၉၇။ **နီလံ ရူပံ ဥပါဒါယ နီလောတိအာဒီသူ**တိ၊ အစရှိသော အဋ္ဌကထာ စကားရပ်၏။
နီလံ ရူပံ ဥပါဒါယ နီလကဿ ပုဂ္ဂလဿ ပညတ္တီတိ ဧတ္ထ၊ ဟူသော ပါဠိတော်စကားရပ်၌။
ပုဋ္ဌော၊ မေးအပ်သော။
ယော၊ အကြင် ပုဂ္ဂိုလ်သည်။
နီလံ၊ ညိုသော ရုပ်ကို။
ဥပါဒါယ၊ ကပ်ယူ၍။
ဝါ၊ စွဲ၍။
နီလော၊ ညိုသော ပုဂ္ဂိုလ်သည်။
ဟောတိ၊ ၏။
ဣတိ၊ သို့။
(ပညတ္တိ၊ အပြားအားဖြင့် သိစေခြင်း သည်။
ဟောတိ၊ )
တဒါဒီသု၊ ထို နီလမည်သော ရုပ်ကို စွဲ၍ နီလပုဂ္ဂိုလ် အစရှိသော ပုဂ္ဂိုလ်တို့၌။
(ပဋိက္ခိပတိ-၌စပ်။)
ဣတိ အတ္ထော၊ နက်။၁။ နိလံ ရူပံ ။ ပေ ။ အာဒီသူတိ။ ။အဋ္ဌကထာဝယ်“နီလံ ။ ပေ။ အာဒီသု”ဟု “နီလံ ရူပံ ဥပါဒါယ နီလော”ဟူသော ပါဌ်ကို ပါဠိတော်၌ ရှိသော သံဝဏ္ဏေတဗ္ဗ ပါဌ်ကဲ့သို့ ထုတ်ပြထား၏။ ပါဠိတော်၌ကား” “နီလံ ရူပံ ဥပါဒါယ နီလကဿ ပုဂ္ဂလဿ ပညတ္တိ”ဟု ရှိသည်မဟုတ်ပါလော။“အဘယ်သို့ အနက်မှတ်ရပါမည်နည်း” ဟု မေးဖွယ် ရှိသောကြောင့် “နီလံ ရူပံ ။ ပေ ။ တဒါဒီသူတိ အတ္ထော”ဟု မိန့်သည်။ [အာဒိသူတိကို အတ္ထော-၌ စပ်။ ဧတ္ထ ကို ပုဋ္ဌော-၌ စပ်။]
ဆိုလိုရင်းကား- "နီလံ ရူပံ ဥပါဒါယ ။ ပေ ။ ပညတ္တိ”ဟူသော ပါဠိတော်စကားရပ်၌ သကဝါဒီ မေးအပ်သော အကြင်ပုဂ္ဂိုလ်သည် နီလ ရုပ်ကို စွဲ၍ နီလ အမည်ရ၏။ “တဒါဒီသု-နီလ ရုပ် ကို စွဲ၍ နီလ အမည် ရသော ထို ပုဂ္ဂိုလ် အစရှိသည်တို့၌”ဟု အနက်မှတ်ပါ။ တဒါဒီသု၌ အာဒိဖြင့် ပါဠိတော်၌ လာသော “ပီတံ ရူပံ ဥပါဒါယ ပေ ။ အပ္ပဋိထံ ရူပံ ဥပါဒါယ အပ္ပဋိလဿ ပုဂ္ဂလဿ ပညတ္တိ”တိုင်အောင် ယူပါ။
၉၈။ **ဆေကဋ္ဌံ သန္ဓာယာ**တိ၊ အစရှိသော ပါဠိ၏။
(အတ္ထော၊ ၌စပ်။)
ဆေကဋ္ဌံ၊ ဆေကအနက်ကို။
သန္ဓာယ၊ ၍။
ဝုတ္တံ၊ ဆိုအပ်သော။
(ကုသလပညတ္တိံ၊ ကုသိုလ်ဟူသော နာမည်ကို။
(သန္ဓာယ၊ ၍။)
န ဝုတ္တံ၊ ဆိုအပ်သည် မဟုတ်သော။)
ကုလလံ၊ ကောင်းသော။
