၂၁၈။ **ပရိဂ္ဂဟိတဝေဒနော**တိ ဝစနေန၊ ဟူသောစကားဖြင့်။
အပရိဂ္ဂဟိတဝေဒနဿ၊ မသိမ်းဆည်းအပ်သော ဝေဒနာရှိသော ပုဂ္ဂိုလ်၏။
ဝါ၊ ဝေဒနာကို မသိမ်းဆည်းနိုင်သောပုဂ္ဂိုလ်၏။
(အဟံ၊ သည်။)
သုခိတော၊ ဖြစ်သောသုခရှိသည်။
အသ္မိ၊ ဖြစ်၏။
(အဟံ၊ သည်။ )
ဒုက္ခိတော၊ ဖြစ်သောဒုက္ခရှိသည်။
အသ္မိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဇာနနံ၊ သိခြင်းသည်။
ပဇာနနံနာမ၊ အပြားအားဖြင့် သိခြင်းမည်သည်။
န ဟောတိ၊ မဖြစ်။
ဣတိ၊ ဤအနက်ကို၎င်း။၁။ ဣတိ ။ ပေ ။ နိဂ္ဂဟေတဗ္ဗော သိယာ။ ။"ဣတိ၊ ဤသို့ ဆိုရာသောကြောင့်” ဟု ဝဒေယျ-ကို ပြန်ညွှန်းပါ။ "တာဒိသံ ပုဂ္ဂလံ ဣစ္ဆန္တော" ကား “အဓိပ္ပါယော”ဟု အဋ္ဌကထာ ပြအပ်သော ပုဂ္ဂိုလ်တည်း။ ထို တတိယကောဋိ ဘူတ သစ္စိကဋ္ဌ ပုဂ္ဂိုလ်ကို အလိုရှိသော ပရဝါဒီ ကို ပါဠိတော် သုတ်ကို ပြ၍ နှိပ်ထိုက်၏။ ဘာ့ကြောင့်နည်း-တထာရူပ သစ္စကဋ္ဌ ပုဂ္ဂိုလ်၏ မရှိခြင်းကြောင့်တည်း။ ["ဣစ္ဆန္တော ဟိ"၌ ဟိကို တချို့ ပေစာ၌ မပါ။ ပါသော ပေစာအတွက် "အဝဓာရဏတ္ထ ကြံပါ” ဟု မဓု ဆိုသည်။]
၂။ တထာရူပဿ ။ ပေ ။ ဒဋ္ဌဗ္ဗော။ ။ဤကား ဋီကာ ဆရာပြလိုသော အဓိပ္ပါယ်တည်း။ ထိုသို့ တတိယကောဋိဖြစ်သော သစ္စိကဋ္ဌ သဘာဝဖြစ်သော ပုဂ္ဂိုလ်၏ မရှိခြင်းကြောင့် “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်ထိုက်၏။ ထိုသို့ပယ်လျှင် ပရဝါဒီသည် "ပုဂ္ဂိုလ်ဆိုတာ သင်္ခတလည်း မဟုတ်, အသင်္ခတလည်း မဟုတ်” ဟူသော မိမိအယူနှင့် ဆန့်ကျင်မည်စိုးသောကြောင့် မိမိအယူကိုဖုံးကွယ်၍“န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်သည်ဟု မှတ်ပါ။ ယောဂါဝစရဿ၊ ယောဂါဝစရပုဂ္ဂိုလ်၏။
သုခုမာနမ္ပိ၊ သိမ်မွေ့သည်လည်း ဖြစ်ကုန်သော။
ဝေဒနာနံ၊ ဝေဒနာတို့ကို။
ပရိစ္ဆေဒနသမတ္ထတဉ္စ၊ ပိုင်းခြားခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ကို၎င်း။
(သင်္ဂဟကာရော) ဒဿေတိ၊ ပြ၏။
၂၂၈။ **လက္ခဏဝစနန္တိ**၊ ဟူသော ဤပါဌ်၌။
(အဓိပ္ပါယော-၌ စပ်။)
ရူပဗ္ဘန္တရဂမနံ၊ ရုပ်၏အတွင်း၌ ဖြစ်ခြင်းသည်။
