**အနုဿဝဝသေနာ**တိအာဒိနာ၊ အစရှိသော ပါဌ်ဖြင့်။ ကေဝလံ၊ အာနိသံသဒဿန မဖက် သက်သက်။ အနိစ္စာဒိအာရမ္မဏမေဝ၊ အနိစ္စ အစရှိသော အာရုံရှိသည်သာလျှင် ဖြစ်သော။ ဉာဏံ၊ ဉာဏ်သည်။ ဝိပဿနာ၊ ဝိပဿနာသည်။ န၊ မဟုတ်သေး။ အထခေါ၊ အဟုတ်ကား။ အနုပ္ပါဒေါ၊ သင်္ခါရတို့၏ မဖြစ်ခြင်းသည်။ ခေမံ၊ ခေမတည်း။ ဣတိအာဒိကံ၊ ဤသို့ အစရှိသော။ နိဗ္ဗာနေ၊ ၌။ အာနိသံသဒဿနဉ္စ၊ အာနိသင်ကို မြင်သော ဉာဏ်သည်လည်း။ (ဝိပဿနာ၊ ဝိပဿနာပင်တည်း။) ဣတိ၊ ဤအနက်ကို။ ဒီပေတိ၊ ပြ၏။
[အနိစ္စအစရှိသည်အားဖြင့် အာရုံပြုတတ်သော ဉာဏ်သည်သာ ဝိပဿနာ မဟုတ်သေး။ နိဗ္ဗာန်၌ အာနိသင်ကို မြင်တတ်သော ဉာဏ်သည် လည်း ဝိပဿနာတမျိုးပင်တည်း။]
၅၄၉။ **သုတ္တဘယေနာ**တိ၊ ဟူသော ဤပါဌ်၌။ ဘိက္ခဝေ၊ တို့။ ပါရိမံ၊ ထိုမှာဘက်၌ဖြစ်သော။ တီရံ၊ ကမ်းသည်။ ခေမံ၊ ဘေးတို့၏ ကုန်ရာတည်း။ အပ္ပဋိဘယံ၊ ဘေးဘျမ်းမရှိ။ ဣတိ (ဧတ္ထ)၊ ဤပါဠိရပ်၌။ ဧတံ၊ ဤပါရိမတီရ-ဟူသော အမည်သည်။ နိဗ္ဗနဿ၊ နိဗ္ဗာန်၏။ အဓိဝစနံ၊ အမည်တည်း။ ဣတိ၊ ဤသို့။ အသံယောဇနိယာဒိဘာဝံ၊ အသံယောဇနိယ အစရှိသည်တို့၏အဖြစ်ကို။ သန္ဓာယ၊ ၍။ ခေမာဒိဘာဝေါ၊ ခေမ အစရှိသည်တို့၏ အဖြစ်ကို။ (ဘဂဝတာ)ဝုတ္တော၊ ပြီ။ ဣတိ ဧဝမာဒိသုတ္တဘယေန၊ ဤသို့အစရှိသောသုတ်မှ ကြောက်ခြင်းကြောင့်။ ဝါ၊ ဤသို့ အစရှိသော သုတ်နှင့် ဆန့်ကျင်မည်မှ ကြောက်ခြင်းကြောင့်။ (ပဋိက္ခိပတိ၊ ၌စပ်။) ဣတိ၊ သို့။ ဒဋ္ဌဗ္ဗံ၊
["ဧဝမာဒိနာ သုတ္တဘယေန"ဟု စာအုပ်တို့၌ ရှိ၏။ ဧဝမာဒိကို သုတ္တ၌ စပ်ရမည် ဖြစ်သောကြောင့် "ဧဝမာဒိသုတ္တဘယေန"ဟုရှေးနိဿယအတိုင်းသမာသ်ရှိခြင်းက ကောင်း၏။]
**အာရမ္မဏတ္ထဿ ဝိဘာဂဒဿနတ္ထန္တိ**၊ ဟူသောဤပါဌ်၌။ (ဝုတ္တံ ဟောတိ၊ ၌စပ်။) ပစ္စယဋ္ဌော၊ အကြောင်းယူသော အနက်၎င်း။ ဩလုဗ္ဘဋ္ဌော၊ ထောက်ရာ မှီရာ ဟူသော အနက်၎င်း။ ဣတိ ဧဝံ၊ ဤသို့။ ဝိဘာဂေ၊ ခွဲခြားဝေဖန်အပ်သော အထူးအပြားသည်။ ဝိဇ္ဇမာနေ၊ ထင်ရှားရှိပါလျက်။ ပစ္စယောလုဗ္ဘာနံ၊ ပစ္စယအာရမ္မဏ, ဩလုဗ္ဘအာရမ္မဏတို့၏။ ဝိသေသာဘာဝံ၊ အထူးမရှိကုန်သည်၏အဖြစ်ကို။ ကပ္ပေတွာ၊ ကြံဆ၍သော်၎င်း။ အကပ္ပေတွာဝါ၊ မကြံဆပဲသော်၎င်း။ သပ္ပစ္စယတ္တာ၊ ရုပ်၏ အကြောင်းနှင့်တကွ ဖြစ်သည်၏ အဖြစ်ကြောင့်။ ဩလုဗ္ဘာရမ္မဏေနပိ၊ ထောက်ရာမှီရာ ဟူသော အာရုံအားဖြင့်လည်း။ သာရမ္မဏမေဝ၊ အာရုံရှိသည်သာတည်း။ ဣတိ၊ သို့။ န ဂဟေတဗ္ဗံ၊ မယူထိုက်။ ဣတိ၊ ဤအနက်ကို။ ဟောတိ၊
[ဝိသေသာဘာဝ အရ ပစ္စယဩလုဗ္ဘတို့၏ အထူးမရှိခြင်း ဟူသည် "ပစ္စယ ဟူသည်လည်း အကြောင်း, ဩလုဗ္ဘဟူသည်လည်း အကြောင်းပင် တည်း"ဟုသာမညအားဖြင့် ယူခြင်းတည်း။]
၅၆၃။ **သဗ္ဗသော**တိ၊ တူသောပုဒ်ကို။ သဝိတက္ကစိတ္တေသု၊ ဝိတက်နှင့်တကွဖြစ်သော စိတ်ဟူကုန်သော။ သဗ္ဗတ္ထ၊ အလုံးစုံသော စိတ်တို့၌။ ဝါ၊ တနည်း။ သဗ္ဗဒါ၊ အလုံးစုံသော ဝိတ်ဖြစ်ရာအခါ၌။ ဣတိ ဣမံ အတ္ထံ၊ ဤအနက်ကို။ ဒဿေန္တော၊ ပြလိုသည်။ (ဟုတွာ၊ ၍။) **အန္တမသော မနောဓာတုပဝတ္တိကာလေပီ**တိ၊ ဟူ၍။ (သင်္ဂဟကာရော)အာဟ၊
["မနောဓာတ်ဖြစ်ရာအခါ၌"ဟု အဋ္ဌကထာ ဆိုသောကြောင့် သဗ္ဗသော အရ အလုံးစုံသောစိတ်ကိုလည်း ယူစေလိုကြောင်း, စိတ်ဖြစ်ရာအခါကိုလည်း ယူစေလိုကြောင်းသိသာသည် ဟူလို သဗ္ဗသောတိ သဗ္ဗပ္ပကာရတော။ သော ပန ပကာရော ပဝတ္တိဋ္ဌာနကာလဝသေန ဂဟေတဗ္ဗောတိ အာဟ "သဗ္ဗတ္ထ သဗ္ဗဒါဝါ"တိ။အနု။]
**ဝိတက္ကဝိပ္ဖာရမတ္တန္တိ**၊ ဟူသော ပါဌ်၌။ ဝိတက္ကဿ၊ ဝိတက်၏။ ပဝတ္တိမတ္တံ၊ ဖြစ်ခြင်းမျှသည်။ (သဒ္ဒေါ၊ အသံသည်။ ယဒိဟောတိ၊ အကယ်၍ဖြစ်အံ့- ၌စပ်။) ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
[ဝိပ္ဖါရ အရ ပြန့်နှံ့ခြင်း ဟူသည် ဘေးသို့ ပြန့်နှံ့ခြင်း မဟုတ်, ဖြစ်ခြင်းတည်း ဟူလိူ။]
**သမန္နာဂတောတိ**၊ သမန္နာဂတပုဂ္ဂိုလ်ဟူ၍။ **ဝုစ္စတိ**၊ ၏။
[တာသု-ဖြင့် သမန္နာဂတပညတ္တိ, ပဋိလာဘပညတ္တိကို စွဲရသောကြောင့် "သမန္နာဂတပညတ္တိယာ"ဟုအနုဋီကာအတိုင်းရှိသောပါဌ်သာကောင်း၏။] ပဋိလာဘပညတ္တိယာ၊ ရခြင်း ဟူသော ပညတ်ကြောင့်။ **လာဘီတိ**၊ လာဘီဟူ၍။ **ဝုစ္စတိ**၊ ၏။ ဝါ၊ တနည်း။