Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

10. Khaṇikakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၉၀၆-၉၀၇၊
ပထဝိယာဒိရူပေသု၊ ပထဝီအစရှိသော ရုပ်တို့တွင်။ ကေသဉ္စိ၊ အချို့ရုပ်တို့၏။ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ကေသဉ္စိ၊ အချို့ရုပ်တို့၏။ နိရောဓော၊ ချုပ်ခြင်းသည်။ ဟောတိ၊ ဣတိ၊ သို့။ ရူပသန္တတိယာ၊ ရုပ်အစဉ်၏။ ဧဝံ ပတိဋ္ဌာနံ၊ ဤသို့ တည်ခြင်းသည်။ ဟောတိ၊

ဟိ၊ မှန်။ ယေဟိ၊ အကြင် အနန္တရာဒိပစ္စည်းတို့ဖြင့်။ အရူပသန္တတိယာဝိယ၊ နာမ်တရားတို့၏ အစဉ်ကဲ့သို့။ ရူပသန္တတိယာ၊ ရုပ်တရားအစဉ်၏။ ပဝတ္တိ၊ ဖြစ်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ ရူပါနံ၊ ရုပ်တို့၏။ ဝါ၊ ရုပ်တို့မှ။ (တေ)အနန္တရာဒိပစ္စယာ၊ ထိုအနန္တရ အစရှိသော ပစ္စည်းတို့သည်။ [အာဒိဖြင့် သမနန္တရ, အနန္တရူပနိဿယ စသည်ကို ယူ။] နသန္တိ၊ မရှိကုန်။ ဣတိ၊ ထို့ကြောင့်။ စိတ္တေစိတ္တေ၊ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌။ မဟာပထဝီ၊ မဟာပထဝီရုပ်သည်။ သဏ္ဌာတိ၊ တည်သလော။ ဣတိအာဒိ၊ ဤသို့အစရှိသော စကားကို။ စောဒိတံ၊ စောဒနာအပ်ပြီ။

[ပါဠိတော်၌ "စိတ္တေမဟာပထဝီ သဏ္ဌာတိ"ဟု စိတ္တေ တပုဒ်သာ ရှိသော်လည်း ဝိစ္ဆာလောပကြံ၍ စိတ္တေ စိတ္တေဟ ဖွင့်ဟန် တူသည်။ အနုဋီကာ၌လည်း "စိတ္တက္ခဏေ စိတ္တက္ခဏေပထဝီအာဒိနံ ဥပ္ပါဒနိရောဓေဟိ ဘဝိဘဗ္ဗန္တိ"ဟုဝိစ္ဆာဖြင့် ဖွင့်သည်။]

ခဏိကထာဝဏ္ဏနာ နိဋ္ဌိတာ၊
ဗာဝီသတိမဝဂ္ဂဝဏ္ဏနာနိဋ္ဌိတာ၊ ၁။ ဧဝံ ပတိဋ္ဌာနံ။ ။ ခန္ဓာကိုယ်ကို သတိထားကြည့်ပါ။ ကမ္မဇကလာပ်စသော ရုပ်တို့၏ အစဉ်သည် တချို့က စိတ်၏ ဥပါဒ်၌ဖြစ်၍ တချို့က စိတ်၏ ဌီခဏ, ဘင်ခဏ တို့၌ ဖြစ်ကြ၏။ ဤသို့ အဖြစ်မတူသော ရုပ်တို့သည် အချုပ်လည်း မတူနိုင်ကြ။ တချို့ ရုပ်များ၏ ချုပ်ဆဲခဏ၌ တချို့ရုပ်တွေက ဥပါဒ်ဆဲဖြစ်၍ တချို့ရုပ်များက ခဏငယ် ၄၉-ချက်ခန့် တည်တံ့၍ နေကြသည်။ ထို့ကြောင့် ရုပ်အထည်ကိုယ်ကြီးသည် စိတ်များ ကဲ့သို့ ပြတ်၍ ပြတ်၍ မသွားပဲ တည်လျက် တည်လျက် ရှိသည်ကို တွေ့ရပေသည်။ ထို့ကြောင့် “ဧဝံ ပတိဋ္ဌာနံ ရူပသန္တိတိယာ”ဟု ဆိုသည်။