ဝေဒနံ၊ ကို။
ဥပါဒါယ၊ စွဲမှီ၍။
(ကုသလဿ၊ လိမ္မာသော။
ပုဂ္ဂလဿ၊ ကို။
ပညတ္တိ၊ အပြားအားဖြင့် သိစေခြင်းသည်။
ဟောတိ၊ ၏။)
ဣတိ၊ သို့။
မညမာနော၊ ထင်သည်။
(ဟုတွာ) ပဋိဇာနာတိ၊ အာမန္တာဟု ဝန်ခံ၏။
ဣတိ အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊ ၏။
[ဤဝါကျ၌ ကော်မာ ပိုဒ်တွေ ပျက်၍နေသည်။ န ကုသလ ပညတ္တိံသည် “ဆေကတ္ထံ သန္ဓာယ ဝုတ္တံ”၏ အညတ္ထာပေါဟန နည်းအရ ထည့်အပ်သော ဝါကျတည်း။ ထို ဝုတ္တံ ကို ကုသလံ ဝေဒနံ-၌ စပ်ပါ။ ဥပါဒါယ စပ်ပုဒ်လည်း တိုက်ရိုက် မရှိ။ ပါဠိတော်၌ “ကုသလဿ ပုဂ္ဂလဿ ပညတ္တိ” ကို ယူ၍ စပ်ပါ၊ထိုသို့ စပ်ပုဒ်ရအောင် ပါဠိတော်မှ ယူ၍အနက်ပေးထားပါသည်။]
၁၁၂။ **ဣဒါနိ ။ ပေ ။ ဒဿေတုံ “ယထာ ရုက္ခန္တိ အာဒိ မာဟာ**တိ၊ ဟူသော ပါဌ်၌။
ပုဗ္ဗပက္ခံ၊ ရှေ့အဖို့ကို။
ဒဿေတွာ၊ ပါဠိတော်၌ ပြပြီး၍။
ဥတ္တရံ၊ နောက်အဖို့ကို။
အာဟ၊ သကဝါဒီ ဆိုပြီ။
ဣတိ၊ ဤ အနက်သည်။
ဝါ၊ ကို။
ဝုတ္တံ၊ သည်။
ဟောတိ၊
၁၁၅။ ““ယဿ ရူပံ သော ရူပဝါ"တိ၊ ဟူသော။
ဥတ္တရပက္ခေ၊ နောက်ပက္ခ၌။
ဝုတ္တံ၊ ဆိုအပ်သော။
ဝစနံ၊ စကားကို။
ဥဒ္ဓရိတွာ၊ ထုတ်ဆောင်၍။၁။ ဆကတ္ထံ သန္ဓာယ ဝုတ္တံ။ ။အဋ္ဌကထာ၌ “ဆေကဋ္ဌံ သန္ဓာယ ပဋိဇာနာတိ”ဟုရှိသော်လည်း ဆိုလိုရင်းအနက်မှာ ပါဠိတော်၌ “ကုသလံ ဝေဒနံ ဥပါဒါယ ကုသလဿ ပုဂ္ဂလဿ ပညတ္တီတိ၊အာမန္တာ”ဟု ရှိသောကြောင့် “ဆေကတ္ထံ သန္ဓာယဝုတ္တံ(ပရဝါဒီ ဆိုအပ်သော), ကုသလပညတ္တိံ(ကုသိုလ်ဟူသောနာမည်ပညတ်ကို) သန္ဓာယ၊ ၍။ န(ဝုတ္တံ)၊ ပရဝါဒီ ဆိုအပ်သည် မဟုတ်သော။ ကုသလံ၊ကောင်းသော။ ဝေဒနံ၊ ကို။ ဥပါဒါယ၊ ၍။ (ကုသလဿ၊ လိမ္မာသော။ ပုဂ္ဂလဿကို။ ပညတ္တိ၊ သည်။ ဟောတိ၊ လော။”ဟု အနက်ပေး၍ “ဣတိ၊ သို့။ မညမာနော၊ သည်။ (ဟုတွာ) ပဋိဇာနာတိ”ဟု အနက်မှတ်ပါ။[ဆေကတ္တံ သန္ဓာယ ဝုတ္တံ ကုသလံ ဝေဒနံ ဥပါဒါယ န ကုသလပညတ္တိဝန္တံ ကုသလံ ဝေဒနံ ဥပါဒါယာတိ ယောဇနာ။မဓု။ “မညမာနော” ဟု ဆိုသောကြောင့် ပရဝါဒီ၏ မှတ်ထင်ခြင်းသာဖြစ်၏။ သကဝါဒီကား ထိုဆေက အနက်ကို မရည်ရွယ်ပါ-ဟူလို။]
