Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

11. Gatianuyogavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၆၉- ၇၂။ **“ဒဿေန္တော “တေနဟိ ပုဂ္ဂလော သန္ဓာဝတီ” တိ အာဒိ မာဟာ”**တိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တံ၊ ပြီ။ ပန၊ ထိုသို့ပင်ဆိုအပ်ပါ သော်လည်း။ "ဒဿေန္တော န ဝတ္တဗ္ဗံ ပုဂ္ဂလော သန္ဓာဝတီတိအာဒိမာဟာ”တိ၊ ဟူ၍။ ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။ ဝါ၊ တနည်း။ ဒဿေတွာ တိ၊ ဟူ၍။ ဝတ္တဗ္ဗံ၊ ဆိုထိုက်၏။
၉၁။ **ယေန ရူပါသင်္ခါတေန သရီရေန သဒ္ဓိံ ဂစ္ဆတီ** တိဧတ္ထ၊ ဟူသော ဤပါဌ်၌။ ရူပေန သဒ္ဓိံ ဂစ္ဆတီတိ၊ ဟူ၍။ ဝဒန္တေန၊ ဆိုလိုသော သကဝါဒီသည်။ ရူပံ ပုဂ္ဂလောတိ၊ ဟူ၍။ အနနုညာတတ္တာ၊ ပရဝါဒီသည် ခွင့်မပြုအပ်သည်၏အဖြစ်ကြောင့်။၁။ ဒဿေန္တော။ ပေ။ ဘဝိတဗ္ဗံ။ ။တေန ဟိ ပုဂ္ဂလော သန္ဓာဝတိအသ္မာ လောကာ ပရံ လောကံ” စသော စကားသည် အယူဖြစ်ကြောင်း ပါဠိတော်များကို ပြပြီးမှ ပါဠိတော်ဝယ် (၇၄) အဆုံး၌ လာသော စကားဖြစ်၏။ အယူဖြစ်ကြောင်း ပါဠိတော်ကို ပြလို၍ ဆိုအပ်သော စကားသည် (၇၄) အစ၌ “န ဝတ္တဗ္ဗံ ပုဂ္ဂလော သန္ဓာဝတိ” စသော စကားတည်း။ ထို့ကြောင့် အဋ္ဌကထာ၌ “ဒသောန္တော နဝတ္တဗ္ဗံ ပုဂ္ဂလော သန္ဓာဝတီတိ အာဒိမာဟ”ဟု ပါဌ်ရှိသင့်ကြောင်းကို ဋီကာပြင်သည်။ **၂။ ဒဿေတွာတိ ဝါ**။ ။"တေန ဟိ ပုဂ္ဂလော” စသော စကားကို အတည်ပြုလိုလျှင် "ဒဿေန္တော”ဟု မရှိစေပဲ “ဒဿေတွာ”ဟု ရှိပါစေ၊ အယူဖြစ်ကြောင်း ပါဠိတို့ကို ပြ၍ပြီးမှ “တေနဟိ ပုဂ္ဂလော”စသော စကားကို ပရဝါဒီ ဆိုသည်-ဟူလို။ ၃။ ယေန ။ ပေ ။ ဂစ္ဆတီတိ ဝဒန္တေန။ ။“ယေန ရူပသင်္ခါတေန သရီရေန သဒ္ဓိံ ဂစ္ဆတိ” ဟူသော အဋ္ဌကထာပါဌ်၌ ဆိုလိုရင်းမှာ-“ရူပေန သဒ္ဓိံဂစ္ဆတိ ဤရုပ် ကိုယ်နှင့်တကွ (တဘဝမှ တဘဝသို့ဇီဝသည်) သွား၏"ဟု သကဝါဒီက ဆိုလိုရင်း ဖြစ်သည်။ ယေနာကာရေန၊ အကြင် အခြင်းအရာအားဖြင့်။ တံ၊ ထို ရုပ်ဟူသော သရီရသည်။ ဇီဝံ၊ ဇီဝတည်း။ တံ၊ ထိုဇီဝသည်။ သရီရံ၊ သရီရတည်း။ ဣတိ ဣဒံ၊ ဤ အနက် သတောသည်။ အာပဇ္ဇတိ၊ ဖြစ်၏။ သော၊ ထို ဇီဝနှင့် သရီရတို့ တစ်ခုတည်းဖြစ်ကြောင်း အခြင်းအရာကို။ ဝတ္တဗ္ဗော၊ ဆိုထိုက်၏။
