**သတ္တက္ခတ္တုပရမတာနိယတော**တိ၊ ကား။ သတ္တက္ခတ္တုပရမတာယ၊ သတ္တက္ခတ္တုပရမအဖြစ်၌။ နိယတော၊ မြဲ၏။
[အဋ္ဌကထာစာတို့၌"သတ္တက္ခတ္တု ပရမတာယ နိယတော"ဟု ဤ သံဝဏ္ဏနာအတိုင်း ရှိနေ၏။ ဋီကာဆရာလက်ထက်က "ယ"အက္ခရာ မပါပဲ "သတ္တက္ခတ္တုပရမတာနိယတော"ဟုရှိဟန်တူသည်။]
**အာနန္တရိယာဘာဝန္တိ**၊ ဟူသောပါဌ်၏။ ယေန၊ အကြင် အာနန္တရိယကံကြောင့်။ သော၊ ထိုသတ္တက္ခတ္တုပရမသောတာပနိပုဂ္ဂိုလ်သည်။ ဓမ္မာဘိသမယေ၊ အထက်မဂ်တရားကို ထိုးထွင်း၍ သိခြင်း၌။ န ဘဗ္ဗောနာမ၊ မထိုက်သူ မည်သည်။ ဟောတိ၊ တဿ အာနန္တရိယကမ္မဿ၊ ထိုအာနန္တရိယကံ၏။ အဘာဝံ၊ မရှိခြင်းကို။ (သန္ဓာယ ပဋိက္ခိပတိ၊ ၌စပ်။) ဣတိအတ္ထော၊ နက်။
["ဓမ္မာဘိယမယေန"ဟု တပုဒ်ထည်း ထင်၍ ရှေးနိဿယ၌ အနက်ပေးလွဲ၏။ "ဓမ္မာဘိသမယေ"တပုဒ်-န တပုဒ်ဟု ခွဲပါ။] ဝါ၊ တနည်း။ ပုဂ္ဂလဿ၊ သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်၏။ အာနန္တရိယဘာဝဿ၊ အာနန္တရိယကံ ရှိသူ၏ အဖြစ်၏။ အဘာဝံ၊ မဟုတ်ခြင်းကို။ (သန္ဓာယ ပဋိက္ခိပတိ၊ ၌စပ်။) ဣတိ (အတ္ထော)၊ နက်။
အပရေ၊ တပါးသော ပဒကာရဆရာတို့သည်။ (ဝဒန္တိ၊ ကုန်၏။)
[ဤအပရေ၏နယ်ကား "ကောလံ ကောလော သိယာတိ"တိုင်အောင်တည်း။] (ကိံ၊ နည်း။) ယော၊ အကြင် သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိလ်ကို။ ဘဂဝတာ၊ သည်။ ဉာဏဗလေန၊ ဉာဏ်တော်၏အစွမ်းဖြင့်။ ဗျာကတော၊ ဖြေတော်မူအပ်ပြီ။ တဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်၏။ အန္တရာ၊ ၇-ဘဝ၏ အကြား၌။ အဘိသမယောနာမ၊ အထက်မဂ်ဖိုလ်တရားကို ထိုးထွင်း၍သိခြင်းမည်သည်။ နတ္ထိ၊ မရှိ။ တထာပိ၊ ထိုသို့အဘိသမယ မရှိပါသော်လည်း။ ဘဝနိယာမဿ၊ ဘဝကို သတ်မှတ်ကြောင်းဖြစ်သော။ ကဿစိ၊ တစုံတခုသောတရား၏။ အဘာဝါ၊ မရှိခြင်းကြောင့်။ ဘဗ္ဗောတိ၊ အထက်တရားကို ထိုးထွင်း၍ သိခြင်းငှာ ထိုက်သူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ၁။ ယောဘဂဝတာ။ ပေ။ ဝုစ္စတိ။ ။အကြင်ပုဂ္ဂိုလ်ကို မြတ်စွာဘုရားသည်ဉာဏ်တော်အစွမ်းဖြင့် (သတ္တက္ခတ္တုပရမပုဂ္ဂိုလ်)ဟု မိန့်တော်မူအပ်ပြီ။ ထိုပုဂ္ဂိုလ်သည် ခုနစ်ဘဝမပြည့်မီ အကြား၌ အထက်မဂ်ဖိုလ်တို့ကို ထိုးထွင်း၍ မသိနိုင်။ သို့သော် ဘဝကို အမြဲဆုံးဖြတ်မှု မရှိခြင်းကြောင့် (ခုနစ်ဘဝအကြား၌ အထက်တရားကို ထိုးထွင်း၍ သိခြင်းငှာ) ထိုက်သော ပုဂ္ဂိုလ်ဟု ဆိုအပ််၏။ [ထိုသို့ ဆိုနိုင်ပုံကို ဥပမာပြ၍ "ယထာ ကုလလာ"စသည်မိန့်။]