၂။ ယထာ ရုက္ခံတိ အာဒိမာဟ။ ။ပါဠိတော်၌ “ယထာ ရုက္ခံ” စသော ဝါကျသည်, ဤပြဿနာ၏ ၃-ဌာန၌ ပါ၏။ ထိုတွင် အနိစ္စ စသော စိစစ်ချက် “အညံ ရူပံ အညော ပုဂ္ဂလော”ဟူသော စိစစ်ချက်သည် ပုဗ္ဗပက္ခ(ပဌမ အဖို့) ၌ မပါ။ ဒုတိယ တတိယ ဟူသော နောက်အဖို့၌သာပါ၏။ထို့ကြောင့်“ပုဗ္ဗပက္ခံ ဒသေတွာ”ဟု ဋီကာ၌ပုဗ္ဗာနုသန္ဓေကို ထည့်၍ နောက် ပက္ခ ၂-မျိုးကို ပြခြင်းငှါ “ယထာ ရုက္ခံ" စသော စကားကို ဆို၏-ဟု ဖွင့်သည်။ (သံဝဏ္ဏေတဗ္ဗအဖြစ်ဖြင့် ထုတ်ဆောင်၍)
**ယသ္မာ**တိအာဒိံ၊ အစရှိသောစကားကို။
(သင်္ဂဟကာရော) အာဟ၊ ဆိုပြီ။
၁၁၆။ **စိတ္တာနုပဿနာဝသေနာ**တိ၊ ဟူသော ပါဌ်၌။
(အဓိပ္ပါယော-၌စပ်။)
စိတ္တာနုပဿနာဝသေန၊ စိတ္တာနုပဿနာ၏ အစွမ်းဖြင့်။ ၏
ပရိဒီပိတဿ၊ ထင်ရှားပြအပ်သော။
သရာဂါဒိစိတ္တယောဂဿ၊ သရာဂ အစရှိသော စိတ်နှင့်ယှဉ်ခြင်း၏။
ဝသေန၊ အပြားအားဖြင့်။
(သရာဂါဒိစိတ္တံ သန္ဓာယ–၌ စပ်။)
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
၁၁၈။ **ယေနာတိ စက္ခုန္တိ**၊ ဟူသောဤ ပါဌ်၌။
ယေနာတိ၊ ယေနဟူသော ပါဌ်ဖြင့်။
ဝုတ္တံ၊ ဆိုအပ်သော။
ကရဏံ၊ ကရိုဏ်းသည်။
စက္ခု၊ စက္ခုပသာဒတည်း။
ဣတိ အတ္ထော၊ နက်။
**စက္ခုမေဝ ရူပံ ပဿတီ**တိ၊ ဟူသော စကားကို။
ဝိညာဏ နိဿာယဘာဝူပဂမနမေဝ၊ ဝိညာဉ်၏ မှီရာ၏ အဖြစ်သို့ ကပ်ရောက်ခြင်းသည်သာလျှင်။
စက္ခုဿ၊ စက္ခုပသာဒ၏။
ဒဿနံ နာမ၊ မြင်ခြင်း မည်သည်။
ဟောတိ၊ ၏။
ဣတိ၊ ဤအနက် အဓိပ္ပါယ်ကို။
သန္ဓာယ၊ ၍။
(သင်္ဂဟကာရော) ဝဒတိ၊ ၏။
ဥပါဒါပညတ္တာနုယောဂဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။