Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

5. Sattakkhattuparamakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၆၄၁-၆၄၅၊

**သတ္တက္ခတ္တုပရမတာနိယတော**တိ၊ ကား။ သတ္တက္ခတ္တုပရမတာယ၊ သတ္တက္ခတ္တုပရမအဖြစ်၌။ နိယတော၊ မြဲ၏။

[အဋ္ဌကထာစာတို့၌"သတ္တက္ခတ္တု ပရမတာယ နိယတော"ဟု ဤ သံဝဏ္ဏနာအတိုင်း ရှိနေ၏။ ဋီကာဆရာလက်ထက်က "ယ"အက္ခရာ မပါပဲ "သတ္တက္ခတ္တုပရမတာနိယတော"ဟုရှိဟန်တူသည်။]

**ဣမံ ဝိဘာဂန္တိ**၊ ကား။ ဣမံ ဝိသေသံ၊ ဤအထူးကို။ (ဒဿေတုံ၊ ၌စပ်။)
**တွံ ပနဿ နိယာမံ ဣစ္ဆသီ**တိ၊ ဟူသောပါဌ်၏။ အဝိနိပါတဓမ္မတာ ဖလုပ္ပတ္တီဟိ၊ အပါယ်တို့၌ ဖောက်ပြန်ပျက်စီး၍ ကျရောက်ခြင်းသဘော မရှိသူ၏အဖြစ်, မိမိမဂ်၏ အခြားမဲ့၌ ဖိုလ်၏ဖြစ်ခြင်းတို့မှ။ [အဋ္ဌကထာစာအုပ်တို့၌ "ဖလုပ္ပတ္တိ"ဟုရှိ၏။] အညေသ္မိံ၊ အခြားသော။ သတ္တက္ခတ္တုပရမဘာဝေစ၊ သတ္တက္ခတ္တုပရမအဖြစ်၌လည်း။ နိယာမံ၊ အမြဲသတ်မှတ်ဆုံးဖြတ်ခြင်းကို။ ဣစ္ဆတိ၊ အလိုရှိ၏။ ဣတိ အတ္ထော၊ နက်။ ၁။ သတ္တက္ခတ္တု။ ပေ။ နိယာမံ။ ။သတ္တက္ခတ္တု ပရမပုဂ္ဂိုလ်၏ မူလနိယာမကား အဝိနိပါတဓမ္မတာ-အပါယ်တို့၌ ဖောက်ဖောက်ပြန်ပြန် ကျရောက်ခြင်းသဘောတည်း။ ဤ၂-မျိုးသာမူလနိယာမ ဖြစ်၏။ ပရဝါဒီကား ထို၂-မျိုးအပြင် ၇-ဘဝ၌ ၇-ကြိမ် ဖြစ်ရခြင်း ကိုလည်း နိယာမဟု အယူရှိသည်။ အမှန်ကား ၇-ဘဝ မစေ့ပဲလည်း ရဟန္တာ ဖြစ်နိုင်ပါ၏။

**အာနန္တရိယာဘာဝန္တိ**၊ ဟူသောပါဌ်၏။ ယေန၊ အကြင် အာနန္တရိယကံကြောင့်။ သော၊ ထိုသတ္တက္ခတ္တုပရမသောတာပနိပုဂ္ဂိုလ်သည်။ ဓမ္မာဘိသမယေ၊ အထက်မဂ်တရားကို ထိုးထွင်း၍ သိခြင်း၌။ န ဘဗ္ဗောနာမ၊ မထိုက်သူ မည်သည်။ ဟောတိ၊ တဿ အာနန္တရိယကမ္မဿ၊ ထိုအာနန္တရိယကံ၏။ အဘာဝံ၊ မရှိခြင်းကို။ (သန္ဓာယ ပဋိက္ခိပတိ၊ ၌စပ်။) ဣတိအတ္ထော၊ နက်။

["ဓမ္မာဘိယမယေန"ဟု တပုဒ်ထည်း ထင်၍ ‌ရှေးနိဿယ၌ အနက်ပေးလွဲ၏။ "ဓမ္မာဘိသမယေ"တပုဒ်-န တပုဒ်ဟု ခွဲပါ။] ဝါ၊ တနည်း။ ပုဂ္ဂလဿ၊ သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်၏။ အာနန္တရိယဘာဝဿ၊ အာနန္တရိယကံ ရှိသူ၏ အဖြစ်၏။ အဘာဝံ၊ မဟုတ်ခြင်းကို။ (သန္ဓာယ ပဋိက္ခိပတိ၊ ၌စပ်။) ဣတိ (အတ္ထော)၊ နက်။