သဟရူပဘာဝေါ၊ ရုပ်နှင့်တကွ ဖြစ်ခြင်းတည်း။
ဗဟိဒ္ဓါ၊ ရုပ်၏အပြင်ဘက်၌။
နိက္ခမနံ၊ ထွက်ခြင်းသည်။
ဝိနာရူပဘာဝေါ၊ ရုပ်နှင့်ကင်း၍ ဖြစ်ခြင်းတည်း။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
၂၃၇။ **ဣမာ ခေါ**တိ၊ ကား။
သြဠာရိကော၊ ကြမ်းသော။
အတ္တပဋိလာဘော၊ မိမိကံအားလျော်စွာ ရအပ်သော အတ္တဘော၎င်း။
မနောမယော၊ ဈာန်စိတ်ကြောင့်ဖြစ်သော။
အတ္တပဋိလာဘော၊ ၎င်း။
အရူပေါ၊ ရုပ်မရှိသော။
အတ္တပဋိလာဘော၊ ၎င်း။
ဣတိ၊ ဤသို့။
လောကဿ၊ သတ္တ လောက၏။
ဣမာ သမညာ၊ ဤအမည်တို့သည်။
(သန္တိ)ယာဟိ၊ ယင်းအမည်တို့ဖြင့်။
တထာဂတော၊ မြတ်စွာဘုရားသည်။
အပရာမသံ၊ မှန်သည်မှတပါး မှားသောအားဖြင့် မသုံးသပ်သည်။
(ဟုတွာ)ဝေါဟရတိ၊ ခေါ်ဝေါ် ပြောဟောတော်မူ၏။
ယော၊ အကြင်အတ္တသည်။
သစ္စော(ဝါ)၊ မှန်သည်သော်လည်း။
သိယာ၊ ရှိရာ၏။
မောဃော ဝါ၊ အမှန်မမှီး အချည်းနှီးသော်လည်း။
သိယာ၊ ရှိရာ၏။
တသ္မိံ အတ္တနိ၊ ထို အတ္တသည်။
အနုပလဗ္ဘမာနေပိ၊ မရအပ်ပါပဲလျက်လည်း။
တဒနုပလဗ္ဗတော ယေဝ၊ ထိုအတ္တကို မရခြင်းကြောင့်ပင်။
ပရာမာသံ၊ မှန်သည်မှတပါး မှားသောအားဖြင့် သုံးသပ်တတ်သော။
အတ္တဒိဋ္ဌိံ၊ အတ္တဒိဋ္ဌိကို။
အနုပ္ပါဒေန္တော၊ မဖြစ်စေပဲ။
လောကေ၊ လောက၌။
အတ္တပဋိလာဘော၊ မိမိကံအားလျော်စ္စာ ရအပ်သော အတ္တဘောသည်။
ဟောတိ၊ ဣတိ၊ သို့။
ပဝတ္တဝေါဟာရဝသေနေဝ၊ ဖြစ်သော အခေါ်အဝေါ်၏ အစွမ်းဖြင့်သာလျှင်။
ဝေါဟရတိ၊ ခေါ်ဝေါ်ပြောဟောတော်မူ၏။
ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤ ဣမာ ခေါစိတ္တ လောကသမညာ အစရှိသော ပါဌ်၌။
အတ္ထော၊ အနက်တည်း။
၁။ သြဠာရိကာ အတ္တပဋိလာဘော။ ။သြဠာရိကောကို “ထူလော၊( အထက် အထက် အတ္တဘောထောက်၍ ) ကြမ်းသော”ဟု အနုအဖွင့်၏။ အတ္တ၏ ဝစနတ္ထ ကို သီလက္ခန် ဗြဟ္မဇာလသုတ် စူဠသီလဘာသာဋီကာ၌ ပြခဲ့ပြီ။"သော ဧဝ၊ ထို အတ္တ သည်ပင်။ ယထာသကံ ကမ္မုနာ ပဋိလဘိတဗ္ဗတော ပဋိလာဘော၊ အကြင် အကြင် မိမိဥစ္စာ ဖြစ်သောကံကြောင့် ရထိုက်သည့်အတွက် ပဋိလာဘလည်း မည်၏။
စ၊ ဆက်။