**အသညူပပတ္တိံ သန္ဓာယာ**တိ၊ ကား။ နိရယူပဂဿ၊ ငရဲသို့ ကပ်ရောက်သော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏၎င်း။ အသညူပဂဿ၊ အသညသတ်ဘုံသို့ ကပ်ရောက်သော။ (ပုဂ္ဂလဿ၊ ၏၎င်း။) အရူပူပဂဿ၊ အရူပဘုံသို့ ကပ်ရောက်သော။ (ပုဂ္ဂလဿစ၊ ၎င်း။) အန္တရာဘဝံ၊ အကြား၌ ဖြစ်သောဘဝကို။ နဣစ္ဆတိ၊ အလိုမရှိ။ ဣတိ၊ ကြောင့်။ စုတိတော၊ စုတိမှ။ အနန္တရံ၊ အခြားမဲ့ဖြစ်သော။ ဥပပတ္တိံ၊ ပဋိသန္ဓေ နေခြင်းကို။ သန္ဓာယ၊ ၍။ (ပဋိက္ခိပတိ၊ ၌စပ်။) ဣတိ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။၁။ ရူပံ ပုဂ္ဂလာတိ ။ ပေ ။ အာပဇ္ဇတိ။ ။စတုက္က နယ သံသန္ဒန ၌ “ရူပံ ပုဂ္ဂလော" တိဟု သကဝါဒီက မေးသောအခါ “န ဟေံ ဝတ္တဗွေ”ဟု ပရဝါဒီ ပယ်၏။ ထို့ကြောင့် “ရူပံ ပုဂ္ဂလောတိ အနနုညာတတ္တာ”ဟု ဆိုသည်။ ထိုသို့ ခွင့်မပြုသောကြောင့် “တံ ဇီဝံ တံ သရီရံ”၌ ဇီဝ ဟူသော ပုဂ္ဂလနှင့် ရုပ် ဟူသော သရီရ၏ တစ်ခုတည်း အဖြစ်ကို စိစစ်ဖို့ရန် အကြောင်းမရှိ။ ထို့ကြောင့် (ဇီဝနှင့် သရီရတို့၏ တမျိုးတခြားစီ မဟုတ်ခြင်း ဟူသော) ထို အခြင်းအရာကို သက္ကဝါဒီ ဆိုထိုက်၏-ဟု ဋီကာဆရာ ဆိုသည်။ အနုဋီကာ။ ။"ရူပီ အတ္တာ (အတ္တ ပုဂ္ဂလသည် ရုပ် ရှိ၏)”ဟု ပရဝါဒီ ယူ၏။ ထိုသို့ ယူလျှင် အတ္တ ဟူသော ဇီဝသည် ရုပ်ဟူသော သရီရနှင့်တကွ တစ်ဘဝမှ တစ်ဘဝ သို့ ပြောင်းသွား၏။ ဤသို့ အနက်ယူလျှင် ရူပနှင့် ဇီဝတို့ တမျိုးတခြား မဟုတ်သည်၏ အဖြစ်ဟူသော အခြင်းအရာ (အကြောင်းအရာ)ကို ဆိုအပ်ပြီးဖြစ်၏။ ထိုသို့ ဆိုအပ်ပြီး ဖြစ်သောကြောင့် “ရူပံ ပုဂ္ဂလာတိ အနနုညတတ္တာ” ဟု မဆိုနိုင်တော့။ သို့သော်… နောက်နား၌ “ဣဓ သရီရနိက္ခေပါ”ဟု ဆိုလတ္တံ့။ ထို စကား အလိုအားဖြင့် သရီရ နှင့် ဇီဝသည် တစ်ခုတည်းမဟုတ်တော့။ ထို့ကြောင့် “သော ဝတ္တဗ္ဗော-ဇီဝနှင့် သရီရ တို့၏ တမျိုးတခြားမဟုတ်သည်၏ အဖြစ်ဟူသော အခြင်းအရာကို သကဝါဒီ ဆိုထိုက် ၏”ဟု ဋီကာဆရာ ဆိုပေသည်။ ဤသို့အဆုံး၌ ဋီကာဆရာကိုပင် ထောက်ခံသွားသည်။ “သောဝတ္တဗ္ဗောတိ-မှ စ၍တသ္မာ သော ဝတ္တဗ္ဗောတိ ဝုတ္တံ"တိုင်အောင် အူံဋီတာကို ကြည့်ပါ။ ၂။ အသညူပပတ္တိံ သန္ဓာယ။ ။"အသညသတ်ဘုံသို့ ရောက်မည့် ပုဂ္ဂိုလ်မှာ ကြားဘဝတစ်ခု မရှိတော့"ဟု ယူဆသော ကေဝိတို့အတွက် ဤ ဘဝမှ စုတေလျှင် အသညသတ်ဘုံ၌ သညာ-ဝေဒနာ-စိတ်မရှိသောကြောင့် “သဝေဒနော သစ္စာဝတိ” ဟု မေးရာ၌ "န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပရဝါဒီ ပယ်သည်။
ပန၊ ဝါဒန္တရကား။ ယေ၊ အကြင် ပုဂ္ဂိုလ်တို့သည်။ စုတိကာ၊ လေ၊ စုတေခါနီးအခါ၌၎င်း။ ဥပပတ္တိကာလေ စ၊ ပဋိသန္ဓေ နေဆဲအခါ၌၎င်း။ အသညူပပတ္တိကာလေ စ၊ အသညသတ်ဘုံ၌ ပဋိသန္ဓေ နေရာအခါ၌၎င်း။ အသည သတ္တေသု၊ အသညသတ်ဗြဟ္မာတို့၌။ သညာ၊ သညာသည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ဂဟေတွာ၊ ယူပြီး၍။ အသညူပဂဿ၊ အသညသတ်ဘုံသို့ ကပ်ရောက်သော ပုဂ္ဂိုလ်၏။ အန္တရာဘဝံ၊ အကြား၌ ဖြစ်သော ဘဝကို။ ဣစ္ဆေယျုံ၊ အလိုရှိ ကုန်ရာ၏။ တေသံ၊ ထို ပုဂ္ဂိုလ်တို့၏ (အယူအားဖြင့်)။ အန္တရာဘဝဘာဝတော၊ အန္တရာဘဝရှိသည်၏အဖြစ်ကြောင့်။ အသညူပပတ္တိ၊ အသညသတ်ဘုံ၌ ဖြစ်ခြင်းသည်။ အဝေဒနာ၊ ဝေဒနာမရှိ။ ဣတိ၊ သို့။ ဝတ္တုံ၊ ဆိုခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။
၉၂။ **အဝေဒနာတိအာဒီသု တဒညန္တိ**၊ ကား။ သညဘဝတော၊ သညာရှိသောဘဝမှ။ အညံ၊ အခြားသော။ အသညာနေဝသညာနာသညာယတ နုပပတ္တိံ၊ အသညီဘဝသို့ကပ်၍ ဖြစ်ခြင်း, နေဝသညာနာသညာယတနဘဝသို့ ကပ်၍ ဖြစ်ခြင်းကို။ (သန္ဓာယ ပဋိက္ခိပတိ-၌စပ်။) ဟိ၊ မှန်။
နေဝသညာ နာသညာယတနေပိ၊ နေဝသညာနာသညာယတန ဘဝ၌ သော်မှလည်း။၁။အသညူပပတ္တိကာလေ(စ)။ ။ “စုတိကာလေ ဥပပတ္တိကာလေ စ” တို့၌အသညသတ် ဘုံဝယ် စုတိကာလ ဥပပတ္ထိကာလကို ယူပြီး ဖြစ်၍ အသညူပပတ္တိကာလေ စ”ကို ပိုသည်-ဟု ထင်၏။ ရှေးနိဿယ၌လည်း ရှိသောကြောင့် ပါဌ်ရှိအတိုင်း အနက်ပေးလိုက်ရသည်။ ၂။ ယေ ပန။ ပေ ။ ဣစ္ဆေယျုံ။ ။“အသည သတ်ဘုံသို့ ကပ်ရောက်ရာ၌ အန္တရာဘဝ ရှိသေး၏”ဟု အချို့က ယူကြ၏။ ထို ပုဂ္ဂိုလ်တို့ အလိုအားဖြင့် အသညသတ်ဘုံသို့ ပဋိသန္ဓေ အဖြစ်ဖြင့် ရောက်စ ကာလ၌ အန္တရာဘဝတုန်းက ရုပ်ဝေဒနာ သညာ ရှိသည့် အတိုင်း ဝေဒနာ ရှိသေး၏။ နောက်မှ ပျက်သည်”ဟု ယူဆသော ကြောင့် “အသညူပပတ္တိ အဝေဒနာ”ဟု ဆိုခွင့်မရှိ။ [တတ္ထ ယေ ။ ပေ ။ အသညီနံ သညာ အတ္တီတိ အန္တရာဘဝတောဝ အသညူပပတ္တိံ” ဣစ္ဆန္တိ။ အနူ။] ၃။ တဒည။ ။“သညဝတော အညံ”ဟု ဖွင့်၍ “အသညာ နေဝသညာ နာသညာယတနပ ပတ္တိ”ဟု သရုပ်ဖော်သည်။ “သညာ ရှိသော ကာမ ရူပဘဝတို့မှ တပါးသောဘဝ၌ ဖြစ်ခြင်း” ဟူသည် အသညဘာဝ နေဝသညာ နာသညာ ယတနဘဝ၌ ဖြစ်ခြင်းတည်း။ ထို ဘဝ၌ ဖြစ်ခြင်းကို ရည်ရွယ်၍ “ပုဂ္ဂလော အဝေဒနော သန္ဓာဝတိ”ဟူသော အမေးကို “အာမန္တာ”ဟု ဝန်ခံသည်။ ၄။ နေဝသညာနာသညာယတနေပိ ဟိ။ ။ပရဝါဒိတို့က နေဝသညာ နာသညာယတန ဘဝကို သညာရှိ၏-ဟု အလိုရှိကြသည် မဟုတ်ပါလော၊ အဘယ်ကြောင့် တဒည-ထို သညီ ဘဝတို့မှ တမျိုးတခြားဘဝ၌ သွင်းရပါသနည်း-ဟု မေး ဖွယ် ရှိသောကြောင့် "နေဝသညာနာသညာယတနေပိ ဟိ” စသည်ကို မိန့်သည်။ပရဝါဒီ တို့သည် နေဝသညာနာသညာယတန ဘဝကို သညာရှိသော ဘဝ အဖြစ်ဖြင့် အလိုရှိကြသည်ဟု မဆိုထိုက်ပါ။ထို့ကြောင့် အသညာဘဝ၌ သွင်းရပါသည်-ဟူလို။ [နေဝသညာနာသညာဘဝေ, အစိတ္တုပ္ပါဒေဝါ (စိတ်၏ ဖြစ်ခြင်းမရှိရာ အသညသတ် ဘဝ၌၎င်း)သညာ အတ္တီတိ ဣစ္ဆန္တိတိ န ဝတ္တပ္ပန္တိ သမ္ဗန္နော။ အနူ။မဓု၌ကား "သညာ အတ္ထိတိ နဝတ္တဗ္ဗန္တိ ဣစ္ဆန္တီတိ ယောဇနာဟု ဖွင့်၏။ အဓိပ္ပါယ်အတူပင်။ သညာ၊ သညာသည်။ ဝါ၊ ထင်ရှားသော သညာသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ သို့။ ဣစ္ဆန္တိ၊ ကုန်၏။ ဣတိ၊ သို့။ နဝတ္တဗ္ဗံ၊ မဆိုထိုက်။
၉၃။ **ယသ္မာ ရူပါဒိဓမ္မေ ဝိနာ ပုဂ္ဂလော နတ္တီ**တိ၊ ဟူသော စကားကို။ (ဝဒတိ-၌ စပ်။) ဣန္ဓနုပါဒါနော၊ လောင်စာဖြစ်သော ထင်းအစရှိသောစွဲမှီရာရှိသော။ အဂ္ဂိ၊ မီးသည်။ ဣန္ဓနေန၊ လောင်စာနှင့်။ ဝိနာ၊ ကင်း၍။ နတ္ထိ ဝိယ၊ မရှိသကဲ့သို့။ (တထာ၊ တူ။) ရူပါဒိ ဥပါဒါနော၊ ရုပ် အစရှိသော စွဲမှီရာရှိ သော။ ပုဂ္ဂလော၊ သည်။ ရူပါဒိနာ၊ ရုပ် အစရှိသည်နှင့်။ ဝိနာ၊ ၍။ နတ္ထိ၊ မရှိ။ ဣတိ လဒ္ဓိဝသေန၊ ဤသို့သော အယူ၏ အစွမ်းဖြင့်။ ဝဒတိ၊ ဆို၏။
ဂတိအနုယောဂဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