ပန၊ ပရိဟာရပက္ခမှတပါး စောဒကပက္ခကို ဆိုဦးအံ့။ သော၊ ထိုသတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်သည်။ အန္တရာ၊ ၇-ဘဝတို့၏အကြား၌။ ဓမ္မံ၊ အထက်မဂ်ဖိုလ်တရားကို။ အဘိသမိဿတိကိံ၊ ထိုးထွင်း၍သိလတ္တံ့လော။ ဣတိ၊ ဤကားအမေးတည်း။
ကေစိ၊ အချို့သော အဘယဂိရိဝါသီပုဂ္ဂိုလ်တို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။ (ကိံ၊ နည်း။) သတ္တက္ခတ္တုပရမော၊ သည်။ သတ္တမံ၊ သော။ ဘဝံ၊ ကို။ နာတိက္ကမတိ၊ မလွန်နိုင်။ ဩရတောပန၊ ၇-ဘဝ၏ အတွင်း၌ကား။ ပဋိသေဓော၊ အထက်မဂ်ဖိုလ်တရားကို ရခြင်း၌တားမြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ (ဝဒန္တိ၊ ဆိုကြကုန်၏။)

အပရေ၊ တပါးသော ပဒကာရဆရာတို့သည်။ (ဝဒန္တိ၊ ကုန်၏။)

[ဤအပရေ၏နယ်ကား "ကောလံ ကောလော သိယာတိ"တိုင်အောင်တည်း။] (ကိံ၊ နည်း။) ယော၊ အကြင် သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိလ်ကို။ ဘဂဝတာ၊ သည်။ ဉာဏဗလေန၊ ဉာဏ်တော်၏အစွမ်းဖြင့်။ ဗျာကတော၊ ဖြေတော်မူအပ်ပြီ။ တဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်၏။ အန္တရာ၊ ၇-ဘဝ၏ အကြား၌။ အဘိသမယောနာမ၊ အထက်မဂ်ဖိုလ်တရားကို ထိုးထွင်း၍သိခြင်းမည်သည်။ နတ္ထိ၊ မရှိ။ တထာပိ၊ ထိုသို့အဘိသမယ မရှိပါသော်လည်း။ ဘဝနိယာမဿ၊ ဘဝကို သတ်မှတ်ကြောင်းဖြစ်သော။ ကဿစိ၊ တစုံတခုသောတရား၏။ အဘာဝါ၊ မရှိခြင်းကြောင့်။ ဘဗ္ဗောတိ၊ အထက်တရားကို ထိုးထွင်း၍ သိခြင်းငှာ ထိုက်သူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ၁။ ယောဘဂဝတာ။ ပေ။ ဝုစ္စတိ။ ။အကြင်ပုဂ္ဂိုလ်ကို မြတ်စွာဘုရားသည်ဉာဏ်တော်အစွမ်းဖြင့် (သတ္တက္ခတ္တုပရမပုဂ္ဂိုလ်)ဟု မိန့်တော်မူအပ်ပြီ။ ထိုပုဂ္ဂိုလ်သည် ခုနစ်ဘဝမပြည့်မီ အကြား၌ အထက်မဂ်ဖိုလ်တို့ကို ထိုးထွင်း၍ မသိနိုင်။ သို့သော် ဘဝကို အမြဲဆုံးဖြတ်မှု မရှိခြင်းကြောင့် (ခုနစ်ဘဝအကြား၌ အထက်တရားကို ထိုးထွင်း၍ သိခြင်းငှာ) ထိုက်သော ပုဂ္ဂိုလ်ဟု ဆိုအပ််၏။ [ထိုသို့ ဆိုနိုင်ပုံကို ဥပမာပြ၍ "ယထာ ကုလလာ"စသည်မိန့်။]