ဧတ္ထ၊ ဤ “ယထာ ရူပါဒယော ဓမ္မာ” အစရှိသော အဋ္ဌကထာစကားရပ်၌။
ပစ္စတ္တသာမညလက္ခဏဝသေန၊ ကက္ခဋ္ဌ, ဖုသနအစရှိသော အသီးအသီးသော လက္ခဏာ, အနိစ္စ အစရှိသော သာမည လက္ခဏာ၏ အစွမ်းဖြင့်။
ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏။
အတ္ထိတံ၊ ရှိသည်၏အဖြစ်ကို။
ပဋိက္ခိပိတွာ၊ ပယ်ပြီး၍။
လောကဝေါဟာရေန၊ လောကဝေါဟာရ အားဖြင့်။
အတ္ထိတံ၊ ရှိသည်၏ အဖြစ်ကို။
ဝဒန္တေန၊ အကျယ်ဆိုသော အဋ္ဌကထာဆရာသည်။
ပုဂ္ဂလောတိ၊ ပုဂ္ဂလောဟူသော။
ကောစိ၊ တစုံတခုသော။
သဘာဝေါ၊ သဘောသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤအနက်သည်။
ဝါ၊ ဤ အနက်ကို။
ဝုတ္တံ၊ ဆိုအပ်သည်။
ဝါ၊ ဆိုလိုသည်။
ဟောတိ၊
ဟိ၊ မှန်။
တသ္မိံ၊ ထို ပုဂ္ဂိုလ်သည်။
သတိ၊ ရှိလသော်။
အတ္တနော၊ မိမိ၏။
သဘာဝေနေဝ၊ သဘောအားဖြင့်ပင်။
အတ္ထိတာ၊ ထင်ရှား ရှိသည်၏ အဖြစ်သည်။
ဝါ၊ ကို။
ဝတ္တဗ္ဗာ၊ ဆိုထိုက်သည်။
သိယာ၊ ဖြစ်ရာ၏။
လောကဝေါဟာရေန၊ လောကဝေါဟာရအားဖြင့်။
(အတ္ထိတာ၊ သည်။
ဝါ၊ ကို။
ဝတ္တဗ္ဗာ၊ သည်။)
န သိယာ၊ မဖြစ်ရာ။
ဣတိ၊ ဤသို့ မှတ်အပ်၏။
ပန၊ အမှာစကားချပ် ညှပ်လိုက်ဦးအံ့။
ဣမိနာ၊ ဤ ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်မရှိသည်၏ အဖြစ်ကို ဆိုကြောင်းဖြစ်သော “ပစ္စတ္တ သာမညလက္ခဏ ဝသေနဟူသော စကားဖြင့်။
(တနည်း) ဣမိနာ၊ ဤ“ယထာ ရူပါဒယော ဓမ္မာ” အစရှိသော အဋ္ဌကထာ၌ ဆိုအပ်သော စကားနှင့်။
ယထာ၊ အကြင်အပြားအားဖြင့် ယှဉ်စေအပ်သော်။၁။ ဧတ္ထစ ။ ပေ ။ ဝုတ္တံ ဟောတိ။ ။"ယထာ ရူပါဒယော ဓမ္မာ” အစရှိသော အဋ္ဌကထာ စကားရပ်ကို။ စကား ကျဉ်းအောင်ချုံး၍ ဆိုလိုရင်း အနက်ကိုပြသော ဝါကျတည်း။ချုံး၍ ဆိုပုံကို အဋ္ဌကထာနှင့် တိုက်ဆိုင်၍ ကြည့်ပါ။
၂။ ဣမိနာ ပန။ ။“ဣမိနာ ပန မှ စ၍ ယောဇေတဗ္ဗာ”တိုင်အောင်သော စကားသည် ဖွင့်အပ်ပြီးသော ရှေးရှေး သံဝဏ္ဏနာအတွက် သတိပေး စကားတည်း။ဣမိနာတိ “ပစ္စတ္တသာမညလက္ခဏဝသေနာ"တိ အာဒိနာ ပရမတ္ထတော ပုဂ္ဂလာ ဘာဝ ဝစနေန (ပရမတ္ထ အားဖြင့် ပုဂ္ဂိုလ်မရှိသည်၏ အဖြစ်ကို ဆိုကြောင်းဖြစ်သော “ပစ္စတ္တသာမညလက္ခဏဝသေန