၂၈၂။ **သဗ္ဗသ္မိံ သရီရေ သဗ္ဗန္တိ**၊ ဟူသောပါဌ်၏။
သိရသိ၊ ဦးခေါင်း၌။
ပါဒါ၊ ခြေတို့သည်။
(အတ္ထိ၊ ရှိကုန်သလော)။
ပစ္ဆတော၊ ကိုယ်၏နောက်၌။
စက္ခူနိ၊ မျက်စိတို့သည်။
(အတ္ထိ၊ ရှိကုန်သလော)။
ဣတိဧဝံ၊ ဤသို့။
သဗ္ဗံ၊ အလုံးစုံသည်။
သဗ္ဗတ္ထ၊ အလုံးစုံသော ကိုယ်၌။
အတ္ထိ၊ ရှိသလော။
ဣတိ အတ္ထော၊ နက်။
**သဗ္ဗသ္မိံ ကာလေ**တိ၊ ကား။
ဗာလကာလေ၊ မလိမ်တမာ, ကလေး၏ဖြစ်ရာအခါ၌။
ယုဝတာ၊ လုလင်ပျို၏ အဖြစ်သည်၎င်း။
ဝုဍ္ဎကာလေ၊ ကြီးရင့်သူ၏အခါ၌။
ဗာလတာ၊ ကလေး၏အဖြစ်သည်၎င်း။
(ဣတိ)ဧဝံ၊ ဤသို့။
သဗ္ဗသ္မိံ ကာလေ၊ အလုံးစုံသောအခါ၌။
သဗ္ဗံ၊ အလုံးစုံသည်။
(အတ္ထိ၊ ရှိသလော)။
**သဗ္ဗေနာကာရေနာ**တိ၊ ကား။
နီလာကာရေန၊ အညို၏အခြင်း အရာအားဖြင့်။
ပီတံ၊ ရွှေသောအဆင်း၎င်း။
ပီတာကာလေန၊ ရွှေ၏အခြင်းအရာအားဖြင့်။
လောဟိတံ၊ နီသောအဆင်း၎င်း။
ဣတိ ဧဝံ၊ ဤသို့။၁။ ဧတံ န သမေတိ။ ။ ၃-ပါးသော မဂ်တို့ဖြင့် ပယ်ထိုက်သော (သက္ကာယဒိဋ္ဌိစသော သံယောဇဉ်ကိုပယ်ခြင်း, ကာမရာဂ, ဗျာပါဒတို့ကို နည်းပါးအောင် ပြုခြင်း) စသော ကိစ္စသည် အနာဂါမိမဂ်ဖြင့် ပြီးစီးလျှင် ရှေ့၌ “တဿ ပုထုဇ္ဇနကာလေယေဝ ကာမရာဂဗျာပါဒါ ပဟီနာတိ လဒ္ဓိ”ဟု ဆိုခဲ့၏။ထိုစကားနှင့်“အနာ ဂါမိမဂ်ဖြင့် ထို ပယ်ခြင်းကိစ္စသည် ပြီးစီး၏-ဟူသော ဤ စကားသည် မညီပါ-ဟူလို။
၂။ တသ္မာ။ ပေ။ အဓိပ္ပါယော။ ။ထိုသို့ မညီသောကြောင့် စကား ၂-ရပ် ၏ ညီအောင် အဋ္ဌကထာ၏အလိုကို ပြလို၍ “တသ္မာ ။ ပေ ။ အဓိပ္ပါယော”ဟု မိန့်သည်။ ပုထုဇဉ်ဘဝတုန်းက ဈာန်ဖြင့် ပယ်အပ်ပြီးသော်လည်း ဈာန်ကွယ်လျှင် ပြန်၍ ကိလေသာဖြစ်နိုင်၏။ မဂ်ကို ရသောအခါ၌ကား ပြန်၍ မဖြစ်သောကြောင့် သံယောဇဉ် နှင့် ကာမရာဂဗျာပါဒတို့ကို ပယ်ခြင်းကိစ္စလည်း ဖြစ်သင့်၏- ဟုအဋ္ဌကထာဆရာဆိုလိုသည်။ ထိုသို့ဖြစ်လျှင် စကား ၂-ရပ် မဆန့်ကျင်တော့-ဟူလို။
(“သဗ္ဗေန၊ အလုံးစုံသော အခြင်းအရာအားဖြင့်။
သဗ္ဗံ၊ အလုံးစုံသည်။
အတ္ထိ၊ ရှိသလော”ဟု ပါဠိတော်ပါဌ်ကို ထည့်စပ်။)
**သဗ္ဗေသု ဓမ္မေသူ**တိ၊ ကား။
စက္ခုသ္မိံ၊ စက္ခုန္ဒြေ၌။
သောတံ၊ သောတိန္ဒြေသည်။
(အတ္ထိ၊ လော။)
သောတသ္မိံ၊ သောတိန္ဒြေ၌။
ဃာနံ၊ ဃာနိန္ဒြေသည်။
(အတ္ထိ၊ လော။)
