Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

6. Bodhiyābuddhotikathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၃၉၈။ **တသ္မာ**တိ၊ ကား။ ယထာဝုတ္တဿ၊ အကြင် အကြင် ဆိုအပ်ပြီးသော။ ဉာဏဒွယဿ၊ လေးပါးသော မဂ်ဉာဏ်, သဗ္ဗညုတဉာဏ် ဟူသောဉာဏ် ၂-ပါးအပေါင်း၏။ ဗောဓိဘာဝတော၊ ဗောဓိ မည်သည်၏ အဖြစ်ကြောင့်။ ၁။ယထာ ။ပေ ။ တံ ဝတ္တဗ္ဗံ။ ။ဤစကားဖြင့် စတုဖဿတို့နှင့် ပြည့်စုံမှုစသည်ကို ပါဠိတော်၌ သကဝါဒီက စောဒနာထား၏။ “ထို စောဒနာမှုကို မပြုထိုက်”ဟု ဋီကာဆရာ ဆိုလိုသည်။ ထို့ကြောင့် အနုဋီကာ၌ ဋီကာဆရာ၏ စကားကို ပယ်သောအားဖြင့် “ပတ္တိံတိ အဓိဂမော (ရခြင်း)။ အဓိဂမော နာမ သမန္နာဂမော ဟောတီတိ၊ ရခြင်းဆိုတာ ပြည့်စုံခြင်း ဖြစ်၏။ ထို့ကြောင့် ပါဠိယံ စတူဟိ ဖဿာဒီဟိ သမန္နာဂမော စောဒိတောတိ ဒဋ္ဌဗ္ဗံ”ဟု ဆိုသည်။
တံ၊ ထိုဉာဏ်၂-ပါးအပေါင်းကို။ အဂ္ဂဟေတွာ၊ မယူမူ၍။ ပတ္တိဓမ္မဝသေန၊ ရောက်ခြင်းသဘော၏အဖြစ်ဖြင့်။ ဝါ၊ စိတ္တဝိပ္ပယုတ္တသင်္ခါရဖြစ်သော ရခြင်းသဘော၏ အဖြစ်ဖြင့်။ နတ္ထိတာယ၊ မရှိသည်၏အဖြစ်ကြောင့်။ ဗောဓိယာ၊ ဗောဓိနှင့်။ သမန္နာဂတော၊ ပြည့်စုံသောပုဂ္ဂိုလ်သည်။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်၏။ ဣတိ၊ ဤသို့။ ယေသံ၊ အကြင်ပရဝါဒီတို့၏။ လဒ္ဓိ၊ အယူသည်။ (အတ္ထိ)တေ၊ ထိုပရဝါဒီတို့ကို။ သန္ဓာယ၊ ၍။ ပုစ္ဆာ စ၊ မေးခြင်းသည်၎င်း။ အနုယောဂေါ စ၊ စိစစ်ခြင်းသည်၎င်း။ သကဝါဒိဿ၊ သကဝါဒီ၏မေးခြင်း, စိစစ်ခြင်းတည်း။ ဣတိ၊ ဤသို့။ ယောဇနာ၊ အနက်ကိုယှဉ်စေခြင်းကို။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။
ဗောဓိယာ ဗုဒ္ဓေါတိကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။