ကုသလော၊ ကုသိုလ်ဖြစ်ကုန်သော အဘိညာစေတနာသည်။ ကဒါစိ၊ တရံတခါ၌။ (ဘယ်တော့မှ)ဝိပါကံ၊ အကျိုးကို။ အဒဒမာနာပိ၊ မပေးပါကုန်သော်လည်း။ ကာရဏေ၊ အကြောင်းသည်။ သတိ၊ သော်။ (ဝိပါကံ၊ ကို။) ဒါတုံ၊ ‌ ပေးခြင်းငှာ။ ဘဗ္ဗတာယ၊ ထိုက်သည်၏အဖြစ်ကြောင့်။ ဝိပါကဓမ္မဓမ္မာနာမ၊ ဝိပါကဓမ္မ ဓမ္မတို့ မည်သည်။ ဟောန္တိယထာ၊ ကုန်သကဲ့သို့။ ကထာ၊ တူ။ ဣန္ဒြိယာနံ၊ သဒ္ဓါစသော ဣန္ဒြေတို့၏။ မုဒုတာယ၊ နုံ့ကုန်ညံ့ကုန်သည်၏ အဖြစ်ကြောင့်။ သတ္တက္ခတ္တုပရမော၊ သတ္တက္ခတ္တုပရမပုဂ္ဂိုလ်သည်။ (ဟောတိ၊ ၏။) နိယာမသဗ္ဘာဝါ၊ ဘဝနိယာမ၏ ထင်ရှားရှိခြင်းကြောင့်။ (သတ္တက္ခတ္တုပရမော၊ သည်။) န၊ မဟုတ်။ ဘဂဝတာ၊ သည်။ ဗျကတ္တာပိ၊ မိန့်တော်မူအပ်သည်၏အဖြစ်ကြောင့်လည်း။ (သတ္တက္ခတ္တုပရမော၊ သည်။) န၊ မဟုတ်။ စ၊ သည်သာမကသေး။ ဣန္ဒြိယမုဒုတာ၊ သဒ္ဓါစသော ဣန္ဒြေတို့၏နူးညံ့ကုန်သည်၏ အဖြစ်သည်။ အဘဗ္ဗတာကရော၊ ၇-ဘဝအတွင်း၌ အထက်တရားကို ရဖို့ရန် မထိုက်သူ၏ အဖြစ်ကို ပြုတတ်သော။ ဓမ္မော၊ တရားသည်။ န၊ မဟုတ်။ ဣတိ၊ ထို့ကြောင့်။ သော၊ ထိုသတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်သည်။ အဘဗ္ဗောနာမ၊ ၇-ဘဝအတွင်း၌ အထက်တရားကို ရဖို့ရန်မထိုက်သူ မည်သည်။ န၊ မဟုတ်။
စ၊ ဆက်။ အဘဗ္ဗတာကရဓမ္မာဘာဝတော၊ အဘဗ္ဗ၏ အဖြစ်ကို ပြုတတ်သော တရားတို့၏ မရှိခြင်းကြောင့်။ ဧတ္ထ၊ ဤသတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်၌။ အဘဗ္ဗတာ၊ အဘဗ္ဗ၏ အဖြစ်ကို။ ပဋိသေဓိတာ၊ တားမြစ်တော်မူအပ်ပြီ။၁။ ယထာကုသလာ။ပေ။ ပရမော။ ။ဥပမာ-ကုသိုလ် အဘိညာဉ်စေတနာတို့သည် ဘယ်အခါ၌မျှ အကျိုးမပေးကြ။ သို့သော်အကြောင်းညီညွတ်လျှင်အကျိုးပေးခြင်းငှာ ထိုက်သောကြောင့် "ဝိပါက ဓမ္မ ဓမ္မ-အကျိုးပေးခြင်းသဘောရှိသော တရားတို့ဟု အမည်ရသကဲ့သို့ ထို့အတူ သဒ္ဓါစသော ဣန္ဒြေတို့၏ နုံ့ကုန်ညံ့ကုန်သည့်အတွက် သတ္တက္ခတ္တုပရမအမည်ရ၏။
၂။ နနိယာမ။ပေ။ ဗျာကတတ္တာ။ ။ခုနစ်ဘဝသာ ဖြစ်ဖို့ရန် အမြဲနိယာမရှိသောကြောင့် သတ္တက္ခတ္တုပရမ အမည်ရသည် မဟုတ်။ဘုရားရှင်က မိန့်တော်မူသောကြောင့်လည်း သတ္တက္ခတ္တုပရမ အမည်ရသည် မဟုတ်။
၃။ န စ။ပေ။ ပဋိသေဓိတာ။ ။သဒ္ဓါစသော ဣန္ဒြေတို့သည် နုံ့ညံ့ကုန်သည်၏အဖြစ်သည် အဘဗ္ဗအဖြစ် (ခုနစ်ဘဝအတွင်း၌ အထက်တရားထူးကို သိခြင်ငှာမထိုက်သည်၏အဖြစ်) ကိုမပြုတတ် ထို့ကြောင့် ထိုသတ္တက္ခတ္တုပရမပုဂ္ဂိုလ်သည်ခုနစ်ဘဝအတွင်း၌ အထက်တရားတို့ကို မသိနိုင်သော အဘဗ္ဗပုဂ္ဂိုလ်မမည်။ ဤသတ္တက္ခတ္တုပရမပုဂ္ဂိုလ်၏ အဘဗ္ဗအဖြစ်ကို ပြုတတ်သော တရားတို့၏ မရှိခြင်းကြောင့် အဘဗ္ဗပုဂ္ဂိုလ်၏ အဖြစ်ကို တားမြစ်အပ်သည်။
ပန၊ ထိုသို့ပင် မထိုက်သူ၏ အဖြစ်ကို တားမြစ်အပ်ပါသော်လည်း။ အန္တရာ၊ ၇-ဘဝမပြည့်မီ အကြား၌။ အဘိသမေတုံ၊ အထက်တရားတို့ကို ထိုးထွင်း၍ သိခြင်းငှာ။ ဘဗ္ဗတာ၊ ထိုက်သူ၏ အဖြစ်ကို။ န ဝုတ္တာ၊ ဟော‌တော်မမူအပ်။
စ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။ သတ္တက္ခတ္တုပရမော၊ သည်။ အန္တရာ၊ ၇-ဘဝမပြည်မီအကြား၌။ ယဒိ အဘိသမေယျ၊ အကယ်၍ အထက်တရားကိုထိုးထွင်း၍သိအံ့။ (ဧဝံ သတိ၊ သော်။) ကောလံကောလော၊ ကောလံကောလသောတာပနိသည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ သို့။ (ဝဒန္တိ၊ ဆိုကြကုန်၏။) [မိမိဋီကာဆရာ၏ အဆုံးအဖြတ်ကို ပြလို၍ ဝိသေသံ ပန စသည်ကို မိန့်။]

