန်တရားဖြင့် ထောက်ပံ့အပ်ရာကာလ၌။ ပုရိမံ၊ ရှေး၌ဖြစ်သော။ မံသစက္ခုမေဝ၊ သည်ပင်။ ဒိဗ္ဗစက္ခု၊ သည်။ ဟောတိ။ ဣတိ၊ ဤသို့။ (ပရဝါဒီ၊ သည်။) န ဣစ္ဆတိ၊ အလိုမရှိ။ ဣတိ၊ ကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
**မံသစက္ခု သာ ဥပ္ပါဒေါ မဂ္ဂေါ**တိ၊ ဟူသော စကားကို။ (ဒိဗ္ဗစက္ခုသာ၊ ၏။) မံသစက္ခု ပစ္စယတာ ဒဿနတ္ထမေဝ၊ မံသစက္ခု ဟူသောအကြောင်းရှိသည်၏ အဖြစ်ကိုပြခြင်းအကျိုးငှါသာ။ ဝုတ္တံ၊ ဆိုအပ်ပြီ။ တေန၊ ထိုမဂ္ဂေါဟူသော စကားဖြင့်။ (ဒိဗ္ဗစက္ခုဿ၊ ၏။) အနုပါဒိန္နတာသာဓနတ္ထံ၊ အနုပါဒိန္နအဖြစ်ကို ပြီးစေခြင်းအကျိုးငှါ။ န ဝုတ္တံ၊ ဆိုအပ်သည် မဟုတ်။
**ရူပါဝစရိကာနန္တိ**၊ ဟူသောဤပါဌ်၌။ ရူပါဝစရဇ္ဈာနပစ္စယေန၊ ရူပါဝစရဈာန် ဟူသော အကြောင်းကြောင့်။ ဥပ္ပန္နာနိ၊ ဖြစ်ကုန်သော။ မဟာဘူတာနိ၊ မဟာဘုတ်တို့သည်။ ရူပါဝစရိကာနိ၊ ရူပါဝစရိကတို့မည်၏။ ဣတိ၊ ဤသို့။ သော၊ ထို ပရဝါဒီသည်။ ဣစ္ဆတိ၊ အလိုရှိ၏။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
**အရူပါဝစရိကာနန္တိ** ဧတ္ထာပိ၊ ဟူသော ဤပါဌ်၌လည်း။ ဧသ (ဧသော)၊ ဤဆိုအပ်ပြီးသော အစီအရင်သည်ပင်။ နယော၊ တည်း။
**အရူပါဝစရက္ခဏေ ရူပါဝစရစိတ္တဿ အဘာဝါ ပဋိက္ခိပတီ**တိ၊ ဟူသော ဤစကား၌။ တသ္မိံ ယေဝ ခဏေ၊ ထိုရူပါဝဈာန်ဖြစ်ရာ ခဏ၌ပင်။ ရူပါဝစရံ၊ ရူပါဝစရသည်။ ဟုတွာ၊ ၍။ အရူပါဝစရံ၊ သည်။ နဇာတံ၊ မဖြစ်နိုင်။ ဣတိ၊ ထို့ကြောင့်။ (ပရဝါဒီ၊ သည်။) ပဋိက္ခိပတိ၊ ၏။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
၃၇၄။ **ဓမ္မုပတ္ထဒ္ဓဿ**၊ ပညာတရားသည် ထောက်ပံ့အပ်သော။ **ဒိဗ္ဗစက္ခုနော**၊ ၏။ ယေန၊ အကြင်ဒိဗ္ဗစက္ခု၏ ပညာစက္ခု၏ အဖြစ်ကိုအလိုရှိခြင်းကြောင့်။ [ယေန ဒိဗ္ဗစက္ခု နော ပညာစက္ခုဘာဝဿ ဣစ္ဆနေန ပဋိဇာနနေန။ အနု] ဓမ္မူပတ္ထမ္ဘေန၊ ဓမ္မ၏ ထောက်ပံ့ခြင်းကြောင့်။ စက္ခုန္တရဘာဝံ၊ စက္ခုအထူး၏အဖြစ်ကို။ ၁။ နတေန ။ ပေ ။ သာနတ္ထံ။ ။တေနာတိ မဂ္ဂေါဟိ ဝစဓနန-အနူ။ထို မဂ္ဂေါဟူသော သဒ္ဒါဖြင့် မံသစက္ခုသည် ဥပါဒိန္ဒ ဖြစ်သကဲ့သို့ ဒိဗ္ဗစက္ခုလည်း ဥပါဒိန္နံပင်တည်း-ဟု ယူမှားမည်စိုး၍ အနုပါဒိန္နဘာသာဓနတ္ထံ န ဝုတ္တံ-ဟု ဆိုသည်။ မဂ္ဂေါဟု ဆိုသောကြောင့် မံသစက္ခုကဲ့သို့ ဥပါဒိန္န ဖြစ်သည်ဟု ပြီးစေခြင်းအကျိုးငှါ ဆိုအပ်သည် မဟုတ်ဟူလို။ ဝဒတော၊ ဆိုသောပုဂ္ဂိုလ်၏။ (ဝါဒေ၊ ၌။) တီဏိ၊ မံသစက္ခု,ဒိဗ္ဗစက္ခု,ပညာစက္ခု အားဖြင့်သုံးပါးကုန်သော။ စက္ခူနိ၊ တို့သည်။ ဘဝေယျုံ၊ ဖြစ်ကုန်ရာ၏။ တသ္မာ၊ ကြောင့်။ **ပညာစက္ခုဘာဝံ**၊ ကို။ **ကိဉ္စာပိ နဣစ္ဆတိ**၊ အကယ်၍ကား အလိုမရှိပါပေ။ (ပန၊ ထိုသို့ပင် အလိုမရှိပါသော်လည်း။ ပညာစက္ခုဿ၊ ၏။ အတ္ထိတာယ၊ ကြောင့်။ ပဋိက္ခိပတိ-၌ စပ်။) ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏အလိုတည်း။
ဒိဗ္ဗစက္ခုကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။