၇၀၉-၇၁၀၊
**တသ္မာ**တိ၊ ကား။
ယသ္မာ၊ ကြောင့်။
ဒိဋ္ဌိရာဂါနံ၊ ဒိဋ္ဌိနှင့် ရာဂတို့၏။
ဝိက္ခမ္ဘနဘာဝေ၊ ဈာန်ဖြင့် ပယ်ခွါရခြင်းရှိကုန်သည်၏အဖြစ်သည်။
သမာနေပိ၊ တူပါသော်လည်း။
ဝီတရာဂေါတိ၊ ကင်းသော ရာဂရှိသူဟူ၍။၁။ သဗ္ဗထာပိ။ အကျိုးမပေးသောကြောင့် “အဗျာကတ”ဟု ခေါ်ရသော အခြင်းအရာ ဖြေဆိုအပ်သော ဗျာကတ မဟုတ်သောကြောင့် “အဗျာကတ”ဟု ခေါ်အပ်သော အခြင်းအရာ, ဤ ၂-မျိုးသော အခြင်းအရာကို “သဗ္ဗတာပိ”ဟု ဆိုသည်။ မိစ္ဆာအယူကို “အဗျာကတ”ဟု နာမည်တပ်ရာ၌ အကျိုးမပေးသောကြောင့် အဗျာကတ ဟူသော ပဌမနည်းဖြင့် မဆိုထိုက်။ မဖြေဆိုပဲ ထားအပ်သောကြောင့် အဗျာကတ မည်၏ ဟူသော ဒုတိယနည်းနှင့်သာ ဆိုထိုက်သည်။ [သဗ္ဗဏာပီတိ အဝိပါကဘာဝေနာပိ သဿတာဒိဘာဝေနပိ။-အနူ။]
၂ ။သမာနေ ဝိက္ခပ္ဘနဘာဝေပိ။“ပုထုဇ္ဇနောဈာနလာတီ”ဟု ဆိုသော ကြောင့် ဈာန်ဖြင့် ခွါခြင်းကို ဆိုရာဌာန ဖြစ်ရကား “ဝိက္ခမ္ဘနဘာဝေပိ”ဟု ဝိက္ခမ္ဘန ပဟာန်ဖြစ်သော ဈာန်ဖြင့် ခွါခြင်းကို ဆိုသည်။ ဒိဋ္ဌိနှင့်ရာဂကို ဈာနလာဘီပုထုဇဉ်က ပယ်ခွါခြင်းအားဖြင့် တူသော်လည်း “ဝီတရာဂေါ ကင်းသော ရာဂရှိသူ"ဟုသာ ဆိုရိုးရှိ၏။ "ဝိဂတဒိဋ္ဌိကော”ဟု ဆိုရိုး မရှိ။ ထို ကြောင့် "ဒိဋ္ဌိသည် လောကီတရား၌ မပါဝင်”ဟု တချို့ ဆရာတို့က ဆိုကြသည်-ဟု ပရဝါဒီအယူကို ဖွင့်သည်။ ထိုသို့ ပရဝါဒီက အယူရှိသောကြောင့် ပါဠိတော်၌ "ဒိဋ္ဌိဂတံ အပရိယာပန္နံ”ဟု သကဝါဒီက ပုစ္ဆာထုတ်သည်။ ဝုစ္စတိ၊ ဆိုအပ်၏။ ပန၊ ဗျတိရိက်ကား။ ဝိဂတဒိဋ္ဌိကောတိ၊ ကင်းသော မိစ္ဆာအယူရှိသူဟူ၍။ န (ဝုစ္စတိ)၊ မဆိုအပ်။ တသ္မာ၊ ကြောင့်။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ လောကိယပရိယာပန္နာ၊ လောကီတရား၌ အကျုံးဝင်သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။ ဝဒန္တိ၊ ဆိုကြကုန်၏။

ပန၊ ထိုသို့ပင် ဆိုကြပါကုန်သော်လည်း။
ရူပဒိဋ္ဌိယာဒိအဘာဝါ၊ ရူပဒိဋ္ဌိအစရှိသည်၏ မရှိခြင်းကြောင့်။
ဒိဋ္ဌိယာ၊ ဒိဋ္ဌိသည်။
ကာမဓာတုပရိယာပန္နာယ၊ ကာမဓာတ်၌ အကျုံးဝင်သည်။
ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
စ၊ ထိုသို့ဖြစ်ရာပါသော်လည်း။
ပရိယာပန္နာ၊ ကာမဓာတ်၌ အကျုံးဝင်သည်။
ယဒိ သိယာ၊ အကယ်၍ဖြစ်အံ့။
တထာ စသတိ၊ ထိုသို့ ဒိဋ္ဌိ၏ ကာမဓာတ်၌ အကျုံးဝင်သည်၏အဖြစ်ဖြစ်လသော်။
ကာမရာဂေါဝိယ၊ ကာမရာဂကဲ့သို့။
ဈာနလာဘိနော၊ ဈာန်ကိုရခြင်းရှိသော ပုဂ္ဂိုလ်၏။
ဒိဋ္ဌိပိ၊ ဒိဋ္ဌိသည်လည်း။
ဝိဂစ္ဆေယျ၊ ကင်းရာ၏။
ဣတိ၊ ထိုသို့တင်းခြင်းကြောင့်။
