၄၅၇-၄၅၉။ **ကရိယမာနာ ကရီယတီ**တိ၊ ဟူသော ဝါကျ၏။
ပဝတ္တမာနာနံ၊ ဖြစ်ဆဲကုန်သော။
အရူပက္ခန္ဓာနံ၊ နာမ်ခန္ဓာတို့၏။
သမထဝိပဿနာ နုက္ကမေန၊ သမထဝိပဿနာ အစဉ်အားဖြင့်။
အပ္ပဝတ္တိ၊ မဖြစ်ခြင်းကို။
သာဓီယတိ၊ ပြီးစေအပ်၏။
ဣတိ အတ္ထော၊ နက်။
("ပဌမဈာန် ဝင်စားသောအားဖြင့် ဈာန်အင်္ဂါတို့ကို ဝိပဿာနာရှု” ဤသို့စသောအားဖြင့် (ဈာန် ဟူသော သမထအစဉ်, ထို ဈာန်ကို ဝိပဿနာရှုခြင်းဟူသော ဝိပဿနာ အစဉ်အားဖြင့်။) နိရောဓ သမာပတ် ဖြစ်အောင် ပြီးစေရသောကြောင့် “သမထဝိပဿနာနုက္ကမေန အပ္ပဝတ္တိ”ဟု ဆိုသည်။)
**သင်္ခတာသင်္ခတလက္ခဏာနံ ပနံ အဘာဝေနာ**တိ၊ ဟူ၍။
ဝဒန္တော၊ ဆိုသောအဋ္ဌကထာဆရာသည်။
သဘာဝဓမ္မတံ၊ နိရောဓ သမာပတ်၏ သဘာဝဓမ္မ၏အဖြစ်ကို။
ပဋိသေဓေတိ၊ တားမြစ်၏။
(နိရောဓသမာပတ်သည် သင်္ခတလည်း မဟုတ် အသင်္ခတလည်း မဟုတ်သောကြောင့် သဘာဝဓမ္မမဟုတ်ဟု တားမြစ်သည်။)
**ဝေါဒါနဉ္စ**၊ ဝေါဒါန် သည်လည်း။
ဝုဋ္ဌာနပရိယာယောဝ၊ ဝုဋ္ဌာန၏ ပရိယာယ်သာတည်း။
သဘာဝဓမ္မတ္တာသာဓကတ္တာ၊ သဘာဝဓမ္မ၏ အဖြစ်ကို မပြီးစေတတ်သည်၏ အဖြစ်ကြောင့်။
**အသင်္ခတဘာဝေ**၊ နိရောဓသမာပတ်၏ အသင်္ခတ၏ အဖြစ်၌။
**ကာရဏံ**၊ သည်။
**နဟောတိ**၊ မဟုတ်။
ဣတိ (အယံ)၊ ကား။
အဓိပ္ပါယော၊ သကဝါဒီ၏အလိုတည်း။
နိရောဓသမာပတ္တိကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။
ဆဋ္ဌဝဂ္ဂဝဏ္ဏနာ၊ သည်။
နိဌိတာ၊ ပြီ။