၉၁၀-၉၁၄၊
ဣဿရိယေန၊ စိတ်ကို အစိုးရသူ၏ အဖြစ်ကြောင့်။
ယထာဓိပ္ပေတဿ၊ အကြင် အကြင် အလိုရှိအပ်သော အမှုကို။
ကရဏံ၊ ပြုနိုင်ခြင်းသည်။
**ဣဿရိယကာမကာရိကာ**၊ မည်၏။
**ဂစ္ဆေယျာ**တိ၊ ကား။
ဂဗ္ဘသေယျောက္ကမနံ၊ ဂဗ္ဘသေယျသို့ သက်ရောက်ခြင်းသို့။
ဂစ္ဆေယျ၊ ရောက်ရာသလော။
**ဣဿရိယကာမကာရိတာဟေတု။ ပေ။ ကရီယတီ**တိဧတ္ထ၊ ဟူသောဤပါဌ်၌။
ဒုက္ကရကာရိတာနာမ၊ ခဲယဉ်းသဖြင့် ပြုကျင့်အပ်သော အကျင့်ကိုပြုကျင့်ခြင်းမည်သည်ကို။
ဣဿရိယကာမကာရိတာပေတု၊ စိတ်ကို အစိုးရသူ၏ အဖြစ်ကြောင့် အလိုအတိုင်း ပြုနိုင်ခြင်းဟူသော အကြောင်းကြောင့်။
ဝါ၊ စိတ်ကို အစိုးရသည့်အတွက် အလိုအတိုင်း ပြုနိုင်ခြင်းဟူသော အကြောင်းကြောင့်။
ကရိယမာနာ၊ ပြုအပ်သော်။
မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာအယူကြောင့်။
ကရီယတိ၊ ပြုအပ်၏။
ဣတိ အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊ ၏။
ဝါ၊ တနည်း။
မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာအယူနှင့်။
ဝိနာ၊ ကင်း၍။
ကရိယမာနာ၊ ပြုအပ်သော။
ဣဿရိယကာမကာရိတာဟေတု နာမ၊ မည်သည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤအနက်ကို။
ဒဋ္ဌဗ္ဗော၊ ၏။
ဣဿရိယကာမကာရိတာကထာဝဏ္ဏနာနိဋ္ဌိတာ၊