၂၆၅။ **ဥတ္တမ ဟီနဘေဒေါ**၊ ဥတ္တမ ဟီနအပြားကို။
“တတြ ယာယံ ပဋိပဒါ ။ပေ။ အက္ခာယတီ"တိ အာဒိသုတ္တဝသေန၊ အစရှိသောသုတ်၏ အစွမ်းဖြင့်။
ဝုတ္တော၊ ဆိုအပ်ပြီ။
[တတြ၊ ထို ၄-ပါးသော ပဋိပဒါတို့တွင်။
ယာယံ ပဋိပဒါ၊ အကြင် ပဋိပဒါသည်။
သုခါ၊ လွယ်ကူသည်။
ခိပ္ပါဘိညာ၊ လျင်မြန်သောအသိဉာဏ်ရှိသည်။
(ဟောတိ၊ ၏။)
သာ၊ ထို ပဋိပဒါကို။
ဥဘယေနေဝ၊ ၂-ပါးစုံသော သုခပ္ပဋိပဒါ, ခိပ္ပါဘိညာ၏အဖြစ်ကြောင့်သာလျှင်။
ပဏီတာ၊ မြတ်၏ဟူ၍။
အက္ခာယတိ၊ ဆိုအပ်၏။]
ဒိဋ္ဌံ သုတံ မုန္တိ ဧတ္ထ၊ ဟူသောဤပါဠိရပ်၌။
မုတသဒ္ဒေါ၊ မုတသဒ္ဒါသည်။
ပတ္တဗ္ဗံ၊ ရောက်ထိုက်သော အာရုံဟူသောအနက်ကို။
ဝဒတိ ဝိယ၊ ဟောသကဲ့သို့။
(တထာ၊ တူ။)
မုတသဒ္ဒေါ၊ ( နယိဒံ ဧကဂုဏံ မုတံ၌)သည်။
ပတ္တဗ္ဗံ၊ ရောက်ထိုက်ဟူသော အနက်ကို။
ဝဒတိ၊ ဟော၏။
ဣတိ၊ ထို့ကြောင့်။
**ဖုသနာရဟန္တိ**၊ ဟူ၍။
(သင်္ဂဟကာရော)အာဟ၊ ပြီ။
[မုတံ၌ မုဓာတ်သည် “ရောက်”ဟူသော အနက်ကို ဟော၏။ “ရောက်’ဆိုသည်ကား ဃာနဝိညာဉ်ဖြင့် ရောက်ထိုက် ဇိဝှါဝိညာဉ်ဖြင့် ရောက်ထိုက်, ကာယဝိညာဉ်ဖြင့် ရောက်တိုက်တည်း။ ဤ၌ကား မနောဝိညာဉ်ဖြင့် ထိ+ရောက်ထိုက်တည်း။ ထို့ကြောင့် “ဖုသနာရဟံ”ဟု ဖွင့်သည်။]
၂၆၇။ ယထာကတသန္နိဋ္ဌာနဿ၊ အကြင် အကြင်ပြုအပ်ပြီးသောဆုံးဖြတ်ခြင်းရှိသော။
သမယဝိမုတ္တဿ၊ သမယဝိမုတ္တပုဂ္ဂိုလ်၏။
**အပ္ပတ္တပရိဟာနာယ စေဝ**၊ မရောက်အပ်သေးသော အရဟတ္တဖိုလ်မှ ဆုတ်ယုတ်ခြင်း ငှါလည်း။
**သံဝတ္တန္တိ**၊ ဖြစ်ကုန်၏။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏အလိုတည်း။
သုတ္တသာဓနပရိဟာနိဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။
ပရိဟာနိကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။
၁။ ကတသန္နိဋ္ဌာနဿ။ ဣမသ္မိံသတ္တာဟေ(ဤခုနစ်ရက်အတွင်း၌) မာသေဥတုမှိ အန္တောဝ ဝါ အညံ အာရာဓေဿာမိ (အရဟတ္တဖိုလ်ကို - ပြီးစေအံ့) ဣတိ ကတနိစ္ဆယဿ (ပြုအပ်ပြီးသော ဆုံးဖြတ်ခြင်း ရှိသော။ သမယဝိမုတ္တဿ-၌ စပ်။) ထို ပုဂ္ဂိုလ်မှာ ကမ္မာရာမ စသည် ရှိနေလျှင် မရအပ်သေးသော အရဟတ္တဖိုလ်မှ (၇-ရက် စသည်အတွင်း၌ မရပဲ) ဆုတ်ယုတ်နိုင်သည်။