၂။ နနိယာမ။ပေ။ ဗျာကတတ္တာ။ ။ခုနစ်ဘဝသာ ဖြစ်ဖို့ရန် အမြဲနိယာမရှိသောကြောင့် သတ္တက္ခတ္တုပရမ အမည်ရသည် မဟုတ်။ဘုရားရှင်က မိန့်တော်မူသောကြောင့်လည်း သတ္တက္ခတ္တုပရမ အမည်ရသည် မဟုတ်။
၃။ န စ။ပေ။ ပဋိသေဓိတာ။ ။သဒ္ဓါစသော ဣန္ဒြေတို့သည် နုံ့ညံ့ကုန်သည်၏အဖြစ်သည် အဘဗ္ဗအဖြစ် (ခုနစ်ဘဝအတွင်း၌ အထက်တရားထူးကို သိခြင်ငှာမထိုက်သည်၏အဖြစ်) ကိုမပြုတတ် ထို့ကြောင့် ထိုသတ္တက္ခတ္တုပရမပုဂ္ဂိုလ်သည်ခုနစ်ဘဝအတွင်း၌ အထက်တရားတို့ကို မသိနိုင်သော အဘဗ္ဗပုဂ္ဂိုလ်မမည်။ ဤသတ္တက္ခတ္တုပရမပုဂ္ဂိုလ်၏ အဘဗ္ဗအဖြစ်ကို ပြုတတ်သော တရားတို့၏ မရှိခြင်းကြောင့် အဘဗ္ဗပုဂ္ဂိုလ်၏ အဖြစ်ကို တားမြစ်အပ်သည်။ ပန၊ ထိုသို့ပင် မထိုက်သူ၏ အဖြစ်ကို တားမြစ်အပ်ပါသော်လည်း။ အန္တရာ၊ ၇-ဘဝမပြည့်မီ အကြား၌။ အဘိသမေတုံ၊ အထက်တရားတို့ကို ထိုးထွင်း၍ သိခြင်းငှာ။ ဘဗ္ဗတာ၊ ထိုက်သူ၏ အဖြစ်ကို။ န ဝုတ္တာ၊ ဟောတော်မမူအပ်။
ပန၊ အဖို့တပါးကား။ ဝိသေသံ၊ အထူးကို။
[၇-ဘဝအတွင်း၌ အထက်တရားကို ရခြင်းငှာ မထိုက်ဟု ဖြစ်စေ, ထိုက်၏ဟုဖြစ်စေ အထူး တခုခုကို။] အကတွာ၊ မပြုမူ၍။ ဝါ၊ မပြုခြင်းကြောင့်။ သဗ္ဗသဘာဝတာယ၊ ထိုက်သည်၏ အဖြစ်ဟူသော သဘောရှိသည်၏အဖြစ်ကြောင့်။ ဘဗ္ဗော၊ ထိုက်၏။ [-ဘဝအတွင်၌ အထက်တရားကို ရခြင်းငှာ ထိုက်၏။] ဣတိ၊ ဤသို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ယုတ္တံ၊ သင့်၏။
**န ဘဝနိယာမကံ ကိဉ္စိ**တိဧတ္ထ၊ ဟူသောဤပါဌ်၌။ ပဿိတွာတိ၊ ပဿိတွာဟူ၍။ ဝစနသေသော၊ သဒ္ဒါကြွင်းသည်။ (ဟောတိ၊ )
["ပဿိတွာ၊ မြင်တော်မူ၍။ န ဗျာကရောတိ၊ ဖြေတော်မူသည် မဟုတ်"ဟုအဋ္ဌကထာ၌အနက်ပေးပါ။] ဝါ၊ တနည်း။ န ဗျာကရောတိ၊ ဖြေတော်မမူ။ ဣတိ၊ ဤသို့။ သမ္ဗန္ဓော၊ ရှေ့သို့လှည့်၍ စပ်ခြင်းကို။ (ကာတဗ္ဗော၊ ပြုထိုက်၏။)