Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

9. Āsevanapaccayakathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၉၀၃-၉၀၅၊
**နကောစိ အာသေဝနပစ္စယံ အာသေဝတိနာမာ**တိ၊ ဟူသောပါဌ်၏။ ဗီဇံ၊ သရက်, ပိန္နဲ အစရှိသော မျိုးစေ့သည်။ စတုမဓုရဘာဝံ၊ စတုမဓူ၏ အဖြစ်ကို။ ဝါ၊ ‌‌လေးမျိုးသော ချိုဆိမ့်သော အရသာ၏ အဖြစ်ကို။ န ဂဏှာတိ ယထာ၊ မယူနိုင်သကဲ့သို့။ ဧဝံ၊ တူ။ ဘာဝနာသင်္ခါတံ၊ ထုံမွှမ်းခြင်းဟု ဆိုအပ်သော. အာသေဝနပစ္စယံ၊ အာသေဝနပစ္စည်းကို။ ဂဏှန္တော၊ ယူသော။ ကောစိ၊ တစုံတခုသော။ အာသေဝန္တောနာမ၊ အဖန်ဖန်ဖြစ်စေသော တရားမည်သည်။ ဝါ၊ ထုံမွှမ်းသော တရားမည်သည်။ နတ္ထိ၊ မရှိ။ ဣတိ အတ္ထော၊ နက်။
အာသေဝနပစ္စယကထာဝဏ္ဏနာ နိဋ္ဌိတာ၊ ၁။ အာကာသသုပိနံ ။အာကာသေန ဂစ္ဆန္တဿ ဝိယ သုပိနံ အာကာသ သုပိနံ၊ တံ အဘိညာနိမိတ္တံ မညတိ (ဈာန်အဘိညာဉ်ကြောင့် ဖြစ်သည်ဟု မှတ်ထင်၏။)
၂။ ယထာ ဗီဇံ ဝါ။ ။ခဏိကတ္တေပိ ဝါ-ရုပ် နာမ် တရားတို့၏ ခဏိက ဖြစ်ပါ သော်လည်း အစေတနေသုပိ အနိန္ဒြိယဗဒ္ဓရူပေသု(မျိုးစေ့ကဲ့သို့ ဣန္ဒြိယဗဒ္ဓ မဟုတ်သော ရုပ်တို့၌သော်မှလည်း) ဘာဝနာဝိသေသော (မိမိသတ္တိကို ထုံမွှမ်းခြင်း ဟူသော သတ္တိ အထူးကို) လဗ္ဘတိ (ရအပ် ရနိုင်တုံသေး၏) ကိမင်္ံ ပန သစေတနေသု (စေတနာနှင့် တကွဖြစ်သော ဇောတို့၌ အဘယ်မှာ မရနိုင်ဟု ဆိုဖွယ်ရှိအံ့နည်း။) ဣတိ ဒဿေတုံ ယထာ ဗီဇံ စတုမဓုရဘာဝံ န ဂဏှာတီတိ နိဒဿနံ ဒဠဗ္ဗံ။ ဤသို့ စာအုပ်တို့၌ န-သဒ္ဓါပါနေသော်လည်း ဋီကာဖွင့်ပုံမှာ န-သဒ္ဒါ မပါသကဲ့သို့ ထင်၏။ ဘာ့ကြောင့် နည်း မျိုးစေ့သည် မိမိ၏ ချို-သော သတ္တိကို ပင်စည်မှစ၍ အသီးတိုင်အောင် ထုံစေနိုင် သာကြောင့်တည်း။