ဣတိ ဧဝံ၊ သို့။
(“သဗ္ဗေသု၊ အလုံးစုံသော တရားတို့၌။
သဗ္ဗံ၊ အလုံးစုံသည်။
အတ္ထိ၊ ရှိသလော”ဟု ပါဠိတော်ပါဌ်ကို ထည့်စပ်။)
**အယုတ္တန္တိ**၊ ဟူသောပါဌ်ဖြင့်။
ယောဂရဟိတံ၊ ယှဉ်ခြင်းမှ ကင်းသည်ကို။
ဝဒတိ၊ ဆို၏။
ပန၊ ဆက်။
တံ၊ ထိုယှဉ်ခြင်းမှ ကင်းသောတရားဟူသည်။
ဧကသဘာဝံ၊ တစ်ခုတည်းသော သဘောရှိသော တရားတည်း။
ပန၊ ပရိဟာရ ပက္ခမ္မတစ်ပါး စောဒကပက္ခကို ဆိုဦးအံ့။
ကထံ၊ အဘယ်သို့လျှင်။
ဝါ၊ အဘယ်နည်းဖြင့်။
ဧကသဘာဝဿ၊ တစ်ခုတည်းသော သဘောရှိသော တရား၏။
ယောဂရဟိတတာ၊ ယှဉ်ခြင်းမှ ကင်းသည်၏ အဖြစ်သည်။
ဟောတိ၊ နည်း။
ဣတိ၊ ဤသို့သော အမေးသည်။
(သတိ၊ သော်။)
တံ၊ ထိုအနက်အဓိပ္ပါယ်ကို။
ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။
**နာနာသဘာဝါနဉှီ**တိအာဒိံ၊ အစရှိသော စကားကို။
(သင်္ဂဟကာရော)အာဟ၊ ပြီ။
ဟိ၊ ချဲ့။
နာနာသဘာဝါနံ၊ အထူးထူးသော သဘောရှိကုန်သော။
ဒွိန္နံ၊ ၂-ချောင်းကုန်သော။
အင်္ဂုလီနံ၊ လက်ချောင်းတို့၏သော်၎င်း။
ဒိန္နံ၊ ၂-ကောင်ကုန်သော။
မေဏ္ဍကာနံ ဝါ၊ သိုးတို့၏သော်၎င်း။
အညမညယောဂေါ၊ အချင်းချင်း ယှဉ်ခြင်းသည်။
ဟောတိ၊ ရှိ၏။
ဧကဿေဝ၊ တစ်ခုတည်း၏သာလျှင်။
သတော၊ ဖြစ်သော လက်ချောင်းစသော အရာဝတ္ထု၏။
အညမညယောဂေါ၊ သည်။
န ဟောတိ၊ မရှိ။
တသ္မာ၊ ထို့ကြောင့်။
နာနာသဘာဝေသု၊ အထူးထူးသော သဘောရှိသော အရာဝတ္ထုတို့၌။
ယော ယောဂေါ၊ အကြင်ယှဉ်ခြင်းသည်။
ဟောတိ၊ ရှိ၏။
တေန၊ ထိုယှဉ်ခြင်းမှ။
ရဟိတံ၊ ကင်းသော။
ဧကသဘာဝံ၊ တစ်ခုတည်းသော သဘောရှိသော အရာဝတ္ထုကို။
အယောဂန္တိ၊ အယောကံဟူ၍။
ဝုတ္တံ၊ ဆိုအပ်ပြီ။
**ဣဒံ ပုစ္ဆတီ**တိ၊ ဟူသော ပါဌ်၌။
ပရဝါဒီဒိဋ္ဌိယာ၊ ပရဝါဒီ၏ အယူသည်။
(ဥပ္ပန္နာယ-၌ စပ်။)
ဝါ၊ ပရဝါဒီ အယူ၏။
(ဘာဝံ-၌ စပ်။)
မိစ္ဆာဒိဋ္ဌိဘာဝံ၊ မိစ္ဆာအယူ၏အဖြစ်ကို။
ဂဟေတွာ၊ ယူ၍။
ဥပ္ပန္နာယ၊ ဖြစ်လသော်။
အတ္တနော၊ မိမိဟူသော သကဝါဒီ၏။
ဒိဋ္ဌိယာ၊ အယူ၏။
သမ္မာဒိဋ္ဌိဘာဝေါ၊ သမ္မာဒိဋ္ဌိ၏ အဖြစ်သည်။
အတ္ထိ၊ ရှိသလော။
ဣတိ၊ ဤသို့။
ပုစ္ဆတိ၊ မေး၏။
ဣတိ၊ ဤအနက်သည်။
ဝါ၊ ကို။
ဝုတ္တံ၊ ဆိုအပ်သည်။
ဝါ၊ ဆိုလိုသည်။
ဟောတိ၊ ၏။
ဝါဒယုတ္တိဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။