၄ဝ၃။ **ဌပေတွာ ပါရမီပူရဏန္တိ**၊ ဟူသောပါဌ်ဖြင့်။
ပါရမီပူရဏေနေဝ၊ ပါရမီတော်တို့၏ ပြည့်ခြင်းကြောင့်သာလျှင်။
တေ၊ ထိုဘုရားအလောင်းတော်တို့ကို။
ဗောဓိယာ နိယတာ နရာတိ၊ တို့ ဟူ၍။
ဝါ၊ ဗောဓိ၌မြဲသော သတ္တဝါတို့ဟူ၍။
ဝုစ္စန္တိ၊ ကုန်၏။
ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။
ဒသောတိ၊ ၏။
စ၊ ဆက်။
**ကေဝလဉှိနန္တိ**အာဒိနာ၊ အစရှိသော ပါဌ်ဖြင့်။
နိယာမကဿ နာမ၊ ဘုရားအလောင်း၏အဖြစ်၌ မြဲစေတတ်သည်မည်သော။
ကဿစိ၊ တစုံတခုသောတရား၏။
ဥပ္ပန္နာတ္တာ၊ ဘုရားအလောင်း၏ သန္တာန်၌ ဖြစ်သည်၏အဖြစ်ကြောင့်။
နဗျာကရောန္တိ၊ ဗျာဒိတ်စကားကို မိန့်တော်မူကုန်သည်မဟုတ်။
ဣတိ၊ ကို။
ဒသောတိ၊ ၏။
[ဗျာဒိတ်ပေးတော်မူချိန်၌ ဘုရားအလောင်းဖြစ်သူ၏ သန္တာန်မှာ ဘုရားဖြစ်ဖို့ရန် နိယာမက တရား တမျိုးမျိုး ဖြစ်ပြီးသည့်အတွက် ထို တရားကို ကြည့်တော်မူ၍ ဗျာဒိတ် ပေးတော် မူကြသည်မဟုတ်။ “ဧကန် ပါရမီဖြည့်၍ ဘုရားဖြစ်လိမ့်မည်”ဟု ဉာဏ်တော်ဖြင့် မြော်မြင်တော်မူသောကြောင့်သာ ဗျာဒိတ်ပေးတော်မူကြသည်ဟူလို။]၁။ တသ္မာ အသာဓကံ။ ။တသ္မာဖြင့် ရှေ့ ၂-ဝါကျကို ပြန်၍ညွှန်းသည်။ ဆိုလိုရင်းကား ဘုရားအလောင်း မဟုတ်သော စကြာမင်းများလည်း ၃၂-ပါးသော ယောက်ျားမြတ်လက္ခဏာနှင့် မပြည့်စုံ မဟုတ်,ပြည့်စုံသည်သာ။ ထို လက္ခဏာများနှင့် ပြည့်စုံသူအားလုံးလည်း ဘုရားအလောင်းမဟုတ် ,တချို့သာ ဟုတ်၏။ ထို့ ကြောင့် “၃၂ -ပါးသော လက္ခဏာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဘုရားအလောင်းသာဖြစ်၏” ဟူသော ပရဝါဒီ၏ အယူကို “ဒွတ္တိံ သိမာနိ” စသော ပါဠိတော်က သာဓက အဖြစ်ဖြင့် မပြီးစေနိုင်ရကား ထိုပါဠိတော်ကို ဆောင်ပြအပ်သော်လည်း မဆောင်ပြခြင်းနှင့် သဘောတူပင် ဖြစ်သည်-ဟူလို။
တသ္မာတိ ယသ္မာ အဗောဓိသတ္တဿပိ စက္ကဝတ္တိနော လက္ခဏေဟိ သမန္နာဂမေ, ဗောဓိသတ္တဿပိ စရိမဘဝတော အညတ္ထ အသမန္နာဂမော ဟောတိ၊ တသ္မာ လက္ခဏ သမန္နာဂတော ဗောဓိသတ္တော ဝါတိ ဣမဿတ္ထဿ အသာဓကံတေနာဟ "အာဘတမ္ပိ အနာဘတသဒိသမေဝါ” တိ-အနူ။
နိယာမောက္ကန္တိကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။