၂၈ဝ။ **ကိစ္စသဗ္ဘာဝန္တိ**၊ ကား။
တီဟိ၊ ၃-ပါးကုန်သော အောက်မဂ်တို့သည်။
ပဟာတဗ္ဗသာ၊ ပယ်ထိုက်သော အဇ္ဈတ္တသံယောဇဉ်ကို။
ပဟီနတံ၊ ပယ်အပ်ပြီး၏အဖြစ်ကို။
(“သန္ဓာယ ပဋိဗာနာတိ"၌ စပ်။)
ပန၊ ဆက်။
တံ ကိစ္စ၊ ထို ပယ်ခြင်းကိစ္စသည်။
တေနေဝ မဂ္ဂေန၊ ထို အနာဂါမိမဂ်ဖြင့်ပင်။
သိဇ္ဈတိ၊ ပြီးစီး၏။
ဣတိ လဒ္ဓိ၊ ဤ အယူသည်။
ဟောတိ၊ ၏။
ပုထုဇ္ဇနကာလေဧဝ၊ ပုထုဇဉ်ဖြစ်ရာအခါ၌ပင်။
ကာမရာဂဗျာပါဒါ၊ တို့ကို။
ပဟီနာ၊ ပယ်အပ်ကုန်ပြီ။
ဣတိ လဒ္ဓိ၊ ဤသို့သော အယူသည်။
ဟောတိ၊ ၏။
ဣတိ၊ ထိုကြောင့်။
၁။ မှတ်ချက်။ ။"တံ ပန ကိစ္စံ”၏ နောက်၌ “ယဒိ”ဟု တွေ့ရ၏။ထို“ယဒိ” သည် “သိဇ္ဈတိ”၌ စပ်ဖို့ရန်မသင့်၊ “လဒ္ဓိ” ၌ စပ်ဖို့ရန်လည်း “တံ ကိစ္စံ သိဇ္ဈတိ” အတွင်း၌ ရောက်နေသောကြောင့် ကျော်လွန်၍ မစပ်နိုင်၊ ထို “တေနေဝ မဂ္ဂေန သိဇ္ဈတိ”ဟူသော အယူသည် “ယဒိ”ဟု ထည့်၍ ပရိကပ္ပ အနေအားဖြင့် ကြံဆရမည့် အယူမဟုတ်၊ ဧကန်ယူအပ်ပြီးဖြစ်သော အယူတည်း။ ထို့ကြောင့် ယဒိဒ္ဒါသည် အနေအားဖြင့်လည်းမကောင်း၊ အဓိပ္ပါယ်လည်း မရ, ရှေးနိဿယလည်း မပြသောကြောင့် နောက်မှထည့်ပါဌ် ဖြစ်ဟန်တူသည်။
ဧတံ၊ ဤစကား ၂-ရပ်သည်။
န သမေတိ၊ မညီညွတ်။
တသ္မာ၊ ထိုသို့ မညီညွတ်သည်၏အဖြစ်ကြောင့်။
ပုထုဇ္ဇနကာလေ၊ ပုထုဇဉ်ဖြစ်ရာအခါ၌။
ပဟီနာနမ္ပိ၊ ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်အပ်ပြီးသော ကာမရာဂ, ဗျာပါဒတို့၏လည်း။
ဒဿနမဂ္ဂေ၊ သောတာပတ္တိမဂ်သည်။
ဥပ္ပန္နေ၊ ဖြစ်လေသော်။
ပုန၊ တဖန်။
ကဒါစိ၊ တရံတခါ၌။
အနုပတ္တိတော၊ မဖြစ်ခြင်းကြောင့်။
တိဏ္ဏံ၊ ၃ပါးကုန်သော။
မဂ္ဂါနံ၊ တို့၏။
ကိစ္စံ၊ ပယ်ခြင်းကိစ္စသည်။
သမ္ဘဝတိ၊ ဖြစ်သင့်၏။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏အလိုတည်း။
ဇဟတိကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။