ဝိဂတဒိဋ္ဌိကောတိ၊ ကင်းသော ဒိဋ္ဌိရှိသူဟူ၍။
ဝတ္တဗ္ဗော၊ ဆိုထိုက်သည်။
သိယာ၊ ဖြစ်ရာ၏။
စ၊ ထိုသို့ ဖြစ်ရာပါသော်လည်း။
န ဝုစ္စတိ၊ ဝိဂတဒိဋ္ဌိကော-ဟု မဆိုအပ်။
တသ္မာ၊ ထိုသို့ ဝိဂတဒိဋ္ဌိကော ဟူ၍ ဆိုရိုးမရှိသည်၏ အဖြစ်ကြောင့်။
ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။
အပရိယာပန္နာ၊ ကာမဓာတ်, ရူပဓာတ်, အရူပဓာတ် ဟူသော ဓာတ် ၃-ပါး၌ အကျုံးမဝင်။
[ဤကာ ပရဝါဒီ၏ အယူအတိုင်း အဖွင့်တည်း။]
ဟိ၊ မှန်၏။
တဿ၊ ထို ဈာနလာဘီ ပုထုဇဉ်၏ သန္တာန်၌။
အဝိဂတာ၊ မကင်းသေးသော။
သာဒိဋ္ဌိ၊ ထိုဒိဋ္ဌိသည်။
[ဈာနလာဘိနော ဒိဋ္ဌိကို ပြန်၍ညွှန်သည်။]
ကာမရာဂေါဝိယ၊ ကာမရာဂကဲ့သို့။
ကာမဒိဋ္ဌိ၊ ကာမဒိဋ္ဌိသည်။၁။ ရူပဒိဋ္ဌိယာဒိသ ဘာဝါ။ ။ထို ၀ဒန္တိဝါဒကို မနှစ်သက်သောကြောင့် အခြားနည်းအားဖြင့် ဖွင့်ပြလိုသော ဋီကာဆရာသည် “ရူပဒိဋ္ဌိယာအဘာဝါ”ဟု မိန့်သည်။ ဒိဋ္ဌိယာဒိ၌ အာဒိ-ဖြင့် “အရူပဒိဋ္ဌိ စသည်ကို ယူ"ဟု အဋီကာ ဖွင့်၏။ ထို့ ကြောင့် ရှေးနိဿယ၌ "ရူပဒိဋ္ဌိယာဒိအဘာဝါ”ဟု ရှိသောပါဌ်သာ အနုဋီကာ အဖွင့်နှင့် ညီသည်။
ဆိုလိုရင်းကား-ရူပဒိဋ္ဌိ (ရူပဓာတ်၌ ဖြစ်သော ဒိဋ္ဌိ) အရူပဒိဋ္ဌိ (အရူပဓာတ်၌ ဖြစ်သော ဒိဋ္ဌိ)ဟု အဆို မရှိသောကြောင့် ဒိဋ္ဌိသည် ကာမဓာတ်၌ အကျုံးဝင်သော တရားသာ ဖြစ်ထိုက်၏။ ထိုသို့ ဖြစ်လျှင် ဈာနလာဘီပုဂ္ဂိုလ်မှာ ကာမရာဂကင်းသကဲ့သို့ ဒိဋ္ဌိလည်း ကင်းရာ၏။ ထိုသို့ ကင်းလျှင် “ဝိဂတဒိဋ္ဌိကော”ဟု ဆိုထိုက်၏။ ထိုသို့ ဆိုရိုးကား မရှိ။ ထို ကြောင့် အပရိယာပန္နာ ဒိဋ္ဌိ-ဒိဋ္ဌိသည် ကာမဓာတ်, ရူပဓာတ် အရူပဓာတ် ၃-မျိုး၌ အကျုံးမဝင်။ ထိုသို့ အကျုံးမဝင်သောကြောင့် “မဂ္ဂေါ ဖလံ နိဗ္ဗာနံ-ဒိဋ္ဌိဆိုတာ မဂ်လား ဗိုလ်လား နိဗ္ဗာန်လား"စသည်ဖြင့် သကဝါဒီက ထပ်၍ စောဒနာသည်။ န ဟောတိ၊ မဟုတ်။ ယေန၊ ယင်း ကာမဒိဋ္ဌိ၏ ဖြစ်ခြင်းကြောင့်။ ကာမဓာတုယာ၊ ကာမဓာတ်၌။ ပရိယယာပန္နာ၊ အကျုံးဝင်သည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ ဝဒတိ၊ ပရဝါဒီဆို၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။

အပရိယာပန္နကထာဝဏ္ဏနာ နိဋ္ဌိတာ၊
စုဒ္ဒသမဝဂ္ဂဝဏ္ဏနာ နိဋ္ဌိတာ၊
၁။ န ဟိ သာ ။ပေ။ ဝဒတီတိ။ ။နဟိ တုတက်သောကြောင့် ဒဋ္ဌီ-ဟေတု ၂-ချက်ရတည်း။ လွယ်ကူသော ဒဠီကိုသာ အနက်ပေးပါသည်။ နိဿယအတိုင်း အဓိပ္ပါယ်သိနိုင်ပြီ။ [ယေနာတိ ကာမဒိဋ္ဌိဘာဝေန-အနူ။] [ဤဒုတိယနည်း၌လည်း "အပရိယာပန္န"အရ ဓာတ်၃-ပါး၌ အကျုံးမဝင်သော လောကုတ္တရာ တရားဟုပင် ပရဝါဒီက ယူသည်။]