ပုဂ္ဂလဿ အတ္ထိတံ ပဋိပက္ခိပိတွာ”ဟူသော ဤစကားနှင့်)။ ဤသို့ ဋီကာဆရာကိုယ်တိုင် ဆိုအပ်ပြီးသော စကားကိုပင် ဣမိနာဖြင့် ပြန်၍ ညွှန်းသည်။ “ဣမိနာ တိ ဝါ ယထာ ရူပါဒယော ဓမ္မာတိ အာဒိနာ အဋ္ဌကထာယံ ဝုတ္တဝစနေန(အဋ္ဌကထာ၌ ယထာ ရူပါဒယော ဓမ္မာ ပစ္စတ္တသာမညလက္ခဏဝသေန အတ္ထိ၊ န ဧဝံ ပုဂ္ဂလော-ဟု အဋ္ဌကထာ၌ ဆိုအပ်ပြီးသော စကားနှင့်။) ဤသို့ အဋ္ဌကထာ၌ ဆိုအပ်ပြီးသော စကားကို ဣမိနာဖြင့် တစ်နည်း ညွှန်းသည်။
၃။ ယထာ သေမေတိ။ ပေ ။ ဧဝံ။ ။ယထာတိ ယေန ပကာရေန။ ယထာစာတိ(နောက် ယထာ စ-၌)စ-သဒ္ဒေါသမုစ္စယတ္ထော။တေန လောကသမ္မုတိံ အနတီတာနိ သမုစ္စေတိ။- မဓု။အနုဋီကာ၌ကား “စ သဒ္ဒေါ သမုစ္စယတ္ထော။ တေန သမညာန- တိမာဝနံ သမ္ပိဏေတိ”ဟု ဆို၏။ သမုစ္စည်းနှင့် သမ္မဏ္ဍန ကို သဘောတူဟု ဆိုလိုသည်။ သမေတိ၊ ညီညွတ်၏။
ယထာစ၊ အကြင်အပြားအားဖြင့် ယှဉ်စေအပ်သော်လည်း။
ပရာမာသော၊ မှားသောအားဖြင့် သုံးသပ်တတ်သော ဒိဋ္ဌိသည်။
န ဟောတိ၊ မဖြစ်။
ဧဝံ၊ ဤ အပြားအားဖြင့်။
[ဆိုအပ်ပြီးသော စကားနှင့် ညီညွတ်လောက်အောင်သော အပြားအားဖြင့်။]
ဣတော၊ ဤ အတ္ထသံဝဏ္ဏနာမှ။
ပုရိမာ၊ ရှေးဖြစ်သော။
အတ္ထဝဏ္ဏ နာစ၊ အနက် အဖွင့်ကိုလည်း။
ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်၏။
ဝါ၊ ယှဉ်စေပါလော။
**လောကသမ္မုတိကာရဏန္တိ**၊ ဟူသောပါဌ်၌။
ယသ္မာ၊ ကြောင့်။
လောကသမ္မုတိဝသေန၊ လောက၌ ကောင်းစွာ အသိမှတ် ပြုခြင်း၏ အစွမ်းဖြင့်။
ပဝတ္ထံ၊ ဖြစ်၏။
တသ္မာ၊ ကြောင့်။
သစ္စံ၊ မှန်၏။
ဣတိ ဝုတ္တံဟောတိ၊
**တထလက္ခဏန္တိ**၊ ကား။
(ပရမတ္ထဝစနံ၊ ပရမတ္ထကို ဟောကြောင်း တရားသည်။)
တထကာရဏံ၊ မဖောက်မပြန် မှန်ကန်သော ပရမတ္ထတရားဟူသောအကြောင်းရှိသည်။
ဟောတိ၊
ယသ္မာ၊ ကြောင့်။
ဓမ္မာနံ၊ ပရမတ္ထတရားတို့၏။
တထတာယ၊ မှန်ကန်ကုန်သည်၏အဖြစ်အားဖြင့်။
ပဝတ္တံ၊ ဖြစ်၏။
တသ္မာ၊ ကြောင့်။
သစ္စံ၊ ၏။
ဣတိ၊ ဤ အနက်ကို။
ဒဿေတိ၊ ၏။
ပဋိဝေဓာနုယောဂါဒိဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီးပြီ။
ပုဂ္ဂလကထာဝဏ္ဏနာ၊
နိဋ္ဌိတာ၊