၂၆၉။ **“ပရနိမ္မိတဝသဝတ္တိဒေဝေ ဥပါဒါယ တဒုပရီ"**တိ၊ ဟူ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊ ဆိုအပ်ပြီ။
[အပြစ်ပြလို၍ အဋ္ဌကထာစကားကို ဌပနာထားသည်။]
ပန၊ ထိုသို့ပင် ပရနိမ္မိတဝသဝတ္ထိနတ်တို့ကို အစထား၍ အထက်နတ်ဗြဟ္မာတို့၌ ဟု ဆိုအပ်ပါကုန်သော်လည်း။
“တီဟိ ဘိက္ခဝေ ဌာနေဟီတိ၊ ဟူသော။
သုတ္တဿ၊ ပါဠိတော်သုတ်ကို။
ပစနေန၊ ဆိုခြင်းကြောင့်။
ဟေဋ္ဌာပိ၊ အောက်နတ်တို့၌လည်း။
[အပိ-ဖြင့် အထက်နတ်ဗြဟ္မာ တို့ကို ပေါင်းပါ။]
မဂ္ဂဘာဝနမ္ပိ၊ မဂ်ကို ပွါးစေခြင်းကိုလည်း။
[အပိ-ဖြင့် ပဗ္ဗဇ္ဇာ ဗြဟ္မစရိယဝါသကို ပေါင်းပါ။]
န ဣစ္ဆန္တိ၊ အလိုမရှိကြကုန်။
ဣတိ၊ ဤသို့။
ဝိညာယတိ၊ သိအပ်၏။
၂၇ဝ။ **“ဂိဟီနဉ္စေဝ ဧကစ္စာနဉ္စ ဒေဝါနံ မဂ္ဂပဋိလာဘံ သန္ဓာယ ပဋိက္ခေပါ တဿေဝါ"**တိ၊ ဟူ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊ ပန၊ ထိုသို့ဆိုအပ်ပါသော်လည်း။
ယတ္ထ နတ္ထီတိ၊ ဟူ၍။
ဩကာသဝသေန၊ အရပ်နှင့်စပ်သဖြင့်။
ပုဋ္ဌော၊ မေးအပ်သည်။
(သမာနော၊ ဖြစ်ပါလျက်။)
ပုဂ္ဂလဝသေန၊ ပုဂ္ဂိုလ်နှင့်စပ်သဖြင့်။
တဿ၊ ထိုပရဝါဒီ၏။
ပဋိက္ခေပေါ၊ ပယ်မြစ်ခြင်းသည်။
နယုတ္တော၊ မသင့်။
စ၊ ဆက်။
တဿ၊ ထိုပရဝါဒီ၏။
အယံ၊ ဤ“ဂိဟီနဉ္စေဝ”စသော အနက်သည်။
အဓိပ္ပါယော၊ အလိုရှိအပ်သော အနက်သည်။
ယဒိ ဟောတိ၊ အကယ်၍ ဖြစ်အံ့။
(ဧဝံသတိ၊ သော်။)
သကဝါဒိနာ၊ သကဝါဒီနှင့်။
သမာန၁ဓိပ္ပါယတ္တာ၊ တူမျှသော အဓိပ္ပါယ်ရှိသည်၏ အဖြစ်ကြောင့်။
န နိဂ္ဂဟေတဗ္ဗော၊ မနှိပ်လိုက်။၁။ ယတ္ထ နတ္ထီတိ ။ ပေ ။ န ယုတ္တော။ ။မေးတုန်းက “ယတ္ထ နတ္တိ ပဗ္ဗဇ္ဇာ၊ နတ္ထိ တတ္ထ ဗြဟ္မစရိယဝါသော”ဟု ဩကာသကို မေး၏။“န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်သောအခါ အဋ္ဌကထာဆရာသည် “ဂိဟီနံ စေဝ ဧကစ္စာနံ စ ဒေဝါနံ” စသည်ဖြင့် ပုဂ္ဂိုလ်နှင့် စပ်၍ ပယ်ပုံကို ဖွင့်ပြထား၏။ ထို့ကြောင့် ထို စကားမသင့်ဟု ဋီကာဆရာ ပယ်သည်။
၂။ ယဒိစ ။ပေ။ နနိဂ္ဂဟေတဗ္ဗော။ ။ ဂိဟီနဉ္စေ စသည်ဖြင့် ဖွင့်ဆိုအပ်သောအနက်သည် ထို ဝရဝါဒီ အလိုရှိအပ်သောအနက်ဖြစ်လျှင် သကဝါဒီနှင့် ပရဝါဒီသည်အယူချင်းတူနေသောကြောင့် ပါဠိတော်၌ ဝေယျာလ မြှုပ်ထားသော "ဟဉှိ"စသော စကားဖြင့် မနှိပ်ထိုက်။ [အနုဋီကာ၌ကား ပဌမ "အာမန္တာ"ဟု ခွင့်ပြုပြီး၍နောက်၌ "နဟေဝံ ဝတ္တဗ္ဗေ"ဟု ပယ်ခြင်းကြောင့် နှိပ်ထိုက်၏-ဟုဆိုသည်။]
၂၇၁။ **ဧကန္တရိကပဉှာ**တိ၊ ကား။
ပရဝါဒီသကဝါဒီနံ၊ တို့၏။
အည မညံ၊ အချင်းချင်း။
ပဉှန္တရိကာ၊ အကြား၌ ပြဿနာရှိကုန်သော။
ပဉှာ၊ ပြသာနာတို့ကို။
(ဝေဒိတဗ္ဗာ၊ ကုန်၏။)
သုဒ္ဓဗြဟ္မစရိယကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။