ပန၊ အဖို့တပါးကား။ ဝိသေသံ၊ အထူးကို။

[၇-ဘဝအတွင်း၌ အထက်တရားကို ရခြင်းငှာ မထိုက်ဟု ဖြစ်စေ, ထိုက်၏ဟုဖြစ်စေ အထူး တခုခုကို။] အကတွာ၊ မပြုမူ၍။ ဝါ၊ မပြုခြင်းကြောင့်။ သဗ္ဗသဘာဝတာယ၊ ထိုက်သည်၏ အဖြစ်ဟူသော သဘောရှိသည်၏အဖြစ်ကြောင့်။ ဘဗ္ဗော၊ ထိုက်၏။ [-ဘဝအတွင်၌ အထက်တရားကို ရခြင်းငှာ ထိုက်၏။] ဣတိ၊ ဤသို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ယုတ္တံ၊ သင့်၏။

**န ဘဝနိယာမကံ ကိဉ္စိ**တိဧတ္ထ၊ ဟူသောဤပါဌ်၌။ ပဿိတွာတိ၊ ပဿိတွာဟူ၍။ ဝစနသေသော၊ သဒ္ဒါကြွင်းသည်။ (ဟောတိ၊ )

["ပဿိတွာ၊ မြင်တော်မူ၍။ န ဗျာကရောတိ၊ ဖြေတော်မူသည် မဟုတ်"ဟုအဋ္ဌကထာ၌အနက်ပေးပါ။] ဝါ၊ တနည်း။ န ဗျာကရောတိ၊ ဖြေတော်မမူ။ ဣတိ၊ ဤသို့။ သမ္ဗန္ဓော၊ ရှေ့သို့လှည့်၍ စပ်ခြင်းကို။ (ကာတဗ္ဗော၊ ပြုထိုက်၏။)

သတ္တက္ခတ္တုပရမကထာဝဏ္ဏနာ နိဋ္ဌိတာ၊
ဒွါဒသမဝဂ္ဂဝဏ္ဏနာ နိဋ္ဌိတာ၊ ၁။ န ပန အန္တရာ။ ပေ။ သိယာတိ။ ။ ထိုသို့ အဘဗ္ဗံအဖြစ်ကို တားမြစ်အပ်ပါသော်လည်းခုနစ်ဘဝမပြည့်မီ အကြား၌ အထက်တရားတို့ကို သိထိုက်သော ဘဗ္ဗပုဂ္ဂိုလ်အဖြစ်ကိုလည်း ဟောတော်မမူ။ ခုနစ်ဘဝအတွင်း၌ အထက်တရားအထူးကိုရလျှင် ကောလံကောလပုဂ္ဂိုလ်ဖြစ်သော ပုဂ္ဂိုလ်ချင်းရောနှောသော သင်္ကရဒေါသ ဖြစ်စရာရှိသည်-ဟူလို။ [ဤစကားအရ ခုနစ်အတွင်း၌ အထက်တရားကို မရနိုင်ဟု အပရေဆရာတို့ ယူဆကြောင်းကို သိပါ။]